စစ်ရေး
-
Sep- 2024 -25 Septemberသတင်း
ဆွမ်ပရာဘွမ်မြို့ကို ပြန်သိမ်းဖို့ စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်နေ
ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက KIA ၊KPDF ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို ပြန်သိမ်းဖို့ စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ၂၀၂၄ ခုနှစ် မေလမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF ပူးပေါင်းတပ်ထိုးစစ်ဆင်သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို ပြန်သိမ်းယူဖို့ ပူတာအိုခရိုင်အခြေစိုက် ခလရ ၁၃၇ တပ်နဲ့ ၄၆ တပ်ကစစ်ရေးပြင်ဆင်မှုတွေလုပ်ဆောင်နေတယ်လို့ ပူတာအိုPDF နဲ့နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “၁၃၇ နဲ့နီးစပ်တဲ့လူတွေပြောတာတော့ ဆွမ်ပရာဘွမ့်ကိုသူတို့ပြန်သိမ်းမယ်တဲ့ ဘယ်လမှာဆိုတာတော့အသိအကျမသိရဘူး နှစ်မကုန်ခင်ပြန်သိမ်းဖို့ရှိတယ်လို့တော့သတင်းထွက်နေတယ်။ ပြီးတော့သူတို့ဘက်ကစစ်ရေးပြင်ဆင်တာတွေကြည့်ရင်တော့မကြာလောက်ဘူးအခုတောင်ည ညဆိုစစ်ကားတွေသွားသွား လာလာရှိတယ်”လို့ အသက် ၅၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့ကိုပြန်သိမ်းယူဖို့ စစ်ကောင်စီတပ်ဟာ လွန်ခဲ့တဲ့ ဇူလိုင်လကတည်းကနေ စစ်အင်အားတွေကို လေကြောင်းနဲ့ဖြည့်တင်းနေတာဖြစ်ပြီး လက်ရှိ ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ့်မြို့ကြားထဲက လုံရှာယာန်၊ ဖက်မာစတဲ့ကျေးရွာတွေမှာ အင်အားအလုံးအရင်းနဲ့ပို့ဆောင်ထားတယ်လို့သိရပါတယ်။ “စစ်သားတွေတော့အခုထပ်မပို့လာတော့ဘူး ပြီးခဲ့တဲ့ ၇ လပိုင်းကတော့ အောက်ပိုင်းကနေ စစ်ရယာဥ်နဲ့အများကြီးလာချတယ်။ ပြီးတော့ ခရီးသည်တင်တဲ့လေယာဥ်နဲ့လည်း ပူတာအိုထဲလာချတယ်အရပ်သားပုံစံနဲ့ အခုကတပ်ဖြန့်ထားပြီလေး နေရာတိုင်းမှာ”လို့ပူတာအို မြို့ လေယာဉ် ကွင်းရပ်ကွက်နေအမျိုးသား တစ်ဦးကပြောပါတယ်။ ဒါ့အပြင် အရင်ကတပ်စွန့်ခွာခဲ့တဲ့ထဝါဒမ်းထောက်ပို့တပ်ထဲမှာလည်းအင်အားအများအပြားနဲ့တပ်ပြန်ထိုင်နေတယ်လို့သိရပါတယ်။ ဆွမ်ပရာဘွမ်မြို့သိမ်းခံရပြီးတဲ့နောက် ပူတာအိုအခြေစိုက် တန်ဂူးတန်ပြည်သူ့စစ်တပ်နဲ့ စစ်ကောင်စီတပ်ပူးပေါင်းပြီး ဆွမ်ပရာဘွမ်ကိုပြန်သိမ်းဖို့မကြာခနစစ်ကြောင်းထိုးခဲ့ပေမယ့် KIA၊KPDF ပူးပေါင်းတပ်ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် တပ်ပြန်ဆုတ်ခဲ့ရတာဖြစ်ပါတယ်။ “သူတို့ကတော့ခနခနသွားနေတာပဲ စစ်ကားတွေနဲ့ လွန်ခဲ့တဲ့ ၇လပိုင်းအထိပေါ့ သူတို့အထိနာပြီးပြန်ပြန်ဆုတ်လာတာပဲ အခုအဲ့ဘက်ကိုစစ်ကြောင်းမထိုးပဲငြိမ်နေတာ ဒီတစ်ခေါက်ကအင်အားအလုံးအရင်းနဲ့ပြန်ထိုးဖို့ဆိုပြီးပြင်ဆင်နေတာတဲ့”လို့ပူတာအိုမြို့ခံတစ်ဦးကပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့ပြန်သိမ်းမယ့်သတင်းဟာ လက်ရှိပူတာအို ဒေသခံတွေကြားမှာလည်းကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့နေတာကြောင့် ဒေသခံတွေစိုးရိမ်နေရတယ်လို့ ပူတာအိုမြို့လုံးစွတ်ရပ်ကွက်နေအမျိုးသမီးတစ်ဦးကပြောပါတယ်။ “ဆွမ်ပရာဘွမ်ပြန်သိမ်းမယ်လို့တော့သတင်းထွက်နေတာပဲ တစ်လလောက်ရှိပြီဘယ်နေ့လဲတော့မသိဘူး တိုက်ပွဲဖြစ်ရင်လမ်းကပိတ်ကုန်စျေးကကြီးအုံးမှာတွေးပြီးစိုးရိမ်နေရတယ်တချို့တော့ကြိုတင်ပြီးဆီတွေ၊ဆန်တွေလှောင်ထားကြတယ်ပိုက်ဆံရှိတဲ့သူတွေပေါ့”လို့ အသက် ၃၂ နှစ်အရွယ်အထက်ပါအမျိုးသမီးကပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့ဟာ ပူတာအိုဒေသအတွက်တစ်ခုတည်းသောကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်တဲ့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းမှာရှိတာကြောင့် တိုက်ပွဲဖြစ်ရင်ကားလမ်းပိတ်သွားမှာဖြစ်တာကြောင့် ပူတာအိုဒေသခံတွေအထူးစိုးရိမ်နေရပြီး တစ်ချို့က စားနပ်ရိက္ခာတွေ၊စက်သုံးဆီတွေကြိုတင်စုဆောင်းတာမျိုးရှိနေတယ်လို့သိရပါတယ်။ KIA၊KPDF ပူးပေါင်းတပ်တွေဟာ ဆွမ်းပရာဘွမ်မြို့ကို သိမ်းပိုက်ဖို့ ဒီနှစ် မတ်လပိုင်းက စတင်ထိုးစစ်ဆင်ခဲ့ရာမေလမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာစစ်ရေးပြင်းထန်ပြီး မြို့တွေ၊ရွာတွေနဲ့ ရှေ့တန်းစခန်းအများအပြားဆုံးရှုံးနေတဲ့စစ်ကောင်စီဟာ ကချင်တစ်ပြည်နယ်လူံးကို ဇွန်လ ၂၁ ရက်နေ့ကစ ဖုန်း အင်အာနက်လိုင်းတွေအားလုံးဖြတ်တောက်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ စက်တင်ဘာလဆန်းပိုင်းကစပြီး ဆုံးရှုံးထားတဲ့ နယ်မြေတွေကိုပြန်သိမ်းမယ့် ရန်နိုင်မင်းစစ်ဆင်ရေးအမည်နဲ့တစ်နိုင်ငံလုံးအဆင့် စစ်ရေးစတင်လှုပ်ရှားနေတယ်လို့လည်း KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးအင်ဖန်နော်ဘူက KNG ကိုပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြောက်ဘက် ချင်းတွင်းမြစ်ဖျားနှင့် မလိခမြစ်တို့အကြား …
Read More » -
13 Septemberသတင်း
KIA ပူးပေါင်းတပ်သိမ်းထားတဲ့ စင်းခန်းရွာဘက်ကို စစ်တပ်က လေကြောင်းအကူနဲ့မြေပြင်စစ်ကြောင်းထိုးနေ
“တိုက်ပွဲတော့ အဲလောက်မဖြစ်ဘူး သူတို့က ရွှေကူကနေ စစ်ကြောင်းထိုးလာတာ လေယာဉ်နဲ့ပစ်ပြီး စစ်ကြောင်းဆက်တိုက်ထိုးလာနေတယ်။ ကျနော်တို့ ဆုတ်ပေးရမယ့်အခြေနေဖြစ်နေတယ် ”လို့ ပြောပါတယ်။
Read More » -
Aug- 2024 -29 Augustသတင်း
ဝိုင်းမော် စန်းကားကျေးရွာအုပ်စုမှာ စစ်တပ်နဲ့ KIA တပ်တို့စစ်ရေးတင်းမာ
မတ်လ ၇ ရက်နေ့စပြီး တိုက်ပွဲပြင်းထန်လာတဲ့ ဝိုင်းမော်မြို့နယ်တွင်း ကျေးရွာတစ်ချို့မှာ စစ်တပ်က စစ်အင်အားဖြည့် စစ်ရေးလှုပ်ရှားနေတဲ့အထဲ စန်းကားကျေးရွာအုပ်စုလည်းပါဝင်ပါတယ်။
Read More » -
13 Augustအင်တာဗျူး
ဖုန်း၊အင်တာနက်ပြတ်တောက်နေတဲ့ မြစ်ကြီးနားမြို့မှာ ဘာတွေဖြစ်နေလဲ
ဒါပေမယ့် MPT ဖုန်းလိုင်းကလည်း မြို့တွင်းနေရာ အကန့်အသတ်နဲ့သာရရှိနေပြီး ကျန်တဲ့ဖုန်းလိုင်းအော်ပရီတာလိုင်းတွေအားလုံးပြတ်တောက်နေဆဲဖြစ်တာကြောင့် ပြည်သူတွေဟာ အဖက်ဖက်ကနေ လူမူစီးပွားဆိုင်ရာ အခက်ကြုံနေကြတယ်လို့လည်း သိရပါတယ်။
Read More » -
12 Augustအင်တာဗျူး
တိုက်ပွဲဒေသဖြစ်နေတဲ့ ဗန်းမော်မြို့အခြေအနေ ဆက်သွယ်မေးမြန်းချက်
ဒါကြောင့် တိုက်ပွဲဇုန်နဲ့အနီးဆုံးမှာရှိနေတဲ့ ဗန်းမော်မြို့အခြေနေကို ဗန်းမော်ကနေ တစ်ခြားနေရာကို ဒီမနက်ရောက်ရှိနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကို KNG ကဆက်သွယ်မေးမြန်းထားပါတယ်။
Read More » -
Jul- 2024 -31 Julyသတင်း
မြစ်ကြီးနားမှာ ဖုန်း၊ အင်တာနက်လိုင်းပြတ်တောက်နေချိန် စစ်တပ်က စစ်ရေးပြင်ဆင်နေ
ကချင်တစ်ပြည်နယ်လုံ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေချိန် စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားမြို့တွင်း မြို့ပြင် စစ်ရေးပြင်ဆင်တာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း ပလနကျေးရွာနဲ့ နောင်နန်းကျေးရွာတစ်ဝိုက် စစ်ကောင်စီဘက်က တပ်ချနေရာယူပြီး လက်နက်ကြီးတပ်ဆင်ထားတဲ့အပြင် နောင်နန်းကျေးရွာ ၁၀ မိုင် အထက်တန်းကျောင်းနဲ့ ဂျော်ဘွမ်ဆုတောင်း တောင်မှာလည်း တပ်စွဲထားတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦး KNG ကို အခုလိုပြောပါတယ်။ “သူတို့အရင်ဆုံး KTCS ဓမ္မကောလိပ်ကျောင်းထဲကို ဝင်တယ်။ ကျောင်းကတာဝန်ရှိသူတွေက ကျောင်းထဲမှာ လူအရမ်းများပြီး နေရာမရှိကြောင်းပြောလို့ အဲကနေထွက်လာပြီး ၁၀ မိုင်စာသင်ကျောင်း မှာတစ်ဖွဲ့ နေနေတယ်။ ကျောင်းက ဆောက်လုပ်နေဆဲ အဆောင်သစ်ထဲမှာ နေနေတယ်။ ဂျော်ဘွမ်မှာလည်း အင်အား ၂၀ ၊၃၀ လောက်ရှိတယ်။ အားလုံး ၆၀၊ ၇၀ လောက်ရှိမယ်။ ဂျော်ဘွမ်မှာတပ်ချနေတဲ့ အဖွဲ့က သွားလာတဲ့ဆိုင်ကယ်တွေကို ရပ်ခိုင်းပြီး မေးတာမြန်းတာရှိတယ်။ KIA တွေလာမစရင်တော့ဘာမှမဖြစ် လောက်ဘူး။ ဘာစရင်တော့ KTCS ကျမ်းစာကျောင်းကို စစ်တပ်က နှောက်ယှက်လိမ့်မယ်။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဇူလိုင် ၂၉ ရက်နေ့မနက်ကစပြီး အင်အား ၆၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မကောလိပ်ကျောင်း KTCS ဝင်းထဲ ဝင်ရောက်လာပြီး တပ်ချနေရာယူဖို့ ပြင်ဆင်လာတာလို့ ဆိုပါတယ်။ ဒါပေမဲ့ KTCS ဓမ္မကောလိပ်ကျောင်းဝင်းထဲ ကျောင်းသား၊သူများတာကြောင့် နေရာမရှိတဲ့အတွက် လက်ရှိ ဂျော်ဘွမ်ဆုတောင်းတောင်မှာတစ်ဖွဲ့ ၊ နောင်နန်း ၁၀ မိုင်အထက်တန်းကျောင်းထဲမှာတစ်ဖွဲ့ စသဖြင့် နှစ်ဖွဲ့ခွဲပြီး တပ်ချနေရာယူထားတယ်လို့ သိရပါတယ်။ လက်ရှိ ၁၀ မိုင်အထက်တန်း စာသင်ကျောင်းမှာ ကလေးတွေကျောင်းတက်နေပေမဲ့ စစ်တပ်က တပ်ချနေရာယူထားပြီး ဂျော်မဆတ်နှစ်ခြင်းဘုရားကျောင်းနဲ့ KTCS ဓမ္မကောလိပ်ကျမ်းစာကျောင်းနဲ့ အနီးဆုံးမှာလည်း နေရာယူထားတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း ပလန မရောက်ခင် ရွှေစက်ရပ် ကွက် လမ်းမဘေး ဘုန်းကြီးကျောင်းထဲမှာလည်း လက်နက်တပ်ဆင်ထားပြီး ပလနမီးသတ်ရုံးနဲ့ ရဲစခန်းနေရာတစ် လျှောက် နေရာယူအင်အားဖြည့်ထားတယ်လို့ ဆက်သိရပါတယ်။ လတ်တလော မြစ်ကြီးနားမြို့ထဲမှာ စစ်ကောင်စီတပ်ဟာ ညတိုင်း ကင်းလှည့်လှုပ်ရှားတာတွေ၊ မြို့ပြင်ဘက်တွေမှာ နေရာယူ တပ်ချထားပြီး လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။ ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာ ဖုန်းလိုင်း၊အင်တာနက်အားလုံး ပြတ်တောက်နေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက် ကချင်ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်က ကချင်သတင်းဌာန KNG ကိုအခုလိုပြောပါတယ်။…
Read More » -
12 Julyသတင်း
ရေဘေးသင့်နေတဲ့ ဝိုင်းမော်ဘက်ကို စစ်တပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေ
ဝိုင်းမော်မြို့နယ်မှာ ဇူလိုင် ၁၀ ရက်နေ့ နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တွေကြား စစ်ရေးလှုပ်ရှားမှုတွေရှိလာသလို စစ်တပ်ဘက်ကနေလည်း မြစ်ကြီးနား ၊ ဝိုင်းမော်မြို့ကနေ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဝိုင်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းအထိ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွေမှာ ရေဘေးအန္တရာယ်ကို ကြုံတွေ့နေရတာကြောင့် တစ်ပတ်ဝန်းကျင် လက်နက်ကြီးသံတွေငြိမ်သက်သွားပေမယ့် ဇူလိုင် ၁၀ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ်ထဲမှာ လက်နက်ကြီးသံတွေ ဆက်တိုက်ပြန်ကြားနေသလို နှစ်ဖက်ထိတွေ့တိုက်ပွဲတွေရှိလာတယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဒီရက်ပိုင်းမှာ နောင်းချိန်းနဲ့ စန်ကားရွာတွေမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို KIA တပ်တွေက အပေါ်ကနေ ပစ်ခတ်တာတွေရှိပါတယ်။ ပစ်ခတ်ခံရတဲ့ စစ်တပ်ဘက်ကနေ ထိခိုက်တာတွေရှိတယ်လို့ကြားရတယ်။ အဲဒါကြောင့် အခု ဝိုင်းမော်မှာ လက်နက်သံတွေ ပြန်ကြားလာရတာက စစ်တပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်နေတဲ့သဘောပါ”လို့ပြောပါတယ်။ နောင်းဟီးနဲ့ စန်ကားကျေးရွာတွေမှာ တပ်စွဲရှိနေတဲ့ စစ်ကောင်စီတပ်သားတစ်ချို့ KIA ပူးပေါင်းတပ်တွေရဲ့ ဒရုန်းတိုက်ခိုက်ခံရတာတွေရှိနေတာကြောင့် စစ်တပ်ဘက်ကနေ KIA တပ်တွေရှိနိုင်တဲ့ အောင်မြေ(၁)၊ အောင်မြေ(၂)၊ ခါးရှီ၊ နောင်စီပေါ၊ စတဲ့ကျေးရွာတွေကို ဇူလိုင် ၁၀၊ ၁၁ ရက်နေ့တွေမှာ ည၊ မနက်၊ နေ့လည် တစ်ရက်ကို သုံးကြိမ်ထက်မနည်း လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် အောင်မြေ(၂)၊ ခါးရှီ ကျေးရွာတွေမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေရှိနေပြီး အဲဒီကျေးရွာတွေမှာရှိတဲ့ ကျေးရွာနေပြည်သူတွေက ရွာလုံးကျွတ် စစ်ဘေးရှောင်နေတာကြောင့် ထိခိုက်ဒဏ်ရာမရှိတာလည်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဘက်နေ ဝိုင်းမော်မြို့ ခလရ ၅၈ တပ်ရင်းနဲ့ မြစ်ကြီးနားမြို့ဘက်က မြောက်ပိုင်းတိုင်းစစ်ဌာချုပ်(မပခ)ကနေ လက်နက်ကြီးပစ်ခတ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်တပ်ဘက်နေ မြစ်ကြီးနားမြို့ထဲက မြေမြင့်ရပ်ကွက်နဲ့ အေးမြသာယာရပ်ကွက်နေရာတွေမှာ လက်နက်ကြီးတွေထားပြီး ဝိုင်းမော်ဘက်ကို ပစ်ခတ်နေတယ်လို့လည်း မြေမြင့်ရပ်ကွက်နဲ့ နီးစပ်တဲ့ ပြည်သူတွေကပြောပါတယ်။ အခုလို စစ်တပ်ဘက်ကနေ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ရက်ပိုင်းအတွင်း ရေဘေးကြုံတွေ့နေရတဲ့ ဝိုင်းမော်ဒေသခံပြည်သူတွေက တိုက်ပွဲပြန်လည် ဖြစ်ပွားလာမှာကို စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လနဲ့ မေလ တွေမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် အောင်မြေ(၁)၊ အောင်မြေ(၂)၊ လမြန်၊ မုတ်ကျိတ်၊ နန်ဝါ၊ လဘန်၊ ဝူယန် ၊ စန်ကား ၊ နောင်ဟီး၊ ခါးရှီ၊ အင်းလေး စတဲ့ ကျေးရွာတွေမှာရှိတဲ့ ပြည်သူတွေက ကျေးရွာထဲကနေ တိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။ ဇူလိုင် ၁ ရက်နေ့ ကစပြီး တစ်ပတ်ဝန်းကျင်လောက် အဆက်မပြတ်မိုးရွာသွန်းခဲ့တာကြောင့် ဝိုင်းမော်မြို့နယ်ထဲမှာ ရေကြီးရေလျှံဖြစ်ပြီး ဝိုင်းမော်ပြည်သူတွေ စစ်ဘေးရှောင်နေတဲ့ စစ်ရှောင်စခန်းနေရာတွေမှာ ရေဝင်ရောက်ခဲ့တာကြောင့် စစ်ဘေးအပြင် ရေဘေးအန္တရာယ်ပါ ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Jun- 2024 -13 Juneသတင်း
ကန်ပိုင်တည်မြို့မှာ တိုက်ပွဲတွေမဖော်ဆောင်ဖို့ ဒေသအတွင်း လက်နက်ကိုင်အဖွဲ့တွေ ညှိနှိုင်းနေ
ဆဒုံးမြို့တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်လိုက်ပြီးနောက် ကန်ပိုင်တည်မြို့မှာ တိုက်ပွဲဖော်ဆောင်တာတွေမလုပ်ပေးဖို့ ဒေသအတွင်းမှာရှိတဲ့ လက်နက်အဖွဲ့ကြား ညှိနှိုင်းဆောင်ရွက် တာတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကန်ပိုင်တည်မြို့ဟာ ဌာနေပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ နေရာယူထားတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့တစ်ခုဖြစ်ပြီး လက်ရှိမှာ KIA ရဲ့ စစ်ဆင်ရေးက ကန်ပိုင်တည်မြို့ဘက်ကို ဦးတည်လာနေတာကြောင့် လက်နက်ကိုင်အဖွဲ့တွေ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ကန်ပိုင်တည် ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခုပုံစံနဲ့ဆိုရင် တိုက်ပွဲက ဖြစ်လာနိုင်ခြေရှိတယ်။ ဒါပေမယ့် ဒီမှာက အရင်ကတည်းကနေ နယ်ခြား၊ ပြည်သူ့စစ်ဆိုပြီး နေလာခဲ့ကြတယ်ဆိုတော့ လူကြီးပိုင်းတွေက ဆွေးနွေးနေကြတယ်လို့ပြောကြတယ်။ ဆွေးနွေးနေကြတယ်လို့ ပြောတဲ့အထဲမှာက အဓိကတော့ တိုက်ပွဲတွေမဖြစ်အောင် ဆွေးနွေးနေကြတယ်လို့ပဲထင်နေကြတယ်”လို့ပြောပါတယ်။ ဒေသခံတွေရဲ့ ပြောဆိုချက်အရက ပြည်သူ့စစ်နဲ့ နယ်ခြာစောင့်တပ်တွေက တိုက်ပွဲမဖော်ဆောင်ပေးဖို့ KIA ကိုညှိနှိုင်းပြောဆိုနေတယ်လို့ သိရပြီး အဲဒီဆွေးနွေးမှုမှာ တရုတ်အစိုးရလည်း ပါဝင်နိုင်တယ်လို့ ပြောဆိုနေကြပေမယ့် KNG အနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။ လက်ရှိမှာ ဒေသအတွင်း လက်နက်ကိုင်အချင်းအချင်း ဆွေးနွေးနေကြတယ်လို့သာ သိရှိရပြီးတော့ ကန်ပိုင်တည်မြို့ပေါ်မှာ တိုက်ပွဲမဖြစ်ပွားဖို့ ဘယ်လိုပုံစံနဲ့ ညှိနှိုင်းဆွေးနေကြတယ်ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရသေးပါဘူး။ ဇွန်လ ၁၁ ရက်နေ့မှာ KIA တပ်တွေက ဝိုင်းမော်ကနေ ဆဒုံး – ကန်ပိုင်တည်သွားလမ်း တစ်ကြောမှာရှိတဲ့ ၁၃ မိုင်စုပေါင်းဂိတ်၊ ဘွမ့်တောင်ပြည်သူ့စစ်စခန်း၊ လဖိုင်ပြည်သူ့စစ်စခန်းနဲ့ ဆဒုံးဗျူဟာကုန်း စတဲ့ ဗျူဟာမြောက်တပ်စခန်းတွေကို တစ်ရက်ထဲမှာပဲ သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ KIA ပူပေါင်းတပ်တွေက လက်ရှိမှာ ဆဒုံးမြို့အကျော် ကန်ပိုင်တည်မြို့နဲ့ ၁၀ မိုင်ကျော်လောက်အကွာနားမှာရှိတဲ့ ဝေမော(We Maw)အထိ ရောက်ရှိပြီး နေရာယူထားပြီဖြစ်တာကြောင့် ကန်ပိုင်တည်မြို့ကို သိမ်းပိုက်ဖို့ ဒေသခံပြည်သူတွေကြားမှာ ပြောဆိုနေကြတာဖြစ်ပါတယ်။ ဒါကြောင့် ကန်ပိုင်တည်ဒေသခံပြည်သူတွေက မြို့တွင်းတိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် နယ်စပ်ခြံစည်းရိုးကပ်ယက် လှိုင်ဂူရှိတဲ့အနီးတဝိုက်မှာ ယာယီတဲတွေ ဆောက်လုပ်ပြီး တိမ်းရှောင်ကြဖို့ စီစဉ်ထားကြတယ်လို့ ကန်ပိုင်တည်ဒေသခံ အမျိုးသားက ဆက်ဆိုပါတယ်။ “ပြည်သူတွေတစ်ချို့ကျတော့ နယ်စပ်နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်။ လှိုင်ဂူပေါ်နားမှာ ယာယီတဲတွေထိုးပြီး တစ်ချို့ဆိုရင် သွားတောင် သွားအိပ်နေကြပြီ။ ရွာမှာဆိုရင်လည်း ၈ နာရီနောက်ပိုင်းဆို အပြင်အထွက်ခိုင်းတော့ဘူး”လို့ပြောပါတယ်။ တိုက်ပွဲတွေဖြစ်လာမယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် ဒေသခံ အိမ်ခြေ ၁၀၀ ကျော်လောက်က တိမ်းရှောင်ဖို့ သတ်မှတ်ထားတဲ့ နေရာမှာ ယာယီတဲတွေ ဆောင်လုပ်ထားတာတွေ၊ နောက်ပြီး မြို့တွင်းမှာလည်း ၈ နာရီနောက်ပိုင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားတယ်လို့သိရပါတယ်။ ကန်ပိုင်တည်ဒေသဟာ လက်နက်ကိုင် ၃ ဖွဲ့လောက်ရှိတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့တစ်ခုဖြစ်တာကြောင့် လက်နက်ကိုင်အချင်းချင်းကြား တိုက်ပွဲတွေ ဖော်ဆောင်လာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ ဝိုင်းမော်ကနေ ဆဒုံးမြို့အထိ KIA ပူးပေါင်းတပ်တွေက အပြီးသတ်ထိန်းချုပ်လိုက်ပြီး လက်ရှိမှာ စစ်ကောင်စီတပ်တွေရှိတဲ့ ကန်ပိုင်တည်မြို့တစ်ခုသာ ကျန်ရှိနေပြီဖြစ်တာကြောင့် KIA က ကန်ပိုင်တည်မြို့ကိုပါ ထိန်းချုပ်လာနိုင်တယ်လို့ စစ်ရေးသိကျွမ်းတဲ့ ဝိုင်းဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောဆိုလာပါတယ်။ “ဘာပဲဖြစ်ဖြစ် ဆဒုံးအထိတောင် သိမ်းထားပြီဆိုတော့ ကန်ပိုင်တည်ကတော့ ဖြစ်လာမယ်လို့ ထင်တယ်။ ပြီးရင် KIA ရဲ့ စစ်ဆင်ရေးကလည်း ကန်ပိုင်တည်အထိ ပါမယ်လို့ထင်တယ်။ ပြီးရင် အဲမှာရှိတဲ့ နယ်ကြားစောင့်တပ်တွေနဲ့ ပြည်သူ့စစ်တွေကလည်း ကန်ပိုင်တည်ကို မထိပေးဖို့ တောင်းဆိုထားတာတွေလည်းကြားနေရတယ်။ ဒါပေမယ့် KIA သဘောက လိုအပ်ရင်တော့ လုပ်မှာပဲ”လို့ပြောပါတယ်။ ဇွန်လ ၁၁ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ KIA ရဲ့ စခန်းသိမ်းတိုက်ပွဲမှာ ဝိုင်းမော်ကနေ ဆဒုံးမြို့အထိ စစ်တပ်ရဲ့ ဗျူဟာမြောက် တပ်စခန်း ၅ ခုလောက်နဲ့ ရဲစခန်းအပါ ရှေ့တန်း တပ်စခန်းငယ် ၁၀ ခုကျော်လောက်ကို KIA က သိမ်းပိုက်လိုက်နိုင်တာလည်းဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက တပ်ချနေထိုင်ထားတဲ့ တပ်စခန်းနေရာတွေကို တပ်စွန့်ခွာ ထွက်ပြေးသွားကြတာများပြီး ကန်ပိုင်တည်အနီးတဝိုက်မှာရှိတဲ့ နယ်ခြားစောင့်တပ်တွေကလည်း အများပိုင်းက တပ်စွန့်ခွာပြီး မြို့ထဲကို ဝင်သွားကြတယ်လို့ သိရပါတယ်။ ဒါကြောင့် KIA က တပ်စခန်း ၁၀ ခုကျော်လောက်ကို ထိခိုက်မှုအနည်းဆုံးနဲ့ သိမ်းပိုက်ယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။ KIA တပ်တွေ သိမ်းပိုက်ရရှိထားတဲ့ ဆဒုံးဗျူဟာကုန်းအပါ အဲဒီတပ်စခန်းနေရာတွေမှာ နေရာယူထားပြီး ရှင်းလင်းရေးတွေ လုပ်ဆောင်နေသေးတယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုအခုလိုပြောပါတယ်။ “ဟုတ်ကဲ့ ဆဒုံးဗျူဟာကုန်းကိုတော့ မနေ့က သိမ်းပိုက်လိုက်တာဖြစ်တယ်။ ဒီနေ့က မြေပြင်တိုက်ပွဲတွေကတော့ ဘာမှ မကြားရသေးဘူး။ မနေ့က သိမ်းထားပြီဖြစ်တဲ့ ဗျူဟာကုန်းနဲ့ တပ်စခန်းတွေမှာက KIA တပ်တွေ နေရာယူထားပြီဖြစ်တယ်။ မနေ့ကအထိတော့ တပ်စခန်းတွေ ထိန်းချုပ်လိုက်ပြီးတော့ ဒီကနေ့ မြို့တွင်းနေရာတွေမှာက လိုအပ်တဲ့နေရာတွေမှာ နယ်မြေရှင်းလင်းရေးတွေ လုပ်နေပါတယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာလည်း နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ကို KIA တပ်တွေ အပြီးသတ်ထိန်းချုပ်လိုက်တာ ဖြစ်ပြီး လက်ရှိမှာ KIO ရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီလည်းဖြစ်ပါတယ်။…
Read More » -
May- 2024 -28 Mayသတင်း
ဆွမ်ပရာဘွမ်တိုက်ပွဲမှာ စစ်ကူသွားတဲ့ မချမ်းဘောအခြေစိုက် ခလရ ၁၃၇ တပ်ရင်းတစ်ရင်းလုံးပြုတ်
ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ် ခလရ( ၄၆ )တပ်တိုက်ပွဲမှာ စစ်ကူသွားတဲ့ ခလရ (၁၃၇) တပ်ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးပြုတ်သွားပြီဖြစ်တယ်လို့ ပူတာအိုတော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ဆွမ်ပရာမြို့အခြေစိုက် ခလရ(၄၆)တပ်ရင်းဘက်ကို စစ်ကူအနေနဲ့ သွားရောက်ကူညီတဲ့ ခရလ(၁၃၇)တပ်ရင်းမှူး အပါအဝင် စစ်ကောင်တပ်သား ၁၀ ဦးကျော်ကို မေလ ၁၈ ရက်နေ့ ပူတာအိုမြို့ ရှေ့တန်းတစ်နေရာမှာ ပူတာအိုခရိုင် PDF အဖွဲ့တွေ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ ခလရ (၁၃၇) တပ်ရင်းမှူးဟာ တိုက်ပွဲတွင်းထိခိုက်ဒဏ်ရာတွေကြောင့် တစ်ရက်အကြာမှာဘဲ သေဆုံးသွားခဲ့တယ်လို့ ပူတာအိုတော်လှန်ရေးအင်အားစုထဲက အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။ “ဖမ်းမိတဲ့ အချိန် အဲဒီတပ်ရင်းမှူးက ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ် ခြေထောက်ကျိုးတာတို့ သွေးထွက်လွန်တာ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲက အတက်နိုင်ဆုံးကုသပေမယ့် သူရရှိတဲ့ဒဏ်ရာကြောင့် နောက်တစ်နေ့မှာဘဲ ဆုံးသွားတယ်”လို့ ဆိုပါတယ်။ ဒါ့အပြင် ပူတာအိုတော်လှန်ရေးအင်အားစုတွေဘက်က ခလရ ( ၁၃၇ ) တပ်ဖွဲ့ဝင်များထဲက တပ်သား ၁၀ ဦးကျော်ကိုလည်း ဖမ်းဆီးရမိထားသလို တိုက်ပွဲတွင်းသေဆုံးသွားသူတွေလည်းများတာကြောင့် တပ်ရင်းတစ်ရင်းလုံးပြုတ်သွားပြီဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဆွမ်ပရာဘွမ်တိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ မချမ်းဘောအခြေစိုက် ခလရ ၁၃၇ တပ်ရင်းက စစ်ကောင်စီတပ်သားတွေကိုတော့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တော်လှန်ရေးအင်အားစုတွေထဲကတာဝန်ရှိသူတစ်ဦးက ခုလိုပြောပါတယ်။ “ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကိုတော့ စစ်ဥပဒေ (Geneva Convention) နဲ့ အညီ ထိန်းသိမ်းထားတာ ရှိပါတယ်။ ခလရ ၁၃၇ ကတော့ ဖမ်းဆီးရမိတာ တစ်ခါ ၃ ယောက်၊ ၉ ယောက် ဖမ်းဆီးရထားတာရှိတယ်။ ခလရ(၄၆) တပ်ရင်းက တချို့ကတော့လွတ်မြောက်နေဆဲဖြစ်တယ်”လို့ဆိုပါတယ်။ ဒါပေမယ့် ဆွမ်ပရာဘွမ်အခြေစိုက် ခလရ(၄၆) တပ်ရင်းမှူးကတော့ လက်ရှိချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ခလရ (၄၆)တပ်ကို KIA/KPFနဲ့ ပူတာအို PDFပူပေါင်းတပ်တွေက ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကတည်းကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မေလ ၅ ရက်နေ့မှာဘဲ တပ်ရင်းတစ်ခုလုံးကိုသိမ်းပိုက်ရရှိခဲ့တာဘဲ ဖြစ်ပြီး မတ်လ ၈ ရက်နေ့က စတင်လာတဲ့စစ်ဆင်ရေးကာလ ၂ လအတွင်း စခန်းကြီးငယ် ၁၀၀ ကျော်ကိုသိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဆွမ်ပီယန်ဒေသတစ်လျှောက်မှာလည်း စစ်ကောင်စီဘက်က စစ်အင်အား ၁၀၀ကျော် ပြန်လည်ဖြည့်တင်းထားပြီး စစ်ရေးတင်းမာ လာနိုင်ချေရှိတယ်လို့ လည်း ပူတာအိုတော်လှန်ရေး အင်အားစုတွေ ဆီကနေ သိရပါတယ်။ By – Hope
Read More » -
22 Mayသတင်း
ဝိုင်းမော်မြို့နယ်အတွင်း စစ်ရေးသတင်းနားစွင့်ကြဖို့ ဗိုလ်မှူးကြီးနော်ဘူသတိပေး
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ရေးသတင်းနားစွင့်ကြဖို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက သတိပေးပါတယ်။ “စကစဘက်က လက်နက်ကြီး နဲ့ လေကြောင်းတွေက ဘယ်ဟာကတော့ရန်သူ ဘယ်ဟာကတော့ ပြည်သူဆိုပြီးမခွဲခြားပဲရမ်းသမ်းပစ်နေတာလည်း…
Read More »