သတင်း

ပူတာအိုမြို့အထွက်မှာ တန်ဂူးတန်ပြည်သူ့စစ်က ဂိတ်ထိုင်ဖို့ပြင်ဆင်နေ

ကချင်ပြည်နယ် ပူတာအိုမြို့အပြင်ဘက် လမ်းဆုံတစ်နေရာမှာ ဦးတန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့က စစ်ဆေးရေးဂိတ်ထိုင်ဖို့ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဂိတ်ထိုင်မယ့်နေရာဟာ ပူတာအိုမြို့အထွက် ဂျူဗလီရပ်ကွက်ထဲက နောင်မွန်မြို့နယ်နဲ့ မချမ်းဘော့မြို့နယ်တွေဘက်ကိုသွားတဲ့လမ်းဆုံနေရာမှာဖြစ်ပြီး စစ်ဆေးရေးဂိတ်ထိုင်ဖို့အတွက် ဇန်နဝါရီလဆန်းပိုင်းကတည်းကပြင်ဆင်နေတယ်လို့ ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

တကယ့်လမ်းဆုံနေရာမှာကြီးထိုင်ဖို့လုပ်နေတယ် အခုသူတို့ဂိတ်ထိုင်ဖို့လုပ်နေတဲ့နေရာက နောင်ခိုင်တို့၊ နောင်မွန်တို့မချမ်းဘော့တို့ကိုသွားမယ်ဆိုအဲ့တာကိုဖြတ်ရမှာအဲ့ဒီနေရာမှာထိုင်ဖို့လုပ်နေတာအခု ဂိတ်တဲပေါ့ သတင်းပို့ရန်ဆိုပြီးရှိတယ်လေးဂိတ်တိုင်းမှာအေ အဲ့လိုမျိုးတဲကတော့ပြီးသွားပြီအခုတားတဲ့ဟာလုပ်နေတယ်လို့ လေယာဥ်ကွငးရပ်ကွက်နေ အသက် ၅၀ ကျော်အရွယ်အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

လက်ရှိဂိတ်ထိုင်ဖို့ပြင်ဆင်နေတဲ့ အဲ့ဒီနေရာဟာ လေယာဥ်ကွင်းရပ်ကွက်နဲ့ ဂျူဗလီရပ်ကွက်ကြားမှာဖြစ်ပြီး ဂိတ်တဲဆောက်တာနဲ့ ဝါးတားဂိတ်လုပ်ဖို့တိုင်စိုက်တာမျိုးတွေပြီးစီးနေပြီလို့သိရပါတယ်။

ဒါ့အပြင် တန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်အနေနဲ့ လူနေရပ်ကွက်ကြားမှာ အခုလိုစစ်ဆေးရေးဂိတ်ထိုင်ဖို့ပြင်ဆင်နေတာနဲ့ပတ်သက်ပြီးဒေသခံတွေကြားမှာစိုးရိမ်မှုတွေလည်းမြင့်တက်နေတယ်လို့ လုံးစွတ်ရပ်ကွက်နေအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

ဒါကြီးကမဖြစ်သင့်ဘူးလေး မြို့ပြင်ဘက် ဆိုပေမယ့် ဂျူဗလီနဲ့လေယာဥ်ကွင်းရပ်ကွက် ကြားမှာဖြစ်နေတယ် သူတို့ဂိတ်ထိုင်လိုက်ပြီဆိုတာနဲ့ ပြည်သူတွေက အရင်လိုလွတ်လွတ်လပ်လပ်သွားလာလို့ရတော့မှာမဟုတ်ဘူးပြီးတော့ အခုခေတ်အခြေအနေအရ အဲ့ဒီဂိတ်ကိုတစ်ဖွဲ့ဖွဲ့က လက်နက်ကြီးနဲ့ထုတာတို့ဘာတို့ဖြစ်လာရင် လေယာဥ်ကွင်းရပ်ကွက်ထဲတွေမှာ ကျပြီးပြည်သူတွေထိလာနိုင်တယ်လို့အထက်ပါအမျိုးသားကပြောပါတယ်။

ဒေသခံတွေပြောပြချက်အရလာမယ့်  ဂိတ်ထိုင်ဖို့ပြင်ဆင်နေတဲ့နေရာဟာ ပူတာအိုမြို့ စစ်တပ်အခြေစိုက်စခန်းအနီးမှာဖြစ်ပြီး ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာဂိတ်ထိုင်နိုင်အောင် ပြင်ဆင်နေတဲ့အပြင် တစ်ဖက်မှာလည်း ခုလိုဂိတ်ထိုင်လာရင် ပူတာအိုဒေသမှာ ရဝမ်၊ လီဆူလူမျိုးတွေနဲ့အခြားမျိုးနွယ်စုတွေကြားလူမျိုးရေးခွဲခြားမှုတွေဖြစ်လာနိုင်တာကြောင့် ဂိတ်ထိုင်ဖို့ပြင်ဆင်နေတာကို ရပ်နားသင့်တယ်လို့ဒေသခံတွေက သုံးသပ်ပြောဆိုပါတယ်။

၂၀၀၉ ခုနှစ်မှာ အစိုးရကပြည်နယ်/တိိုင်းဒေသအသီးသီးမှာရှိတဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းပေးလိုက်ပြီးနောက် ဦးတန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့စည်းပေါ်ပေါက်လာခြင်းဖြစ်ပြီး လက်ရှိ ပူတာအို၊ခေါင်လန်ဖူးအထိ ပြည်သူ့စစ်တွေရှိနေတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button