တက္ကသိုလ်
-
Jul- 2024 -26 Julyသတင်း
ကချင်ပြည်နယ် ပညာရပ်စုံ KSCU တက္ကသိုလ်က ကျောင်းပေါင်း ၆ ကျောင်းထိတိုးချဲ့ဖွင့်လှစ်
ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NGU ပူးပေါင်းဖွင့်လှစ်ထားတဲ့ ကချင်ပြည်နယ် ပညာရပ်စုံ KSCU တက္ကသိုလ်ကနေ ကျောင်း ၆ ကျောင်းထိတိုးချဲ့ဖွင့်လှစ်ထားနိုင်ပြီဖြစ်တယ်လို့ KSCU ကျောင်းရဲ့ ဒုအဓိပတိဖြစ်သူ ဒေါက်တာဦးအောင်နိုင်သူက KNG ကိုပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် Kachin State Comprehensive University (KSCU)ကို ၂၀၂၂ ပညာသင်နှစ် ဝိဇ္ဇာ သိပ္ပံ၊ ၂၀၂၃ ပညာသင်နှစ်မှာ School of Medical Sciences နှင့် School of Nursing Sciences၊ ၂၀၂၄ ပညာသင်နှစ် School of Technology နှင့် School of Economic ဖွင့်လှစ်နိုင်ခဲ့ပြီး၂၀၂၅ ပညာသင်နှစ်မှာတော့ School of Agriculture ကို ထပ်တိုးဖွင့်လှစ်မှာဖြစ်တဲ့အတွက် စုစုပေါင်းကျောင်း ၆ ကျောင်းထိ တိုးချဲ့ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။…
Read More » -
15 Julyအင်တာဗျူး
ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် (KSCU) ကျောင်းရဲ့တတိယအကြိမ်မြောက် ကျောင်းဝင်ခွင့်လျှောက်လွှာတွေ စတင်ခေါ်ယူနေပြီ
Kachin State Comprehensive University(KSCU)ရဲ့ ၂၀၂၅ခုနှစ် စာသင်နှစ်နဲ့ ပက်သက်တဲ့ အကြောင်းအရာ စုံစုံလင်လင်ကို KNG ကနေပြီးတော့ KSCU ကျောင်းရဲ့ ဒု ဒုအဓိပတိဖြစ်သူ ဆရာဒေါက်တာ ဦးအောင်နိုင်သူနဲ့ မေးမြန်းတင်ဆက်ထားပါတယ်။
Read More » -
10 Julyဆောင်းပါး
ဩစတေးလျ (Australia)ထိပ်တန်းတက္ကသိုလ်က ပူတာအိုသားလေး
“အခွင့်အရေးဆိုတာ ကြိုးစားနေတဲ့သူတွေအတွက်ဘဲ ပြီးတော့အခွင့်အရေးဆိုတာ ဘယ်လိုနေရာမျိုးမှာဘဲ ဖြစ်ဖြစ်ရှိနေတတ်တယ် ခံပြင်းတဲ့စိတ်နဲ့ ကြိုးစားလို့ရှိရင် အခွင့်အရေးက ကိုယ်ဆီရောက်လာလိမ့်မယ်” လူငယ်တွေကို ခွန်အားဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ အကြံပေးစကားကို ပြောခဲ့တဲ့သူကတော့ လက်ရှိ ဩစတေးလျ (Australia) နိုင်ငံက ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ (The…
Read More » -
Oct- 2023 -21 Octoberသတင်း
အဝေးသင်တက္ကသိုလ် ကျောင်းသား၊သူ အယောက် ၃၀၀ ကျော် စာမေးပွဲဖြေဆိုခွင့်မရတဲ့အတွက် ရဲစခန်းမှာ အမှုဖွင့်ထား
မြစ်ကြီးနားတက္ကသိုလ်က ကျောင်းသား၊ အယောက် ၃၀၀ ကျော် စာမေးပွဲဖြေဆိုခွင့်မရတဲ့အတွက် မြစ်ကြီးနားမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ကျောင်းသား၊ကျောင်းသူတွေဆီကနေ သိရပါတယ်။ ၂၀၂၃– ၂၀၂၄ အဝေးသင် ဒုတိယအသုတ်အတွက် ကျောင်းသား၊ ကျောင်းသူတွေဟာ စာမေးပွဲဖြေဆိုနေကြပြီဖြစ်ပေမယ့် နယ်ဝေးက ကျောင်းသား၊သူ အယောက ၃၀၀ ခုံနံပါတ်မရတာကြောင့် စာမေးပွဲဖြေဆိုခွင့်ဆုံးရှုံးနေကြရတယ်လို့ ကျောင်းသားတစ်ယောက်က ခုလိုပြောပါတယ်။ “ကျွန်တော်တို့က နယ်ဝေးကဆိုတော့ မလာခင်ကတည်းက စားရေးမကို ကျောင်းအပ်ပေးထားလားလို့ မေးတော့ အပ်ထားပေးတယ်တဲ့၊ ခုံနံပါတ်လည်းကျပြီ စိတ်ချတဲ့၊ ခုံနံပါတ်ပြောပြလို့ ပြောတော့ အမြဲတမ်းအကြောင်းအမျိုးမျိုးပြပြီး…
Read More » -
May- 2023 -9 Mayသတင်း
KIO တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ ၁၄၀၀ ကျော်ရှိ
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပညာရေးကျောင်းများ၏ ၂၀၂၂–၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးတွင် ကျောင်းသား ၁၄၀၀ ကျော် ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။ အောင်စာရင်းကို ပြီးခဲ့သည့် မေလ ၆ ရက်နေ့တွင် ကြေငြာခဲ့ပြီး နှစ်တိုင်း အောင်ချက်ရာခိုင်နှုန်းပုံမှန်ရှိကြောင်း KIO အစိုးရဗဟိုပညာရေးဌာန အတွင်းရေးမှူး ဆရာ နော်ထွယ်က KNG ကို ယခုလိုပြောသည်။…
Read More » -
Mar- 2023 -13 Marchသတင်း
ဖားကန့်တွင် တက္ကသိုလ်ဝင်တန်းစာဖြေသူ ၇၀၃ ဦးသာရှိပြီး၊ စာဖြေဌာန တစ်ခုသာ ဆောင်ရွက်နိုင်ခဲ့
ဖားကန့်မြို့နယ်တွင် ၂၀၂၂–၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၇၀၃ ဦးသာ ရှိခဲ့ပြီး စာဖြေဌာနတစ်ခုသာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ “စာဖြေဆိုသူ ၇၉၇ ဦး စာရင်းရှိခဲ့ပြီး၊ ပျက်ကွက် ၉၃ ယောက် ရှိခဲ့ပါတယ်၊ ရာခိုင်နှုန်းအားဖြင့်…
Read More » -
Feb- 2023 -25 Februaryသတင်း
ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် KSCU ပထမအကြိမ် ဘွဲ့နှင်းသဘင် လိုင်ဇာမြို့တွင် ပြုလုပ်
ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် (KSCU) ပထမအကြိမ်ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်အချိန် KIO ဗဟိုဌာနချူပ် လိုင်ဇာမြို့ Sinpraw Majoi ခန်းမတွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် NUG အစိုးရ၏ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး နှင့် ဒု–ဝန်ကြီး ဆရာမ ဂျာထွယ်ပန် တို့မှ မိန့်ခွန်းပြောကြားခဲ့ပြီးနောက် တက္ကသိုလ်၏ အဓိပတိ ဒု–တိယဗိုလ်ချူပ်ကြီး…
Read More »