စစ်ယာဉ်တန်း

  • Dec- 2025 -
    1 December
    သတင်း

    မိုးမိတ်ဘက်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်း KIA ပူးပေါင်းတပ်တိုက်ခိုက်လို့ ယာဉ်တန်းပြန်ဆုတ်ခွာ

    ရှမ်းမြောက် မိုးမိတ်မြို့ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းကို KIA ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်လိုက်တဲ့အတွက် ယာဉ်တန်းပြန်လည်ဆုတ်သွားတယ်လို့ မိုးမိတ်ဒေသခံတွေပြောပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့ည ၉ နာရီဝန်းကျင် မိုးကုတ်ဘက်ကနေ မိုးမိတ်ဘက်ကိုဦးတည်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့စစ်ကား ၅ စီးကို မိုးမိတ်မရောက်ခင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေက ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြန်ခေါက်သွားတယ်လို့ မိုးမိတ်ဒေသခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “မိုးမိတ်မြို့တွင်းမှာတော့ မနေ့ကစပြီး စစ်တပ်တွေ ယူနီးဖောင်းတွေနဲ့ထင်ထင်ရှားရှား ဝင်ရောက်နေပြီ။ KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေကတော့ မြို့ပြင်တွေမှာ နေရာယူထားတယ်။ မနေ့ညကတော့မိုးမိတ်နဲ့ ဘောတဲကြားမှာ စစ်တပ်ကား ၅ စီးလောက် ထွက်လာချိန် KIA ဘက်မှ ကြားဖြတ်တိုက်ခိုက်လိုက်လို့ ပြန်ခေါက်သွားတယ်။ အဲဒီချိန်မှာပဲ လေယာဉ်လည်း လာဝဲသွားတယ်။အရမ်းကြီးအပြန်အလှန် တိုက်ပွဲဆက်ဖြစ်နေတာမျိုးတော့ မရှိဘူး” လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့ထဲကို အစပိုင်းမှာ TNLA တပ်ဖွဲ့ဝင်တွေနဲ့ ရောနှောကာ အရပ်ဝတ်တွေနဲ့စတင်ဝင်ရောက်လာခဲ့ပေမဲ့ နိုဝင်ဘာလ ၂၉ ရက် ညမှာတော့ TNLA က လုံခြုံရေးယူပေးကာ စစ်တပ်ယာဉ်တန်းအမြောက်အများဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့ မိုးမိတ်ဒေသခံက ပြောပြပါတယ်။ မိုးမိတ်ဒေသခံ ပြောဆိုချက်အရ နိုဝင်ဘာ ၃၀ ရက်နေ့ မနေ့ကစပြီး မိုးမိတ်မြို့တွင်းမှာ TNLA တပ်ဖွဲ့ဝင်တွေကို ယူနီးဖောင်းနဲ့တကွ မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း မိုးကုတ်၊ မိုးမိတ်မြို့တွေထဲကနေ TNLA တပ်ဖွဲ့တွေဆုတ်ခွာပြီးနောက်မှာတော့ စစ်ကောင်စီတပ်ကို PDF တပ်ပေါင်းစုတွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်မှ တိုက်ခိုက်နိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ဒေသခံတွေကသုံးသပ်ပြောဆိုနေကြပါတယ်။ “လက်ရှိထိတော့ KIA နဲ့ PDF  တွေက မိုးကုတ်၊ မိုးမိတ်တွေမှာ TNLA နဲ့ပါ ပြဿနာမဖြစ်အောင် အပစ်အခတ်မဖြစ်ကြအောင် အရမ်းကို သတိထားနေတဲ့ အခြေအနေလို့ မြင်ရတယ်။ ဒါပေမဲ့ဆက်လက်ပြီးပဲ TNLA က စစ်တပ်နဲ့ အတူ လှုပ်ရှားသွားလာနေတယ်၊ စစ်ရေးလှုပ်ရှားတာတွေရှိလာရင်တော့ ဘယ်လိုမှမတတ်နိုင်တဲ့အဆုံး စစ်ကောင်စီနဲ့အတူလှုပ်ရှားနေတဲ့ TNLA နဲ့ PDF တွေတိုက်ပွဲမဖြစ်ပွားလာနိုင်ဘူးလို့ မပြောနိုင်ဘူး။ ဒါမျိုးအခြေအနေ မဖြစ်လာရင်တော့ ပိုကောင်းတာပေါ့။အခြေအနေတော့ TNLA တွေအကုန်ထွက်ခွာပြီဆိုရင်တော့ စစ်တပ်နဲ့ KIA၊ PDF တပ်ပေါင်းစုတွေတိုက်ပွဲဖြစ်ပွားလာနိုင်တယ်”လို့ ရှမ်းမြောက်စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးကလည်း ပြောဆိုထားပါတယ်။ လက်ရှိ မိုးမိတ်မြို့ပြင်မှာတော့ KIA အပါအဝင် PDF တပ်ပေါင်းစုတွေ နေရာယူလှုပ်ရှားထားပြီး စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား…

    Read More »
  • Sep- 2023 -
    9 September
    သတင်း

    စစ်ယာဉ်တန်း ပြန်ထွက်နိုင်ဖို့ လက်နက်ကြီးနဲ့ ခြောက်လှန့်ပစ်ခတ်

    မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ထဲ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ် ရိက္ခာသယ် ထောက်ပို့ယာဉ်တန်းတွေ ထွက်ခွာဖို့ ပြင်ဆင်နေချိန် အနီးနားက စစ်ကောင်စီ တပ်စခန်းတွေကနေ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဒီမနက် ၅ နာရီလောက်မှာ ဒေါ့ဖုန်းယန်မြို့အခြေစိုက် ဟန်းဂိုင်ဘွမ့် (Hanggai Bum) တပ် နဲ့ ဖွန်းပရန်ဘွမ့် (Hpun Pyen Bum) စတဲ့ စစ်တပ်စခန်း ၂…

    Read More »
  • 5 September
    သတင်းမိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ ယာဉ်တန်း( ပုံဟောင်းအသုံးပြုထားပါတယ်)

    နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်း ဒါဆိုင်းရွာနားမှာ တိုက်ခိုက်ခံရ

    ဗန်းမော်ဘက်ကနေ နမ့်ဆန်ယန်ကို စစ်အင်အားအပါ ရိက္ခာတင်ဆောင်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်း ဒါဆိုင်း(Dasai Mare) ရွာနားမှာ တိုက်ခိုက်ခံရတဲ့အတွက် စစ်ကားတစ်စီးပျက်စီးသွားပြီး ထိခိုက်သေဆုံးမှုရှိတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ ဒီလ လဆန်းပိုင်းကပဲ ဗန်းမော်ဘက်နေ တက်လာတဲ့ စစ်ယာဉ်တန်းဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ က မြို့သစ်နဲ့ ကုန်းလောမရောက်မှီ ဒါဆိုင်းရွာနားမှာ…

    Read More »
Back to top button