,

Breaking News :

အင်းတော်ရဲစခန်းမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် နတ်မဟုတ်ကြီး သားအမိ ၄ ဦး ထိမှန်ပြီး သုံးဦး အခြေနေစိုးရိမ်ရ

ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့

ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ ကားလိုင်စင်များဖမ်းဆီးနေ

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

ဆီတင်ကား တစ်စီးကို စစ်ကောင်စီအောက် ပြည်သူ့စစ်အဖွဲ့ မီးရှို့ ဖျက်ဆီး

ပြည်သူ့စစ်အဖွဲ့ မီးရှို့ဖျက်ဆီးလိုက်တဲ့ ဆီတင်ကား Photo – Crd

တနိုင်း လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာအုပ်စု ဘန်ကောက်ကျေးရွာတွင် မေလ ၂၄ ရက်နေ့က ပြည်သူတစ်ဦး မောင်းနင်လာသော ဆီတင်ကားတစ်စီးကို စစ်ကောင်စီအောက် ပြည်သူ့စစ်အဖွဲ့က မီးရှို့လိုက်ကြောင်း သိရသည်။

အဆိုပါ ဆီတင်ကားသည် ရွှေမှော်ဘက်သို့ ဦးတည်မောင်းနင်းလာရာ စံပြကျေးရွာတွင် အခြေစိုက်ထားသော ပြည်သူ့စစ်အဖွဲ့က ကား ၃စီးဖြင့် ရောက်လာပြီး ကားသမားကို ရိုက်နက်ခြိမ်းခြောက်မှုများပြုလုပ်ကာ မောင်းနင်းလာသည့် ဆီတင်ကားကိုလည်း မီးရှို့ဖျက်ဆီးပေးလိုက်ကြောင်း ထိုဒေသတွင် ကွပ်ကဲနေသော KIA ဘက်မှ တာဝန်ရှိတစ်ဦး KNG သတင်းဌာနကို အတည်ပြုပြောဆိုထားသည်။

“KIA ကား မဟုတ်ဘူး။ ပြည်သူတွေ မောင်းနင်းနေတဲ့ ကားဖြစ်တယ်။ အဲ့ကားက ရှဒူးဇွပ်ကနေ မှော်ဘက်ကို ဆီတွေတင်ပြီး ပုံမှန်သွားလာနေတဲ့ ကားဖြစ်တယ်။ မနေ့ကလည်း ကားပေါ်မှာ ဘာမှ မပါဘူး။ ဒီတိုင်း အလွတ်မောင်းလာတာကို ရပ်တားပြီး စစ်ဆေးကြတာ ထင်တယ်။ ကချင်လို့ပြောလိုက်တော့ ရိုက်နက်တယ်။ နောက် ကားကိုလည်း မီးရှို့ ပေးလိုက်တာ ဟုတ်တယ်” ဟုပြောဆိုသည်။

ပြည်သူ့စစ်အဖွဲ့မှ ထိုသို့ ပြုလုပ်ခြင်းသည် ပြီးခဲ့သည့် မေလ ၁၉ ရက်ည ၁၂ နာရီဝန်းကျင်တွင် ရှဒူးဇွပ် ကျေးရွာအနီး ရွှေတူးဖော်နေသော ရှဒူးဇွပ်ပြည်သူ့စစ် ခေါင်းဆောင် မင်းဇင်သန့်၏ ဘက်ဟိုး ၂စီးကို KIA မှ မီးရှို့ပေးလိုက်ခြင်းကြောင်း လုပ်ဆောင်လာရခြင်းဖြစ်သည်ဟု သူက ဆက်လက်သုံးသပ် ပြောဆိုထားသည်။

ပြည်သူ့စစ်အဖွဲ့ မှ ကားသမားကို ရိုက်နက်ခြိမ်းခြောက်မှုများပြုနေစဉ်အတွင်းမှာဘဲ ထွက်ပြေး လွတ်မြောက်သွားကြောင်း ဆက်လက်သိရသည်။

ယခုအပတ် မေလ ၂၁ ရက်နေ့တွင် KIA တပ်ရင်း ၁၄ နယ်မြေအတွင်း ရွှေတူးဖော်နေသော လုပ်ငန်းရှင်များကို စံပြကျေးရွာ ပြည်သူ့စစ် တပ်စခန်းအတွင်းသို့ ခေါ်ယူကာ ဇွန်လ ၁ ရက်နေ့စပြီး KIA တပ်ရင်း ၁၄ နယ်မြေအတွင်းသို့ သွားလာသော ပြည်သူများနှင့် ကုန်တင်များကို ပစ်ခတ်မည်ဖြစ်သည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ရှဒူးဇွပ်ဒေသခံတစ်ဦး KNG ကို ပြောဆိုထားသည်။

ရှဒူးဇွပ်ကျေးရွာတွင် KIA တပ်ရင်း ၁၄နယ်မြေအတွင်းသို့ သွားလာ၍ရသော လမ်း ၄ခုခန့် ရှိသည့်အနက် ယခု ကားမီးရှို့ဖျက်ဆီးလိုက်သည့် လမ်းနှင့် စံပြကျေးရွာ စသော ၂နေရာတွင် ပြည်သူ့စစ်အဖွဲ့က အသွားအလာပိတ်ဆို့ကာ ဂိတ်ချနေထိုင်လျက်ရှိနေသည်။

Read Previous

မြန်မာ့ပို့ကုန် သစ်သီးကားများ စစ်ဆေးမှု တရုတ်ဘက် မှ ဖြေ‌လျှော့ပေး

Read Next

ဆန်းကြွယ် ကျေးရွာတွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး