စစ်ဘေးရှောင်

  • Jan- 2025 -
    18 January
    သတင်း

    ဝိုင်းမော်စစ်ရှောင် နေအိမ်များ ဖောက်ထွင်းခံရပြီး တန်ဖိုးရှိ ပစ္စည်းများ ခိုးယူခံနေရ

    စစ်ပွဲကြောင့် စစ်ဘေးရှောင်နေရတဲ့ ဝိုင်းမော် စစ်ရှောင်တွေ ကျေးရွာဝင်ခွင့် တားမြစ်ခံရပေမယ့် နေအိမ်ဖောက်ထွင်းခံရပြီး တန်ဖိုးရှိ အိမ်တွင်းပစ္စည်းများ ခိုးယူခံနေရတယ်လို့ သိရပါတယ်။ ဝိုင်းမော်မြို့နယ်၊ ဆဒုံး – ကန်ပိုင်တည် လမ်းမပေါ်  နမ်ဝါ၊ မုတ်ကျိတ်၊ တန်ဘောင်၊ လမြန်၊ ဝူယန် စတဲ့ ကျေးရွာတစ်လျှောက်က ပြည်သူတွေ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လတိုက်ပွဲ စတင်ကတည်းက ဂွေထူ၊ နောင်းချိန်း၊ အင်ဂန်း စတဲ့ ကျေးရွာတွေမှာ တိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။ အဲဒီ စစ်ရှောင်ပြည်သူတွေဟာ ယခင်က နေအိမ်ကို ခွင့်တောင်းပြီး ပြန်လာခွင့်ရှိပေမယ့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ နောက်ပိုင်း လုံခြုံရေးအခြေအနေအရ ကျေးရွာ ဝင်ရောက်ခွင့် ပိတ်ပင်ခံလိုက်ရတယ်လို့ သိရပါတယ်။ ဒေသခံပြည်သူတွေ ရွာထဲကို ဝင်ရောက်ခွင့် မရှိတော့တဲ့နောက်ပိုင်း ကျေးရွာထဲမှာ နေရာယူထားတဲ့ နှစ်ဖက် စစ်တပ်က ဒေသခံတွေရဲ့ နေအိမ်တွေကို ထွင်းဖောက်ပြီး အဖိုးတန်ပစ္စည်းတွေကို ခိုးယူနေကြတယ်လို့ ဂွေထူဒေသမှာ တိမ်းရှောင်နေတဲ့ စစ်ရှောင် အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ “ရွာထဲကို မဝင်ခိုင်းတာက နှစ်ဖက်စစ်တပ်ဘက်က…

    Read More »
  • 15 January
    သတင်းဖားကန့်

    ဖားကန့်ဘက်ရောက်နေတဲ့ ဟုမ္မလင်းနယ်ထဲက စစ်ဘေးရှောင်တွေ အကူအညီလိုအပ်နေ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲကို ရောက်နေတဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေအတွက် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။ ဖားကန့်နဲ့ ဟုမ္မလင်းမြို့နယ်ထဲအစပ် ပါဟုတ်ကြီးကျေးရွာ၊ လာရာတီးကျေးရွာနဲ့ ရေပေါ်မီးကျေးထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ကတည်းက SNA စစ်ကောင်စီ ပူးပေါင်းတပ်တွေနဲ့ KIA၊ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေပြီး တိုက်ပွဲကြောင့် ဖားကန့်မြို့နယ်ဘက်ကို တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီလိုအပ်နေတယ်လို့ ဖားကန့်…

    Read More »
  • 14 January
    သတင်း

    ဝိုင်းမောင် နောင်းချိန်း စစ်ရှောင်များ အနွေးထည်နဲ့ စောင်မလုံလောက်ဘဲ ဆောင်းအအေးဒဏ်ကို ကျော်ဖြတ်နေရ

    ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာနဲ့ လဘန်ကထောင်ကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိ ဆောင်းရာသီအအေးဒဏ်ကို စောင်နဲ့ အနွေးထည်လုံလောက်မှုမရှိဘဲ ဖြတ်သန်းနေရတဲ့အတွက် အကူညီလိုအပ်နေပါတယ်။ ၂၀၂၄ တစ်နှစ်တာမှာ တိုက်ပွဲ၊ ရေဘေးဒဏ်ကြုံတွေ့ခဲ့ရပြီးနောက် ဆောင်းအအေးဒဏ်တွေကြား လက်ရှိချိန် အနွေးထည်တွေနဲ့ စောင်လုံလောက်မှု မရှိတဲ့အကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက KNG ကို ပြောဆိုပါတယ်။ “ကျမတို့က…

    Read More »
  • 9 January
    သတင်း

    ဗန်းမော် စစ်ရှောင် တစ်သောင်းခွဲ အရေးပေါ် အကူအညီ လိုအပ်နေ

    ဗန်းမော် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်လူဦးရေ တစ်သောင်ခွဲ မှာ အရေးပေါ် အကူအညီ မရရှိတဲ့အတွက် အစားအသောက် နဲ့ နေရာအခက်အခဲ ကြုံတွေ့နေရတယ်လို့ စုံစမ်း သိရှိရပါတယ်။ မြို့သိမ်းတိုက်ပွဲကြောင့် ဗန်းမော် စစ်ရှောင်များမှာ မြို့မြောက်ဘက်၊ တောင်ဘက်ပိုင်း နဲ့ ဧရာဝတီမြစ်ကမ်းတစ်လျောက် ကျေးရွာတွေမှာ အများဆုံးထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့ တောင်ဘက်ခြမ်း ဧရာဝတီမြစ်ကြောင်းတလျောက်ရှိ မြလယ်၊ စင်ခန်း၊ ကွေ့ကြီး၊ ဟန်ထက်၊ မာန်မကောက်၊ ကောင်းတုန်၊ ဆူးပုပ်ကုန်း၊…

    Read More »
  • Dec- 2024 -
    9 December
    သတင်း

    ဗန်းမော်မြို့နယ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး မြို့ခံအားလုံးနီး ထွက်ပြေးတိမ်းရှောင်

    ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ ပတ်လည်မှာ တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး မြို့ဒေသခံအားလုံး ဘေးလွတ်ရာကို ခက်ခက်ခဲခဲ တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ ဗန်းမော်ပြည်သူတွေက ပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့စတင်လာတဲ့ KIA ပူးပေါင်းတပ်ရဲ့စစ်ဆင်ရေးဟာ ဒီနေ့ဆို ၆ ရက်မြောက်နေ့ထိရှိလာပြီး နှစ်ဖက်တိုက်ပွဲကြောင့် မြို့တွင်း လက်နက်ကြီးကျပေါက်ကွဲတာတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဗန်းမော်မြို့ပတ်လည်မှာရှိတဲ့ ကျေးရွာနေပြည်သူတွေအပါအဝင် မြို့တွင်းနေထိုင်တဲ့ ပြည်သူတွေဟာ ဒီဇင်ဘာလ ၄ ရက်နေ့စပြီး ရေလမ်း၊ကုန်းလမ်းကနေ တိမ်းရှောင်နေကြတာဖြစ်ပါတယ်။  “ရေလမ်း၊ ကုန်းလမ်းကနေ တိမ်းရှောင်နေကြတယ် ညောင်ပင်သာဘက်နေ ဟိုနေ့ကတည်းက ဖွင့်ပေးနေတာလို့ ခုမြို့ထဲမှာက အိမ်စောင့်လောက်ပဲ တစ်ချို့ကျန်နေတာ အများပိုင်းတိမ်းရှောင်နေကြပြီ။ ခန့်မှန်းခြေဆိုရင် ၇၀ ရာခိုင်နှုန်းလောက်တော့ ပြေးနေကြပြီ”လို့ ပြောပါတယ်။ ဗန်းမော်မြို့ခံတွေဟာ ဗန်းမော်တစ်ဖက်ကမ်း ရေလဲ၊နန့်ခုတ်၊မိုင်းခေါင်၊ ဟန်ထက် စီခမ်းကြီးဘက်ထွက်ပြေးတိမ်းရှောင်သူတွေရှိသလို ဗန်းမော်–ရွှေကူ–ကသာလမ်းကနေ ရွှေဘို– မန္တလေးဘက်တိမ်းရှောင်သူတွေရှိတယ်လို့ သိရပါတယ်။ ဒီနေ့ထိ KIA ပူးပေါင်းတပ်ဘက်က မြို့တွင်း ရဲစခန်း၊ထွေအုပ်ရုံးနဲ့နည်းပညာတက္ကသိုလ်တွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ရှင်းလင်းနိုင်ပြီး သိမ်းပိုက်ရရှိထားပြီလို့လည်း သတင်းထွက်နေပေမယ့် ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်း၊အင်တာနက်လိုင်း ပြတ်တောက်နေတာကြောင့် အသေးစိတ်သိရဖို့ ခက်ခဲနေပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့ရှိ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စ.က.ခ) ဝင်းထဲမှာရှိတဲ့ ဗန်းမော်အကျဉ်းထောင်လည်း ဖွင့်ပေးလိုက်ပြီလို့သတင်းထွက်နေပေမယ့် အကျဉ်းထောင်ရှိရာ စကခ ၂၁ ကိုထိုးစစ်ဆင်တိုက်ခိုက်နေဆဲသာဖြစ်လို့ သတင်းမှန်ကန်မှုမရှိနိုင်ဘူးလို့လည်း ဒေသခံတစ်ချို့ပြောပါတယ်။ “သိပ်တော့မမှန်နိုင်ဘူးဗျ။ဖွင့်ပေးလိုက်တာမျိုးမဟုတ်ပဲ တစ်ချို့လွတ်ရက်နီးလာတဲ့သူတွေကို မိသားစုကိုလာကြိုဖို့ပြောတာမျိုးတော့ ကြားမိတယ်။ အဲသတင်းကတော့ မမှန်နိုင်ဘူး”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဒီဇင်ဘာလ ၉ ရက်နေ့ ဒီနေ့ထိ  ဗန်းမော်မြို့နဲ့ မံစီမြို့နယ်အကြားမှာရှိတဲ့ ခလရ ၄၇ တပ်နဲ့ မံစီမြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၆၀၁၊ ၃၁၉ တွေကို လုံခြုံရေးယူပေးနေတဲ့ ကာကင်းစခန်း ၇ ခုကိုသိမ်းပိုက်ပြီးနောက် မံစီမြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၆၀၁၊ ၃၁၉ တပ်ရင်းနဲ့ ဗန်းမော်မြို့ပြင်တပ် ခလရ ၄၇ နဲ့ မြို့တွင်းတပ် စကခ ၂၁ ကို ဆက်ပြီး ထိုးစစ်ဆင်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ ဗန်းမော်မြို့ဟာ တရုတ်နယ်စပ်တည်ရှိရာ လွယ်ဂျယ်မြို့နဲ့မိုင် ၄၀ ဝန်းကျင်မှာရှိပြီး အရှေ့မှအနောက်သို့ ၃၃ မိုင်၊ တောင်မှမြောက် ၅၅ မိုင်ရှည်လျားပြီး ၇၅၉.၀၁ စတုရန်းမိုင်ကျယ်ဝန်းပြီး ဗန်းမော်မြို့နယ်ကို ရပ်ကွက် ၁၆ ၊ကျေးရွာအုပ်စု ၄၁ စု၊ကျေးရွာပေါင်း ၇၁ ရွာနဲ့ဖွဲ့စည်းထားပြီး လူဦး ၁၁၀၀၀၀ (တစ်သိန်းတစ်သောင်း) ခန့်နေထိုင်တယ်လို့ သိရပါတယ်။  ဗန်းမော်မြို့နယ်ရဲ့အရှေ့ဘက်မှာ မိုးမောက်မြို့နယ်၊ အနောက်မှာရွှေကူ၊တောင်ဘက်မှာ မံစီမြို့နယ်၊မြောက်ဘက်မှာ ဝိုင်းမော်မြို့နယ်တည်ရှိပြီး ခရိုင်ရုံးစိုက်ရာမြို့နယ်ဖြစ်ကာ စစ်ရေးအရ ကုန်းကြောင်း၊ရေကြောင်း အဓိက အချက်ချာကျတဲ့မြို့လည်းဖြစ်ပါတယ်။ By – Zami

    Read More »
  • Nov- 2024 -
    15 November
    သတင်း

    တွဲလက်မေတ္တာစစ်ရှောင်စခန်း စစ်ရှောင်တဲများယိုယွင်းပျက်စီးလာတဲ့အတွက် နေရာထိုင်ခင်းအခက်ကြုံနေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့ လဘန်ကျေးရွာမှာရှိတဲ့ တွဲလက်မေတ္တာလူမျိုးပေါင်းစုံစစ်ရှောင်စခန်း စစ်ရှောင်တဲများယိုယွင်းပျက်စီးလာတဲ့အတွက် အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံက KNG ကို ပြောပါတယ်။ ယခင်က တွဲလက်မေတ္တာ လူမျိုးပေါင်းစုံစစ်ရှောင်စခန်းမှာ အိမ်ခြေ ၂၇ သာရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး အိမ်ထောင်စု ၈ စုထပ်တိုးလာတာကြောင့် အိမ်ခြေ ၃၅ စု၊လူဦးရေ ၁၄၅ ဦးထိရှိလာပြီး အိမ်ထောင်စုတစ်စုလျှင် မိုးကာနဲ့ဆောက်လုပ်ထားတဲ့ ၈ ပေပတ်လည် အခန်း ၁ ခန်းတွင်း ကျဉ်းကျဉ်းကြပ်ကြပ်စုပေါင်းနေထိုင်နေရတယ်လို့ စစ်ရှောင်တာဝန်ခံက ခုလိုပြောပါတယ်။ “အခုက အိပ်ယာတွေမှာလည်း မိုးစက်တွေက စိမ့်ပြီးကျလာတယ် မိုးကာတွေကလည်း သိပ်မကောင်းဘူး ဟောင်းလာပြီ သွပ်ပြားတွေလည်း လုံးဝအသုံးမပြုထားဘူး။ “အိမ်သားများတဲ့သူတွေအတွက်ဆို ၈ ပေခန်းမှာနေဖို့ မလွယ်ကူဘူး ဒါကြောင့် အခန်းတွေပြန်ဆောက်ချင်တယ်။ ဒါပေမယ့် အဲတာနဲ့ ပက်သက်ပြီး ကူညီမယ့်သူဘယ်သူမှ မရှိဘူးဖြစ်နေတယ်”လို့ ဆိုပါတယ်။ တွဲလက်မေတ္တာ လူမျိုးပေါင်းစုံ စစ်ရှောင်စခန်းဟာ ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာအခြေချထားပေမယ့် ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်ရဲ့စစ်ဆင်ရေးစတင်ချိန်ကစပြီး ဝူယန်ကနေ ဒိန်ဂျာယန်ကျေးရွာမှာ သွားရောက်ခိုလှုံနေကြတာဖြစ်ပါတယ်။ သို့ပေမယ့် ဒိန်ဂျာယန်ကျေးရွာမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ကလေးတွေရဲ့ပညာရေး အခြေအနေအမျိုးမျိုးကြောင့် လဘန်ကျေးရွာဘက်ကို ပြန်လည်ပြောင်းရွေ့လာကြပြီး လဘန်ကျေးရွာမှာ ခိုလှုံနေတာ လေးလထိကြာမြင့်ပြီဖြစ်ပါတယ်။ ဒါ့အပြင်  ၈ ပေ ပတ်လည် အခန်းတစ်ခန်းလျှင် မိသားစုဝင် ၄ ဦးကနေ  ၈ ဦးထိ နေထိုင်ကြပြီး စစ်ရှောင်တဲနံရံနဲ့အမိုးအားလုံး ဝါးနဲ့မိုးကာအသုံးပြုပြီး‌ ဆောက်လုပ်ထားတဲ့အတွက် ခိုင်ခန့်မှုမရှိပဲ အားလုံးပျက်စီးနေပြီဖြစ်တယ်လို့ စစ်ရှောင်တွေပြောပါတယ်။ ဒါကြောင့် စစ်ရှောင်တဲတွေအကုန်လုံး အသစ်ပြန်တည်ဆောက်ဖို့ ဝါးနဲ့သွပ်ပြား အများဆုံးလိုအပ်နေတယ်လို့ သိရပါတယ်။ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာကို တစ်လတစ်ကြိမ်  WFP(World Food Program)ကနေ အစားအသောက်ထောက်ပံ့တာမျိုးတွေရှိပေမယ့်လည်း ကုန်စျေးနှုန်းမြင့်တက်မှုတွေကြောင့် စားနပ်ရိက္ခာလုံလောက်မှုမရှိဘဲ လိုအပ်ချက်တွေ ရှိနေဆဲဖြစ်တယ်လို့ စစ်ရှောင်တာဝန်ခံက ခုလိုဆက်ပြောပါတယ်။ “WFP ကနေပြီးတော့ ကူညီပေးနေတာဖြစ်ပေမယ့်လည်း သူတို့လာမပေးခင်ကတည်း တခြားသူတွေဆီက ချေးစားထားကြတွေလည်း ရှိတော့ ၅ ရက်စာ‌လောက်ဘဲကျန်ပြီး ချွေချွေသာသာနဲ့စားနေကြတာပေါ့”လို့ဆိုပါတယ်။ ဒီစစ်ရှောင်စခန်းမှာ များသောအားဖြင့်ဝူယန်ကျေးရွာက ပြည်သူတွေနေထိုင်ကြတာဖြစ်ပြီး တစ်ခြားတိုင်းရင်းသားပေါင်းစုံနဲ့ မသန်စွမ်း ဦးရေ ၂၀ အပါအဝင် စုစုပေါင်း စစ်ရှောင်လူဦးရေ စုစုပေါင်း ၁၄၅ ဦးရှိတယ်လို့ စစ်ရှောင်တာဝန်ခံဆီကနေသိရပါတယ်။ ကချင်ပြည်နယ်မှာ ၂၀၁၁ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေတို့ရဲ့ တစ်ကြော့ပြန်စစ်ပွဲပြန်လည် စတင်ချိန်ကတည်းကနေ ၂၀၂၁ ဖေဖော်ရီလထိ စစ်ရှောင်ဦးရေဟာ တစ်သိန်းတစ်သောင်းငါးရာ(၁၁၀၅၀၀ ) ထိရှိခဲ့တာ ဖြစ်ပြီး အာဏာသိမ်းပြီးနောက် ၂၀၂၄ ဩဂုတ်လ ၁၂ရက် မှာတော့ တစ်သိန်းကိုးသောင်းလေးထောင်ကိုးရာ( ၁၉၄၉၀၀)ထိ မြင့်တက်လာတယ်လို့ UNHCR ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဘဲ ဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်ကနေ၂၀၂၁ခုနှစ်အထိရှိခဲ့တဲ့ စစ်ရှောင်အရေအတွက်နဲ့ ၂၀၂၁ခုနှစ်ကနေ ၂၀၂၄ ဩဂုတ်လအထိ မြင့်တက်ခဲ့တဲ့ စစ်ရှောင်အရေအတွက် နှစ်ခုကိုနှိုင်းယှဉ်ကြည့်လိုက်ပါက အာဏာသိမ်းပြီးနောက် ၃နှစ်အတွင်း စစ်ရှောင်ဦးရေ ၈သောင်း၄ ထောင် ၄ရာ(၈၄၄၀၀)ထိ တိုးလာတာဘဲ ဖြစ်ပါတယ်။ By – Hope

    Read More »
  • Oct- 2024 -
    24 October
    သတင်း

    အင်းတော်မြို့နယ် စစ်ဘေးရှောင်တွေ ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေ

    စစ်ကိုင်းဒေသကြီး၊ အင်းတော်မြို့အနီးဝန်းကျင် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ အင်းတော် PDF၊ ABSDF ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာ အင်းတော်မြို့ပေါ်အထိရောက်လာတာကြောင့် ပြီးခဲ့တဲ့ သြဂုတ်လကတည်းက  စစ်ဘေးရှောင်နေရတဲ့ အင်းတော်မြို့ခံပြည်သူ၊ မြို့နဲ့ နီးတဲ့ကျေးရွာတွေထဲက စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေတယ်လို့ အင်းတော်မြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “အခုကနှစ်လကျော်ပြီစစ်ရှောင်နေတာ တစ်လလောက်အထိကတော့မသိသာဘူး ခက်ခဲမှန်း ကြာလာတော့ တစ်နေ့တစ်နေ့ ဘာစားလို့ဘာသောက်ရမှန်းမသိဖြစ်နေကြတာ။ ရွာတွေကလည်းဒီလောက်အကြာပြီးမကျွေးနိုင်ဘူးလေ တစ်ချို့ လူငါးယောက်လောက်ကိုနို့ဆီဗူးနှစ်ဗူးသုံးဗူးလျော့စားနေရတယ်။ တချို့ဆန်ပြုတ်သောက်ရတဲ့ဘဝရောက်နေကြပြီဗျ။ ကျန်တာမထောက်ပံတောင်ဆန်လေးတော့တတ်နိုင်တဲ့လူဝင်ပြီးကူညီကြပါရှင့်”လို့ အသက် ၄၀ ကျော်အရွယ်အင်းတော်မြို့ခံစစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။ လတ်တလော စစ်ရှောင်နေတဲ့ စစ်ဘေးရှောင်နေတဲ့ ကျေးရွာတွေဟာ နားနောင်၊ ကျော်ရွာ၊ နားသဲ၊နဘား၊ နန့်ကင်စတဲ့ရွာပေါင်း ၂၀ ကျော်ဝန်းကျင် ပြည်သူ သောင်းဂဏန်း မော်တိတ်ဒေသ အောင်းကုန်း၊နန့်သာ၊ အင်ပင်စတဲ့ကျေးရွာတွေဘက်ကိုတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေဟာ ခက်ခက်ခဲခဲနဲ့စစ်ရှောင်နေကြပြီး စက်တင်ဘာလစလို့ ရာသီတုပ်ကွေးဖျားနာသူတွေများလာတာကြောင့် ဆေးဝါးအကူအညီတွေလည်း အရေးပေါလိုအပ်နေတယ်လို့ အင်းတော်မြို့ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “အားလုံးနီးပါးကမော်တိတ်ဒေသထဲ ရှောင်နေကြတာပဲ ဒီချိန်မော်တိတ်ဒေသကအေးနေပြီရာသီကူးရောင်းဆိုတော့ ဖျားတဲ့လူဖျား နှာစေးချောင်းဆိုးကတော့ကလေးလူကြီးအားလုံးဖြစ်နေကြတာ ဆေးကပါရာတောင်မရနိုင်ဘူး ဒီကသမားတော်တွေပေးတဲ့သစ်ဥသစ်ဖုတွေပြုတ်သောက်နေရတာပါ့”လို့ ပြောပါတယ်။ အင်းတော်မြို့နယ်ထဲဆေးဝါးသယ်ယူမယ်ဆိုခွင့်ကို အင်းတော်မြို့အဝင် စစ်ကောင်စီဂိတ်တွေ ခွင့်ပြုချက်ပြရမှသာ သယ်ခွင့်ရနေတာဖြစ်လို့ အင်းတော်နယ်ထဲဆေးဝါးသယ်ယူဖို့ခက်ခဲနေပြီး ဝယ်ယူဖို့လည်းခက်နေတယ်လို့ သိရပါတယ်။ အင်းတော်မြို့ကို စစ်ကောင်စီတပ်ကထိန်းထားဆဲဖြစ်တဲ့အတွက် မြို့ခံတွေနဲ့ ကျေးရွာနေပြည်သူတွေ ရွာထဲ စားနပ်ရိက္ခာနဲ့ဆေးဝါးတွေဝင်ရောက်သယ်ယူဖို့ ခက်ခဲနေတာကြောင့် အကူအညီများစွာလိုအပ်နေတာလို့ ဆိုပါတယ်။ အင်းတော်မြို့ ရဲစခန်းကို ပြီးခဲ့တဲ့သြဂုတ်လက တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်သိမ်းထားပြီး လက်ရှိ အင်းတော်မြို့တွင်းအထိုင်တပ်စစ်တပ်ကုန်းတစ်ခုနဲ့မြို့နီး ဂျပန်လှိုင်ဂူသာ ကျန်ရှိတော့တာဖြစ်ပါတယ်။ အင်းတော်မြို့နယ်ဟာ ကချင်နဲ့စစ်ကိုင်းအစပ်မှာရှိပြီး မြစ်ကြီးနား– မန္တလေးပြည်ထောင်စုလမ်းမပေါ်ရှိကာ စစ်ရေးအရ အချက်ချာကျတဲ့မြို့နယ်ဖြစ်ပါတယ်။  By – Zaw Zaw

    Read More »
  • 17 October
    သတင်း

    ဆွမ်ပီယန်အပါအဝင် ရွာပေါင်း ၃ ရွာက ပြည်သူတစ်ထောင်ကျော် အစားသောက်၊ဆေးဝါးကူညီမှုလိုအပ်နေ

    ပူတာအိုမြို့နယ် ဆွမ်ပီယန်ရွာအပါအဝင် ရွာပေါင်း ၃ ရွာ ပြည်သူ ၁၅၀၀ (တစ်ထောင့်ငါးရာ)ဝန်းကျင် တော၊တောင်ထဲထွက်ပြေးတိမ်းရှောင်နေတာ ၅ လကျော်ကြာလာပြီး ဖျားနာသူတွေများလာနေတယ်လို့ ဆွမ်ပီယန်ဒေသခံတွေ ပြောပါတယ်။ ဆွမ်ပီယန်ကျေးရွာ၊ အင်စီးယန်(Nsi Yang) ၊ ၀ဒတ်(Wadat) စတဲ့ကျေးရွာက ဒေသခံပြည်သူ ၁၅၀၀ ဝန်းကျင် နီးစပ်ရာတောတောင်မှာ မိုးကာတဲထိုးပြီး စစ်ရှောင်နေတာ ကာလအားဖြင့် ၅ လကြာမြင့်လာတဲ့အပြင် လက်ရှိဆောင်းတွင်းဝင်လာပြီဖြစ်တဲ့အတွက် အနွေးထည်၊ စောင်၊ ဆေးဝါး၊ အစားသောက်အခက်အခဲကြုံနေရတယ်လို့ ဆွမ်ပီယန်စစ်ရှောင်ပြည်သူတစ်ဦး ကချင်သတင်းဌာန KNG ကို အခုလိုပြောပါတယ်။ “မိုးကာတဲအောက်မှာ မိုးရွာရင် မိုးယို၊ နေပူရင်လည်း နေလို့မရပြန်၊ ခြင်ကကိုက်၊ လတ်တလော ဖျားနာတာတွေအရမ်းများနေတယ်။ ဆောင်းတွင်းဝင်လာပြီဆိုတော့ အနွေးထည်တွေမရှိ၊ စောင်ခြုံစရာမရှိလို့ အရမ်းခက်နေကြတယ်။ ချောင်းဆိုး၊ အဖျားတက် အဖြစ်အရမ်းများနေတယ်။” လို့  ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ဆွမ်ပီယန်ကျေးရွာထဲ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်တပ်စွဲလာပြီး ကျေးရွာနေဒေသခံပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေကြောင့် ဒေသခံအားလုံး နီးစပ်ရာ တော၊ တောင်ထဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတာဖြစ်ပါတယ်။ တောတောင်ထဲ ခက်ခက်ခဲခဲစစ်ရှောင်နေကြတဲ့ ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ မိုးကြီး၊ရေလျှံမှုကြောင့် ထပ်မံရွှေ့ပြောင်းခဲ့ကြပြီး လတ်တလော ပူတာအို–ဆွမ်ပရာဘွမ် လမ်းတစ်လျှောက် ကျေးရွာတစ်ချို့နဲ့ တောထဲမှာ တဲထိုးပြီးဆက်တိမ်းရှောင်နေကြတာဖြစ်ပါတယ်။ စစ်ရှောင်တွေအတွက် အသင်းတော်အဖွဲ့အစည်းကနေ တတ်နိုင်သလောက်ထောက်ပံ့ပေးမှုနဲ့ အသက်ဆက်နေရပြီး လမ်းခရီးအခက်အခဲနဲ့ ဖုန်းလိုင်းအခက်အခဲတွေကြောင့် ကူညီမှုတွေ အလုံအလောက်မရရှိကာ ဒုက္ခကြုံနေကြရတာဖြစ်ပါတယ်။ “ဒီနားမှာအခု ဆွမ်ပီယန်ကျေးရွာ၊ အင်စီးယန်နဲ့ ၀ဒတ် ဒီရွာ ၃ ခုက အုပ်စုတွေကို တစ်စုလုပ်ထားပြီး ဖုန်ငိုင်ယန်စစ်ရှောင်လို့ သတ်မှတ်ထားတယ်။ အခုတော့ KBC HDD နဲ့ KMSS ကကူညီမှုတွေတော့ ရနေတယ်။” လို့  ဆွမ်ပီယန်ဒေသခံစစ်ရှောင်က ဆက်ပြောပါတယ်။ လက်ရှိ ဆွမ်ပီယန်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တပ်ချနေဆဲဖြစ်ပြီး ကျေးရွာတစ်ဝိုက် စစ်ရေးအခြေအနေမတည်ငြိမ်သေးတာကြောင့် ဒေသခံပြည်သူတွေ နေရပ်ပြန်လာလို့မရသေးတာဖြစ်ပါတယ်။ တောတောင်တွေထဲ တိမ်းရှောင်နေကြတဲ့ ကျေးရွာ ၃ ခုက ဒေသခံပြည်သူ အိမ်ခြေ စုစုပေါင်း ၂၂၅  ရှိပြီး လူဦးရေ ၁၁၈၄ ဦးရှိတဲ့အထဲ အမျိုးသမီး ၅၉၆ ဦးပါရှိပါတယ်။ ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ပူတာအိုဘက် ဆွမ်ပီယန်တစ်ဝိုက်မှာ စစ်ရေးအခြေအနေ တင်းမာနေတာလက်ရှိချိန်ထိဖြစ်ပါတယ်။ By –…

    Read More »
  • 16 October
    သတင်း

    ချီဖွေပြည်သူများ မြို့ထဲပြန်ဝင်ခွင့်မရသေး

    ကချင်ပြည်နယ် ချီဖွေမြို့ကို KIA ပူးပေါင်းတပ်သိမ်းပိုက်ထားပြီဖြစ်ပေမယ့် လေကြောင်းရန်ကြောင့် မြို့ခံတွေ ပြန်ဝင်ခွင့်မရသေးဘူးလို့ ချီဖွေဒေသခံတွေဆီကနေ သိရပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ မြစ်ကြီးနားမြို့နဲ့ ၈၈ မိုင်အကွာမှာရှိတဲ့ ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်သိမ်းပိုက်လိုက်ပြီး တိုက်ပွဲငြိမ်သက်သွားတာ ၂ ပတ်ကျော်ရှိလာပြီဖြစ်ပါတယ်။ ဒါပေမယ့် ချီဖွေမြို့နဲ့…

    Read More »
  • 4 October
    သတင်း

    တိုက်ပွဲကြောင့် ၃ လအကြာ တိမ်းရှောင်နေကြတဲ့ နန့်မွန်းစစ်ရှောင် ၃ ထောင်ကျော်အတွက် အကူအညီလိုအပ်နေ

    အင်းတော်ကြီးဒေသ တိုက်ပွဲကြောင့် ၃ လအကြာ တိမ်းရှောင်နေကြတဲ့ နန့်မွန်မြို့ဒေသခံပြည်သူသုံးထောင်ဝန်းကျင်အတွက် အစားအ သောက်နဲ့ ဆေးဝါးအခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကတည်းကနေ အင်းတော်ကြီးဒေသထဲက ညောင်ပင်၊ ဝှေလုံနဲ့ ချောင်းဝကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တွေ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်…

    Read More »
Back to top button