,

Breaking News :

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

အင်းတော် Silent Strike နေ့ ဖမ်းဆီးခံရသည့် အမျိုးသားလွတ်မြောက်လာခြင်းမရှိသေး

နာဂတောင်တန်း ကျေးရွာတစ်ခု ရွာလုံးကျွတ်နီးပါး မီးလောင်မှုဖြစ်ပွား

ရွှေဘိုတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး

ဒီပဲယင်းတွင် တစ်ပတ်အတွင်းကျေးရွာ ၁၀ ရွာမှ နေအိမ်တစ်ထောင်ကျော် မီးရှို့ခံရ

ရွှေကူ ဆင်တပ်ရွာတွင် ဖမ်းဆီးထားသည့် ပြည်သူ ၁၄ ဦးအနက် ဆယ်ကျော်သက်လူငယ်တစ်ဦးကို ကလေးအကျဥ်ထောင်ပို့ရန် စီစဥ်နေ

မိုးညှင်း Silent strike နေ့တွင် အလယ်တန်းကျောင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား

စစ်ဘေးရှောင်ကျေးရွာ ၁၂ ရွာမှ ဒေသခံတစ်သောင်းကျော်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာအရေးပေါ်အကူညီများ လိုအပ်နေ

စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားသည့် ကားသမားတစ်ဦး နှင့် ဆယ်ကျော်သက် လူငယ်တစ်ဦးတို့ဖြင့် အဆက်အသွယ် မရသေး

အာဏာသိမ်းမှု ၂ နှစ်ပြည့် အသံတိတ်သပိတ် ပါဝင်ပေးကြဖို့ ကချင်ပြည်နယ်မှ တော်လှန်ရေးအင်အားစုများ တိုက်တွန်း

ဖားကန့်သို့ဝင်မည့် စက်သုံးစီသယ်ကား တစ်စီးကို ကျပ် ၃ သိန်းအထိ စစ်ကောင်စီ ကောက်ခံနေ

ဖားကန့် ကျောက်စိမ်း ကုမ္ပဏီ လုပ်ကွက်တစ်နေရာ

ဖားကန့်မြို့နယ်အတွင်းသို့ စက်သုံးဆီတင်သွင်းမှုကို ရက်ပေါင်း ၂၀ နီးပါး စစ်ကောင်စီ ပိတ်ပင်ခဲ့သော စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၅ ရက်နေ့မှ စတင်ပြီး စက်သုံးဆီကား တစ်စီးလျှင် ငွေကျပ်  သိန်းတောင်းခံကာ ပြန်လည်တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။

စစ်ကောင်စီသည် ဖားကန့်မြို့နယ်အတွင်းသို့ စက်သုံးဆီတင်သွင်းခွင့်ကို အောက်တိုဘာ ၁၉ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ နန့်ယားဂိတ်တွင် တားမြစ်ပိတ်ပင်ခဲ့ပြီးနောက် ရက်ပေါင်း ၂၀ နီးပါးအကြာ နိုဝင်ဘာလ ၅ ရက်နေ့တွင် ငွေကြေးကောက်ခံကာ ဝင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ဆီဆိုင်တွေကတော့ပြန်ဖွင့်ပါပြီ။ အားလုံးနီးပါးတော့ မဟုတ်ဘူး။ တစ်ချို့တစ်ဝက်လေးပိတ်နေသေးတယ်။ တော်ဝန်ဆီဆိုင်တို့ ဆိုရင်တော့ ပြန်ဖွင့်ပြီ ဒါပေမယ့် နန့်ယားဂိတ်မှာ တစ်စီးကို သုံးသိန်းပေးပြီးဝင်ရတာတဲ့။ အ့ကြောင့်လားမသိဘူး တချို့ဆိုင်တော့ခုထိ မဖွင့်ကြသေးဘူးဟု ဆီဆိုင်လုပ်ငန်းရှင်များနှင့် ရင်းနှီးသည့် ဖားကန့် ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်တွင် ယခုကဲ့သို့စက်သုံးဆီ ပြန်လည်ဝင်ရောက်ခွင့်ပြုပြီဖြစ်သောကြောင် နိုဝင်ဘာ ၅ ရက်နေ့ မတိုင်မှီက 92 တစ်ဂါလံ ၁၈၀၀၀ ကျပ်၊ 95 တစ်ဂါလံ ကျပ် ၂၂၀၀၀ ကျပ်အထိစျေးမြင့်တက်ခဲ့ပြီး ယခုတွင် 92 တစ်ဂါလံ ၁၄၀၀၀ ကျပ်နှင့် 95 တစ်ဂါလံ ကျပ် ၁၈၀၀၀ အထိစျေးကျလာကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် အနန့်ပါ ကို လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်နောက်ပိုင်းမှစ၍ ဖားကန့်မြို့နယ် အတွင်းသို့ စက်သုံးဆီ နှင့် ဆန်တင်သွင်းခွင့်ကို ပိတ်ပင်ထားပြီး ဆန်တစ်အိတ် ၆၀၀၀၀ ကျော်မှ ကျပ် ၁၁၀၀၀၀ အထိ စျေးတက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိ နန့်ယား (Nam Ya) စစ်တပ် စစ်ဆေးရေးဂိတ်တွင် ခရီးသွားကားများ၊ ခရီးသည်များ၊ ကုန်ကား များကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေပြီး ဖားကန့်ဘက်ဝင်မည့်ခရီးသည်များ နှင့် ကားများကိုစစ်ဆေးမှု ပိုလုပ်နေကြောင်းသိရသည်။

Read Previous

KIA နှင့် PDF တပ်ဖွဲ့များကြား အချင်းချင်းပစ်ခတ်ခဲ့တယ်ဆိုပြီး သတင်းအမှား ဝါဒဖြန့်နေ

Read Next

ရွှေကူ တစ်ဖက်ကမ်းဘက် စစ်အင်အား ၂၀၀ ကျော်ထပ်မံတိုးချဲ့ပြီး လက်နက်သံများကြားရဟုဆို