တိုက်ပွဲသတင်း

KIA နဲ့ PDF ပူးပေါင်းတပ်တွေက ၄ လအတွင်း စစ်တပ်ရဲ့ စခန်းကြီး၊ငယ် ၃၀ ကျော်ကိုတိုက်ခိုက်သိမ်းပိုက်ထား

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေက  လအတွင်း စစ်ကောင်စီတပ်ရဲ့စခန်းကြီး၊ ငယ်  ၃၀ ကျော်ကို  တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လကစပြီး အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာ နဲ့ နမ်ဆန်ယန်ကျေးရွာဘက်ကိုဘက် ထိုးစစ်အရှိန်ဟုန်မြင့်လာပေမယ့် ထိရောက်တဲ့စစ်ဆင်ရေးဖော်ဆောင်နိုင်တာမရှိတဲ့အပြင် အောက်တိုဘာကစပြီး လိုင်လုံအောင်ဂျာစခန်းကို KIA ဘက်ကစတင်တိုက်ခိုက်သိမ်းယူလိုက်တာဖြစ်ပါတယ်။ 

အောင်ဂျာစခန်းသိမ်းတိုက်ပွဲပြီးတဲ့နောက် အောက်တိုဘာလထဲမှာပဲ ရွှေကူဒေသဘက်က စစ်တပ်စခန်း  ခုနဲ့ မြစ်ကြီးနား – ဗန်းမော်လမ်းမကြီးပေါ်က စစ်ကောင်စီတပ်ရဲ့အရေးပါတဲ့ ကန်တော်ယန်တပ်စခန်းကို သိမ်းပိုက်လိုက်တဲ့အပြင် ရှမ်းမြောက်ဘက်က မန်တုံမြို့နယ်ထဲရှိ မိုင်းမော် ခေါ် နမ့်ဟိုင်းစစ်တပ်နဲ့ မုံးပေါ်ဒေသဘက်က ဝိန်းလားဘွမ်စစ်တပ်စခန်းတွေကိုပါ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

နံပါတ်  က KIO ဌာနချုပ်ဘက်ကို ချိတ်ဆက်တဲ့လမ်းနေရာတွေက အရေးကြီးဆုံးဖြစ်တယ်။ အရေးကြီးတဲ့နေရာတွေမှာရှိနေတဲ့ စစ်တပ်စခန်းတွေကို အရင်သိမ်းတယ်လို့ မြင်တယ်။ ပူတာအိုဘက်မှာဆို ရွာဟောင်းတွေ လူမရှိတဲ့နေရာမှာ စစ်တပ်စခန်းချထားတယ်။ ဒါပေမဲ့ အဲ့ဒီနေရာတွေဟာ KIA အတွက် နောင်မွန်း ဒါမှမဟုတ် ခေါင်လန်ဖူးဘက် ချိတ်ဆက်တဲ့လမ်းကို တားဆီးထားတဲ့နေရာဖြစ်တယ်။ KIA အတွက်ရော စစ်တပ်အတွက်ရော အရေးကြီးတဲ့တပ်စခန်းတွေကို သိမ်းသလို နယ်မြေစိုးမိုးမှုအနေနဲ့ ချထားတဲ့စစ်တပ်စခန်းတွေကိုလည်း သိမ်းနေတာဖြစ်တယ်လို့ မြင်တယ်။ဟု ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦး ပြောပါတယ်။

KNG ကချင်သတင်းဌာနက စုံစမ်းသိရှိရသလောက် ပြီးခဲ့တဲ့ အောက်တိုဘာလကနေ ဇန်နဝါရီလအထိ   အတွင်း ကချင်ပြည်မှာ KIA သိမ်းယူနိုင်ခဲ့တဲ့စခန်းတွေကတော့ မြစ်ကြီးနား – ဗန်းမော်လမ်းပေါ်က လိုင်လုံအောင်ဂျာစစ်တပ်၊ ကန်တော်ယန်စခန်း၊ တာလောကြီးပြည်သူ့စစ်စခန်းတွေအပါအဝင် ရွှေကူဒေသက စစ်တပ်စခန်း  ခုနဲ့ ဖားကန့်ဒေသမှာတော့ ဆယ်ဇင်းစစ်ကောင်စီတပ်စခန်း  ခုနဲ့ ဝှေခါစစ်ကောင်စီစခန်းတွေဖြစ်ပါတယ်။  

အဲ့ဒါအပြင် တနိုင်းမြို့ ခလရ (၈၆လက်အောက်က ဒရူချောင်းစစ်တပ်၊ မော်ဟန်ရှိ နမ်ချီမှော်စစ်တပ်စခန်း၊ မိုးကောင်းမြို့နယ် ဆားမှော်ရှိ စပါးတောင်စစ်ကောင်စီတပ်စခန်း၊ ပူတာအိုဒေသဘက်ကတော့  ခရန်ထီးဒမ်စစ်ကောင်စီတပ်စခန်းတွေ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာပဲ မန်ဝိန်းကြီးစစ်တပ်စခန်းနဲ့ ဂေါင်ငူယန်စစ်တပ်စခန်း၊ ကိုင်းထိပ်နဲ့ ဘလောင်ဒိန်ဆာတပ်တွေကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး မန်ဝိန်းကြီးကို KIA က ထိန်းချူပ်လိုက်ပြီဖြစ်ပါတယ်။

အလားတူဘဲ ရှမ်းပြည်မြောက်ပိုင်းမှာတော့ မုံးပေါ် ဝိန်းလားတောင်၊ မန်တုံမြို့ မန်ဟိုင်းစစ်တပ်  ကွတ်ခိုင် – တာမိုးညဲဘက်က ဒတ်နိုင်းစစ်ကောင်စီတပ်၊ နမ့်ခိုင်စစ်ကောင်စီတပ်နဲ့ နမ့်ဖတ်ကာ၊ မဘိမ်းမြို့တွေကို သိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။ 

KIA တိုက်ခိုက်သိမ်းယူခဲ့တဲ့ စစ်ကောင်စီတပ်စခန်းတွေထဲမှာ အရေးပါဆုံးနဲ့ အကြီးဆုံးတွေကတော့ လိုင်လုံအောင်ဂျာ၊ ကန်တော်ယန်၊ မန်ဝိန်းကြီး၊ မဘိမ်း နဲ့ နမ့်ဖတ်ကာတွေဖြစ်တယ်လို့ သိရပါတယ်။ 

နမ့်ဖတ်ကာတိုက်ပွဲမှာ KIA ဘက်က ၂၈ ဦးကျဆုံးခဲ့ပြီး ၅၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ နှစ် ဇွန်လကစပြီး စစ်တပ်က KIA KIO ဌာနချုပ်ဘက်ကို ထိုးစစ်ဆင်လာတယ်။ အဲ့ဒီကနေစပြီး တိုက်ပွဲတွေက ဆက်တိုက်ပြင်းထန်လာတာဖြစ်တယ်။ အဓိကတော့ ရှမ်းမြောက် ညီနောင်မဟာမိတ်  ဖွဲ့တွေ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာကစပြီး ဆက်တိုက်ဖြစ်သွားတယ်။ တိုက်ပွဲက အခုလည်း ဆက်တိုက်ဖြစ်ပွားမှာပဲ။ ဖြစ်ပြီးသွားတဲ့ဖြစ်စဉ်တွေကို သင်ခန်းစာယူပြီး ပြည်သူတွေလည်း အမြဲတမ်း သတိဝီရိယနဲ့နေရမယ်လို့ ပြောချင်ပါတယ်။” ဟု ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူက ပြောပါတယ်။

 အခုလို ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်တပ်စခန်းတွေရှိသလို တစ်ဖက်မှာလည်း တိုက်စရာမလိုပဲ စစ်ကောင်စီတပ်ဘက်က ကိုယ်တိုင် ဆုတ်ခွာ ရုတ်သိမ်းခဲ့တဲ့ စခန်းတွေလည်း ရှိပါတယ်။ 

ပူတာအိုဒေသ အင်ခါးဂါးစစ်ကောင်စီတပ်နဲ့ အင်ဂျန်ယန်ဒေသက စစ်ကောင်စီတပ်စခန်း  ခုခန့်၊ မန်ဝိန်းကြီးဒေသက စခန်းငယ်  ခုခန့်၊ မိုးကောင်း နမ့်ရှဲန်စခန်းတွေကတော့ စစ်ကောင်စီတပ်ဘက်က ဆုတ်ခွာသွားခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာလည်း ဗန်းမော်၊ မံစီမြို့နယ်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဖားကန့်ဒေသမှာလည်း စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။  နေ့တိုင်းဆိုသလို KIAဘက်က စစ်ကောင်စီတပ်စခန်းတစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းယူနေတာလည်း ဖြစ်ပါတယ်။ 

ဖေဖော်ဝါရီ  ရက်နေ့ကလည်း ဖားကန့်လမ်းမပေါ်ရှိ စစ်တပ်ရဲ့ နန့်တိန်စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ကသိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button