လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဝိုင်းမော် ခတ်ချိုလက်နက်ကြီးကျလို့ ထိခိုက်ဒဏ်ရာရတဲ့ထဲက အမျိုးသမီးတစ်ယောက်ထပ်မံသေဆုံး

ဝိုင်းမော်မြို့နယ် ခတ်ချိုရွာ ကွက်သစ်ရပ်ကွက်မှာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရတဲ့ထဲက အမျိုးသမီးတစ်ယောက် ဆေးကုသမှုခံယူရင်း ဒီကနေ့ပဲသေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အဲ့ဒီလက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ဖြစ်စဥ်မှာ ကလေးငယ်  ယောက်အပါအဝင် အရပ်သား  ယောက်ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပြီးတော့ ၁၁ ယောက်ကထိခိုက်ဒဏ်ရာရခဲ့ရာ ဆေးကုသမှုခံယူနေရင်းသေဆုံးသွားတာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

ဒီနေ့တစ်ယောက်ဆုံးတယ် အဲ့ဒီဒဏ်ရာရတဲ့သူထဲကတစ်ယောက်ဆုံးတာ အမျိုးသမီးဟုတ်တယ်။ မနက်ဖြန်မှ သင်္ဂြိုဟ်မယ်လို့ပြောပါတယ်။

သေဆုံးခဲ့သူအမျိုးသမီးဟာ အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်ပြီးတော့ ဝမ်းဗိုက်မှာဒဏ်ရာရရာကနေ  ရက်အကြာ ဆေးကုသမှုခံယူရင်းသေဆုံးခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ ကစတင်ပြီးတော့ တိုက်ပွဲတွေပြင်းထန်ခဲ့ရာကနေ စစ်ကောင်စီတပ်ဘက်က မြစ်ကြီးနားမြို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်နေတာလို့ ဒေသခံတွေကဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့မနက်ပိုင်းမှာဆိုရင်လည်း စစ်ကောင်စီကလေကြောင်းကနေ ရမ်းသမ်းပစ်ခတ်ခဲ့တာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။

ဒီနေ့မနက် လေယာဥ်နဲ့ပစ်တော့ ရွှေညောင်ပင်ပန်းကုန်းက ကျောင်းဓမ္မာရုံကိုသွားထိတယ် နည်းနည်းထိ သွားတာပေါ့ ဒီမနက်က  နာရီလောက်ကနေ လေယာဥ်ကဝဲနေတာ စောင့်ကြည့်နေတာပေါ့အခုပုံစံက တော့လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

တစ်ဖက်မှာတော့ အခုလိုနှစ်ဖက်တိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ ဒီနေ့အထိ ဝိုင်းမော်မြို့ပေါ်ကဒေသခံ တွေရော ကျေးရွာပေါင်း ၂၀ကျော်ကဒေသခံ သောင်းနဲ့ချီဘေးလွှတ်ရာကိုထွက်ပြေးနေကြတယ်လို့ ဒေသခံ တွေကပြောပါတယ်။

ခတ်ချိရွာမှာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က တိုက်ပွဲစဖြစ်တဲ့နေကနေ ဒီနေ့အထိ လက်နက်ကြီး နှစ်ကြိမ်တိုင်တိုင် ကျရောက်ပေါက်ကွဲခဲ့ပြီးတော့ အရပ်သား  ယောက်သေဆုံးခဲ့ပြီဖြစ်သလို ၁၄ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ဒေသခံတွေပြောဆိုချက်အရ ခတ်ချိုကျေးရွာရဲ့ မျက်နှာချင်းဆိုင် ဧရာဝတီမြစ်တစ်ကမ်း ဇီးကျွန်းမှာ စစ်တပ်က လက်နက်ကြီးထောင်ထားပြီး အဲဒီကနေ ပစ်ခတ်နေတော့ ခတ်ချိုရွာရဲ့နောက်ကျောမှာရှိတဲ့ ကွက်သစ်ရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲနေတာလည်းဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button