စစ်ကြောင်းထိုး
-
Apr- 2025 -24 Aprilသတင်း
အပစ်ရပ်ကြေညာထားတဲ့ စစ်တပ် ဖားကန့်ဘက်ကို အင်အားထောင်ချီသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ KIO ပြော
ကချင်ပြည်နယ် ဖားကန့်ဒေသဘက်ကို စစ်ကောင်စီတပ်က စစ်အင်အားတစ်ထောင်ဝန်းကျင်အသုံးပြုပြီး လမ်းကြောင်းနှစ်ခုကနေ ထိုးစစ်ဆင်တိုက်ခိုက်လာနေတယ်လို့ KIO ပြောပါတယ်။ ဒီလဆန်းပိုင်းကစပြီး အင်းတော်ကြီးဒေသဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ တစ်လဝန်းကျင်ခန့်အကြာ တနိုင်းလီဒိုလမ်းမပေါ် လဝါးကျေးရွာမှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဖားကန့်ဒေသဘက်ကို ဦးတည်ပြီးထိုးစစ်ဆင်လာတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ…
Read More » -
23 Aprilသတင်း
အပစ်ရပ်ကာလထပ်တိုးကြောင်းကြေညာနေတဲ့ စစ်ကောင်စီတပ် အင်းတော်ကြီးဒေသမှာ လေကြောင်းတိုက်ခိုက်နေ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်ပူးပေါင်းတပ်က မြေပြင်စစ်အင်အားတိုးချဲ့နေတဲ့အပြင် လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် ဧပြီလ ၁၁ ရက်နေ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ရှမ်းနီအမျိုးသားများတပ်မတော် (SNA)ပူးပေါင်းတပ်ဟာ အင်းတော်ကြီးဒေသ KIA နဲ့ PDF ပူးပေါင်းတပ်ထိန်းချုပ်ထားတဲ့ ဆနွမ်းကုန်း(Sanun Kawng) ဘက်ကို စစ်ကြောင်းထိုးဝင်လာပြီး စစ်ရေးလှုပ်ရှားမှုတွေစတင်လာတာလို့ သိရပါတယ်။ အဲဒီစစ်ကြောင်းကို KIA ပူးပေါင်းတပ်က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။အဲဒီနောက် ဧပြီလ ၂၂ ရက်နေ့…
Read More » -
Feb- 2025 -14 Februaryသတင်း
KIA သိမ်းပိုက်ထားတဲ့ မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာကို စစ်ကောင်စီ တန်ပြန်စစ်ကြောင်းထိုး
မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံဒေသ၊ တန်ဖရဲကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ တီယန်ဇွပ်(Tayang Zup) ကျေးရွာဘက်ကို ဦးတည်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ သိရပါတယ်။ “ကျနော်တို့ဘက်ကနေ စစ်တပ်တွေ မတက်လာနိုင်အောင် အကုန်ပိတ်ထားတယ်။ တကယ်တော့ တက်လာရင်တော့ ကျနော်တို့နဲ့က တိုက်ပွဲတော့ဖြစ်လာမှာပဲ။ ဒီဘက်ကို စစ်ရေးလှုပ်ရှားလာတယ်လို့တော့သိရတယ်” လို့ တယန်ဇွပ်ဒေသက KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာလည်း တန်ဖရဲကျေးရွာနဲ့ ဝေရှီကျေးရွာကြား စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး လှုပ်ရှားလာတဲ့အတွက် တစ်ရက်တည်းမှာပဲ ၄ ကြိမ်ထက်မနည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တန်ဖရဲနဲ့ ဝေရှီကျေးရွာ နှစ်ခုဟာ ၅ မိုင်လောက်အကွာမှာရှိပြီးတော့ ဝေရှီကျေးရွာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ရက်၊ ၄ ရက်နေ့ မှာ စစ်ကောင်စီတပ်တွေ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တဲ့နောက်ပိုင်း အခုလို ခြေလျင်နဲ့ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာတာလည်းဖြစ်ပါတယ်။ အခုလို တန်ဖရဲနဲ့ ဝေရှီကျေးရွာ နှစ်ခုကြားမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲကြောင့် ပူတာအိုကိုတက်တဲ့ကားလမ်းပိုင်းကိုလည်း မကြာခဏ ပိတ်ဆို့ခံရတာတွေ ကြုံတွေ့နေရတယ်လို့ ကားသမားတွေကပြောပါတယ်။ လက်ရှိ တန်ဖရဲကျေးရွာအထက် ဝေရှီကျေးရွာဘက်ကို နှစ်ဖက်စစ်တပ် စစ်ရေးတင်းမာမှုဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး တန်ဖရဲဒေသခံတစ်ဦးက KNG ကို အခုလိုပြောပါတယ်။ “တယန်ဇွပ်ကနေ တက်သွားတဲ့ ဝေရှီကျေးရွာမရောက်မှီမှာ တိုက်ပွဲတွေဖြစ်ကြတယ်။ အဲဒါကြောင့် တိုက်ပွဲဖြစ်တဲ့နေ့ဆိုရင် ဘယ်ကုန်ကားကိုမှ ဖြတ်ခွင့်မပေးဘူး။ မြစ်ကြီးနားဘက်ကို ပြန်လှည့်ခိုင်းတယ်။ တစ်ချို့ကုန်ကားတွေက ၄၂ မိုင်မှာအိပ်ကြတယ်။ နောက်တစ်ရက် သူတို့ပြန်ဖွင့်ပေးတဲ့ အချိန်မှာပဲ ပြန်တက်ကြတယ်” လို့ ပြောပါတယ်။ တယန်ဇွပ်ကျေးရွာဘက်ကို ဦးတည်ပြီးတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ မြစ်ကြီးနားမြို့ပေါ်ဘက်ကနေ တန်ဖရဲကျေးရွာမှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကြောင်းတွေဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းတွေက ဖေဖော်ဝါရီလ ၃ ရက်နေ့ နောက်ပိုင်း အင်ခိုင်ဘွမ့်တောင်ပတ်လမ်းကို အသုံးပြုပြီးတော့ တယန်ဇွပ်၊ ဆွမ်ပရာဘွမ့်ဘက်ကို ဦးတည် စစ်ကြောင်းထွက်ခွာသွားကြတာဖြစ်ပါတယ်။ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေဟာ မြစ်ကြီးနားမြို့နယ် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ တယန်ဇွပ်ကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် တစ်ကျော့ပြန် တိုက်ပွဲပြန်လည်ဖြစ်ပွားလာမှာကိုလည်း ကျေးရွာနေပြည်သူတွေ စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
3 Februaryသတင်း
တန်ဖရဲမှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်ခိုင်ဘွမ့်ဘက် ပြန်ထွက်ခွာ
မြစ်ကြီးနားမြို့နယ်၊ တန်ဖရဲကျေးရွာမှာ စစ်အင်အားတိုးချဲ့ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အင်ခိုင်ဘွမ့် တောင်တက်လမ်းဘက်ကို စစ်ကြောင်းပြန်လည် ထွက်ခွာသွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇန်နဝါရီလ ၂၉ ရက်နေ့ စစ်အင်အား ၁၀၀ ကျော်ခန့် ပါရှိတဲ့ စစ်ကား ၃ စီး တန်ဖရဲကျေးရွာ…
Read More » -
Jun- 2024 -25 Juneသတင်း
မံစီနဲ့ မိုးမောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂ နေရာမှာတိုက်ပွဲဖြစ်ပွား
ဗန်းမော်ခရိုင်၊ မိုးမောက်နဲ့ မံစီမြို့နယ် ၂ နေရာမှာ ဇွန်လ ၂၅ ရက်နေ့ ဒီနေ့ တစ်ရက်ထဲမှာပဲ စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက ကြားဖြတ်စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလကတည်းကနေ…
Read More » -
May- 2024 -13 Mayသတင်း
ဆွမ်ပီယန်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ် ဝင်ရောက်တပ်စွဲနေလို့ ဒေသခံတစ်ထောင်ကျော် ထပ်မံတိမ်းရှောင်နေရ
ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ စစ်အင်အား အလုံးအရင်းနဲ့ ဝင်ရောက်တပ်စွဲနေတာကြောင့် ဒေသခံပြည်သူ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ မေလ ၉ ရက်နေ့ ပူတာအိုဘက်ကနေ စစ်အင်အား ၁၀၀ ကျော်လောက် စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့…
Read More » -
10 Mayသတင်း
တန်ဂျာရွာမှာ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ
ဆွမ်ပရာဘွမ့်မြို့နယ် တန်ဂျာကျေးရွာမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့က ကချင်လွတ်လပ်ရေး တပ်မတော် KIA ရဲ့ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ၅ ဦးထက် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ မေလ ၉ ရက်နေ့ ပူတာအိုမြို့နယ်ဘက်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ဒီနေ့…
Read More » -
9 Mayသတင်း
တန်ဂျာရွာမှာ စစ်ကောင်စီတပ် စစ်အင်အား တစ်ရာကျော် စစ်ကြောင်းထိုးဝင်ရောက်နေ
ပူတာအိုမြို့နယ် လုံရှာယန် နဲ့ တန်ဂျာကျေးရွာဘက်ရွာဘက်မှာ စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေမှာ တပ်စွဲနေထိုင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက မေလ ၉ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ ပူတာအိုဘက်က စစ်ကား ၂ စီးနဲ့ ဆွမ်ပရာဘွမ့်ဘက်ကို ဦးတည်တက်လာခဲ့ပြီး လက်ရှိ တန်ဂျာကျေးရွာထဲမှာ တပ်စွဲထားတယ်လို့ တန်ဂျာဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “စစ်ကြောင်းဝင်လာတာက ဒီမနက်ကဘဲဝင်လာကြတာ။ ပူတာအိုကနေ ကားနဲ့ ဆင်းလာတယ်။ လုံရှားယန်နဲ့ တန်ဂျာဘက်ရောက်တဲ့ အချိန်မှာက ခြေလျင်နဲ့ ဝင်လာကြတယ်။ စစ်အင်အားက များတယ်။ ရွာထဲမှာတွေ့တာတောင် ၁၀၀ လောက်ရှိမယ်ထင်တယ်”လို့ပြောပါတယ်။ ပူတာအိုဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေက လက်ရှိ တန်ဂျာကျေးရွာမှာ ဒေသခံပြည်သူတွေကို အကာအကွယ်ယူပြီးတော့ စာသင်ကျောင်း၊ ဘုရားကျောင်းဝင်းနဲ့ လူနေအိမ်တွေမှာ ရှိနေကြတယ်လို့ ပြောပြပါတယ်။ ဒီစစ်ကြောင်းတွေက ကျေးရွာအတွင်းဝင်ရောက်လာပြီးတော့‘ကျေးရွာအနီးတဝိုက်တွေမှာ KIA ရှိမရှိ စစ်ဆေးမေးမြန်းတာတွေ၊ KIA တပ်တွေရှိလို့ ဝင်ရောက်လာတာဖြစ်တယ်လို့’ပြောဆိုပြီး ကျေးရွာထဲမှာရှိနေကြတယ်လို့သိရပါတယ်။ စစ်အင်အားအလုံးအရင်းနဲ့ ကျေးရွာထဲမှာ ဝင်ရောက်တပ်စွဲထားတာကြောင့် တန်ဂျာနဲ့ လုံရှာယန်ဒေသခံပြည်သူတွေက တဖက်မှာ တိုက်ပွဲတွေဖြစ်ပွားလာမှာကို စိုးရိမ်နေကြတယ်လို့ တန်ဂျာဒေသခံအမျိုးသမီးက ဆက်ပြောပြပါတယ်။ “ကျမတို့ ဒေသခံတွေက မထင်မှတ်ပဲဝင်လာကြတော့ တိုက်ပွဲဖြစ်လာမှာ အရမ်းကြောက်နေတယ်။ ရွာအနီးတဝိုက်တွေမှာဖြစ်လာရင် ဘယ်ကို ထွက်ပြေးကြမလဲစိုးရိမ်နေရတယ်။ ဘာလို့လဲဆိုတော့ စစ်သားတွေက ရွာထဲမှာ ရှိနေကြပြီး ဘယ်တော့ ဘယ်လိုဖြစ်လာမယ်ဆိုတာကိုမသိဘူးလေ။ ကြောက်တာက အရမ်းကြောက်နေတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေ ရွာထဲမှာ လာရောက်တပ်စွဲနေထိုင်နေတာကြောင့်ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဒေသခံတွေ မရှိသေးပေမယ့် တိုက်ပွဲဖြစ်ပွားလာရင် လူသားဒိုင်းအဖြစ် အသုံးပြုခံရမှာကို ဒေသခံတွေက စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ပူတာအိုဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းအဖွဲ့တွေဟာ ဆွမ့်ပရာဘွမ့်မြို့ကို လက်လွတ်လိုက်ရတဲ့အတွက် စစ်ရေးအရ စစ်ရေးလှုပ်ရှားလာတာဖြစ်နိုင်သလို ဆွမ်ပရာဘွမ့်ဘက်ကို တန်ပြန်စစ်ကြောင်းထိုးဖို့ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။ နှစ်လဝန်းကျင်လောက် မြို့တွင်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ မြစ်ကြီးနား – ပူတာအိုကားလမ်းမပေါ်မှာရှိတဲ့ ဆွမ်ပရာဘွမ့်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက မေလ ၅ ရက်နေ့မှာ မြို့တစ်ခုလုံးအပါ စစ်တပ်စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
8 Mayသတင်း
ဆင်ဘိုသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီ ကသာမှာအင်အားအလုံးအရင်းနဲ့ စစ်ရေးလှုပ်ရှားနေ
စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့နယ်မှာ စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားတာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက ကသာမြို့ပြင်ကရွာတွေနဲ့ မြို့အစွန်ရပ်ကွက်တွေကို စစ်ကြောင်းထိုးနေတာလို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “သူတို့က မြို့ပတ်ဝန်းကျင်ကိုလှုပ်ရှားနေတာ ဒါ့ကြောင့်ဒီစစ်ကြောင်းတွေကိုပဲ ကျနော်တို့ကအာရုံစိုက်နေ တာ ဒီရက်ပိုင်းကို မြို့ပတ်ဝန်းကျင်မှာ အင်အားတော်တော်များတယ်ထွက်လာတာ မျက်မြင်တွေပြောတာက တော့ အင်အား ၂၀၀ ကျော်ရှိတယ်တဲ့ “လို့ပြောပါတယ်။ စစ်ကောင်စီတပ်က ပုံမှန်ဆိုရင် ကသာမြို့ပြင်တစ်လျှောက်စစ်ရေးလှုပ်ရှားတဲ့အခါ အင်အား ၈၀ ဝန်းကျင် လောက်နဲ့သာ စစ်ကြောင်းသွားလာနေပေမယ့် ဆင်ဘိုမြို့ကိုသိမ်းလိုက်တဲ့နောက်မှာတော့ သိသိသာသာအင်အားဖြည့်ပြီး စစ်ရေးလှုပ်ရှားလာနေတာဖြစ်တယ်လို့ ဆိုပါတယ်။ လတ်တလော စစ်ကောင်စီတပ်က ကသာမြို့နဲ့ ၃မိုင်ပတ်ဝန်းကျင်က နတ်ရေတွင်း၊ လမ်းခွ၊ ပင်းမလွှတ်၊ ဆင်အင်း၊ သုံးပုံး စတဲ့ ကျေးရွာတွေတစ်ဝှိုက်ကို စစ်ကြောင်းတွေထိုးနေတာလို့ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။ “ဆင်ဘိုတို့ဘာတို့ကျပြီးတာလဲပါမယ် ဒီရက်ပိုင်းက ဗန်းမော်တစ်ဝှိုက်ကလည်း စခန်းသိမ်းပွဲတွေ ရှိတယ် လေ ဒီလိုနယ်မြေအနေအထားကြောင့်လို့ပဲယူဆပါတယ် မြို့ရဲ့ခပ်လှမ်းလှမ်းကနေ ကာဖို့လုပ်တာလားပေါ့ သူတို့က ကုန်းကျတဲ့နေရာတွေကိုများတပ်စွဲမလားပေါ့ ကျနော်တို့ကလည်း သတိထားရတာပေါ့”လို့ပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ ကသာမြို့ပြင်က ကျေးရွာတွေနဲ့ မြို့အစွန်က ရွာတွေကို စစ်ကြောင်းပတ်ထိုးနေပြီး ကာကွယ်ရေးတပ်ဘက်က လည်း ဒရုန်းနဲ့တိုက်ခိုက်မှုတွေရှိတယ်လို့ဆိုပါတယ်။ ဒါ့အပြင် တစ်ဖက်မှာ စစ်ကောင်စီတပ်ဟာ ကသာမြို့တွင်းနေထိုင်တဲ့ စစ်မှုထမ်းဟောင်းတွေကို အတင်းအဓမ္မခေါ်ယူပြီးတော့ စစ်မှုပြန်ထမ်း ခိုင်းတာမျိုးတွေလည်းရှိနေတယ်လို့ သိရပါတယ်။ မနေ့က မေလ ၆ ရက်နေ့ညပိုင်းမှာ ကသာမြို့ပေါ် အမှတ် ၁ ရဲစခန်းရှေ့မှာ ဆိုင်ကယ်နဲ့ဖြတ်သွားတဲ့သူကို သေနတ်နဲ့လိုက်လံပစ်ခတ်ခဲ့ပြီး ထိခိုက်မှုရှိမရှိကိုတော့ KNG က အတည်မပြုနိုင်သေးပါဘူး။ ကသာမြို့နယ်ဟာ မြို့နယ်ရုံးတွေအခြေစိုက်ရာ မြို့ဖြစ်သလို ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိတဲ့မြို့နယ်ဖြစ်ပြီး ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းတွေအရ လူဦးရေ ၁သိန်း၆သောင်းကျော်ရှိတဲ့မြို့ကြီးဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Mar- 2024 -5 Marchသတင်း
ရွှေကူနယ်ဘက်က စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ကျေးရွာ ၂ ခုက ဒေသခံတွေပိတ်မိနေ
ရွှေကူ အခြေစိုက် ခလရ ၅၆ တပ် နဲ့ ခမရ ၆၀၂ တပ်ထဲရနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ လက်ရှိမြောက်ရွာနဲ့ တုန်းပုန်ကျေးရွာထဲဝင်ရောက်နေတာဖြစ်ပြီး ကျေးရွာတွင်းစစ်ကြောင်းဝင်ရောက်လာချိန် ထွက်ပြေးတိမ်းရှောင်ခွင့်မရလိုက်တဲ့ ဒေသခံအများအပြားလက်ရှိ ကျေးရွာထဲမှာပိတ်မိနေတယ်လို့ တုန်းပုန်ကျေးရွာအနီးမှာနေထိုင်တဲ့အမျိုးသားတစ်ဦးကပြောပါတယ်
Read More »








