စစ်သုံးဆီ

  • May- 2024 -
    25 May
    သတင်း

    စက်သုံးဆီအခက်အခဲကြောင့် ပူတာအိုမှာဖုန်းလိုင်းအများပိုင်းပြတ်တောက်နေ

    ကချင်ပြည််နယ် ပူတာအိုမြို့နယ်မှာ စက်သုံးဆီအခက်အခဲကြောင့် တာဝါတိုင်မှာဆီမဖြည့်နိုင်တဲ့အတွက် ဖုန်းလိုင်းအများပိုင်းပြတ်တောက်နေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ စစ်ရေးအခြေအနေကြောင့် မြစ်ကြီးနား– ပူတာအိုကားလမ်းပိတ်ထားတာ ၂ ကျော်ကြာလာချိန် စက်သုံးဆီတွေအဝင်ရပ်တန့်နေတာကြောင့် MPT/ MYTEL တာဝါတိုင်တွေမှာဆီမဖြည့်နိုင်တဲ့အတွက် ဖုန်းလိုင်းပြတ်နေတာ ၂ ပတ်နီးပါးရှိလာပြီဖြစ်တယ်လို့ ပူတာအိုမြို့ခံ အသက် ၅၄ နှစ်အရွယ်အမျိုးသားတစ်ဦးက ပြောပါတယ်။ “ဆီမရှိတော့တာဝါတိုင်တွေမလည်ပတ်နိုင်တော့ဘူးအဲ့ကြောင့်ဖုန်းလိုင်းတွေပြတ်တောက်နေတာ အခု MPT နဲ့ Mytel ကတော့ ပြတ်နေတာကြာပြီ ၂ပတ်လောက်ရှိပြီ အခု အော်ရီဒူးကအချိန်ပြည့်ရတယ်ပြောရမယ် တေလီနော(ATOM) ကတော့ မနက်ပိုင်း ခနလာတယ် ညမှာလာတယ်ပြီးရင် တစ်နေကုန်လိုင်းပျောက်တယ်”လို့သူကပြောပါတယ်။ လက်ရှိ ပူတာအိုမြို့နယ်မှာ MPTနဲ့ Mytel လိုင်းတွေပြတ်တောက်နေတာ ၂ ပတ်ကျော် ကြာနေပြီဖြစ်ပြီး အော်ရီဒူးနဲ့ Atom လိုင်းနှစ်ခုသာရတော့ပေမယ့် Atom ကတော့ အချိန်ပိုင်းနဲ့ပေးနေသေးတယ်လို့ ဒေသခံတွေကဆိုပါတယ်။ “တယ်လီနော(ATOM)ကတော့ EPC ကမီးနဲ့ရတယ်ပြောတယ် လုံးစွတ်ရပ်ကွက်မှာEPC က မီးပေးတဲ့ချိန် တယ်လီနောလိုင်းရတယ် လုံးစွတ်မီးပျက်တာနဲ့တေလီနောလိုင်းက ပြတ်ပြီ”လို့ နောက်ထပ် အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ လက်ရှိအချိန်ပိုင်းနဲ့ဖွင့်ပေးတဲ့ Atomဖုန်း လိုင်းဟာ လုံးစွတ်ကိုမီးပေးတဲ့ မနက် ၅ နာရီ ကနေ့ ၁၁ နာရီထိရပြီး ည ၈ နာရီလောက်ကနေ ည ၁နာရီ လောက်အထိ ဖုန်းလိုင်းဖွင့်ပေးတယ်လို့ သိရပါတယ်။ ကားလမ်းပိုင်း ၂ လကျော်ကြာပိတ်ခံထားရတဲ့ ပူတာအိုဒေသမှာ အခြေခံစားသောက်ကုန်တွေအဆမတန် စျေးမြင့်တက်နေသလို စက်သုံးဆီတွေလည်းပြတ်တောက်နေပြီး ဆီလက်ကျန်သိုလောင်ရောင်းချနေသူတွေလည်း ဓာတ်ဆီတစ်လုံး ကျပ် ၈ သောင်းဝန်းကျင်၊ တစ်ပေပါ ကျပ်သိန်း ၁၀၀ အထိစျေးရှိနေတယ်လို့ သိရပါတယ်။ ခုလိုဖုန်းလိုင်းတွေပြတ်တောက်ပြီး  အင်တာနက်လိုင်းဖွင့်လို့မရတော့တဲ့အတွက် ပူတာအိုဒေသခံတွေကြား ကောလဟာလသတင်းအမှားတွေအမျိုးမျိုးပျံ့နှံ့နေပြီး သတင်းအမှန်သိရဖို့ ခက်ခဲနေတယ်လို့ ပူတာအိုဒေသခံတွေ ပြောပါတယ်။ “လိုင်းလည်းမရတော့သတင်းလည်းကြည့်မရဘူး ဟိုလူကတစ်မျိုးပြောလိုက်ဒီလူကတစ်မျိုးပြောလိုက်တဲ့တချို့က ၂၆ ရက်နေ့နောက်ဆုံးထားပြီးရွေ့ရမယ်တဲ့တချို့ကတော့ရွေ့စရာမလိုဘူးတဲ့ ရွေ့တဲ့လူကရွေ့သွားကြပြီမရွေ့တဲ့လူကမရွေ့ဘူးသတင်းကအမျိုးမျိုးပျံ့နေတာ”လို့ ဒေသခံအမျိုးသား တစ်ဦးကပြောပါတယ် ။ ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတဲ့နောက်ပိုင်း ပူတာအိုမှာဒေသခံတွေ မေလ ၂၆ ရက်နေ့နောက်ဆုံးထားပြောင်းရွေ့ရမယ်ဆိုတဲ့သတင်းအမှားများလည်း ထွက်ပေါ်နေပြီး ဒေသခံတစ်ချို့ ပြောင်းရွေ့သွားကြသူတွေရှိနေပါတယ်။  အဲ့ဒီသတင်းနဲ့ပတ်သက််ပြီး ပူတာအိုမြို့နယ်ထဲက ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံဦးစောနွဲ့ခွန်ဆိုင်ခမ်းက ဟောလဟာလသတင်းသာဖြစ်ပြီး ပူတာအိုမြို့ခံပြည်သူတွေအနေနဲ့ မိမိအိမ်မှာပဲနေကြဖို့ ပြောဆိုပါတယ်။  ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းကို လက်ရှိစစ်ကောင်စီတပ်ကပိတ်ထားတာဖြစ်ပါတယ်။ ကုန်ကြောင်းပိတ်ထားပြီ ဒေသခံတွေအတွက်လိုအပ်နေတဲ့ အခြေခံစားသောက်ကုန်တွေနဲ့လယ်ထွန်ဖို့ဒီဇယ်ဆီကိုတော့ လေယာဥ်နဲ့ သယ်ယူရောင်းချပေးပေမယ် ပြည်သူတွေနေ့စဥ်ဘဝမှာမရှိမဖြစ်လိုနေတဲ့ ဓာတ်ဆီတွေကို သယ်ယူပေးတာမရှိသလို အဝင်လည်းမခံဘူးလို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ပူတာအိိုဒေသမှာ ဓာတ်ဆီတွေအဝင်မရှိအောင်တားမြစ်ပြီးတော့ စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ဆီကုန်သည်တွေ ဆီဒိုင်တွေနဲ့ပေါင်းပြီး စီးပွားရှာနေတာဖြစ်တယ်လို့   ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံဦးစောနွဲ့ခွန်ဆိုင်ခမ်းကအခုလိုပြောပါတယ်။ “ပူတာအိုမှာ အာဏာရှိသူတွေခရိုနီလောက်ကောင်တွေနဲ့ပေါင်းပြီးလုပ်စားနေတာဗျ ပူတာအိုလမ်းပိတ်တာနဲ့ဆီဆိုင်တွေကဆီကုန်ပြီဆိုပြီးပုလင်းနဲ့ပဲရောင်းတော့တာ ဒါပေမယ့်အခုထိဆီတွေရောင်းနေကြတုန်း ဗျ ညညဆိုပေပါလိုက်ခိုးထုတ်ရောင်းနေကြတာ အချိန်ရောက်လာရင်တော့အခု စကစနဲ့ပေါင်းပြီးလုပ်စားနေတဲ့ ဆီဒိုင်တွေ၊ခရိုနီတွေအားလုံးကျနော်တို့နဲ့ရှင်းရလိမ့်မယ်စာရင်းတွေပြုစုထားပါတယ်”လို့ သူကပြောပါတယ်။ လက်ရှိ ပူတာအိုမှာ ဓာတ်ဆီပြတ်လပ်နေတဲ့အတွက် လုပ်ငန်းရှင်တစ်ချို့က တရုတ်ပြည်နယ်စပ်ကနေ ရှိန်းခေါင် –ခေါင်လန်ဖူးလမ်းကြောင်းအတိုင်း ပူတာအိုအထိသယ်လာပြီးသက်သာနဲ့စျေးနဲ့ရောင်းချဖို့  ကြိုးပမ်းခဲ့ပေမယ့် ခေါင်လန်းဖူးနဲ့ ပူတာအို ကြားက ရီဒမ်းစစ်ကောင်စီတပ်ဂိတ်ကနေဖြတ်သန်းခွင့်မပေးပဲ တားမြစ်ထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းကို ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာတိုက်ပွဲ ဖြစ်ပွားနေတာကြောင့် မေလ ၈ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ KIA နှစ်ဖက်တပ်တွေက ပိတ်ထားခဲ့တာဖြစ်ပါတယ်။ By – Zaw…

    Read More »
  • Mar- 2024 -
    26 March
    သတင်း

    ပူတာအိုမှာ စက်သုံးဆီနဲ့အခြေခံစားသောက်ကုန်ပြတ်လပ်စပြုလာ

    ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်ပြတ်လပ်စပြုလာနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ်လ ၈ ရက်နေ့ကစ ကချင်လွတ်လပ်ရေးတပ်မတော် KIA မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေကြောင့် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းပိတ်ထားတာ ခုဆိုရင်ရက်ပေါင်း ၂၀ ကြာမြင့်လာပြီး ပူတာအိုဘက်ကို ဆီကားအဝင်ရပ်တန့်နေတာကြောင့် စက်သုံးဆီပြတ်စပြုနေပြီဖြစ်တယ်လို့ ပူတာအိုမြို့အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဆီချို့ဆီဆိုင်တွေမှာတော့ ဆီတွေပြတ်နေပြီ တန်ဂူးတန်ဆိုင်တို့ဆိုဆီမရတော့ဘူး ၂ရက်သုံးရက်ရှိပြီ တိုင်းကျော်နဲ့ ဇေယျာမင်းမှာတော့ မနက်ပိုင်းခနပဲရောင်းပေးတယ်  လိုသလောက်မရဘူး တနေကုန်ဆိုင်ပိတ်ထားတယ်”လို့ သူကပြောပါတယ်။ လက်ရှိ ပူတာအိုမြို့ပေါ်က ဆီပန့်ဆိုင်ကြီးတွေဖြစ်တဲ့ တိုင်းကျော်၊ ဇေယျာမင်း၊ Petro 7 ၊ BTK ၊ တိုင်တည်တန့် နဲ့ အခြားဆီးပန့်ဆိုင်ကြီးတွေအားလုံးနီးပါးမှာဆီပြတ်လပ်စပြုနေပြီလို့ ဆီကိုအကန့်သတ်နဲ့သာဝယ်ယူနေရတဲ့အခြေနေမှာရှိနေတယ်လို့ သိရပါတယ်။ “တချို့ဆီဆိုင်တွေ တချို့ကမဖွင့်တော့ဘူးလောလောဆယ် တိုင်းကျော်နဲ့ ဇေယျာမင်းတို့မှာ မနက် ၉နာရီ ခွဲလောက်ထိ ဆိုင်ကယ်တစ်စီးကို ငါးထောင်ဖိုးအတိပဲထည့်ပေးတယ် ကားဆီဆိုရင်တော့ ၂၀၀၀၀ ထိလားရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ လက်ရှိ တိုင်းကျော်နဲ့ဇေယျာမင်းဆိုင်မှာ ဓာတ်ဆီတစ်လီတာ ကျပ် ၄၀၀၀ အထိရှိပြီး လမ်းဘေးပုလင်းချိန်ဆိုင်မှာ တစ်ပုလင်းကျပ် ၅၀၀၀ အထိရောင်းပေမယ့် လိုသလောက်မရနိုင်ဘဲ အကန့်အသတ်နဲ့သာရောင်းချပေးတယ်လို့သိရပါတယ်။ ဒါ့အပြင် ပူတာအိုဒေသဘက်ကိုဆီကားတွေအဝင်ရပ်တန့်နေတဲ့အပြင် ကုန်ကားတွေလည်း အဝင်လည်းမရှိတော့တာကြောင့် ကုန်းစျေးတွေလည်းအဆမတန်မြင့်တက်နေသလို စားသောက်ပြတ်လပ်မှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ “ခရမ်းချဥ်သီးတို့က ဘယ်ဆိုင်မှာမှဝယ်မရတော့တာ ၄ရက် ၅ရက်လောက်ရှိပြီ။ ကြက်ဥက ပထမတစ်လေးလုံး ၅၀၀၀ အထိတက်တာ အခုက သုံးလုံး ၅၀၀၀ တောင်ဖြစ်သွားပြီ ဆားက တစ်ထုတ်ပ်ကို ၁၀၀၀ ကျော်နေပြီ အောက်ပိုင်းငါးဆိုရင်တစ်ပိသာ ၄၀၀၀၀ ကျော် ၅၀၀၀၀ ထိရှိတယ် တစ်ကောင်ကို ၁၀၀၀၀ တဲ့ဒေသငါး”လို့ပူတာအိုမြိုခံ စျေးသည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ပူတာအ်ို မြစ်ကြီးနား ကားလမ်းပိုင်းမှာရှိတဲ့ ဆွမ်မရာဘွမ်မြို့နယ်ထဲမှာ မတ်လ ၈ ရက်နေ့ညပိုင်းကတည်းက တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိ အချိန်ထိ ဆွမ်ပရာဘွမ်မြို့ကို KIA ၊KPDF မဟာမိတ်တပ်တွေက သိမ်းပိုက်ဖို့ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ မြစ်ကြီးနား ပူတာအိုကားလမ်းပိုင်းကို နှစ်ဖက်တပ်တွေက မတ်လ ၈ ရက်နေ့ ည ၄ နာရီအချိန်ခန့်ကတည်းက ပိတ်ထားခဲ့တာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Nov- 2022 -
    9 November
    သတင်း

    ဖားကန့်သို့ဝင်မည့် စက်သုံးစီသယ်ကား တစ်စီးကို ကျပ် ၃ သိန်းအထိ စစ်ကောင်စီ ကောက်ခံနေ

    ဖားကန့်မြို့နယ်အတွင်းသို့ စက်သုံးဆီတင်သွင်းမှုကို ရက်ပေါင်း ၂၀ နီးပါး စစ်ကောင်စီ ပိတ်ပင်ခဲ့သော စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၅ ရက်နေ့မှ စတင်ပြီး စက်သုံးဆီကား တစ်စီးလျှင် ငွေကျပ် ၃ သိန်းတောင်းခံကာ ပြန်လည်တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။ စစ်ကောင်စီသည် ဖားကန့်မြို့နယ်အတွင်းသို့ စက်သုံးဆီတင်သွင်းခွင့်ကို အောက်တိုဘာ ၁၉…

    Read More »
Back to top button