တိုက်ပွဲပြင်းထန်
-
Nov- 2025 -5 Novemberသတင်း
ဗန်းမော်တိုက်ပွဲရပ်တန့်မှုမရှိဘဲ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြော
ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ တရုတ်အာဏာပိုင်တို့တွေ့ဆုံခဲ့ပြီးနောက် ဗန်းမော်တိုက်ပွဲငြိမ်သက်သွားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် မြေပြင်မှာတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။ လက်ရှိ ဗန်းမော်ကနေ မိုးမောက်သွားတဲ့လမ်း ဗန်းမော်တက္ကသိုလ်ဝင်းနေရာ၊ ၃ မိုင်နေရာနဲ့ ခလရ ၄၇ တပ်ရင်းအနီးတဝိုက်တွေမှာ နှစ်ဖက်တပ်အကြားတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ “ဗန်းမော်တိုက်ပွဲက နေ့တိုင်းလိုတိုက်ပွဲရှိပါတယ် နမ့်ဖား၊ တာမိုင်းလုံ ဗန်းမော်တက္ကသိုလ်ရှိတဲ့ ဘက်ခြမ်း လက်နက်ကြီးတွေပစ်ပြီး ခြေလျင်နဲ့ ထိုးတော့တိုက်ပွဲဖြစ်တယ်။ ပြီးရင် ၃ မိုင် ၊ ခလရ ၄၇ သွားတဲ့လမ်း တစ်လျှောက် နေ့တိုင်းလိုဖြစ်နေတယ်။ စစ်တပ်ဘက်ကနေ ထိုးနေပေမယ့် KIA နေရာယူထားတဲ့ဘက်ကို ထိုးဝင်လာနိုင်တာမျိုးတော့မရှိဘူး။ KIA ဘက်ကလည်း နေရာအသစ်သိမ်းယူနိုင်တာမရှိသလို လက်လွတ်လိုက်ရတဲ့နေရာလည်းမရှိပါဘူး”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယအပတ်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ တရုတ်အာဏာပိုင်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာတွေ့ဆုံခဲ့ပြီးနောက် တိုက်ပွဲငြိမ်သက်သွားပြီဖြစ်တဲ့အကြောင်း ဗန်းမော်တိုက်ပွဲနဲ့ပတ်သက်ပြီး လူမူကွန်ယက်စာမျက်နှာပေါ်မှာ သတင်းတွေအမျိုးမျိုးထွက်ပေါ်လာပါတယ်။ ဒါပေမယ့် မြေပြင်အခြေနေမှာတော့ စစ်တပ်ကဘက်နေ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း သိသိသာသာထိုးစစ်ဆင်တိုက်ခိုက်တာတွေလုပ်နေတဲ့အတွက် မြို့တွင်း နေရာ ၃ နေရာမှာ တိုက်ပွဲနေ့တိုင်းနီးပါးပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေ ပြောပါတယ်။…
Read More » -
Sep- 2025 -22 Septemberသတင်း
လန်ဆယ်နဲ့ခေါင်လန်ဖူးကြားတိုက်ပွဲဆက်ဖြစ်နေပြီး လေကြောင်းပါတိုက်ခိုက်နေ
ကချင်ပြည်နယ် ခေါင်လန်းဖူးမြို့နယ် KIA ပူးပေါင်းတပ် တွေထိန်းချုပ်ထားတဲ့ လာဟီဆင် စခန်းဘက်ကို ခေါင်လန်းဖူးပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။ ခေါင်လန်းဖူးမြို့နယ်နဲ့ လန်ဆယ်မြို့ကို သွားတဲ့လမ်းပိုင်းရှိ လာဟီဆင်စခန်းဘက်ကို ခေါင်လန်ဖူးပြည်သူ့စစ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်က စက်တင်ဘာ ၁၉ ရက်နေ့…
Read More » -
Jul- 2025 -14 Julyသတင်း
ဖားကန့်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်
ဖားကန့်မှာ စစ်ကောင်စီတပ် ဂျက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်သွားတဲ့အတွက် မော်မောကုန်းကျေးရွာက စာသင်းကျောင်းထိခိုက်ပျက်စီးသွားသလို တိုက်ပွဲကြောင့်စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲဝန်းကျင်အချိန် မော်မောကုန်း စာသင်ကျောင်းနေရမှာ ဂျက်လေယာဉ်တစ်စီးနဲ့ ဗုံးနှစ်ကြိမ်ပစ်ခတ်သွားပြီး တပြိုင်နက် စစ်ကောင်စီတပ်တွေရှိတဲ့ မော်မောလယန်ဘုန်းကြီးကျောင်းနဲ့ မှော်ဝမ်းကလေး စာသင်ကျောင်း နှစ်နေရာကိုသွားရောက်တိုက်ခဲ့တယ်လို့ ဖားကန့်ဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။ “စစ်ကောင်စီတပ်ရဲ့ ရည်ရွယ်ချက်ကတော့ မော်မောဘွမ့်၊ လမောင်ကုန်း တောင်ကုန်းနေရာတွေကို ရဖို့လုပ်နေတယ်။ မနေ့ညနေလည်း လေယာဉ်နဲ့ လာကြဲနေတဲ့အချိန်ထဲမှာပဲ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း စစ်ကောင်စီတပ်ရဲ့ မော်မောလယန်က ဘုန်းကြီးကျောင်းထဲမှာ နေရာယူထားတဲ့အဖွဲ့၊ ပြီးတော့ မှော်ဝမ်းလေးစာသင်ကျောင်း ရှိတဲ့ စစ်ကောင်စီတပ်တွေကို သွားရောက် တိုက်ခိုက်တာတွေလုပ်ခဲ့တော့ ပစ်ခတ်မှုတွေရှိခဲ့တယ်။ တိုက်ပွဲက အပြန်အလှန် နာရီဝက်လောက်ဖြစ်ခဲ့ပါတယ်”လို့ပြောပါတယ်။ မော်မောလယန်နဲ့ မှော်ဝမ်းကလေး နှစ်နေရာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လကတည်းကနေ မော်မောဘွမ့်နဲ့ မမောင်ကုန်းနေရာကိုရယူဖို့ ဆွတ်ဘွမ့်(အမှိုက်ပုံ) နဲ့ မော်မောလယန် ကျေးရွာအနီးတဝိုက်မှာ ဇူလိုင် ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ သုံးရက်တာအတွင်းဖြစ်ခဲ့တဲ့တိုက်ပွဲမှာလည်း စစ်တပ်ဘက်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုများခဲ့တယ်လို့လည်း ဆက်သိရပါတယ်။ ဇူလိုင်လ ၁၃ ရက် မနေ့က စစ်ကောင်စီတပ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နောက် တိုက်ပွဲဧရိယာနယ်မြေတွေဖြစ်တဲ့ မော်မောလယန် နဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ) စတဲ့ နေရာတွေမှာ မနေ့ည ၉ နာရီဝန်းကျင်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းအထိ လက်နက်ကြီးတွေသံတွေ ကြားနေရဆဲဲဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေ ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ်ဟာ ဖားကန့် ဗျူဟာကုန်းကနေ လမ်းကြောင်းနှစ်ခုနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်နေတဲ့အတွက် မှော်ဝမ်းကနေ ဆွတ်ဘွမ့်(အမှိုက်ပုံ) ၊ အင်မားယန် ကျေးရွာတဝိုက်နဲ့ ရှရော်ခ ညောင်ပင်ကုန်း၊ မော်မောလယန်ကျေးရွာ အနီးတဝိုက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေ မော်မောကုန်းကျေးရွားက စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရှိနေတယ်လို့ယူဆပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေ သုံးသပ်နေကြပါတယ်။ မော်မောကုန်းကျေးရွာနေပြည်သူတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကနေ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးတိမ်းရှောင်ထားတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ မနေ့ည ၉ နာရီဝန်းကျင်အချိန်မှာ မှော်ဝမ်းကျေးရွာရှိ မူရင်းနှစ်ခြင်းအသင်း တော်ဘုရားကျောင်းဝင်းထဲမှာ စစ်အင်အားအလုံးအရင်း ဝင်ရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ “အစပိုင်းတော့ စစ်ကြောင်းမှာပါတဲ့ တပ်သားတွေ သုံး၊ လေးယောက်နဲ့ ဖြည်းဖြည်းချင်းဝင်လာကြတယ်။ သူတို့ စစ်ဆေးမေးမြန်းတာတွေ လုပ်ချင်တယ်ပေါ့။ တာဝန်ရှိသူတွေနဲ့ တွေ့ချင်တယ်လို့အရင်ပြောတယ်။ ဘုရားကျောင်းထဲမှာ အမျိုးသား ဘယ်နှစ်ယောက်ရှိတာလဲမေးတယ်။ သော့ဖွင့်ထားတဲ့ရုံးခန်းတွေ အကုန်လုံးဝင်ကြည့်ကြတယ်။ သူတို့က ဒီတိုင်းလာစစ်မေးမြန်းတာလို့တော့ ပြောတယ်။ ဒါပေမယ့် ဘာမှတော့ လုပ်ဆောင်သွားတာမျိုးတော့မရှိဘူး”လို့ စစ်ဆေးခံရတဲ့ မှော်ဝမ်းမူရင်းနှစ်ခြင်းအသင်းတော်တာဝန်ရှိသူတွေနဲ့ နီးသူတစ်ဦးက ပြောပြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းကနေ စစ်ကောင်စီတပ်တွေက လမောင်ကုန်းနဲ့ မော်မောဘွမ့်တောင်ကုန်းနေရာတွေကို သိမ်းပိုက်နိုင်ဖို့ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တက်လာတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်။ စစ်ကြောင်းထိုးထားတဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ) နဲ့ မော်မောလယန် ကျေးရွာတွေမှာလည်း အရပ်သားပြည်သူတွေ အကြောင်းမဲ့ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေလည်း နေ့စဉ်ဖြစ်ပွားနေတာဖြစ်ပါတယ်။ ဇူလိုင်လ ၁၂ ရက်နေ့မှာ ဖားကန့်၊ မရှီကထောင်ရပ်ကွက် ရွှေမြန်မာ ရွှေဆိုင်ရှေ့ စစ်ကြောင်းသွားလာလှုပ်ရှားနေချိန် စစ်ကြောင်းမှာပါလာတဲ့ ယခင် ဆွတ်ဘွမ့်(အမှိုက်ပုံ) ကျေးရွာက ဥက္ကဋ္ဌဟောင်း မင်းစိုးဦး နဲ့ ဂွေခါ အုပ်ချုပ်ရေးမှူး ဦးဘရန်မွန်းဆိုသူ နှစ်ဦးပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။…
Read More » -
May- 2025 -20 Mayသတင်း
ဖားကန့်တိုက်ပွဲမှာ စစ်တပ် လေကြောင်းအကူပေးရတဲ့အထိ တိုက်ပွဲပြင်းထန်
ကချင်ပြည်နယ် ဖားကန့်မြို့ကိုဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းပစ်ကူပေးရတဲ့အထိ တိုက်ပွဲပြင်းထန်တယ်လို့ KIO ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ “ဖားကန့်ဘက်က တိုက်ပွဲပြင်းထန်နေတယ်။ လေယာဉ်နဲ့ဗုံးလာကြဲပြီး ကူပေးနေရတဲ့အထိ တိုက်ပွဲအရမ်းပြင်းထန်နေပါတယ်”လို့ KIO ဗဟိုပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးအင်ဖန်နော်ဘူက…
Read More » -
7 Mayသတင်း
ကပ်မှော်ရွာအနီး တိုက်ပွဲပြင်းထန်နေ၊ စစ်တပ်က ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်
မေလကုန်အထိ အပစ်ရပ်ကြောင်းကြေညာထားတဲ့ စစ်ကောင်စီတပ်က ကချင်ပြည်နယ်၊ ဖားကန့်ဘက်ကို မြေပြင်၊ဝေဟင်နဲ့ ထိုးစစ်ဆင်နေတာ ၂ ပတ်တိတိရှိလာပြီဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့နယ်မြေတွေပြန်ရဖို့ စစ်တပ်က ဧပြီလ ၂၃ ရက်ကစပြီး ကားမိုင်း၊…
Read More » -
Apr- 2025 -29 Aprilသတင်း
မြစ်ဆုံအထက် တန်ဖရဲရွာမှာ စစ်တပ်နဲ့ KIA တပ်တို့တိုက်ပွဲဖြစ်
မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား တိုက်ပွဲပြင်းထန်နေတာ ၃ ရက်ခန့်ကြာမြင့်လာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တန်ဖရဲကျေးရွာမှာ စစ်အင်အားတိုးချဲ့ထားတဲ့ စစ်ကောင်စီတပ်တွေက ဆွမ်ပရာဘွမ့်သွားလမ်း ဂွေထော်(Gwi Htau) ဘက်ကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေတဲ့အတွက်…
Read More » -
25 Aprilသတင်း
ဖားကန့်လမ်ပိုင်းမှာ တိုက်ပွဲပြင်းထန် နေပြီး ကျေးရွာ ၆ ရွာက ပြည်သူ ထောင်ချီတိမ်းရှောင်
ကချင်ပြည်နယ် ဖားကန့်ဒေသဘက်ကို စစ်ကောင်စီတပ်အင်အားထောင်ချီ စစ်ကြောင်းထိုးတက်လာတဲ့အတွက် ဖားကန့်လမ်းပေါ် မအူပင်မှာ တိုက်ပွဲပြင်းထန်နေပြီး ကျေးရွာ ၆ ရွာက ဒေသခံပြည်သူတစ်ထောင်ဝန်းကျင်ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ ကားမိုင်းလမ်းနဲ့ အင်းတော်ကြီးဒေသ ဂွေခါလမ်းနှစ်ခုကနေ ဖားကန့်ဒေသဘက်ကိုဦးတည်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် လက်ရှိမှာ နန့်ယား၊…
Read More » -
Dec- 2024 -11 Decemberသတင်း
ဗန်းမော်မြို့နဲ့မံစီမြို့အနီး တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်က လေကြောင်းအကူနဲ့ရိက္ခာချပေးနေ
ကချင်ပြည်နယ် ဗန်းမော်မြို့နဲ့မံစီမြို့နီးမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်က လေကြောင်းအကူနဲ့ရိက္ခာချ ပေးနေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ စတင်လာတဲ့ ဗန်းမော်မြို့နဲ့မံစီမြို့အနီးတိုက်ပွဲ တစ်ပတ်ကြာလာချိန် KIA ပူးပေါင်းတပ်က ဗန်းမော်မြို့တွင်း ရဲစခန်း၊ထွေအုပ်ရုံး၊နည်းပညာတက္ကသိုလ်၊စာသင်ကျောင်းနေရာတွေ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဗန်းမော်မြို့နဲ့မံစီမြို့အကြား ရှိတဲ့ ကာကင်းစခန်း ၇ ခုကို ရှင်းလင်းထားနိုင်ပြီ ဖြစ်ပါတယ်။ လက်ရှိ ဗန်းမော်မြို့တက္ကသိုလ်ကျောင်းနေရာမှာ တပ်စွဲထားတဲ့ စစ်တပ်၊ မြို့ပြင်တပ် ခလရ ၄၇နဲ့ မံစီမြို့စောင့်တပ် ခမရ ၆၀၁၊ ၃၁၉ တပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေသလို KIA ပူးပေါင်းတပ်က ဒီတပ်အားလုံးကို ပိတ်ဆို့တိုက် ခိုက်နေတာကြောင့် စစ်တပ်ဘက်က မနေ့ညစပြီး လေကြောင်းအကူနဲ့ရိက္ခာစပို့ပေးနေတယ်လို့ KIA ရှေ့တန်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “ဗန်းမော်ရယ် မံစီရယ် ၂ ဘက်အညှပ်ခံထားရတော့ ထွက်ပေါက်မရှိတော့ဘူး လက်နက်ချချင်ချ မချရင် သေဖို့ပဲရှိပါတယ်။ မနေ့ညက Y8 နဲ့ အကြာကြီးဝဲပြီးလေထီးနဲ့ချတာဟုတ်တယ် တခါချရင် အထုပ်တွေ တော်တော်များတယ် ”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ တိုက်ပွဲအနီးတစ်ဝိုက် ဒီဇင်ဘာလ ၁၀ ရက်ည Y8 လေယာဉ်အမျိုးအစားနဲ့ ၃ ကြိမ်၊ဂျက်လေယာဉ်နဲ့ ၂ ကြိမ်တိတိ လေထီးနဲ့ရိက္ခာချသွားတယ်လို့ သူကဆက်ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်က လေကြောင်းနဲ့ပြင်းပြင်းထန်ထန်ခုခံနေပေမယ့် ကာကွယ်ရေးတပ်ဘက်ကလည်း အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဒီဇင်ဘာလ ၁၀ ရက်ည မံစီမြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၆၀၁ ၊ ၃၁၉ တပ်ထဲဝင်ရောက်နိုင်ပြီဖြစ်တယ်လို့ သိရပေမယ့် အသေးစိတ် ဆက်စုံစမ်းနေဆဲဖြစ်ပါတယ်။ ခမရ ၆၀၁၊ ၃၁၉ ဟာ မံစီမြို့နဲ့ ၄ မိုင်ဝန်းကျင်အကွာမှာရှိပြီး တစ်ဆက်တည်းရှိတဲ့ တပ်ရင်းဌာနချုပ်ဖြစ်သလို အင်အား ၂၀၀ ခန့်ရှိတယ်လို့လည်း ခန့်မှန်းထားကြပြီး မံစီတိုက်ပွဲမှာ တော်လှန်ရေးဘက်က ၂၀ ဝန်းကျင် အကျအဆုံးရှိသလို စစ်တပ်ဘက်ကလည်း အကျအဆုံးများတယ်လို့ ဆိုပါတယ်။ အလားတူ ဗန်းမော်မြို့တွင်းမှာလည်း တိုက်ပွဲပြင်းထန်နေပြီး ဗန်းမော်တက္ကသိုလ်ကျောင်း၊ မြို့ပြင်တပ် ခလရ ၄၇ မှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာ ခုဆိုရင် ၈ ရက်တိတိရှိလာပြီး စစ်တပ်ဘက်က ဒီဇင်ဘာလ ၁၀ ရက် မနေ့ညမှာ ဗန်းမော်မြို့နဲ့မံစီမြို့အနီးတစ်ဝိုက် လေကြောင်းဖြင့် ၅ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KIA ရှေ့တန်းသတင်း ရင်းမြစ်ကပြောပါတယ်။ ဗန်းမော်မြို့နယ်ဟာ ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်သလို အရှေ့မှအနောက်သို့ ၃၃ မိုင်၊ တောင်မှမြောက် ၅၅ မိုင်ရှည်လျားပြီး ၇၅၉.၀၁ စတုရန်းမိုင်ကျယ်ဝန်းကာ ဗန်းမော်မြို့နယ်ကို ရပ်ကွက် ၁၆ ခု၊ ကျေးရွာအုပ်စု ၄၁ စု၊ ကျေးရွာပေါင်း ၇၁ ရွာနဲ့ ဖွဲ့စည်းထားပြီး လူဦးရေ ၁၁၀,၀၀၀ (တစ်သိန်းတစ်သောင်း) ခန့် နေထိုင်ပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့စတင်လာတဲ့ တိုက်ပွဲကြောင့် အိမ်စောင့်ကလွှဲပြီး မြို့ခံပြည်သူအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြသလို မြို့အနိီးဝန်းကျင်ရွာပေါင်း ၁၀ ခန့်မှ လူဦးရေ သောင်းဂဏာန်းထွက် ပြေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။ “ခုမြို့ထဲမှာတော့ အိမ်စောင့်လောက်ပဲကျန်တယ် အားလုံးက ထွက်ပြေးနေကြပြီ။ မန်းလေး၊မြစ်ကြီးနားဘက်ပြေးတဲ့…
Read More » -
6 Decemberသတင်း
ဗန်းမော်၊ မံစီ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ကလေကြောင်းနဲ့အပြင်းအထန်ခုခံနေ
“လေယာဉ်လာတာတော့ ၅ ရက်နေ့ကနေ လေယာဥ်စလာတယ် ဗုံးချသံလည်း ကြားရတယ် စုစုပေါင်း ၁၅ ကြိမ်အထက်တော့ လာသွားပြီ မံစီနဲ့ဗန်းမော် လှည့်ပတ်ချနေတယ်”လို့ပြောပါတယ်။
Read More » -
Nov- 2024 -25 Novemberသတင်း
ဟုမ္မလင်းနယ် နတ်မော်ကျေးရွာမှာ တိုက်ပွဲပြင်းထန်နေ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နတ်မော်ကျေးရွာမှာ SNA စစ်ကောင်စီပူးပေါင်းတပ်နဲ့ ဟုမ္မလင်း PDF တပ်ပေါင်းစုကြား တိုက်ပွဲပြင်းထန်နေတယ်လို့ နတ်မော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာအနီးမှာရှိတဲ့ နတ်မော်ကျေးရွာမှာ နိုဝင်ဘာ ၂၂ ရက်နေ့မွန်းလွဲပိုင်းကနေစပြီး ဒီနေ့ထိတိုက်ပွဲပြင်းထန်နေဆဲပဲလို့ နတ်မော်ကျေးရွာနေ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “အသံတွေကတော့ တဒုန်းဒုန်း တဒိုင်းဒိုင်းကြားနေရတာ အခုအထိပဲ ညလည်းမရပ်ဘူးတစ်ညလုံးပစ်နေကြတာ အဲ့မှာရှမ်းနီတပ်တွေနဲ့ စစ်ကောင်စီတပ်ပေါင်းထိုင်တာရှိတယ်။ ကာကွယ်ရေးတပ်တွေက အဲ့စခန်းကိုဝင်သိမ်းနေတာလို့ သိရတယ်။ အခုထိတော့မရသေးဘူး ပစ်နေကြတုန်း”လို့ ပြောပါတယ်။ နတ်မော်ကျေးရွာမှာ SNA နဲ့စစ်ကောင်စီတပ်ပူးပေါင်းအင်အား ၅၀ ထက်မနည်းတပ်ထိုင်တာလို့သိရပြီး ကာကွယ်ရေးတွေဘက်က ထိုးစစ်ဆင်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာ ၃ ရက်ရှိလာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့ မွန်းလွဲပိုင်းအထိ တိုက်ပွဲပြင်းထန်နေတဲ့နေရာကို နတ်မော်ကျေးရွာအနီးဝန်ကျင်နဲ့ နောင်တံတားကျေးရွာအနီး စစ်တပ်ဘက်က လေကြောင်းနဲ့ သုံးကြိမ်တိတိဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ “ဒီနေ့က လေယာဥ်နဲ့ ၃ ကြိမ်လာကြဲတယ်။ တိုက်ပွဲကတော့ ပြင်းထန်နေသေးတယ် ထိခိုက်တာတော့ရှိမှာပဲ ဒီလောက်ကြဲနေတာ ဖုန်းလိုင်းမကောင်းလို့ အသေးစိတ်မသိရသေးဘူး”လို့ ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နတ်မော်၊ နောင်တံတားကျေးရွာနဲ့အနီးဝန်းကျင် ကျေးရွာနေပြည်သူတွေဟာ တောတောင်တွေ နိုဝင်ဘာလ ၂၃ ရက်နေ့စပြီး တောတောင်ထဲတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ နတ်မော်ကျေးရွာဟာ နောင်ပိုအောင်ကျေးရွာနဲ့ သုံးမိုင်ခန့်သာကွာဝေးပြီး နောင်ပိုအောင်ကျေးရွာကတော့ ဟုမ္မလင်းနယ်မှာ ရှမ်းနီတပ်တွေအများဆုံးတပ်ထိုင်ထားတဲ့ ကျေးရွာဖြစ်ပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲက တော်လှန်ရေးတပ်ပေါင်းစုတွေအနေနဲ့ ဟုမ္မလင်းအရှေ့ခြမ်းဘက် ရွှေပြည်အေးမြို့၊ လွှစင်ကုန်းကျေးရွာနဲ့အခြားကျေးရွာပေါင်းငါးရွာခန့်ကိုသိမ်းပိုက်ထားပြီလို့သိရပြီးဟုမ္မလင်းအနောက်ခြမ်း ဖောင်းပြင်နယ်တကြောက ကျေးရွာအများအပြားကိုလည်းသိမ်းပိုက်ထားပြီလို့သိရပါတယ်။ By – Zaw Zaw
Read More »









