,
ကလေးငယ်များတွင် အရေပြားယားယံမှု ဝေဒနာခံစားနေရသော တနိုင်း လီဒိုလမ်းတစ်လျှောက်ကျေးရွာများသို့ သွားရောက် ကုသနိုင်ရန်အတွက် ဆေးဝါး အရေးပေါ် ကူညီမှုလိုအပ်နေကြောင်း ကချင်နယ်လှည့် ကျန်းမာရေးလုပ်သားအဖွဲ့ ထံမှ သိရသည်။ လက်ရှိ တနိုင်း လီဒူလမ်းတစ်လျှောက်ကျေးရွာများရှိ ကလေးငယ်များတွင် အဖုအပိန့်ယားယံမှု ဝေဒနာများနှင့် အခြားဆိုးရွားသောရောဂါများကို မြင်တွေ့နေရသော်လည်း ဆေးဝါးလုံလောက်မှု မရှိသောကြောင့် ကူညီနိုင်ရန်ခက်ခဲနေသည်ဟု ကချင်ကျေးလက်ဒေသများသို့ ဆေးဝါး ကူညီကုသပေးနေသော Kachin Backpack Health Worker Team မှ တာဝန်ခံ Mr.Zet မှ KNG သတင်းဌာန ကို ပြောသည်။ “ဘာရောဂါမှန်း ကောင်းကောင်းက မသိရပဲ၊ ကိုယ်ပူ အဖျားလည်းမြင့်ပြီး အကျတတ်နဲ့ ဆိုးဆိုးရွားရွား ဖျားနာနေကြတဲ့အဆင့်ဖြစ်တယ်။ ကျနော်တို့ ဟိုနေ့က ဒွမ်ဘန်ရွာမှာ တစ်နေ့ထဲနဲ့ လူက ၃၀၀ ကျော်ဖြစ်သွားတော့ ဆေးဝါးမလောက်တော့တာ။ အခုနေရာတကာမှာ ဖြစ်ပွားနေတယ်။ ကျနော်တို့လည်း သွားလို့တော့ရပေမဲ့ ဆေးဝါးမရှိဘူးဖြစ်နေတယ်။ ကလေးတွေမှာ ဖြစ်တဲ့ရောဂါဆိုရင် အစက တောရွာတွေမှာပဲဖြစ်တာ ခုဆို မြို့ထဲက ကလေးတွေထိပါ ကူးစက်ပျံ့နှံ့လာပြီ။ အဲ့တာကို အမြန်ဆုံး အရေးပေါ်အနေနဲ့ ကုသထိန်းချူပ်မှ ဖြစ်မယ်ဆိုပြီး ဆေးဝါးကုသဖို့သွားနေပေမဲ့ ဆေးဝါးကုန်နေတဲ့ အခက်အခဲဖြစ်နေတယ်။”ဟု ပြောသည်။ လက်ရှိ
တနိုင်း လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာအုပ်စု ဘန်ကောက်ကျေးရွာတွင် မေလ ၂၄ ရက်နေ့က ပြည်သူတစ်ဦး မောင်းနင်လာသော ဆီတင်ကားတစ်စီးကို စစ်ကောင်စီအောက် ပြည်သူ့စစ်အဖွဲ့က မီးရှို့လိုက်ကြောင်း သိရသည်။ အဆိုပါ ဆီတင်ကားသည် ရွှေမှော်ဘက်သို့ ဦးတည်မောင်းနင်းလာရာ စံပြကျေးရွာတွင် အခြေစိုက်ထားသော ပြည်သူ့စစ်အဖွဲ့က ကား ၃စီးဖြင့် ရောက်လာပြီး ကားသမားကို ရိုက်နက်ခြိမ်းခြောက်မှုများပြုလုပ်ကာ မောင်းနင်းလာသည့် ဆီတင်ကားကိုလည်း မီးရှို့ဖျက်ဆီးပေးလိုက်ကြောင်း ထိုဒေသတွင် ကွပ်ကဲနေသော KIA ဘက်မှ တာဝန်ရှိတစ်ဦး KNG
တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ် (Jahtu Zup) ကျေးရွာတွင် ရွှေတူးဖော်နေသော စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် ခေါင်းဆောင် မင်းဇင်သန့်၏ ဘက်ဟိုး ၂ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ မှ မီးရှို့ လိုက်ကြောင်း သိရသည်။ မေလ ၁၉ ရက်ည ထိုသို့ မီးရှို့လိုက်ပြီးနောက် မေလ ၂၂ ရက်နေ့တွင် လုပ်ငန်းရှင် ၃၀ ဝန်းကျင်ခန့်ကို စံပြ