စခန်းသိမ်း
-
Nov- 2024 -11 Novemberသတင်း
ဆော့လော်မြို့နယ်တွင်း နောက်ဆုံးကျန်ရှိနေတဲ့ လန်ဆယ်ပြည်သူ့စစ် တပ်စခန်းကို KIA သိမ်းပိုက်လိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်
ကချင်ပြည်နယ် ချီဖွေခရိုင် ဆော့လော်မြို့နယ် လန်ဆယ်(Lanse) မြို့တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ KIO ပြောပါတယ်။ တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ လန်ဆယ်ပြည်သူ့စစ်နေရာကို နိုဝင်ဘာလ ၁၀ ရက်နေ့ အပြီးသတ် သိမ်းပိုက်လိုက်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “လန်ဆယ်ကိုတော့ မနေ့က နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်း ၇ နာရီလောက်မှာ အပြီးသတ်သိမ်းလိုက်ပြီ။ အဲဒီနေရာမှာက တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့တွေ နေရာယူထားတဲ့ နေရာဖြစ်တယ်။ သူတို့ကိုယ်တိုင်လည်း လက်ရှိ အခြေအနေကို နားလည်သဘောပေါက်ကြတာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်တာမရှိဘူး။ ဒါကြောင့် ထိခိုက်သေဆုံးမှုမရှိဘဲ သိမ်းပိုက်လိုက်တာဖြစ်ပါတယ်”လို့ပြောပါတယ်။ လန်းဆယ်ပြည်သူ့စစ်နေရာမှာ ပြည်သူ့စစ် အင်အား ၃၀ ဝန်းကျင်နဲ့ တပ်နေရာတစ်ခုသာရှိတာဖြစ်ပြီးတော့ တိုက်ခိုက်မှုမရှိဘဲ သိမ်းပိုက်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့ KIA ပူးပေါင်းတပ်တွေ ဝင်ရောက်လာတဲ့ အချိန် တန်ဂူးတန် ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဘက်လည်း နားလည်သဘောပေါက်စွားနဲ့ တပ်ဆုတ်ခွာသွားကြတာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် လန်းဆယ်တိုက်ပွဲမှာ နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုမရှိတဲ့အပြင် တစ်ရက်အတွင်းမှာပဲ သိမ်းပိုက်နိုင်ခဲ့ပြီး ဒေသတစ်ခုလုံးကို KIA ပူးပေါင်းတပ်တွေတပ်ချကာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ “လန်ဆယ်မှာက တခြားတပ်တွေမရှိဘူး။ ပူတာအိုက တန်ဂူးတန် ပြည်သူ့စစ်အဖွဲ့ တစ်ခုထဲရှိပါတယ်။ အဲ့ဒါကြောင့် KIA တပ်တွေ ဝင်ရောက်လာတဲ့အချိန် ပြင်းပြင်းထန်ထန် တိုက်ခိုက်တာမရှိဘူး။ လက်ရှိအခြေအနေကို နားလည်သဘောပေါက်တယ်။ တစ်ဖက်မှာ ပြည်သူလူထုတွေ ထိခိုက်သေဆုံးတာမရှိသလို နှစ်ဖက်တပ်လည်း ထိခိုက်သေဆုံးတာမရှိဘူး။ ဒီကနေ့အထိတော့ လန်းဆယ်ဒေသကို KIA ဘက်က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတဲ့ အနေအထားမှာပဲရှိနေသေးတယ်”လို့ပြောပါတယ်။ လန်ဆယ်မြို့ဟာ ဆော့လော်မြို့နယ်ထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့ BGF တပ်စခန်းရှိတဲ့ နေရာဖြစ်ပြီး ဆော့လောက်မြို့နယ်တစ်ခုလုံး KIA ထိန်းချုပ်နယ်မြေထဲရောက်ရှိသွားပြီဖြစ်ပါတယ်။ အခုလို လန်ဆယ်မြို့ သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက အခုလို ဆက်ပြောပါတယ်။ “လန်ဆယ်ကို မနေ့က မနက်ပိုင်း သိမ်းလိုက်ပြီ။ လန်ဆယ်မှာရှိတဲ့ ပြည်သူ့စစ်တွေ အကုန်ထွက်ပြေးကုန်တယ်။ အခုက ကချင်အထူးဒေသ(၁) နေရာမှာ ကန်ပိုင်တည် တစ်ခုဘဲကျန်တော့တယ် မရှိတော့ဘူး။ အထက်ဘက်မှာက ခေါင်လန်ဖူးပဲကျန်တော့တယ်။ လန်ဆယ်အထက်ဘက်ဆိုရင် ပူတာအိုဒေသဖြစ်သွားပြီ။ ဒီတစ်ကြောက ပြည်သူ့စစ်နဲ့ BGF မရှိတော့ဘူး”လို့ပြောပါတယ်။ ဒါ့အပြင် လန်ဆယ်မြို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာ နှစ်လအတွင်းမှာပဲ KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ ချီဖွေ၊ ဆော့လော်၊ ကန်းဖန့်၊ ဖီမော်၊ ပန်ဝါ မြို့တွေနဲ့ တစ်ဆက်တည်းရှိပြီးတော့ ပူတာအိုဒေသနဲ့ အနီးနေရာမှာရှိတဲ့ မြို့တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် လန်ဆယ်ဒေသမှာ ပူတာအိုဒေသရဲ့ ဌာနယ်ပြည်သူ့စစ်ဖြစ်တဲ့ တန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ လှုပ်ရှားနယ်မြေထဲပါဝင်နေတာလည်းဖြစ်ပါတယ်။ လန်ဆယ်ဒေသမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်လုပ်ငန်းရှင်အများအပြား ဝင်ရောက်လာပြီး ကျောက်ရွှေတူးဖော်တဲ့ လုပ်ငန်းကို အဓိက တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Oct- 2024 -31 Octoberသတင်း
ဖီမော် အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းကို KIA တိုက်ခိုက်
ကချင်အထူးဒေသ (၁) နယ်မြေက ဖီမော်မြို့စောင့်တပ် ၁၀၀၁ တပ်စခန်းမှာအောက်တိုဘာလ ၃၀ ရက်နေ့ကစလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အောက်တိုဘာလ ၃၀ ရက်နေ့ညပိုင်းမှာ ၁၀၀၁ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်နေတာလို့သိရပြီး ဒီကနေ့မနက်ပိုင်း…
Read More » -
Sep- 2024 -2 Septemberသတင်း
မိုးမောက်တပ်ကို စစ်ကောင်စီပြန်လည်သိမ်းယူလိုက်တယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ်တယ်လို့ KIO ပြော
ဗန်းမော်ခရိုင် မိုးမောက် ခမရ ၄၃၇ တပ်ရင်းတစ်ခုလုံးကို စစ်ကောင်စီဘက်က ပြန်လည်ထိုးစစ်ဆင်ထိန်းချုပ်လိုက်ပြီးဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောပါတယ်။ “မိုးမောက်နဲ့ ဗန်းမော်ကြားမှာ ဖြစ်နေတဲ့တိုက်ပွဲက ၆ မိုင်ကုန်းဆိုတဲ့ နေရာမှာ ဒီကနေ့ အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတယ်။ စစ်ကောင်စီတပ်ဘက်ကနေ ထိုးစစ်ဆင်ပြီး သိမ်းယူတာမရှိသေးပါဘူး။ လော်ဘီသတင်းတွေပါ”လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။ မိုးမောက် ၄၃၇ ကိုလက်လွတ်လိုက်ရတဲ့နောက် စစ်ကောင်စီတပ်ဟာ ဒီကနေ့ စက်တင်ဘာလ ၂ ရက်နေ့အထိ ဗန်းမော်ဘက်ကနေ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်တိုက်ခိုက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေ ၆ မိုင်ကုန်းနေရာမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ KIA တပ်တွေ မိုးမောက်ကို သိမ်းပိုက်ပြီးနောက် ဩဂုတ်လ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက ဗန်းမော်ဘက်ကနေ တင့်ကားအပါ စစ်အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဗန်းမော်နဲ့ မိုးမောက်ကြားက ၆ မိုင်ကုန်းနေရာမှာ တိုက်ပွဲဖြစ်နေတာ ၁၀ ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဩဂုတ်လ ၃၀ ရက်နေ့မှာ ‘KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို သိမ်းပိုက်ထားပြီး ၄ ရက်အကြာမှာ စစ်ကောင်စီတပ်တွေ ပြန်လည်သိမ်းယူလိုက်ပြီလို့ စစ်တပ်ထောက်ခံသူတွေ အသုံးပြုတဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်တွေမှာ ရေးသားဖော်ပြခဲ့ရာကနေ Facebook, Telegram, Wechat အသုံးပြုတွေဆီမှာ ပျံနှံ့သွားတာဖြစ်ပါတယ်။ အခုလို မိုးမောက်တပ်စခန်းကို စစ်ကောင်စီတပ်တွေ သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးလည်း ဆက်ဆိုပါတယ်။ “သတင်းဆိုက်ဝါးဖြစ်အောင်လုပ်နေတာ။ အခုတိုက်ပွဲဖြစ်နေတာက ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ ဖြစ်နေသေးတယ်။ မိုးမောက်တပ်ရှိတဲ့ဘက်ကို မရောက်နိုင်သေးဘူး။ KIA တပ်တွေလည်း ကျော်တက်လို့မရအောင် ပိတ်ဆို့တိုက်ခိုက်နေတယ်”လို့ပြောပါတယ်။ မိုးမောက်တပ်ကို စစ်ကောင်စီတပ်တွေ ပြန်လည်သိမ်းယူလိုက်ပြီဆိုတဲ့ သတင်းအမှားတွေကြောင့် ပြည်သူလူထုတစ်ချို့ကလည်း ထင်ယောင်ထင်မှားဖြစ်နေကြတာကိုလည်း မြင်တွေ့ရပါတယ်။ မိုးမောက် ခမရ ၄၃၇ စခန်းကို KIA ပူးပေါင်းတပ်တွေ ၄ လကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၁၉ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။ By –…
Read More » -
Aug- 2024 -28 Augustဆောင်းပါး
ဗန်းမော်ခရိုင်တစ်ခုလုံး လွတ်မြောက်တော့မှာလား
မိုးမောက်မြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၄၃၇ တပ်ကို KIA ပူးပေါင်းတပ် သိမ်းလိုက်တဲ့နောက်တစ်ဆက်တည်းမှာဘဲ ဗန်းမော်မြို့ကို ချက်ချင်း သိမ်းပိုက်တော့မလားဆိုတဲ့အကြောင်းမှာလူစိတ်ဝင်စားမှု အများဆုံးဖြစ်ခဲ့ပါတယ်။ ဩဂုတ်လ ၁၉ ရက်နေ့ ဗန်းမော်မြို့နဲ့ အနီးဆုံး၊ မိုးမောက်မြို့ နောက်ဆုံးခံတပ် ခမရ ၄၃၂…
Read More » -
26 Augustသတင်း
မိုးမောက်၊ မံစီဘက်ကို စစ်တပ်က စစ်ကြောင်း ၃ ခုခွဲပြီး ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေ
မိုးမောက်မြို့နယ်တစ်ခုလုံးအတွက် အရေးပါတဲ့ ခမရ ၄၃၇ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဟာ လေကြောင်းအပြင် မြေပြင်စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၂၄ ရက်နေ့စတင်ပြီး စစ်ကောင်စီတပ်တွေ ဗန်းမော်ဘက်ကနေ စစ်ကြောင်း ၃ ခုနဲ့ မိုးမောက်နဲ့ မံစီ စစ်မျက်နှာ ၂ ခုမှာ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဒီနေ့ ဩဂုတ်လ ၂၆ ရက်နေ့ထိ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းတစ်ဦးက KNG ကိုပြောပါတယ်။ “ဗန်းမော်ဘက်ကနေ စစ်ကြောင်း ၃ခုလောက်နဲ့ ထိုးစစ်တက်လာတယ်။ ၅ မိုင်နဲ့ ၆ မိုင် နေရာတွေမှာ တိုက်ပွဲပြန်ဖြစ်နေတာ ၂၄ ရက်နေ့ကတည်းကဟုတ်တယ်။ ဒီကနေ့အထိဆိုရင် ၂ ရက်လောက်ရှိပြီ။ ဗန်းမော်ကနေ မံစီဘက်ကို ထိုးနေလို့ ကောင့်ဂျာယန် မှာလည်း တိုက်ပွဲပြန်ဖြစ်နေတာ”လို့ပြောပါတယ်။ မိုးမောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ၅ မိုင်နဲ့ ၆ မိုင် အထိထိုးစစ်ဆင်နေပြီး KIA ပူးပေါင်းတပ်တွေကလည်း ကျော်တက်လို့မရအောင် တန်ပြန်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ အလားတူ မံစီဘက်မှာလည်း ဗန်းမော်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ ကောင့်ဂျာယန်မရောက်မှီ အနီးတဝိုက်ရှိတဲ့ ကျေးရွာတွေမှာ စစ်ကြောင်းထိုးထားပြီး အပြန်အလှန်တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။ ဩဂုတ်လ ၁၉ ရက်နေ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် ဩဂုတ်လ ၂၀ ရက်နေ့မှာ ကောင့်ဂျာယန် တဝိုက်လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းကာကင်း တပ်စခန်း ၂ နေရာကို KIA က လိုက်လံရှင်းလင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီရှေ့တန်းတပ်စခန်းက ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ကောင်စီတပ်တွေက ကောင့်ဂျာယန်မရောက်မှီ ဖန်းခါးကုန်းအနီးရှိ ခလရ ၄၇ တပ်ရင်းမှာ လာရောက်စုပေါင်းသွားပြီး လက်ရှိ မံစီမြို့နယ်ထဲ ကျန်ရှိနေတဲ့ ခမရ ၆၀၁ နဲ့ ခမရ ၃၁၉ တပ်စခန်း ၂ ခုကို လက်မလွတ်ရေးအတွက် စစ်ကောင်စီကနေ တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်တယ်လို့ ဗန်းမော်မြို့နယ်ထဲက တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက အခုလို ပြောပါတယ်။ “ပြီးခဲ့တဲ့ရက်ပိုင်း ကောင့်ဂျာယန်ကနေ တပ်စွန့်ခွာတဲ့ စစ်တပ်တွေက မြို့နဲ့ဝန်းကျင် ဖန်းခါးကုန်းအနီးမှာ ခလရ ၄၇ တပ်ရင်းရှိတယ်။ အဲဒီနေရာမှာ သွားစုသွားကြတာ။ အဲဒါကြောင့် ကောင့်ဂျာယန်ဘက်ကို ထိုးစစ်ပြန်ဆင်လာတဲ့ သဘောပါ။ လောလောဆယ် စစ်တပ်က ကောင့်ဂျာယန်ကိုတော့ မကျော်နိုင်သေးဘူး။ အဓိကတော့ မံစီမြို့ထဲက ၆၀၁ နဲ့ ၃၁၉ က အရေးပါတဲ့တပ်တွေဖြစ်တဲ့အတွက် ထိုးစစ်ပြန်ဆင်တာလို့မြင်တယ်”လို့ပြောပါတယ်။ ဒါကြောင့် လက်ရှိမှာ စစ်ကောင်စီတပ်က တပ်စခန်းလက်လွတ်လိုက်ရတဲ့ မိုးမောက်နဲ့ မံစီ ဘက်ကို စစ်မျက်နှာ ၂ ခုဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်တာဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေကပြောပါတယ်။ တစ်ဆက်ထဲမှာပဲ စစ်ကောင်စီတပ်တွေဟာ ကုန်းလမ်းနဲ့ ထိုးစစ်ဆင်နေသလို ဩဂုတ်လ ၂၄ ရက်နေ့ကစပြီး လက်ရှိတိုက်ပွဲဖြစ်နေတဲ့ မိုးမောက်နဲ့ မံစီ ၂ နေရာဘက်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆက်သိရပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ မံစီ ဘက်ဆိုရင် ဗန်းမော်မြို့ဘက်ကနေ လက်နက်ကြီးတွေပါ ပစ်ခတ်ပေးနေတာကြောင့် ဗန်းမော်ဒေသခံတွေက ထိတ်လန့်စိုးရိမ်တာတွေဖြစ်နေကြတယ်လို့ သိရပါတယ်။ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA သိမ်းပိုက်လိုက်တဲ့နောက် မိုးမောက်မြို့နယ်တစ်ခုလုံးဟာ စစ်တပ်ကင်းစင်နယ်မြေဖြစ်သွားပြီဖြစ်ပါတယ်။ အလားတူ မံစီမြို့နယ်တစ်ခုလုံးမှာလည်း ခမရ ၆၀၁ နဲ့ ခမရ ၃၁၉ တပ်စခန်း ၂ ခုသာ ကျန်ရှိနေတော့တာကြောင့် စစ်ကောင်စီတပ်တွေဟာ တပ်စခန်းလက်မလွတ်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
21 Augustသတင်း
အင်းတော်မြို့သိမ်း တိုက်ပွဲပြင်းထန်နေပြီး ရဲစခန်းအပါအဝင် စခန်းတစ်ချို့ သိမ်းပိုက်ရရှိ
“နဘားကာကင်းတော့ရပြီ၊ မြို့တော့မသိမ်းနိုင်သေးဘူး။ ရဲစခန်း၊ထွေအုပ်ရော။ ကျန်တာတော့မရသေး ဘူး။ မြို့တွင်းဝင်ပြီပေါ့ တပ်မကုန်း အကြီးစားပဲ ကျန်တယ်။ အတော်ကြမ်းရမယ် အချိန်ကြာမယ်။ တပ်မ ထိုင်တာ”လို့ပြောပါတယ်။
Read More » -
19 Augustသတင်း
တိုက်ပွဲကာလ တစ်လလောက်ကြာမြင့်ခဲ့တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA အပြီးသတ်သိမ်းပိုက်
KIA သိမ်းပိုက်လိုက်တဲ့ မိုးမောက်တိုက်မှာ စစ်ကောင်စီဘက်က ထွက်ပြေးလွတ်မြောက်သွားတဲ့ တပ်သားတစ်ချို့ရှိသလို ဖမ်းဆီးရမိတာတွေလည်းရှိတယ်လို့ သိရပါတယ်။
Read More » -
15 Augustသတင်း
KIA တပ်ရင်း(၆) နေရာကို ထိန်းချုပ်တဲ့ တောမှော် စစ်တပ်စခန်းကို KIA ထပ်မံသိမ်းပိုက်
ဖားကန့်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA လုံးခင်းအုပ်စုထဲမှာရှိတဲ့ လမောင်(Lamawng) စစ်တပ်ဗျူဟာကုန်းကို သိမ်းပိုက်လိုက်ပြီးနောက် တပြိုင်နက်တိုက်ခိုက်ခဲ့တဲ့ တောမှော်(Tawmaw) တပ်စခန်းကိုလည်း ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ KIO ပြောပါတယ်။ “တောမှော်တပ်စခန်းကို ဒီညနေ ၄ နာရီခွဲလောက်မှာ သိမ်းပိုက်ပြီ။ အဲဒီတပ်စခန်းလည်း တပ်စခန်းအကြီးပါဘဲ။ အဓိကကျတဲ့ လုံခြုံရေးတပ်စခန်းတွေပေါ့”လို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ တောမှော်စစ်တပ်စခန်းဟာ လုံးခင်းအုပ်စုထဲမှာရှိပြီး လမောင်စစ်ဗျူဟာကုန်းနည်းတူ ရှေ့တန်းလုံခြုံရေးတပ်စခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။ KIA တပ်တွေဟာ ဒီကနေ့ ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ လမောင်စစ်တပ်ကုန်းကို သိမ်းပိုက်ရရှိခဲ့ပြီးနောက် ညနေပိုင်း ၄ နာရီလောက်မှာ တောမှော်တပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ တောမှော်တပ်စခန်းက ဖားကန့်မြို့နဲ့ ၁၀ မိုင်လောက်အကွာမှာတည်ရှိပြီး ကံဆီးကျေးရွာနဲ့လည်း နီးသလို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၆ နေရာကို အဓိက ထိန်းချုပ်နေတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးကလည်း ဆက်ပြောပါတယ်။ “တောမှော်ဆိုတာက ကံဆီး KIA တပ်ရင်း ၆ ကို တက်သွားတဲ့ လမ်းနေရာမှာရှိတာဖြစ်တယ်။ အခုသိမ်းလိုက်တဲ့ လမောင်စစ်တပ်စခန်းနဲ့ လည်း လှမ်းထောက်နိုင်တယ်။ တပ်ရင်း ၆ ဘက်ကို တက်သွားတဲ့ လမ်းနေရာက စစ်တပ်ရဲ့ ကာကင်းတပ်စခန်းတစ်ခုဖြစ်တယ်”လို့ပြောပါတယ်။ လမောင်စစ်ကုန်းနဲ့ တောမှော် စစ်တပ်စခန်းဟာ ၅ မိုင်လောက်အကွာမှာသာရှိပြီး တောမှော် တပ်စခန်းမှာ စစ်ကောင်စီတပ် ခမရ ၁၂ က တပ်ထိုင်ထားတဲ့ တပ်စခန်းဖြစ်တယ်လို့ သိရပါတယ်။ KIA က တစ်ရက်ကျော်အကြာမှာပဲ ဖားကန့်မြို့တစ်ခုလုံးအပါ ဖားကန့် မြို့တွင်းမှာရှိတဲ့ စစ်ဗျူဟာကုန်း၊ လုံးခင်းယမ်းချက်တပ်စခန်း နဲ့ ကံဆီးတပ်စခန်းနေရာတွေကို အဓိက လုံခြုံရေးယူပေးနေတဲ့ လမောင်စစ်တပ်ကုန်းနဲ့ တောမှော် တပ်စခန်း ၂ ခုကို သိမ်းပိုက်ယူလိုက်တာဖြစ်ပါတယ်။ ဒီနေ့ မနက်ပိုင်း လမောင်စစ်တပ်စခန်း သိမ်းပိုက်မှုမှာလည်း KIA ဘက်က စစ်ကောင်စီတပ်သား ၁၂ ဦးဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းနိုင်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။ အဲဒီတပ်စခန်း ၂ ခုကို ဩဂုတ်လ ၁၄ ရက်နေ့ KIA ပူးပေါင်းတပ်တွေ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၅ ရက်နေ့မှာ တပ်စခန်း နှစ်ခုစလုံး သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းအတွင်း ဖားကန့်မြို့နယ်ထဲမှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်း ၆ ခုလောက်ကို သိမ်းပိုက်လိုက်တဲ့ နောက်ပိုင်း အခု ၄ လခန့်အကြာမှာ တိုက်ပွဲပြန်လည်ဖော်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။ By –…
Read More » -
15 Augustသတင်း
လမောင်စခန်းသိမ်းတိုက်ပွဲမှာ စစ်တုံ့ပန်း ၁၂ ဦးဖမ်းမိ၊စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေ
ဖားကန့်မြို့ လမောင်စခန်းသိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း ၁၂ ဦးကို KIA ပူးပေါင်းတပ် ဖမ်းဆီးရမိထားပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ ဩဂုတ်လ ၁၄ ရက် မနက် ၃ နာရီဝန်းကျင် လမောင်ဗျူဟာစခန်းနဲ့ တောမှော်စခန်းတို့ကို KIA ပူးပေါင်းတပ် တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ ဩဂုတလ ၁၅ ရက်နေ့ မနက် ၉နာရီမှာ လမောင်ဗျူဟာကုန်း သိမ်းပိုက်ရရှိခဲ့ပြီး စစ်တုံ့ပန်း ၁၂ ဦးကိုလည်း KIA ဘက်က ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။ အဲဒီနောက် စခန်းလက်လွတ်လိုက်ရတဲ့ စစ်ကောင်စီတပ်က နေ့လည် ၁၂ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ Y-12 လေယာဉ်နဲ့ဗုံးကြဲသွားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဖမ်းမိထားတာက ၁၂ ယောက်ရှိတယ် ရာထူးတွေတော့မသိရသေးဘူးဗျ မနက်က ဖမ်းမိတာဟုတ်တယ် နေ့လည်ကတော့ လေယာဉ်နဲ့လာပစ်သေးတယ်။ ခုလည်း လေယာဉ်ကမကြာခန လာဝဲနေတုန်း”လို့ ပြောပါတယ်။ ဖားကန့်ဒေသခံတွေရဲ့ပြောဆိုချက်အရ လမောင်ကုန်းစခန်းကို KIA ပူးပေါင်းတပ်သိမ်းပိုက်လိုက်ကြောင်း သတင်းထွက်လာပြီးနောက် ဖားကန့်ဗျူဟာကုန်းကနေ စစ်ကြောင်းတစ်ကြောင်း အေးမြသာယာဘက် စစ်ကြောင်းထိုးလာတယ်လို့သိရပြီး ဒီစစ်ကြောင်းဟာ လမောင်စခန်းဘက် စစ်ကူသွားဖို့ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်နေကြပါတယ်။ ဩဂုတ်လ ၁၅ ရက် ညနေ ၅ နာရီဝန်းကျင်အထိ လက်နက်ကြီးပစ်ခတ်သံတွေဆက်တိုက်ကြားနေရဆဲဖြစ်ပြီး စစ်တပ်နဲ့ KIA ပူးပေါင်းတပ်ကြား နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF တပ်တို့် တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ လမောင်ဗျူဟာစခန်းကုန်းဟာ ဆယ်စုနှစ်တစ်စုကြာ အခိုင်အမာတည်ရှိတဲ့စခန်းဖြစ်ပြီး တပ်မ ၃၃ လက်အောက် ခမရ ၁၂ တပ်ရင်းအထိုင်ချစခန်းဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီစခန်းကုန်းဟာ ဖားကန့်မြို့နယ်တစ်ခုလုံးကို အပေါ်စီးကနေ လှမ်းမြင်နိုင်ပြီး ဖားကန့်မြို့တွင်း စစ်တပ်ဗျူဟာကုန်း၊ လုံးခင်းယမ်းချက်နဲ့ မြို့တွင်းတပ်အားလုံးကို လက်နက်ပစ်ကူ လုံခြုံရေးယူပေးနေတဲ့ စခန်းဖြစ်သလို စစ်ရေးအရ အချက်ချာကျတဲ့နေရာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ “သုံးပွင့်ဆိုင်ပုံစံမျိုးနေရာယူထားတာ ပြောမယ်ဆိုရင် ဖားကန့်ဗျူဟာကုန်း၊ လုံးခင်းယမ်းချက်၊ လမောင်းကုန်း နေရာ ၃ ခုက ဖိုခနှောင့်လိုဖြစ်နေတာ ခု လမောင်ကုန်းရသွားပြီဆိုတော့ စစ်တပ်အတွက် နောက်ကျောမလုံတော့ဘူး” လို့ ဖားကန့်မြို့ခံတစ်ယောက်က ပြောပါတယ်။ ယနေ့ ညနေပိုင်း ၆ နာရီဝန်းကျင်လောက်မှာလည်း သိမ်းဆည်းဖို့ ကျန်ရှိနေသေးတဲ့ တောမှော်တပ်စခန်းကိုလည်း သိမ်းပိုက်ရရှိခဲ့ပြီပြီလို့…
Read More » -
15 Augustသတင်း
လမောင်(Lamawng) စစ်တပ်စခန်းကို KIA အပြီးသတ်သိမ်းပိုက်ကြောင်း KIO အတည်ပြု
ဖားကန့်မြို့တစ်ခုလုံးနဲ့ စစ်တပ်ဗျူဟာကုန်းကို လုံခြုံရေးယူပေးနေတဲ့ လမောင်စစ်တပ်ကုန်းနေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDF ပူးပေါင်းတပ်တို့ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIO ပြောပါတယ်။ လမောင်စစ်တပ်ကုန်းကို KIA ပူးပေါင်းတပ်တွေက ဒီကနေ့ ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာအပြီးသတ် သိမ်းပိုက်ခဲ့တယ်လို့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “ဖားကန့်မှာ မနေ့ကနေ တိုက်တဲ့ လမောင်တပ်စခန်းကို ဒီကနေ့မနက် ၉ နာရီလောက်မှာ သိမ်းလိုက်နိုင်ပြီ။ တောမှော်က မသိမ်းသေးဘူးထင်တယ် ဘာမှမပြောလာသေးဘူး”လို့ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်လိုက်တဲ့ လမောင်စစ်တပ်ကုန်းဟာ လုံးခင်းအုပ်စုထဲမှာရှိပြီး ဖားကန့်မြို့နဲ့ ၅ မိုင်လောက်အကွာမှာရှိတာဖြစ်ပါတယ်။ ဖားကန့်မြို့နယ်အတွင်း အမြင့်ဆုံးတောင်ကုန်းမှာရှိတဲ့ အဲဒီတပ်စခန်းကြီးမှာ စစ်အင်အားရာနဲ့ချီတပ်စွဲထားတဲ့အပြင် လက်နက်ကြီးအထိုင်ချထားပြီး ဖားကန့်မြို့ တစ်ခုလုံးနဲ့ စစ်တပ်ရဲ့အရေးပါတဲ့ ဖားကန့် ဗျူဟာကုန်း၊ ယမ်းချက်တပ်စခန်း၊ တောမှော်၊ ကံစီး စတဲ့ တပ်စခန်းနေရာတွေကို အဓိကလုံခြုံရေးနေရာယူထားပေးပြီး လက်နက်ကြီးလှမ်းထောက်ပေးနေတဲ့ တပ်စခန်းအကြီးဖြစ်ပါတယ်။ ဖားကန့် စစ်ဗျူဟာကုန်းကို တိုက်ခိုက်လို့မရအောင် လမောင်စစ်တပ်ကုန်းကနေ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တာတွေ ပုံမှန်လုပ်ဆောင်ပေးနေတာလည်းဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့် လက်ရှိ စစ်တပ်က လမောင်စစ်တပ်ကုန်းကို လက်လွတ်လိုက်ရတဲ့နောက်ပိုင်း အရေးပါတဲ့ စစ်တပ်နေရာတွေ လုံခြုံရေးကင်းမဲ့သွားမှာဖြစ်တယ်လို့ ဖားကန့်ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။ “ဖားကန့်မြို့တစ်ခုလုံးကို ထိန်းချုပ်လိုက်မယ့် အနေအထားတော့မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဗျူဟာအရတော့ အရေးပါတဲ့ စစ်တပ်ကုန်းဖြစ်တယ်။ ကျန်တဲ့ စစ်တပ်စခန်းနေရာတွေကို တော်လှန်ရေးအင်အားစုတွေ သွားတိုက်ရင် နောက်ကျောမလုံးဘူးပေါ့လေ။ လက်နက်ကြီးနဲ့လှမ်းထောက်ရင် အခုလိုမျိုးလမောင်ကျသွားရင်တော့ အားတစ်ခုတော့ဖြစ်သွားတာပေါ့”လို့ပြောပါတယ်။ လမောင်စစ်တပ်ကုန်း သိမ်းပိုက်မှုမှာ စစ်ကောင်စီတပ်သား ၁၀ ဦးကျော်ခန့်ကိုလည်း KIA ဘက်က ဖမ်းဆီးရမိထားတယ်လို့သိရပေမယ့် တိုက်ပွဲအတွင်းထိခိုက်သေဆုံးမှု အသေးစိတ်ကို သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်တွေက ဩဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်း ၃ နာရီဝန်းကျင်လောက်ကနေ လမောင်စစ်တပ်ကုန်းနဲ့ တောမှော် တပ်စခန်း ၂ နေရာကိုတပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ လမောင်စစ်တပ်ကုန်းကို သိမ်းပိုက်လိုက်ပြီးနောက် ကျန်ရှိနေတဲ့ တောမှော်တပ်စခန်းကိုလည်း ပြန်လည်သိမ်းပိုက်ဖို့ KIA ဘက်က တိုက်ပွဲဆက်လက်ဖော်ဆောင်နေသေး KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။ တောမှော်တပ်စခန်းကိုလည်း ဒီကနေ့ ဩဂုတ်လ ၁၅ ရက်နေ့မှာ ထပ်မံသိမ်းပိုက်သွားနိုင်တယ်လို့လည်း သတင်းအရင်းအမြစ်တွေကပြောပါတယ်။ ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကနေ ဧပြီလလောက်အထိ KIA တပ်တွေ စစ်တပ်ရဲ့ အရေးပါတဲ့ တပ်စခန်း ၆ ခုလောက်ကို သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲငြိမ်သက်သွားတာ ၄ လလောက်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့မှာတော့ ဒုတိယအကြိမ် တစ်ကျော့ပြန် တိုက်ပွဲဖော်ဆောင်လိုက်ပြီး တိုက်ပွဲပြန်လည်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More »









