သတင်း

နမ့်ဖတ်ကာမှာ မိုင်း၊ ဗုံးရှင်းလင်းရေးလုပ်ရင်း မတော်တဆပေါက်ကွဲမှုကြောင့် KIA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံး

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ စစ်လက်နက်ကျန်ဖြစ်တဲ့ မိုင်း၊ ဗုံးရှင်းလင်းနေရင်း မတော်တဆဗုံးပေါက်ကွဲလို့ KIA တပ်ဖွဲ့ဝင်  ဦးသေဆုံးပြီး  ဦးထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတွေဆီကနေ သိရပါတယ်။

ဧပြီလ ၂၄ ရက် မနေ့ ညနေ  နာရီဝန်းကျင် နမ့်ဖတ်ကာကျေးရွာ သာယာကုန်းဘက် စစ်လက်နက်ကျန် မိုင်း၊ ဗုံးတွေကိုရှင်းလင်းပြီး ဗုံးတွေကိုယမ်းမှုန့်ထုတ်လိုက်ဖို့ ပြင်ဆင်နေချိန် ပေါက်ကွဲတာဖြစ်တယ်လို့  ဒေသခံတစ်ဦးက ကချင်တတင်းဌာန KNG ကို ပြောပါတယ်။

ညနေ ၂း၅၆ မိနစ်မှာဖြစ်သွားတယ်။ အခုဖြစ်တာက ဒီလက်နက်ကျန်ပစ္စည်းဗုံးတွေကို ယမ်းမှုန့်ထုတ်လိုက်ပြီး မြေမြုပ်လိုက်ဖို့ လုပ်ထားတာ မထိဖို့မကိုင်ကြဖို့လည်း ပြောထားပြီသားဖြစ်တယ်။မထင်မှတ်ပဲ ရိုက်မိထုမိလိုက်တာ ဗုံးကပေါက်ကွဲတာတော့ အဲ့မှာ တစ်ယောက်က ပွဲချင်းပြီး သေသွားတယ်။ ကျန်  ယောက်က တော်တော်ဆိုးတယ် ဆေးရုံမှာတင်ထားတယ်လို့ နမ့်ဖတ်ကာရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

နမ့်ဖတ်ကာကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကနေ ဒေသခံပြည်သူတွေ ဗုံး၊ မိုင်းအန္တရယ်မကျရောက်အောင်မိုင်းရှင်းလင်းပေးနေတာလည်းဖြစ်ပါတယ်။

ဗုံးပေါက်ကွဲချိန် KIA တပ်ဖွဲ့ဝင်  ဦးကတော့ နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ကျန်  ဦးကတော့ ထိခိုက်မှုဒဏ်ရာပြင်းထန်ပြီး လက်ရှိ နမ့်ဖတ်ကာဆေးရုံတင်ထားရတယ်လို့ ဆက်လက်သိရပါတယ်။

ဗုံးအမျိုးအစားကတော့ ဘာအမျိုးအစားဆိုတာမသိရှိရဘူးလို့ သူကပြောပါတယ်။

ယူထားပြီးသား၊ ထားထားပြီးသား ဗုံးကို ကိုင်မိထုမိသွားတာပေါ့။ ဘာဗုံးအမျိုးအစားလဲဆိုတော့ ကောင်းကောင်းတော့မသိဘူး။ ပြီးခဲ့တဲ့ ရက်ကလည်း ရွာသားတရုတ်အမျိုးသားတစ်ဦးက သူ့ဘာသာသူ မိုင်းကျန်ယူဆော့ရင်း ပေါက်ကွဲလို့ သေဆုံးမှုဖြစ်သွားသေးတယ်ဟု သူကဆက်ပြောပါတယ်။

နမ့်ဖတ်ကာကျေးရွာမှာ စစ်ကောင်စီတပ်ချခဲ့တဲ့ ခလရ ၁၂၃ စခန်း အနီးပတ်ဝန်းကျင် စစ်လက်နက်ကျန်ပစ္စည်းတွေ၊ မိုင်း၊ဗုံးတွေကြောင့် အိမ်မွေးတိရစ္ဆာန်တွေ ပုံမှန်နင်းမိ ပေါက်ကွဲတာတွေရှိတယ်လို့ ဒေသခံတွေ ပြောပါတယ်။

နမ့်ဖတ်ကာတိုက်ပွဲအပြီး KIA တပ်ဖွဲ့ဝင်တွေဘက်က မိုင်းရှင်းလင်းရေးလုပ်ငန်းတွေလုပ်နေဆဲလည်း ဖြစ်ပါတယ်။

ကွတ်ခိုင်မြို့နယ်မှာ စစ်လက်နက်ပစ္စည်းများကြောင့် ဒေသခံများ မိုင်နင်းမိပြီး ထိခိုက်သေဆုံးတာတွေ ပုံမှန်ဖြစ်နေတာဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button