,
တနိုင်းမြို့နယ် ရွှေမှော်များတွင် ရွှေတူးဖော်နေသည့် ဘက်ဟိုး အစီး ၂၀ ခန့်ကို မဖြစ်မနေ ဖမ်းဆီးပြရမည့် တိုင်းစစ် အမိန့်ကြောင့် လက်ရှိ ဘက်ဟိုးများ လိုက်လံဖမ်းဆီးနေပြီး ရွှေမှော်ရှိတဲများကိုလည်း စစ်ကောင်စီတပ်က လိုက်လံ မီးရှို့ဖျက်ဆီးကာ ဓါတ်ပုံ မှတ်တမ်းယူနေသည်ဟု သိရသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့မှစတင်ကာ တနိုင်းမြို့နယ် လပူခမှော် (Lapu Hka) နှင့် ပရင်းတောင်မှော် စသည့် ၂ နေရာတွင် စစ်ကောင်စီ ခလရ ၈၆ တပ်ရင်း
တနိုင်းမြို့နယ် လမုန် (Lamung) ကျေးရွာတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် တနိုင်းမြစ်ချောင်းပေါ် မောင်းနင်းနေသော စက်လှေသမားများထံမှ အတင်းအဓမ္မ ငွေကြေးကောက်ခံနေပြီး ခရီးသည်အချို့လည်း ရိုက်နက်ခံရသည်ဟု သိရသည်။ အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်ကာ ဦးယောဘ (ခီဖာဝူ) ဦးဆောင်သည့် လမုန်ပြည်သူ့စစ်အဖွဲ့သည် လက်နက်အပြည့် အရပ်ဝတ်ဖြင့် တနိုင်းချောင်းနှင့် လမုန်ချောင်း ဆုံသည့်နေရာတွင် တံငါစက်လှေများနှင့် ကုန်တင် စက်လှေများထံမှ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေသည်ဟု တနိုင်းဒေသခံတစ်ဦးက KNG ကို ပြောသည်။ “ပစ္စည်းပေါ်မူတည်ပြီး ကောက်ကြတယ်။
ကချင်ပြည်နယ် တနိုင်းမြို့နယ် မိုင်းခွန်ကျေးရွာ အလွန်ရှိ ပယင်းမှော်နှင့် ရွှေမှော်များဘက်သို့ ဆင်များအသုံးပြုကာ ကုန်ပစ္စည်းတင်ပို့မှုကြောင့် အများပြည်သူသွားလာသောလမ်းများ ဆိုးရွားစွာ ပျက်စီးလာနေကြောင်း ဒေသခံများပြောသည်။ လုပ်ငန်းရှင်များသည် လူသုံးကုန်၊ စားသုံးကုန်နှင့် စက်ပစ္စည်းများကို ယခုနှစ် မိုးရာသီအစပိုင်းကတည်းက ဆင်များအသုံးပြုကာ တင်ပို့နေသောကြောင့် လက်ရှိတွင် တနိုင်း-မိုင်းခွန်-ပယင်းမှော်ဘက်သွားလမ်းများ ဆိုးဆိုးဝါးဝါးပျက်စီးနေပြီး အများပြည်သူ သွားလာရခက်ခဲနေကြောင်း တနိုင်းမြို့ ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောသည်။ ''လမ်းကတော့ပျက်စီးနေတာ အဲ့ဒီပယင်းစတူး တဲ့နောက်ပိုင်းနေပျက်စီးတာ မိုးရာသီဆိုတော့ ကားလည်းသွားလို့မရ ဆိုင်ကယ်လည်းသွားလို့မရ ဆိုတော့ဆင်တွေနဲ့ကုန်ပစ္စည်းတွေကိုဆွဲပြီးတင်ပို့တာ ဆွဲတဲ့အခါကျတော့လမ်းက မြေသားလမ်းဆိုတော့ပျက်စီးတာပေါ့ မိုးရွာရင်ပိုဆိုးတယ်ရွံ့ဗွပ်တွေအရမ်းထတယ်သွားလို့လာလို့မရဘူး''ဟု ပြောသည်။ ယင်းလမ်းပိုင်းကို ဒေသခံများက ပယင်းမှော်၊
ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ် တိန်ကောက်ကျေးရွာတွင် ဒေသခံများကို လယ်ယာမြေလုပ်ကိုင်ရန် တားမြစ်ထားသည့် မြေဧရိယာတွင် လုပ်ငန်းရှင်များ ရွှေတူးဖော်ရန် စီစဉ်နေသဖြင့် ဒေသခံများကန့်ကွက်နေကြသည်။ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီး ၆ လခန့်အကြာမှစတင်ကာ တိန်းကောက်ကျေးရွာတစ်ဝိုက်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ခွင့်ပြုမိန့်ဖြင့် စက်ယန္တရားကြီးများအသုံးပြုကာ လုပ်ငန်းရှင် ၃၀ ကျော်ခန့်က ရွှေတူးဖော်ခဲ့ကြသည်။ ထိုနေရာတွင် ရွှေတူးဖော်မှု တစ်နှစ်ခန့်အကြာတွင် ဒေသခံများ၏ စိုက်ပျိုးမြေဧက ၁၀၀၀ ကျော် ပျက်စီးသွားခဲ့သည်။ အဆိုပါ ထိခိုက်ပျက်စီးမှုများအတွက် လျော်ကြေးမရရှိသေးသည့်အပြင် လက်ရှိတွင်လည်း
ကချင်ပြည်နယ် တနိုင်းမြို့နယ် ရှင်ဗွေယန်မြို့နယ်(ခွဲ) တရုန် နှင့် တခက်ကျေးရွာများတွင် ဘိန်းအစားထိုးအဖြစ် လယ်ယာမြေ လုပ်ကိုင်နိုင်ရေးအတွက် ဒေသခံများကို မြေနေရာခွဲပေးရန် စီစဉ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဟူးကောင့်ချိုင့်ဝှမ်းဒေသအဖွဲ့မှ သိရသည်။ KIO ၏ မူးယစ်တိုက်ဖျက်ရေး စီမံချက်ဖြင့် မေလ မှ စတင်ကာ အိမ်ထောင်စု တစ်ခုတွင် မြေ ၂ ဧကစီ ခွဲဝေ ပေးသွားမည်ဖြစ်ပြီး KIO အနေဖြင့် အိမ်ထောင်စု ၁၀၀ အတွက်
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ရှင်ဗွေမြို့တွင် ယနေ့နံနက်ပိုင်းမှ ဖုန်းလိုင်းများပြတ်တောက်နေကြောင်း ဒေသခံများထံမှသိရသည်။ ရှင်ဗွေယန်မြို့တွင် ပြည်တွင်းဖုန်းအော်ပရေတာများဖြစ်သည့် MPT၊ Telenor၊ Mytel၊ Ooredoo များအားလုံးအသုံးပြုလျက်ရှိနေပြီး လက်ရှိတွင် ဖုန်းလိုင်းများအားလုံး ပြတ်တောက်နေကြောင်း မြစ်ကြီးနားမြို့တွင်နေရောက်သည့် ရှင်ဗွေယန် မြို့နေအမျိုးသားတစ်ဦးက KNG ကိုပြောသည်။ "မနေ့ကတော့မဆက်မိဘူး။ ဒီနေ့မနက်မှ အိမ်ကလူတွေကိုဖုန်းဆက်တာအကုန် ဖုန်းပိတ်ထားတယ်ပဲဖြစ်နေတာ။ ဒါနဲ့ ဖုန်းအားမရှိကြလို့နေမှာဆိုပြီးတခြားလူတွေကိုဆက်တာ လည်းတစ်ယောက်မှဆက်လို့မရဘူး။ mytel mpt telenor အားလုံးဆက်ပြီးပြီ မရဘူးစက်ပိတ်ထားတယ်ပဲဖြစ်နေတာ"ဟု မြစ်ကြီးနားတွင်ရောက်နေသည့် ယင်းအမျိုးသားကပြောသည်။