ရွှေကူတွင် စစ်ကောင်စီတပ်ကို KIA မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အရာရှိ ၁ ဦးအပါအဝင် ၅ ဦးထက်မနည်း သေဆုံး
,
လိုင်ဇာမြို့နှင့် အနီးတစ်ဝိုက် စစ်ရှောင်စခန်းများတွင် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျော ဖြစ်နေကြကြောင်း သိရသည်။ မိုးတွင်းကာလ မိုးရေကြီးချိန်များတွင် စစ်ရှောင်စခန်းများအတွင်း မသန့်ရှင်းသည့် ရေများကို သောက်သုံးနေရသည့်အတွက် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ဝမ်းပျက်ဝမ်းလျော ဖြစ်နေသည်ဟု ဖွန်လွမ်ယန်စစ်ရှောင်စခန်းမှ ဆရာမ ကိုင်ထန်က ပြောသည်။ “မိုးအရမ်းကြီးရင် သောက်ရေရော သုံးရေရော မသန့်ဘူး။ သောက်ရေကို အဆင့်ဆင့် ရေစစ်ကန်တွေနဲ့တော့ လုပ်ပေးထားပါတယ်။ တာပေမယ့် မိုးရေအရမ်းကြီးပြီဆို ရေက ကော်ဖီရောင်ထွက်တာကို
တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ် KBC စစ်ရှောင်စခန်းပြည်သူများသည် လက်ရှိစခန်းတွင် နေထိုင်ရန်ခက်ခဲလာသောကြောင့် နေရာအသစ်တွင် ပြောင်းရွေ့နေထိုင်ရန်အတွက် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နေပြီဟု သိရသည်။ ဧပြီလ ၂၉ ရက်နေ့မှစတင်ပြီး ပြန်လည်ရွေ့ပြောင်းနေထိုင်မည့် မြေနေရာတွင် ပန္နက်ရိုက် ဆုတောင်းပွဲပြုလုပ်ကာ အဆောက်အဦးများ စတင်ဆောက်လုပ်နေပြီဖြစ်သည်ဟု စစ်ရှောင်တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။ “၂၉ ရက်နေ့ နံနက်ပိုင်းမှာဘဲ ဆုတောင်းပြီး လုပ်ငန်း စတင်နေပြီ။ ရရှိထားတဲ့ငွေပမာဏနဲ့ ရသလောက်အရင်ဆောင်သွားဖို့ စီစဉ်ထားတယ်။
အိမ်ထောင်စု တစ်ရာကျော် မှီတင်းနေထိုင်သော ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ ဇီးအွန် (ဇီးလွန်) စစ်ရှောင်စခန်းတွင် အစားအသောက်အတွက် အကူအညီလိုအပ်နေကြောင်း စခန်းတာဝန်ခံများမှ သိရသည်။ ''ကျွန်တော်တို့ဆီမှာ အခုလောလောဆယ်တော့ အစားအသောက်ပဲခက်ခဲနေတယ်။ အစားအသောက်ကအရင်ကဆိုရင် လူကယ်ပြန်ကလာပေးတယ် ဆန်တွေဘာတွေလာပေးတယ်။ အခုတစ်လ နှစ်လတော့ လာပေးတာမရှိတော့ဘူး။ နေ့စားသွားပြီးမှ ဝယ်စားနေရတာ။ အလုပ်ကလည်း နေ့တိုင်းမရှိတော့ ခက်ခဲနေတာ''ဟု ၎င်းကပြောသည်။ ဇီးအွန် စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၁၃၆ စု၊ လူဦးရေ ၆၉၇
ကချင်ပြည်နယ်တွင် Covid-19 ကြောင့်ပထမဆုံး Lockdown ချခံထားရသော ပလန စိန့်ဂျိုးဇက်စစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာအရေးပေါ်ထောက်ပံ့မူများ လိုအပ်နေကြောင်း သိရသည်။ (more…)