တန်ဂူးတန်
-
Nov- 2024 -11 Novemberသတင်း
ဆော့လော်မြို့နယ်တွင်း နောက်ဆုံးကျန်ရှိနေတဲ့ လန်ဆယ်ပြည်သူ့စစ် တပ်စခန်းကို KIA သိမ်းပိုက်လိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်
ကချင်ပြည်နယ် ချီဖွေခရိုင် ဆော့လော်မြို့နယ် လန်ဆယ်(Lanse) မြို့တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ KIO ပြောပါတယ်။ တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ လန်ဆယ်ပြည်သူ့စစ်နေရာကို နိုဝင်ဘာလ ၁၀ ရက်နေ့ အပြီးသတ် သိမ်းပိုက်လိုက်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “လန်ဆယ်ကိုတော့ မနေ့က နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်း ၇ နာရီလောက်မှာ အပြီးသတ်သိမ်းလိုက်ပြီ။ အဲဒီနေရာမှာက တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့တွေ နေရာယူထားတဲ့ နေရာဖြစ်တယ်။ သူတို့ကိုယ်တိုင်လည်း လက်ရှိ အခြေအနေကို နားလည်သဘောပေါက်ကြတာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်တာမရှိဘူး။ ဒါကြောင့် ထိခိုက်သေဆုံးမှုမရှိဘဲ သိမ်းပိုက်လိုက်တာဖြစ်ပါတယ်”လို့ပြောပါတယ်။ လန်းဆယ်ပြည်သူ့စစ်နေရာမှာ ပြည်သူ့စစ် အင်အား ၃၀ ဝန်းကျင်နဲ့ တပ်နေရာတစ်ခုသာရှိတာဖြစ်ပြီးတော့ တိုက်ခိုက်မှုမရှိဘဲ သိမ်းပိုက်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့ KIA ပူးပေါင်းတပ်တွေ ဝင်ရောက်လာတဲ့ အချိန် တန်ဂူးတန် ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဘက်လည်း နားလည်သဘောပေါက်စွားနဲ့ တပ်ဆုတ်ခွာသွားကြတာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် လန်းဆယ်တိုက်ပွဲမှာ နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုမရှိတဲ့အပြင် တစ်ရက်အတွင်းမှာပဲ သိမ်းပိုက်နိုင်ခဲ့ပြီး ဒေသတစ်ခုလုံးကို KIA ပူးပေါင်းတပ်တွေတပ်ချကာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ “လန်ဆယ်မှာက တခြားတပ်တွေမရှိဘူး။ ပူတာအိုက တန်ဂူးတန် ပြည်သူ့စစ်အဖွဲ့ တစ်ခုထဲရှိပါတယ်။ အဲ့ဒါကြောင့် KIA တပ်တွေ ဝင်ရောက်လာတဲ့အချိန် ပြင်းပြင်းထန်ထန် တိုက်ခိုက်တာမရှိဘူး။ လက်ရှိအခြေအနေကို နားလည်သဘောပေါက်တယ်။ တစ်ဖက်မှာ ပြည်သူလူထုတွေ ထိခိုက်သေဆုံးတာမရှိသလို နှစ်ဖက်တပ်လည်း ထိခိုက်သေဆုံးတာမရှိဘူး။ ဒီကနေ့အထိတော့ လန်းဆယ်ဒေသကို KIA ဘက်က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတဲ့ အနေအထားမှာပဲရှိနေသေးတယ်”လို့ပြောပါတယ်။ လန်ဆယ်မြို့ဟာ ဆော့လော်မြို့နယ်ထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့ BGF တပ်စခန်းရှိတဲ့ နေရာဖြစ်ပြီး ဆော့လောက်မြို့နယ်တစ်ခုလုံး KIA ထိန်းချုပ်နယ်မြေထဲရောက်ရှိသွားပြီဖြစ်ပါတယ်။ အခုလို လန်ဆယ်မြို့ သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက အခုလို ဆက်ပြောပါတယ်။ “လန်ဆယ်ကို မနေ့က မနက်ပိုင်း သိမ်းလိုက်ပြီ။ လန်ဆယ်မှာရှိတဲ့ ပြည်သူ့စစ်တွေ အကုန်ထွက်ပြေးကုန်တယ်။ အခုက ကချင်အထူးဒေသ(၁) နေရာမှာ ကန်ပိုင်တည် တစ်ခုဘဲကျန်တော့တယ် မရှိတော့ဘူး။ အထက်ဘက်မှာက ခေါင်လန်ဖူးပဲကျန်တော့တယ်။ လန်ဆယ်အထက်ဘက်ဆိုရင် ပူတာအိုဒေသဖြစ်သွားပြီ။ ဒီတစ်ကြောက ပြည်သူ့စစ်နဲ့ BGF မရှိတော့ဘူး”လို့ပြောပါတယ်။ ဒါ့အပြင် လန်ဆယ်မြို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာ နှစ်လအတွင်းမှာပဲ KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ ချီဖွေ၊ ဆော့လော်၊ ကန်းဖန့်၊ ဖီမော်၊ ပန်ဝါ မြို့တွေနဲ့ တစ်ဆက်တည်းရှိပြီးတော့ ပူတာအိုဒေသနဲ့ အနီးနေရာမှာရှိတဲ့ မြို့တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် လန်ဆယ်ဒေသမှာ ပူတာအိုဒေသရဲ့ ဌာနယ်ပြည်သူ့စစ်ဖြစ်တဲ့ တန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ လှုပ်ရှားနယ်မြေထဲပါဝင်နေတာလည်းဖြစ်ပါတယ်။ လန်ဆယ်ဒေသမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်လုပ်ငန်းရှင်အများအပြား ဝင်ရောက်လာပြီး ကျောက်ရွှေတူးဖော်တဲ့ လုပ်ငန်းကို အဓိက တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Aug- 2024 -28 Augustသတင်း
ပူတာအိုမြို့မှာ ပြည်သူ့စစ်အဖွဲ့ ဝါးတားဂိတ်လုပ်ပြီး အစစ်အဆေးတင်းကြပ်နေ
ကချင်ပြည်နယ် ပူတာအိုမြို့အထွက်မှာ တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့က ဝါးတားဂိတ်လုပ်ပြီး လမ်းသွားလမ်းလာအရပ်သားတွေကို အစစ်အဆေးတင်းကြပ်နေတယ်လို့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ ဦးတန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လဝန်းကျင်ကစပြီး မြို့အထွက် လေယာဥ်ကွင်းရပ်ကွက် နဲ့ ဂျူဗလီရပ်ကွက်ကြား ဝါးတားဂိတ်လုပ်ပြီး အစစ်ဆေးတင်းကြပ်နေတာဖြစ်တယ်လို့ ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိူးသားတစ်ဦးက KNGကိုပြောပါတယ်။ “ဂိတ်က ပူတာအိုမြို့ကနေဆိုရင်တော့မြို့အထွက်ပေါ့ မချမ်းဘော့တို့ နောင်မွန်ဘက်တို့ကနေလာရင်တော့ မြို့အဝင်ဖြစ်တယ်သုံးလမ်းဆုံနေရာမှာဆိုင်ပြီးစစ်နေတာ ခရီးသွားတွေကိုအဓိက စစ်တယ်မေးတယ် သတင်းပို့ရတယ်ဂိတ်ရောက်ရင်”လို့ သူကပြောပါတယ်။ လက်ရှိစစ်ဆေးရေးဂိတ်ထိုင်ထားတဲ့နေရာဟာ ပူတာအို နောင်မွန်နဲ့မချမ်းဘော့သွားတဲ့ကားလမ်းမကြီးပေါ်မှာရှိပြီး ဂိတ်နဲ့ ပေ ၁၀၀၀ ကျော်လောက်အကွာမှာတော့ တန်ဂူးတန်ပြည်သူ့စစ်ရဲ့ ပူတာအို အခြေစိုက်စခန်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ မြို့ဧရိယာထဲမှာတန်ဂူးတန်ပြည်သူ့စစ်အဖွဲ့ ခုလိုဂိတ်ထိုင်ပြီးခရီးသွားပြည်သူတွေကိုစစ်ဆေးတာ၊ မသင်္ကာတဲ့ပြည်သူတွေကို အတင်းအကြပ်စစ်ဆေးမေးမြန်းတာလုပ်နေတဲ့အတွက် အများပြည်သူ သွားလာရေးမှာအခက်အခဲဖြစ်နေတယ်လို့လည်း နောက်ထပ်အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ “ဂိတ်ကမြို့ထဲမှာပဲလို့ပြောလို့ရတယ် ဂျူဗလီနဲ့လေယာဥ်ကွင်းရပ်ကွက်ကြားမှာလေး အဲ့နားရောက်ရင်တော့ဆိုင်ကယ်လည်းဖြေးဖြေးပဲမောင်းပေးရတယ် ပေ ၁၀၀ လောက်ကိုသူတို့က သံဆူးခွေတွေနဲ့လမ်းလယ်ခေါင်ထိချထားတာ သူတို့ကတားရင်ရပ်ပေးရတယ်မြို့ဆိုလည်း မသက်ာရင်တော့စစ်တယ်”လို့အသက် ၄၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။ ဒီစစ်ရေးဆေးဂိတ်မှာ ပုံမှန်အားဖြင့် ရဝမ်ပြည်သူ့စစ်အဖွဲ့တွေဂိတ်ထိုင်တာဖြစ်ပြီး တစ်ခါတစ်ရံ စစ်ကောင်စီစစ်သားတွေလည်းပူးပေါင်းဂိတ်ထိုင်တာမျိုးရှိတယ်လို့သိရပါတယ်။ ပူတာအိုမြို့ ဦးတန်ဂူးတန်ပြည်သူ့စစ်အဖွဲ့စစ်ဆေးရေးဂိတ်ရှိသလို ပူတာအိုမြို့အဝင်မှာတော့ မူလာရှီးဒီးစစ်ကောင်စီစစ်ဆေးရေးဂိတ်ရှိတာ ဖြစ်ပါတယ်။ တန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်အဖွဲ့ဟာ အထက်ဖော်ပြပါနေရာနှစ်ခုလုံးမှာ စစ်ဆေးရေးဂိတ်ထိုင်ဖို့ ဒီနှစ် နှစ်ဆန်းပိုင်းကတည်းက ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အစိုးရကပြည်နယ်/တိိုင်းဒေသအသီးသီးမှာရှိတဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းပေးလိုက်ပြီးနောက် ဦးတန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့စည်းပေါ်ပေါက်လာခြင်းဖြစ်ပြီး လက်ရှိ ပူတာအို၊ခေါင်လန်ဖူးအထိ ပြည်သူ့စစ်တွေရှိနေတာဖြစ်ပါတယ်။ ပူတာအိုမြို့ဟာ မြစ်ကြီးနားမြို့နဲ့ ၂၁၈ မိုင်အကွာမှာရှိပြီး ပူတာအိုခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလ ၅ ရက်နေ့မှာ မြစ်ကြီးနား–ပူတာအို ကားလမ်းပေါ်မှာရှိတဲ့ ဆွမ်ပရာဘွမ်မြို့ကို KIA က သိမ်းပိုက်ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Feb- 2024 -15 Februaryသတင်း
တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့တွေက ပြည်သူ့စစ်လုပ်ဖို့ကား၊ သုံးဘီးတွေနဲ့လှည့်လည်စည်းရုံးလှုံ့ဆော်နေ
ပူတာအိုမြို့နယ်ထဲမှာ တန်ဂူးတန် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေက ပြည်သူ့စစ်တာဝန် ထမ်းဆောင်ဖို့ရန်အတွက် ကား၊ သုံးဘီးတွေမှာ လော်စပီကာတပ်ပြီးတော့ လိုက်လံစည်းရုံးတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။ ဇန်ဝါရီလကုန်ပိုင်းလောက်ကနေ ပူတာအိုမြို့ပေါ်မှာရှိတဲ့ ရပ်ကွက်နေရာတွေမှာ ‘ကိုယ့်ဒေသကိုကာကွယ်ဖို့နဲ့ လက်နက်ကိုင်တော်လှန်နေတဲ့ ရန်သူတွေကို…
Read More » -
Jan- 2024 -29 Januaryသတင်း
ပူတာအိုမြို့အထွက်မှာ တန်ဂူးတန်ပြည်သူ့စစ်က ဂိတ်ထိုင်ဖို့ပြင်ဆင်နေ
ကချင်ပြည်နယ် ပူတာအိုမြို့အပြင်ဘက် လမ်းဆုံတစ်နေရာမှာ ဦးတန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့က စစ်ဆေးရေးဂိတ်ထိုင်ဖို့ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဂိတ်ထိုင်မယ့်နေရာဟာ ပူတာအိုမြို့အထွက် ဂျူဗလီရပ်ကွက်ထဲက နောင်မွန်မြို့နယ်နဲ့ မချမ်းဘော့မြို့နယ်တွေဘက်ကိုသွားတဲ့လမ်းဆုံနေရာမှာဖြစ်ပြီး စစ်ဆေးရေးဂိတ်ထိုင်ဖို့အတွက် ဇန်နဝါရီလဆန်းပိုင်းကတည်းကပြင်ဆင်နေတယ်လို့ ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “တကယ့်လမ်းဆုံနေရာမှာကြီးထိုင်ဖို့လုပ်နေတယ် အခုသူတို့ဂိတ်ထိုင်ဖို့လုပ်နေတဲ့နေရာက နောင်ခိုင်တို့၊ နောင်မွန်တို့မချမ်းဘော့တို့ကိုသွားမယ်ဆိုအဲ့တာကိုဖြတ်ရမှာအဲ့ဒီနေရာမှာထိုင်ဖို့လုပ်နေတာအခု ဂိတ်တဲပေါ့ သတင်းပို့ရန်ဆိုပြီးရှိတယ်လေးဂိတ်တိုင်းမှာအေ အဲ့လိုမျိုးတဲကတော့ပြီးသွားပြီအခုတားတဲ့ဟာလုပ်နေတယ်”လို့ လေယာဥ်ကွငးရပ်ကွက်နေ အသက် ၅၀ ကျော်အရွယ်အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ လက်ရှိဂိတ်ထိုင်ဖို့ပြင်ဆင်နေတဲ့ အဲ့ဒီနေရာဟာ လေယာဥ်ကွင်းရပ်ကွက်နဲ့ ဂျူဗလီရပ်ကွက်ကြားမှာဖြစ်ပြီး ဂိတ်တဲဆောက်တာနဲ့ ဝါးတားဂိတ်လုပ်ဖို့တိုင်စိုက်တာမျိုးတွေပြီးစီးနေပြီလို့သိရပါတယ်။ ဒါ့အပြင် တန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်အနေနဲ့ လူနေရပ်ကွက်ကြားမှာ အခုလိုစစ်ဆေးရေးဂိတ်ထိုင်ဖို့ပြင်ဆင်နေတာနဲ့ပတ်သက်ပြီးဒေသခံတွေကြားမှာစိုးရိမ်မှုတွေလည်းမြင့်တက်နေတယ်လို့ လုံးစွတ်ရပ်ကွက်နေအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။ “ဒါကြီးကမဖြစ်သင့်ဘူးလေး မြို့ပြင်ဘက် ဆိုပေမယ့် ဂျူဗလီနဲ့လေယာဥ်ကွင်းရပ်ကွက် ကြားမှာဖြစ်နေတယ် သူတို့ဂိတ်ထိုင်လိုက်ပြီဆိုတာနဲ့ ပြည်သူတွေက အရင်လိုလွတ်လွတ်လပ်လပ်သွားလာလို့ရတော့မှာမဟုတ်ဘူးပြီးတော့ အခုခေတ်အခြေအနေအရ အဲ့ဒီဂိတ်ကိုတစ်ဖွဲ့ဖွဲ့က လက်နက်ကြီးနဲ့ထုတာတို့ဘာတို့ဖြစ်လာရင် လေယာဥ်ကွင်းရပ်ကွက်ထဲတွေမှာ ကျပြီးပြည်သူတွေထိလာနိုင်တယ်”လို့အထက်ပါအမျိုးသားကပြောပါတယ်။ ဒေသခံတွေပြောပြချက်အရလာမယ့် ဂိတ်ထိုင်ဖို့ပြင်ဆင်နေတဲ့နေရာဟာ ပူတာအိုမြို့ စစ်တပ်အခြေစိုက်စခန်းအနီးမှာဖြစ်ပြီး ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာဂိတ်ထိုင်နိုင်အောင် ပြင်ဆင်နေတဲ့အပြင် တစ်ဖက်မှာလည်း ခုလိုဂိတ်ထိုင်လာရင် ပူတာအိုဒေသမှာ ရဝမ်၊ လီဆူလူမျိုးတွေနဲ့အခြားမျိုးနွယ်စုတွေကြားလူမျိုးရေးခွဲခြားမှုတွေဖြစ်လာနိုင်တာကြောင့် ဂိတ်ထိုင်ဖို့ပြင်ဆင်နေတာကို ရပ်နားသင့်တယ်လို့ဒေသခံတွေက သုံးသပ်ပြောဆိုပါတယ်။ ၂၀၀၉ ခုနှစ်မှာ အစိုးရကပြည်နယ်/တိိုင်းဒေသအသီးသီးမှာရှိတဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းပေးလိုက်ပြီးနောက် ဦးတန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့စည်းပေါ်ပေါက်လာခြင်းဖြစ်ပြီး လက်ရှိ ပူတာအို၊ခေါင်လန်ဖူးအထိ ပြည်သူ့စစ်တွေရှိနေတာဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
May- 2023 -4 Mayသတင်း
ပြည်သူ့စစ်ခေါင်းဆောင်၏ မြို့တွင်း သဲကျောက်တူးသည့် လုပ်ငန်းကြောင့် အများပြည်သူသုံး ချောင်းရေပျက်စီးနေ
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ပြည်သူ့စစ်ခေါင်းဆောင် တန်ဂူးတန်သည် မြို့တွင်း၌ စီးဆင်းနေသည့် နမ့်ထွမ်ချောင်းထဲမှ သဲကျောက်များ တူးယူနေမှုကြောင့် ပူတာအိုမြို့ခံများအသုံးပြုနေသည့် အများပြည်သူသုံးချောင်းရေပျက်စီးမှု ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါချောင်းရေသည် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်နှင့် ကောင်ကထောင် ရပ်ကွက်ကြားရှိ ပူတာအိုမြို့တွင်းလမ်းမကြီးကို ဖြတ်သန်းစီးဆင်းနေသည့်…
Read More »