စစ်ရေးတင်းမာမှု

  • Apr- 2024 -
    16 April
    သတင်း

    မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းစစ်ရေး အခြေအနေကြောင့်ပိတ်ထားဆဲ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်တာကြောင့် မြစ်ကြီးနား– ဖားကန့်ကားလမ်းပိုင်းပိတ်ထားဆဲလို့ ကာကွယ်ရေးတပ်က သိရပါတယ်။ မြစ်ကြီးနား–ဖားကန့်ကားလမ်းပိုင်းမှာရှိတဲ့ နန့်ယားစစ်ကောင်စီတပ်စခန်းကို KIA၊KPDF ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် လက်ရှိအချိန်ထိ ယင်းလမ်းပိုင်းမှာ စစ်ရေးတင်းမာမှုတွေရှိနေဆဲဖြစ်တာကြောင့် ဖားကန့်–မြစ်ကြီးနားကားလမ်းပိုင်း…

    Read More »
  • 8 April
    သတင်း

    ဝိုင်းမော်မှာ KIA နဲ့ ဝူယာန်ပြည်သူ့စစ်ကြားစစ်ရေးတင်းမာနေပြီး ၃ ရက်အတွင်း နေအိမ် ၁၄ အိမ်မီးရှို့ဖျက်ဆီးခံရ

    ဝိုင်းမော်မြို့နယ်မှာ ဝူယာန် လီဆူပြည်သူ့စစ်အဖွဲ့နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြားစစ်ရေးတင်းမာနေပြီး အပြန်လှန်နေအိမ်မီးရှို့နေတာကြောင့်  ၃ ရက်အတွင်း နေအိမ် ၁၄ အိမ်မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ၇ရက်နေ့အထိ ၃ ရက်အတွင်းမှာပဲ ဝူယန်ပြည်သူ့စစ်တပ်ချထားတဲ့ကျေးရွာအပါတစ်ဆက်တည်းရှိကြတဲ့ လမြန်၊ မုတ်ကျိတ်စတဲ့ ကျေးရွာက လူနေအိမ် ၁၄ အိမ်ထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ ဝူယာန်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “ဖြစ်တာက ရှေ့တစ်ရက်နေ့က စဖြစ်တာ။ ပထမဆုံးက ဝူယာန်ပြည်သူ့စစ်တာဝန်ခံရဲ့ နေအိမ်မီးလောင်သွားတယ်။ နောက်တစ်ညက ရွာမရပ်ကွက်က KIA နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ၃ အိမ်ထပ်ရှို့ခံရတယ်။ နောက်မနက်ပိုင်းက ထော့ဂေါ့ဆိုတဲ့ လီဆူရွာဘက်ကို ၁၀ လုံးလောက် ထပ်ရှို့ခံရတယ်တဲ့”လို့ပြောပါတယ်။ ဧပြီလ ၅ ရက်နေ့ ညပိုင်းမှာ ဝူယာန်ပြည်သူ့စစ်တာဝန်ခံဖြစ်တဲ့ ဦးငွါးဟူဆာရဲ့ နေအိမ်ကို KIA နဲ့ PDF အဖွဲ့ မီးရှို့ဖျက်ဆီးပေးလိုက်ပြီးနောက်ည ၆ ရက်နေ့မှာ ဝူယာန်ကျေးရွာက KIA နဲ့ ဆက်နွယ်မှုရှိတယ်ဆိုပြီး နေအိမ် ၃ လုံးကို ဝူယန်ပြည်သူ့စစ်အဖွဲ့တွေက သွားရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ဧပြီလ  ၇ နေ့ မနက်ပိုင်းမှာ ထော့ဂေါ့ဆိုတဲ့ လီဆူရွာဘက်မှာ နေအိမ် ၁၀ လုံးခန့် မီးရှို့ခံရပြီး နေ့လည်ပိုင်းမှာ လမြန်ကျေးရွာက နေအိမ်တစ်လုံး ထပ်ပြီးမီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ ဒါကြောင့် ၃ ရက်အတွင်းမှာပဲ ဝိုင်းမော်မြို့နယ်ထဲက ဝူယာန်၊ လမြန်နဲ့ မုတ်ကျိတ် စတဲ့ ကျေးရွာတွေထဲက နေအိမ် ၁၄ လုံး ၂ ဖက်တပ်စစ်ရေးတင်းမာနေရာကနေ မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ခုလို နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေ မဖြစ်ပွားသေးချိန် ဝူယာန်ကျေးရွာက ပြည်သူ့စစ်တပ်စခန်းအရင်ဦးဆုံးတိုက်ခိုက်ခံရပြီးတော့ တစ်ဆက်တည်း ပြည်သူ့စစ်တာဝန်ခံရဲ့ နေအိမ်မီးရှို့ဖျက်ဆီးခံရတာဖြစ်ပါတယ်။ ဝူယာန်ကျေးရွာက KIA နဲ့ ဆက်နွယ်ပတ်သက်မှုရှိတယ်ဆိုပြီး မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် ၃ လုံးဟာ ဝူယာန်ကျေးရွာ နယ်မြေ(၂) ရွာမရပ်ကွက်ရှိ ဦးမန်ဒေါင်ဟောင်းဒန်နေအိမ်၊ ဦးမာဟော်ဟောင်းဇေ၊ ဦးလဂန်ခေါင်ဇေ စတဲ့ နေရာအိမ်တွေဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နေအိမ် ၁၀ လုံးခန့် မီးရှို့ဖျက်ဆီးခံရတဲ့ ထော့ဂေါ့ ဆိုတဲ့ လီဆူရွာဘက်မှာလည်း နေအိမ်မီးရှို့မှုမဖြစ်ခင် မနက်ပိုင်းမှာစစ်ကောင်စီတပ်အပါ ဝူယန်ပြည်သူ့စစ်အဖွဲ့တွေနဲ့ KIA ပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နေ့လည်ပိုင်းမှာ နေအိမ်မီးရှို့မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဧပြီလ ၇ ရက်နေ့မှာပဲ ဝါးရှောင်(Washawng Mare)ကျေးရွာအထက် ဝရှဂါးဘွမ့်(ဒေသအခေါ်) ဘက်မှာ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်အဖွဲ့တွေ စစ်အင်အား ၅၀ ဝန်းကျင် စစ်ရေးလှုပ်ရှားသွားလာနေတာကြောင့် နေ့လည် ၁၂ နာရီလောက်မှာ KIA တပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်နေ ဂျက်လေ ၂ စီးအပြင် Y – 12 လေယာဉ်အမျိုးအစား အဆက်မပြတ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဝရှဂါးဘွမ့် တိုက်ပွဲဖြစ်တဲ့နေရာဘက်ကို ဝိုင်းမော် ခလရ ၅၈ တပ်ရင်းကနေ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် မုတ်ကျိတ်ကျေးရွာ ခရစ်ယာန်ဓမ္မသက္ကသိုလ် ကျောင်းဝင်းအတွင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေလည်းရှိခဲ့ပါတယ်။ အခုလို စစ်တပ်ဘက်ကနေ လက်နက်ကြီး ပစ်ခတ်တာတွေ၊ စစ်တပ် ၂ ဖက်စလုံး နေအိမ်မီးရှို့တာတွေ အပြန်အလှန် လုပ်ဆောင်နေတာကြောင့် ဝူယာန်၊ မုတ်ကျိတ်နဲ့ လမြန် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆက်သိရပါတယ်။ ဝိုင်းမော်ဒေသမှာ တစ်ဖန်ပြီး ၂ ဖက်စစ်တပ်က စစ်ရေးတင်းမာမှုဖြစ်နေတဲ့အခြေအနေမှာ ဝိုင်းမော်မြို့နယ်ထဲမှာ အခိုင်အမာရှိနေတဲ့ ခလရ ၅၈ တပ်ရင်း တိုက်ခိုက်ခံရမှာကို စစ်တပ်ဘက်က စိုးရိမ်နေတဲ့အပြင် KIA က တိုက်ခိုက်လာရင်ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ပိုမိုလုပ်ဆောင်ဖို့ မြင်တွေ့ရတယ်လို့ ဝိုင်းမော်ဒေသခံတစ်ယောက်က သုံးသပ်ပြောဆိုနေပါတယ်။ “အခုအခြေအနေက ဝိုင်းမော် ၅၈ တပ်ရင်းကို KIA ကတိုက်ခိုက်လာဆိုပြီး စိုးရိမ်နေတာရယ်။ ပြည်သူ့စစ်နဲ့ လော်ဝေါ်လူမျိုးတွေကြားမှာ လူမျိုးရေးပြဿနာဖြစ်အောင်ရယ်၊ ဝိုင်းမော်ဆိုတာက မပခနဲ့ အလွန်နီးကပ်လာတဲ့အခြေအနေမှာ စိုးရိမ်တာရယ်၊ ဒီထက်ပိုဆိုးလာရင် တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးမယ်ဆိုတဲ့ သဘောနဲ့ လုပ်ဆောင်နေတယ်”လို့ပြောပါတယ်။…

    Read More »
  • Feb- 2024 -
    19 February
    သတင်း

    ဆင်ဘိုမှာ စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်

    မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ ၁၄၁ တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေ နီးစပ်ရာကျေးရွာတွေနဲ့တောတောင်တွေမှာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ဆင်ဘိုမြို့တပ်စခန်းကို KIA,KPDF  ပူးပေါင်းတပ်တွေဟာ ဖေဖော်ဝါရီလ ၁၀…

    Read More »
  • Nov- 2023 -
    21 November
    သတင်း

    ကချင် – စစ်ကိုင်းသွားလမ်း ပြည်ထောင်စုလမ်းမကြီးကို စစ်ရေးအရပိတ်ဆို့ထားဟုဆို

    စစ်ရေးတင်းမာနေတဲ့ ကချင် – စစ်ကိုင်းအစပ်ဘက်ကို စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်မဝင်ရောက်နိုင်ဖို့  ပြည်ထောင်စုကားလမ်းကြီးကို စစ်ရေးအရယာယီပိတ်ဆို့ထားခြင်းဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ သူတွေဆီကနေ သိရှိရပါတယ်။ နိုဝင်ဘာလ ၇ ရက်နေ့ကနေ ကချင်– စစ်ကိုင်းအစပ်မှာရှိတဲ့ ကသာခရိုင် ထီးချိုင့်မြို့နယ်၊အင်းတော်မြို့နယ်တွေမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့အကြား နှစ်ဖက်စစ်ရေးတင်းမာနေပြီး တိုက်ပွဲပြင်းထန်နေဆဲလည်းဖြစ်ပါတယ်။ ဒါကြောင့် စစ်ရေးအရ…

    Read More »
  • 14 November
    သတင်း

    နမ့်ခမ်းမြို့မှာ စစ်တပ်နဲ့ TNLA တို့အကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ဒေသခံများအားလုံးထွက်ပြေးတိမ်းရှောင်နေရ

    ရှမ်းပြည်နယ်မြောက်ပိုင်း နမ်းခမ်းမြို့ကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLAဘက်က သိမ်းပိုက်ထိန်းချူပ်ထားနိုင်ပြီဖြစ်ပေမယ့် နမ့်ခမ်းမြို့နဲ့တစ်မိုင်ကျော်ဝေးတဲ့ စစ်တပ်ကုန်းစခန်းသိမ်းပိုက်နိုင်တာမရှိသေးတာကြောင့် နှစ်စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်ပြီး ဒေသခံပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။ တအောင်းလက်နက်ကိုင်အဖွဲ့ TNLA ဘက်က နမ့်ခမ်းမြို့ကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၆ ရက်နေ့က နမ့်ခမ်းမြို့တွင်း TNLA ထိန်းချူပ်မှုအောက်က ပြည်သူတွေရဲ့ လှုပ်ရှားသွားလာမှုအခြေအနေတွေ သတင်းစာမျက်နှာတွေမှာ…

    Read More »
  • 1 November
    သတင်း

    ရွှေကူ ငဘတ်ကြီးရွာနားမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားလာနိုင်

    ကချင်ပြည်နယ် ရွှေကူမြို့နယ် ငဘတ်ကြီးကျေးရွာထဲက KIA၊KPDFနဲ့LPDF တွေပူးပေါင်းသိမ်းပိုက်ထားတဲ့ငဘတ်ကြီးအထိုင်စခန်း (ကြေးနန်းကုန်းခေါ် )တာဝါကုန်းစခန်းကို စစ်တပ်ဘက် ပြန်လည်ရယူဖို့ စစ်ရေးလှုပ်ရှားလာနေတာကြောင့်နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ရွှေကူ LPDF အဖွဲ့ကနေ သိရပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့ မနက်ပိုင်းက ငဘတ်ကြီးကျေးရွာမှာရှိတဲ့ရွှေတူ ခမရ ၆၀၂ နဲ့ခလရ ၅၆တပ်တွေ ပူးပေါင်းတပ်ထိုင်လေ့ရှိတဲ့ အထိုင်တပ်စခန်းတာဝါကုန်းကို KIAနှင့်တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းသိမ်းပိုက်လိုက်အပြီးမှာပဲ စစ်ကောင်စီတပ်တွေက တပ်ပြန်ထိုင်လာဖို့အတွက်အင်အားသုံးပြီးစစ်ရေးလှုပ်ရှားလာ နေတာကြောင့်နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ရွှေကူနယ် LPDF တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။ “သူတို့(စစ်ကောင်စီတပ်) မထိုင်နိုင်သေးဘူးသူတို့ရောက်တော့ ရောက်ရောက်လာတယ်…

    Read More »
  • Sep- 2023 -
    6 September
    သတင်း

    နမ်ဖမ်ကာရွာမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်နေ

    ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ စစ်တပ်ကလက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေသလို TNLA ဘက်ကလည်း စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ဒေသခံပြည်သူများ တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်ပူပန်နေကြရတယ်လို့ သိရပါတယ်။ နမ့်ဖတ်ကာမှာ တပ်စွဲထားတဲ့ ခလရ ၁၂၃ စစ်တပ်ဟာ စက်တင်ဘာ ၆ ရက် ဒီနေ့မှာလည်း လက်နက်ကြီးအဆက်မပြတ် ရမ်းတမ်းပစ်ခတ်နေတဲ့အပြင် TNLA ဘက်ကလည်း ရွာသားတွေကို ရွာထဲက တိမ်းရှောင်ကြဖို့ ပြောဆိုနေတယ်လို့ နမ့်ဖက်ကာဒေသခံတစ်ဦးက ပြောပါတယ်။ “ဒီနေ့ နမ့်ဖတ်ကာမှာ…

    Read More »
  • Aug- 2023 -
    23 August
    သတင်း

    စစ်ရေးတင်းမာနေတဲ့ ဖားကန့်လမ်းပိုင်း ၂ နေရာမှာ KIA ဘက်က ပိတ်ဆို့ထား

    စစ်ရေးတင်းမာနေတဲ့ ကားမိုင်း- ဖားကန့်သွားလမ်းမပေါ်မှာ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ကဘက် ဒီမနက်ကစပြီး နေရာ  ၂ နေရာကို လမ်းပိတ်ဆို့ထားတယ်လို့ KIA နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ ခုလို လမ်းပိတ်ဆို့ထားတာဟာာ နန့်ယားကျေးရွာမှာရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်း ဖားကန့်ဘက်ကို ဆက်ပြီးတက်လာလို့မရအောင် မနေ့ကတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျောက်ထုနဲ့ ဂေါ့လိုယာန်နေရာနားက နေရာ ၂ နေရာမှာ ပိတ်ဆို့ထားဖြစ်တယ်လို့ KIA နဲ့ နီးစပ်သူ ဒေသခံတစ်ယောက်ကပြောပါတယ်။ “နန့်ယားမှာ…

    Read More »
  • Jul- 2023 -
    22 July
    သတင်း

    စစ်ရေးတင်းမာနေတဲ့ မိုးစစ်ရွာနားတစ်ဝိုက်ဒေသခံများ အမြန်ဆုံးတိမ်းရှောင်ကြဖို့ မြို့လှ PDF သတိပေး

    ရွှေကူမြို့နယ် ကျောက်ကြီးရွာကနေ ဆင်တပ်ရွာဘက်ကို စစ်ကြောင်းထိုးလာချိန် မိုင်းဆွဲခံလိုက်ရတဲ့ စစ်ကောင်စီတပ်က လက်ရှိမိုးစစ်ရွာထဲဝင်ရောက်နေပြီး ရွာသားတစ်ချို့ကို ဖမ်းဆီးထားတဲ့အပြင် မိုးစစ်ရွာအနီးတစ်ဝိုက်စစ်ကြောင်းထိုးဖို့ ထပ်ပြီးပြင်ဆင်နေတဲ့အတွက် ဒေသခံများ အမြန်ဆုံးရှောင်တိမ်းကြဖို့ မြို့လှကာကွယ်ရေးတပ်က အရေးပေါ်သတိပေးပြောဆိုလာပါတယ်။ “ခုချိန်ကျနော်တို့ဘက်က တစ်ချက်သွားပစ်ရင် ဖမ်းခံထားရတဲ့ပြည်သူတစ်ဦးကို သတ်ပြမယ်ဆိုတဲ့အနေထားဖြစ်နေတယ်။ ရွာသားတွေကို…

    Read More »
  • 3 July
    တိုက်ပွဲ

    နမ့်ဆန်ယန်မှာ စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံများ ထွက်ပြေး

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်အနီး ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံတွေထွက်ပြေးနေပြီလို့ သိရပါတယ်။ ယနေ့ နံနက် ၅ နာရီဝန်းကျင်ကစပြီး နမ်ဆန်ယန်တံတားမှာ စစ်ကောင်စီ စစ်ကြောင်း နှင့် KIA ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ၁၀ နာရီဝန်းကျင်မှာတော့ နမ်ဆန်ယန်ပြည်သူတွေ ခေတ္တထွက်ပြေးတိမ်းရှောင်ကြဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက…

    Read More »
Back to top button