ထိခိုက်ပျက်စီး
-
Oct- 2025 -6 Octoberသတင်း
နမ္မတူမြို့ကို စစ်တပ်က ဒုတိယအကြိမ်လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ နေအိမ် ၅ လုံးထိခိုက်ပျက်စီး
ရှမ်းမြောက် နမ္မတူမြို့ကို စစ်တပ်က လေကြောင်းနဲ့ထပ်မံဗုံးကြဲလို့ လူနေအိမ် ၅ လုံးပျက်စီးသွားပြီး မှန်လုံကား ၂ စီးပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တအာင်းလွတ်မြောက်ရေးအဖွဲ့ PSLF/TNLA ထိန်းချူပ်ထားတဲ့ နမ္မတူမြို့၊ ပန်ဟိုက်ရပ်ကွက် ( ၂ ) စျေးအနောက်ဘက်ကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၆ ရက်နေ့ ဒီနေ့မနက် ၇ နာရီဝန်းကျင်မှာ လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာဖြစ်တယ်လို့ နမ္မတူဒေသခံတစ်ဦးက အခုလို ပြောပါတယ်။ “နမ္မတူမီးသတ်ရုံးရှေ့က အိမ်တွေဟုတ်တယ်။ လူတွေတော့ ထိခိုက်တာမရှိဘူး။ ဟိုနေ့က ဗုံးလာကြဲကတည်းက အိမ်ရှင်တွေက အားလုံးရှောင်ကုန်တာကြောင့် လူထိခိုက်မှုတော့ မရှိဘူး အိမ်က ၅ လုံးထိတယ်။ လုံး၀ ရစရာမရှိ ဖြစ်သွားတာက ၃ အိမ်ဟုတ်တယ်။ မှန်လုံကား ၂ စီးထိတယ်။” လို့ နမ္မတူဒေသခံအမျိုးသားတစ်ဦး KNG ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ နမ္မတူမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာလည်း လေကြောင်းနဲ့ဗုံးကြဲခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ပြီး တစ်လကျော်အကြာ ဒီနေ့မနက်မှာ ဒုတိယအကြိမ် နမ္မတူမြို့ကိုထပ်မံလေကြောင်းဗုံးကြဲတာဖြစ်ပါတယ်။ ခုလို စစ်တပ်လေကြောင်းဗုံးကြဲမှုကြောင့် နမ္မတူမြို့ ဒေသခံပြည်သူတချို့လည်း အောက်တိုဘာလကစပြီး တိမ်းရှောင်သူတွေရှိသလို ဒီနေ့မနက် ဒုတိယအကြိမ် ထပ်မံဗုံးကြဲခံရပြီးနောက် လက်ရှိ နမ္မတူမြို့က ဘာသာရေးအဖွဲ့စည်းတွေအပါအဝင် ပြည်သူအများပိုင်းတိမ်းရှောင်ဖို့ရန် ပြင်ဆင်နေပြီလို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ၁ ရက်နေ့က စပြီး ကျောက်မဲမြို့ကို TNLA လက်ထဲကနေ အပြီးပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နမ္မတူမြို့ ၊ မန်တုံမြို့ ၊ နမ့်ဆန်မြို့ကိုတွေလည်း ဖိအားပေးတဲ့ပုံစံနဲ့ ချက်ချင်းဗုံးကြဲတိုက်ခိုက်လာတာဖြစ်ပါတယ်။ “စစ်တပ်က TNLA ကို နမ္မတူ၊ မန်တုံမြို့တွေအထိ ဖယ်ပေးဖို့ ပြောထားခဲ့တာဟုတ်တယ်။ သူတို့နေနေသရွေ့ ဘယ်မှာဖြစ်ဖြစ် ဗုံးကြဲနေမှာပဲဖြစ်တာကြောင့် အခုအခြေအနေအရဆို စစ်တပ်က ဆက်တိုက်ဗုံးကြဲဖိအားပေးသွားမဲ့အနေအထားပဲ။ နောင်ချိုပြီးတာနဲ့ သူတို့ညိနှိုင်းခဲ့စဉ်က ကျောက်မဲ၊ သီပေါ၊ နမ္မတူတွေကို ဖယ်ပေးဖို့ နဲ့ PSLF/TNLA အတွက်က မန်တုံနဲ့ နမ့်ဆန်ကို ယူပေါ့။ အဲလိုစစ်တပ်ဘက်က ညှိခဲ့တယ်လို့ သိရတယ်။ အခုက ကျောက်မဲကို စစ်တပ်တိုက်ခိုက်နိုင်ပြီဆိုတော့ ထပ်ဆွေးနွေးစရာမရှိဘူး။ ဒါတွေကိုလည်း သူတို့တိုက်ခိုက်ပြီး အနိုင်ရနိုင်တယ်လို့ ခြိမ်းခြောက်လာတဲ့ အနေအထားဖြစ်တယ်။” လို့ နမ္မတူဒေသခံအမျိုးသားက ဆက်ပြောပါတယ်။ အလားတူ စစ်တပ်က အောက်တိုဘာလ ၄ ရက်နေ့ မနက်မှာလည်း နမ့်ဆန်မြို့ကို လေကြောင်းဗုံးကြဲခဲ့ရာ လူထိခိုက်မှုတော့ မရှိခဲ့ပေမယ့် အောက်တိုဘာလ ၂ ရက်နေ့နဲ့ ၄ ရက်နေ့ သီပေါမြို့ဗုံးကြဲခံရမှုမှာ အရပ်သား ၂ ဦးသေဆုံးမှုရှိခဲ့ပါတယ်။ အဲဒီနောက် အောက်တို ၆ ရက်နေ့ ဒီနေ့မနက်မှာလည်း နမ္မတူမြို့ဗုံးကြဲပြီးနောက် ၆ မိနစ်အကြာမှာပဲ သီပေါမြို့ကိုပါ ထပ်မံလေကြောင်းဗုံးကြဲခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကစပြီး စစ်ကော်မရှင်တပ်တွေဟာ ကျောက်မဲမြို့ကို TNLA လက်ထဲကနေ ပြန်လည်ရယူဖို့ ထိုးစစ်ဆင်ခဲ့ကြတာဖြစ်ပြီး တစ်လကျော်ကြာကာလအတွင်းမှာ ကျောက်မဲမြို့ကို အပြီး သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်တာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုင်းငေါ့နဲ့ မိုးကုတ်တွေကို ပစ်မှတ်ထား ခြိမ်းခြောက်လာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှစ်ဖက်တပ်တွေဟာ တရုတ်ကြားခံမှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဩဂုတ်လနောက်ဆုံးပတ်က စတုတ္တအကြိမ် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြတာဖြစ်ပေမဲ့ သဘောတူညီမှု မရရှိခဲ့ဘူးလို့ သိရပါတယ်။ နှစ်ဖက်လက်နက်ကိုင်တပ်တို့ ၄ ကြိမ်တိတိ တွေ့ဆုံဆွေးနွေးမှုမှာ သဘောတူညီမှုတစ်စုံတစ်ရာမရရှိတဲ့နောက် စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့မြို့တွေကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ကာ ဖိအားပေးနေတာဖြစ်ပြီး ကျောက်မဲ၊ မိုးကုတ်နဲ့ နောင်ချိုဘက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဆက်တိုက်လုပ်နေပါတယ်။ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ဆက်တိုက်မြင့်တက်နေတာလည်း ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Jun- 2025 -7 Juneသတင်း
ယမ်းဂိုဒေါင်နေရာကို စစ်တပ်က ဒရုန်းနဲ့လက်နက်ကြီးပစ်ချလို့ ကလေး ၄ ဦးအပါ အရပ်သား ၉ ဦးသေဆုံး
ဖားကန့် မြို့နယ် လုံးခင်းအုပ်စု ငြိမ်းချမ်းသာယာရပ်ကွက်မှာ စစ်ကောင်စီတပ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက်တဲ့ ဒရုန်းလက်နက်ကြီး ပေါက်ကွဲမှုဖြစ်စဉ်မှာ အရပ်သားပြည်သူ ၉ ဦးသေဆုံးသွားတဲ့အပြင် လူနေအိမ်အများအပြားထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံများဆီက သိရပါတယ်။ ဇွန်လ ၆ ရက်နေ့ ည ၉…
Read More » -
Dec- 2024 -6 Decemberသတင်း
မြစ်ကြီးနားမြို့မှာ နှစ်ရက်ဆက်တိုက်လက်နက်ကြီးကျလို့ အရပ်သားနဲ့နေအိမ်ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့မှာ နှစ်ရက်ဆက်တိုက်လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး မြို့ခံအမျိုးသမီးတစ်ဦးအပါအဝင် လူနေအိမ်၊ ဘုရားကျောင်းဆောင်နဲ့ကားတစ်ချို့ထိခိုက်ပျက်ဆီးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင် မြို့သစ်ကြီးရပ်ကွက်ထဲက အဆောက်အဦး တစ်လုံးထိမှန်ပျက်ဆီးခဲ့ပြီး မနေ့က ဒီဇင်ဘာလ ၅ ရက်နေ့မှာတော့ တပ်ကုန်းရပ်ကွက်အနောက်ဘက်က ရာဒါကောင့် B ရပ်ကွက်တို့မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ မနေ့က ဖြစ်စဥ်မှာတော့ ဒေသခံအမျိုးသမီးတစ်ဦး ဗုံးဆထိမှန်ဒဏ်ရာရခဲ့တယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦး က ပြောပြပါတယ်။ “လက်နက်ကြီးကျတာကတော့ ည ၁၂ နာရီဝန်းကျင်မှာဟုတ်တယ်။ အဲ့ဒီနောက် ၅ မိနစ်အကြာမှာပဲ နောက်ထပ်တစ်လုံးကျတယ်။ ရဝမ်ဒမ်း AG ဘုရားကျောင်းနားက ကားတစ်စီးလည်းထိသွားတယ်။ ပြီးတော့ အိမ်တစ်ချို့ထိသွားတယ်။ အများကြီးပါပဲ။ အုတ်တံတိုင်းထိတာတွေရောပေါ့။ လူတစ်ယောက် ကတော့ ခါးနားနဲ့မျက်စိနားမှာမိုင်းဆနည်းနည်းထိသွားတယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကဖြစ်စဥ်ကတော့ နမ့်ပေါင်လေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရတဲ့အတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ကနေ လက်နက်ကြီးတစ်ချို့ရမ်းသမ်းပစ်ခတ်ခဲ့ရာ မြို့သစ်ကြီးရပ်ကွက် ပါရဂူဆေးခန်းနောက်မှာရှိတဲ့ အဆောက်အဦးတစ်ခုထိမှန်ပျက်ဆီးခဲ့တာလို့မြို့ခံတွေကပြောပါတယ်။ ဒါပေမဲ့ မနေ့ကဖြစ်ပွားခဲ့တဲ့ ရာဒါကောင်း B ရပ်ကွက်ဖြစ်စဥ်မှာတော့ ရုတ်တရက် ပေါက်ကွဲသံနဲ့အတူ နေအိမ်တစ်ချို့ပျက်ဆီးသွားခဲ့တာဖြစ်ပြီး ဘယ်လိုလက်နက်အမျိုးအစားသုံးပြီး ဘယ်အဖွဲ့အစည်းက ပစ်ခတ်လိုက်လဲဆိုတာကိုတော့မသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဗုံးကျရောက်ပေါက်ကွဲခဲ့တဲ့နေရာကိုရောက်ရှိခဲ့သူမြို့ခံတစ်ဦးက “တစ်ခြားတော့ဘာမှမသိရပါဘူး။ ဘယ်လိုဘာညာလည်းမသိဘူး။ ကျနော်လည်းတစ်ခြားမမေးဖြစ်ခဲ့ဘူး။ လက်နက်ကြီးလို့တော့ပြောတာပဲ။ သွားတော့သွားကြည့်တာဟုတ်တယ်။ တော်တော်လေးအခြေနေလည်း ဆိုးနေတယ်။”လို့ပြောပါတယ်။ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ပြီးခဲ့တဲ့ မတ်လကစလို့ စစ်ကောင်စီတပ်နဲ့ KIA၊PDF ပူးပေါင်းတပ်တွေအကြားတိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီး မြို့တော်မြစ်ကြီးနားမြို့တွင်းမှာလည်း လက်နက်ကြီးတွေကမကြာခဏပေါက်ကွဲလေ့ရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်အတွင်းမှာဆိုရင်လည်း ရွှေညောင်ပင်ရပ်ကွက်နဲ့ ကြက်ပေါင်ခြံရပ်ကွက် တို့မှာလက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေရှိခဲ့ပြီး နေအိမ်တစ်ချို့ထိမှန်ပျက်ဆီးခဲ့ရပါသေးတယ်။ By – အမိုး
Read More » -
Oct- 2024 -22 Octoberသတင်း
လားရှိုးမြို့အတွင်း လေကြောင်းတိုက်ခိုက်ခံရလို့ နေအိမ်တစ်လုံးပျက်ဆီး
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်ရပ်ကွက်တစ်ခုကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၂ ရက်နေ့ မနက်အစောပိုင်း လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်တစ်လုံး ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ လားရှိုးမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ ရပ်ကွက် ၁၂ မန်ဆူဘုရားတစ်ဝှိုက်ကို စစ်ကောင်စီက လေကြောင်း ကနေဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ်တစ်ချို့ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “ရပ်ကွက် ၁၂ မန်ဆူဘက်ကိုကြဲသွားတာပေါ့နော်။ အိမ်တစ်လုံးပျက်ဆီးသွားတယ်။ လူထိခိုက်မှုတော့ မရှိခဲ့ ဘူး။ သန်းခေါင်ကျော်အချိန်လို့ပြောရမယ် ၂၂ ရက်နေ့ထဲတောင်ရောက်လာပါပြီ ၁၂ နာရီနဲ့ ၁ နာရီကြားမှာ ဖြစ်သွားတာ” လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ လားရှိုးမြို့နယ်က အီနိုင်ကျေးရွာနဲ့ မြို့ပြင်ကနားမခေါ်ကားကြီးကွင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ကပဲ လေကြောင်းတိုက်ခိုက်ခဲ့သေးပြီး အဲ့ဒီဖြစ်စဥ် ၂ ခုမှာလည်း အမျိုးသား ၄ ဦးအထိသေဆုံးခဲ့ရပါသေးတယ်။ အခုလို စစ်ကောင်စီတပ်က လားရှိုးမြို့ကို မကြာခဏ လေကြောင်းတိုက်ခိုက်နေတဲ့အတွက် မြို့သိမ်းတိုက်ပွဲ အလွန် နေရပ်ပြန် နေထိုင်ကြတဲ့ ဒေသခံတွေအကြားစိုးရိမ်မှုတွေဆက်တိုက်မြှင့်တက်နေတယ်လို့ ဒေသခံ တွေကပြောပါတယ်။ “မြို့ကတော့ ဒေသခံတွေတော်တော်များများလည်း ပြန်ထွက်နေကြတယ်။ ခဏခဏ လေကြောင်းလာနေ တော့ အများစုကတော့ မြို့ထဲပြန်မနေကြဘူးပြန်ထွက်သွားကြတာများတယ်။ နေအိမ်မှာပဲနေကြတဲ့ တစ်ချို့လည်းရှိတာပေါ့နော်”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ ဒါ့အပြင် လားရှိုးမြို့နယ်ကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တဲ့ တစ်နေ့တည်းမှာပဲ တအာင်းတပ်မ တော် TNLA ရဲ့ ဌာနချုပ်ရှိရာ နမ့်ဆန်မြို့လည်း လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့အတွက် အရပ်သားတစ်ချို့ အပါအဝင် TNLA တပ်ဖွဲ့တစ်ချို့ပါသေဆုံးခဲ့ရတယ်လို့ သတင်းတွေထွက်နေပေမဲ့ KNG က စုံစမ်းနေဆဲ ဖြစ်ပါတယ်။ လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့ကတော့ စစ်ကောင်စီတပ်ဟာ စစ်ရေးနဲ့လုံးဝမသက်ဆိုင်တဲ့ လူနေ အိမ်၊ စာသင်ကျောင်း၊ ဈေးနဲ့ ဘာသာရေးအဆောက်အဦးတွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေပြီး လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်တာ ၁၆ ကြိမ်တိတိရှိပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ ကြောင့် အရပ်သားစုစုပေါင်း ၅၇၁၂ ဦးသေဆုံးခဲ့ရပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP က စက်တင်ဘာလ ၃၀ ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ By – အမိုး
Read More » -
Sep- 2024 -24 Septemberသတင်း
လားရှိုးမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရ
ရှမ်းမြောက် လားရှိုးမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသမီးတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့ မနက် ၁ နာရီခွဲမှာ လားရှိုးမြို့ ရပ်ကွက် ၂ ရထိုက်ဟိုတယ်နဲ့ ဖူလီလိုက်ဟိုတယ်နေရာကို ပေါင် ၅၀၀၊ ဗုံး ၂ လုံး ပထမအကြိမ်ကြဲချခဲ့ပြီး မနက် ၄ နာရီဝန်းကျင် ဒုတိယအကြိမ် ထပ်မံဗုံးကြဲခဲ့တာကြောင့် အဆောက်အအဦးထိခိုက်ပျက်စီးပြီး အရပ်သားထိခိုက်သေဆုံးခဲ့တာဖြစ်တယ်လို့ လားရှိုးဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ “တစ်ခါလာကြဲရင် ၂ လုံးဟုတ်တယ်။ ဒီမနက်လာကြဲတာက ရပ်ကွက် ၂ ကို အဓိက ဦးတည်ပြီး လာကြဲသွားတယ်။ တစ်လုံးက လမ်းပေါ်မှာပဲကျလုံးထိခိုက်မှုမရှိဘူး။ ကျန်တာကတော ဟိုတယ်အဆောက်အဦးတွေနဲ့ ဘေးပတ်ဝန်းကျင် နေအိမ်တွေမှာထိလို့အမျိုးသမီး တစ်ယောက်သေတယ်။ စုစုပေါင်း ဗုံး ၄ လုံးကြဲချသွားတာ လူက ၁၅ ဦး ထိခိုက်တယ်။” လို့ လားရှိုးဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီက မန်ဆူဘက်ကို ဦးတည်ပြီး လေကြောင်းနဲ့ဗုံးကြဲခဲ့တာကြောင့် အဆောက်အဦးတွေပျက်စီးသွားပါတယ်။ စစ်ကောင်စီတပ်ဟာ လားရှိုးမြို့ပေါ်ကို ၂ ရက်ခြား လေကြောင်းနဲ့ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အဦးတွေနဲ့ နေအိမ်စုစုပေါင်း ၂၀ ထက်မနည်း ထိခိုက်ပျက်စီးသွားပြီလို့ဒေသခံတွေဆီကနေ သိရပါတယ်။ ခုလို စစ်တပ်က လားရှိုးမြို့ကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် နေရပ်ပြန်လာနေပြီဖြစ်တဲ့ ဒေသခံပြည်သူတွေလည်း ပြန်လည်ထွက်ခွာသူတွေရှိသလို အခြားမြို့နယ်တွေမှာ စစ်ဘေးရှောင်နေကြရတဲ့လားရှိုးဒေသခံအားလုံးနီးပါးလည်း ပြန်လာလို့မရပဲ ကာလကြာရှည်လာပြီဖြစ်ပါတယ်။ “စစ်တပ်က လားရှိုးကို ပြန်ယူချင်တဲ့သဘောနဲ့ လေကြောင်းကနေပဲ ဆက်တိုက် လာတိုက်ခိုက်နေတာလို့ယူဆရတယ်။ ဒီလိုပဲ ဆက်တိုက်လုပ်နေမယ်ဆိုရင် ဒေသခံပြည်သူတွေအတွက် ထိခိုက်ဆုံးရှုံးမှုများမယ်။ ဒေသခံပြည်သူတွေလည်း စိုးရိမ်လို့ပြန်ထွက်နေကြတဲ့သူတွေများတယ်။ တချို့က အဆင်မပြေလို့ မထွက်တဲ့ဟာတွေနဲ့ ပြန်ထွက်ကြတဲ့သူတွေလည်းရှိကြတယ်” လို့ လားရှိုးဒေသခံ ဆက်ပြောပါတယ်။ လက်ရှိလားရှိုးမြို့မှာ တစ်အိမ်မှာ တစ်ယောက်နှုန်းနဲ့ နေအိမ်စောင့်တဲ့သဘောမျိုး ပြန်လာနေကြတဲ့သူတွေကလွဲပြီး လားရှိုးဒေသခံအားလုံးနီးပါးကတော့ နေရပ်မပြန်လာကြသေးဘူးလို့ဆိုပါတယ်။ တစ်ဖက်မှာ လားရှိုးမြို့ထဲအုပ်ချူပ်ရေးယန္တရားတွေ ပြန်လည်ပတ်နိုင်အောင် ကိုးကန့် MNDAA ဘက်က ကြိုးစားနေပေမယ့် ဒီနေ့ထိတော့ ထိရောက်တဲ့အုပ်ချုပ်မှု…
Read More » -
Jul- 2024 -19 Julyသတင်း
သိန္နီမြို့ စျေးတန်း စစ်တပ်လေယာဉ် နဲ့ ဗုံးကြဲ အရပ်သားပြည်သူ ၂၀ ဦးထက်မနည်းသေဆုံး
လားရှိုးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစပြီး တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေရာ မြို့တွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း မြှင့်တက်နေတာဖြစ်ပါတယ်။
Read More » -
May- 2024 -3 Mayသတင်း
စံလွန်ယန်ကျေးရွာမှာ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အိမ် ခြေ ၂၀ ခန့်ထိခိုက်ပျက်စီး
ကချင်ပြည်နယ် မံစီမြို့နယ် စံလွန်ယန်ကျေးရွာမှာ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူနေအိမ် အလုံး ၂၀ ခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မေလ ၂ ရက်နေ့ မွန်းလွဲပိုင်း လေပြင်းမုန်တိုင်းကျရောက်ခဲ့လို့ လူနေအိမ် ၂၀ လုံးတိတိ ထိခိုက်ပျက်စီးသွားတဲ့အပြင် နှစ်ရှည်ပင်…
Read More » -
Apr- 2024 -24 Aprilသတင်း
တနိုင်းမှာ မုန်တိုင်းနဲ့မိုးသီးကျလို့ နေအိမ် ၁၀၀ ကျော်ပျက်စီး
တနိုင်းမြို့နယ်အထက်ပိုင်းမှာ လေမုန်တိုင်းပြင်းထန်ပြီးမိုးသီးကျလို့ ကျေးရွာ ၄ ခုက အိမ်ခြေ ၁၀၀ ကျော်ခန့် ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၂၃ ရက်နေ့ ည ၈နာရီခွဲလောက်မှာ တနိုင်းမြို့ရဲ့ ချောင်းတစ်ဖက်ကမ်းမှာရှိကြတဲ့ လမုန်၊ ပန္နက်၊ မကောနဲ့ ဓါတ်ဆီရွာစတဲ့…
Read More » -
24 Aprilသတင်း
ဝိုင်းမော် ခလရ ၅၈ တပ်ရင်းကနေ ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် နေအိမ်ထိခိုက်ပျက်စီးပြီး အိမ်မွေးတိရိစ္ဆာန်သေဆုံးတာတွေရှိနေ
ဝိုင်းမော်မြို့နယ် ခကွမ်ရွာ(Hka Krum Mare)အနီးမှာရှိတဲ့ ခလရ ၅၈ တပ်ရင်းက ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် ပြည်သူပိုင်နေအိမ်တစ်ချို့ထိခိုက်ပျက်စီးတာအပြင် အိမ်မွေးတိရိစ္ဆာန်သေဆုံးတာလည်းရှိနေတယ်လို့ သိရပါတယ်။ ဧပြီလ ၂၃ ရက်နေ့ မနေ့က တစ်ရက်ထဲမှာပဲ ခလရ ၅၈ တပ်ရင်း လက်နက်ကြီးနဲ့နေ့ညမပြတ် ပစ်ခတ်နေတာကြောင့် လမြန်နဲ့ မုတ်ကြိတ်ကြား…
Read More » -
Feb- 2024 -17 Februaryသတင်း
မံစီမှာ ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တစ်ချို့ထိခိုက်ပျက်စီး
ကချင်ပြည်နယ် မံစီမြို့ထဲကို စစ်တပ်ကလက်နက်ကြီး ၆ လုံးပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်တစ်ချို့လည်းထိခိုက်ပျက်စီးသွားတယ်လို့ မံစီမြို့ခံတွေဆီကနေ သိရပါတယ်။ ဒီလက်နက်ကြီးတွေကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနေ့ည ၉ နာရီဝန်းကျင် ဗန်းမော်မြို့အခြေစိုက် ခလရ ၄၇…
Read More »









