ထိခိုက်ဒဏ်ရာ

  • May- 2024 -
    27 May
    သတင်း

    KIA လွတ်ပေးလိုက်တဲ့ တပ်မိသားစုတွေ စီးနင်းလာတဲ့ ယာဉ်တန်းတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုများ

    ဝိုင်းမော်မြို့ရဲ့ မြို့စောင့်တပ်ဖြစ်တဲ့  ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကနေ KIA တပ်တွေ ဖမ်းဆီးရမိထားတဲ့ တပ်မိသားစုဝင်တွေနဲ့ သစ်သျှူးငှက်ပျောလုပ်သားတွေအပါ စီးနင်းလာတဲ့ယာဉ်တန်း ဝိုင်းမော်မြို့အဝင် ခတ်ချိုကျေးရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခံရတာကြောင့် ထိခိုက်သေဆုံးမှုများတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA…

    Read More »
  • 23 May
    သတင်း

    ဝိုင်းမော် ခတ်ချိုလက်နက်ကြီးကျလို့ ထိခိုက်ဒဏ်ရာရတဲ့ထဲက အမျိုးသမီးတစ်ယောက်ထပ်မံသေဆုံး

    ဝိုင်းမော်မြို့နယ် ခတ်ချိုရွာ ကွက်သစ်ရပ်ကွက်မှာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရတဲ့ထဲက အမျိုးသမီးတစ်ယောက် ဆေးကုသမှုခံယူရင်း ဒီကနေ့ပဲသေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲ့ဒီလက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ဖြစ်စဥ်မှာ ကလေးငယ် ၂ ယောက်အပါအဝင် အရပ်သား ၆ ယောက်ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပြီးတော့ ၁၁ ယောက်ကထိခိုက်ဒဏ်ရာရခဲ့ရာ ဆေးကုသမှုခံယူနေရင်းသေဆုံးသွားတာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “ဒီနေ့တစ်ယောက်ဆုံးတယ် အဲ့ဒီဒဏ်ရာရတဲ့သူထဲကတစ်ယောက်ဆုံးတာ အမျိုးသမီးဟုတ်တယ်။ မနက်ဖြန်မှ သင်္ဂြိုဟ်မယ်“လို့ပြောပါတယ်။ သေဆုံးခဲ့သူအမျိုးသမီးဟာ အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်ပြီးတော့ ဝမ်းဗိုက်မှာဒဏ်ရာရရာကနေ ၃ ရက်အကြာ ဆေးကုသမှုခံယူရင်းသေဆုံးခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ ကစတင်ပြီးတော့ တိုက်ပွဲတွေပြင်းထန်ခဲ့ရာကနေ စစ်ကောင်စီတပ်ဘက်က မြစ်ကြီးနားမြို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်နေတာလို့ ဒေသခံတွေကဆိုပါတယ်။ ဒါ့အပြင် ဒီကနေ့မနက်ပိုင်းမှာဆိုရင်လည်း စစ်ကောင်စီကလေကြောင်းကနေ ရမ်းသမ်းပစ်ခတ်ခဲ့တာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။ “ဒီနေ့မနက် လေယာဥ်နဲ့ပစ်တော့ ရွှေညောင်ပင်ပန်းကုန်းက ကျောင်းဓမ္မာရုံကိုသွားထိတယ် နည်းနည်းထိ သွားတာပေါ့ ဒီမနက်က ၅ နာရီလောက်ကနေ လေယာဥ်ကဝဲနေတာ စောင့်ကြည့်နေတာပေါ့အခုပုံစံက တော့”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ တစ်ဖက်မှာတော့ အခုလိုနှစ်ဖက်တိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ ဒီနေ့အထိ ဝိုင်းမော်မြို့ပေါ်ကဒေသခံ တွေရော ကျေးရွာပေါင်း ၂၀ကျော်ကဒေသခံ သောင်းနဲ့ချီဘေးလွှတ်ရာကိုထွက်ပြေးနေကြတယ်လို့ ဒေသခံ တွေကပြောပါတယ်။ ခတ်ချိရွာမှာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က တိုက်ပွဲစဖြစ်တဲ့နေကနေ ဒီနေ့အထိ လက်နက်ကြီး နှစ်ကြိမ်တိုင်တိုင် ကျရောက်ပေါက်ကွဲခဲ့ပြီးတော့ အရပ်သား ၇ ယောက်သေဆုံးခဲ့ပြီဖြစ်သလို ၁၄ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဒေသခံတွေပြောဆိုချက်အရ ခတ်ချိုကျေးရွာရဲ့ မျက်နှာချင်းဆိုင် ဧရာဝတီမြစ်တစ်ကမ်း ဇီးကျွန်းမှာ စစ်တပ်က လက်နက်ကြီးထောင်ထားပြီး အဲဒီကနေ ပစ်ခတ်နေတော့ ခတ်ချိုရွာရဲ့နောက်ကျောမှာရှိတဲ့ ကွက်သစ်ရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲနေတာလည်းဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 10 May
    သတင်း

    စီအင်ရွာလက်နက်ကြီးကျပေါက်ကွဲလို့ ဒေသခံအမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိ

    ဗန်းမော်ခရိုင် မိုးမောက်မြို့ စီအင်ကျေးရွာမှာလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံအမျိုးသားတစ်ဦးကျည်ထိမှန်သေဆုံးပြီး နောက်ထပ်အမျိုးသားတစ်ဦးဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလ ၇ ရက်နေ့ကစပြီး မိုးမောက်၊ မံစီ မြို့နယ်တွေမှာ ပြင်းထန်လာတဲ့တိုက်ပွဲကြောင့်  ဒေသခံပြည်သူအများပိုင်း ဗန်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပေမယ့်  တစ်ချို့ အိမ်စောင့်အဖြစ်ကျန်နေခဲ့ကြရာ မေလ ၈ ရက်ညနေ ၉ နာရီဝန်းကျင် စီအင်ရွာဘက် လက်နက်ကြီးအဆက်မပြတ်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူနေအိမ်ထိခိုက်ပျက်စီးတာအပြင် သေဆုံးတာတွေလည်းရှိခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။ “ကျွန်မတို့ အိမ်လည်းလောင်၊ ဆိုင်တွေလည်း လောင်သွားပြီ၊ ဘာမှမကျန်တော့ဘူး၊ ရွာမှာကျန်ခဲ့တဲ့သူတွေပြောတာ လက်နက်ကြီးတွေ ဒရုန်းတွေက မိုးရွာချသလို ကျတာတဲ့၊ လက်နက်ကြီးထိပြီးတော့ တစ်ယောက်ဆုံးပြီး တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်ရသွားတယ်”လို့ပြောပါတယ်။ ကျည်ထိမှန်သေဆုံးတဲ့သူကို ရွာမှာသဂြိုလ်ခဲ့ကြပြီး ဒဏ်ရာရရှိခဲ့တဲ့သူကိုတော့ မေလ ၉ ရက်နေ့ မနက် ၆ နာရီခန့်လောက်မှာ သွားခေါ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မိုးမောက်မြို့တွင်း ဒေသခံပြည်သူအားလုံးနီးပါး ထွက်လာခဲ့ကြပေမဲ့ အသက်ကြီးသူတစ်ချို့နဲ့မသန်စွမ်းတစ်ချို့ ကျန်နေခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။ “အခုထိရွာထဲမှာ ကျန်နေတဲ့သူတွေရှိတယ်၊ အသက်ကြီးပြီး သေမထူးနေမထူးဆိုပြီး နေခဲ့ကြတယ်၊ ခန့်မှန်းခြေ ကျွန်မတို့ရွာအပိုင်းမှာ ဆိုရင် ၆ ယောက်လောက်တော့ရှိမယ်ထင်တယ်”လို့ စီအင်ရွာကနေ ထွက်ပြေးလာတဲ့ ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။ ဒ့ါအပြင် မေလ ၈ ရက်နေ့ မှာလည်း စီအင် ၅မိုင် ဂိတ်အနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ညောင်ပင်အောက်မှာရှိနေတဲ့ နွား ၁၀ ကောင်ထက်မနည်း သေဆုံးသွားတဲ့အပြင် စီဟဲကျေးရွာမှာလည်း လက်နက်ကြီးကျရောာက်ပေါက်ကွဲတာရှိတယ်လို့ သိရပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ မေလ ၇ ရက်နေ့ မြို့သစ်ဆေးရုံ၊ မံစီ ဆေးရုံတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် သူနာပြုဆရာမတစ်ယောက် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူတွေလည်း အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။ ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီမြို့မှာ မြို့တွင်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA ပူးပေါင်းတပ်ဘက်က မြို့တွင်းနေရာတွေကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် စစ်တပ်စခန်းတစ်ချို့ကို သိမ်းပိုက်နိုင်ဖို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ မိုးမောက်မြို့တွင်းတိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က မြို့တွင်းရပ်ကွက်ထဲနေရာယူတပ်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို မေလ ၈ ရက်နေ့ကတည်းက ရှင်းလင်းလိုက်နိုင်ခဲ့ပြီး လက်ရှိမှာ မြို့တွင်းတပ်ဖြစ်တဲ့ ခမရ ၄၃၇ တပ်ရင်းမှာ စစ်ကောင်စီတပ်သားတွေကျန်ရှိနေသေးတာကြောင့် တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ By – Bu Bu

    Read More »
  • Apr- 2024 -
    26 April
    သတင်း

    နမ့်ဖတ်ကာမှာ မိုင်း၊ ဗုံးရှင်းလင်းရေးလုပ်ရင်း မတော်တဆပေါက်ကွဲမှုကြောင့် KIA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံး

    ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ စစ်လက်နက်ကျန်ဖြစ်တဲ့ မိုင်း၊ ဗုံးရှင်းလင်းနေရင်း မတော်တဆဗုံးပေါက်ကွဲလို့ KIA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတွေဆီကနေ သိရပါတယ်။ ဧပြီလ ၂၄ ရက် မနေ့ ညနေ ၃ နာရီဝန်းကျင် နမ့်ဖတ်ကာကျေးရွာ သာယာကုန်းဘက် စစ်လက်နက်ကျန် မိုင်း၊ ဗုံးတွေကိုရှင်းလင်းပြီး ဗုံးတွေကိုယမ်းမှုန့်ထုတ်လိုက်ဖို့ ပြင်ဆင်နေချိန် ပေါက်ကွဲတာဖြစ်တယ်လို့  ဒေသခံတစ်ဦးက ကချင်တတင်းဌာန KNG ကို ပြောပါတယ်။ “ညနေ ၂း၅၆ မိနစ်မှာဖြစ်သွားတယ်။ အခုဖြစ်တာက ဒီလက်နက်ကျန်ပစ္စည်းဗုံးတွေကို ယမ်းမှုန့်ထုတ်လိုက်ပြီး မြေမြုပ်လိုက်ဖို့ လုပ်ထားတာ မထိဖို့မကိုင်ကြဖို့လည်း ပြောထားပြီသားဖြစ်တယ်။မထင်မှတ်ပဲ ရိုက်မိထုမိလိုက်တာ ဗုံးကပေါက်ကွဲတာတော့ အဲ့မှာ တစ်ယောက်က ပွဲချင်းပြီး သေသွားတယ်။ ကျန် ၂ ယောက်က တော်တော်ဆိုးတယ် ဆေးရုံမှာတင်ထားတယ်”လို့ နမ့်ဖတ်ကာရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ နမ့်ဖတ်ကာကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကနေ ဒေသခံပြည်သူတွေ ဗုံး၊ မိုင်းအန္တရယ်မကျရောက်အောင်မိုင်းရှင်းလင်းပေးနေတာလည်းဖြစ်ပါတယ်။ ဗုံးပေါက်ကွဲချိန် KIA တပ်ဖွဲ့ဝင် ၁ ဦးကတော့ နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ကျန် ၂ ဦးကတော့ ထိခိုက်မှုဒဏ်ရာပြင်းထန်ပြီး လက်ရှိ နမ့်ဖတ်ကာဆေးရုံတင်ထားရတယ်လို့ ဆက်လက်သိရပါတယ်။ ဗုံးအမျိုးအစားကတော့ ဘာအမျိုးအစားဆိုတာမသိရှိရဘူးလို့ သူကပြောပါတယ်။ “ယူထားပြီးသား၊ ထားထားပြီးသား ဗုံးကို ကိုင်မိထုမိသွားတာပေါ့။ ဘာဗုံးအမျိုးအစားလဲဆိုတော့ ကောင်းကောင်းတော့မသိဘူး။ ပြီးခဲ့တဲ့ ရက်ကလည်း ရွာသားတရုတ်အမျိုးသားတစ်ဦးက သူ့ဘာသာသူ မိုင်းကျန်ယူဆော့ရင်း ပေါက်ကွဲလို့ သေဆုံးမှုဖြစ်သွားသေးတယ်”ဟု သူကဆက်ပြောပါတယ်။ နမ့်ဖတ်ကာကျေးရွာမှာ စစ်ကောင်စီတပ်ချခဲ့တဲ့ ခလရ ၁၂၃ စခန်း အနီးပတ်ဝန်းကျင် စစ်လက်နက်ကျန်ပစ္စည်းတွေ၊ မိုင်း၊ဗုံးတွေကြောင့် အိမ်မွေးတိရစ္ဆာန်တွေ ပုံမှန်နင်းမိ ပေါက်ကွဲတာတွေရှိတယ်လို့ ဒေသခံတွေ ပြောပါတယ်။ နမ့်ဖတ်ကာတိုက်ပွဲအပြီး KIA တပ်ဖွဲ့ဝင်တွေဘက်က မိုင်းရှင်းလင်းရေးလုပ်ငန်းတွေလုပ်နေဆဲလည်း ဖြစ်ပါတယ်။ ကွတ်ခိုင်မြို့နယ်မှာ စစ်လက်နက်ပစ္စည်းများကြောင့် ဒေသခံများ မိုင်နင်းမိပြီး ထိခိုက်သေဆုံးတာတွေ ပုံမှန်ဖြစ်နေတာဖြစ်ပါတယ်။…

    Read More »
  • Oct- 2023 -
    21 October
    သတင်း

    KIA တပ်မဟာ ၆ လေကြောင်းနဲ့တိုက်ခိုက်ခံရသဖြင့် အရာရှိအပါအဝင် ၅ ဦးသေဆုံး

    ရှမ်းမြောက် မူဆယ်မြို့နယ် တီးမားကျေးရွာအနီးက KIA တပ်မဟာ ၆ ကို စစ်တပ်က ဂျတ်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် KIA  အရာရှိအပါအဝင် ၅ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ အောက်တို ၁၉ ရက်နေ့က မုံးပေါ်နဲ့ မုံးကိုးကြားက ဝိန်းလားတောင်မှာ အထိုင်ချနေတဲ့ စစ်တပ်ရဲ့ အချက်အချာကျ…

    Read More »
Back to top button