ထိုးစစ်ဆင်

  • Apr- 2024 -
    22 April
    သတင်း

    မိုးမောက်မှာ စစ်တပ်ဘက်က ထိုးစစ်ဆင်ပြီး တန်ပြန်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲပြင်းထန်နေ

    မိုးမောက်မြို့ လက်မလွတ်ရေးအတွက် စစ်တပ်ဘက်ကနေစစ်အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက် လာတာကြောင့် မိုးမောက်မြို့ ခါနန်ရပ်ကွက်နဲ့ ခူးလီကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဗန်းမော်မြို့တွင်းတပ်နဲ့ မိုးမောက်မြို့တွင်းတပ် ခမရ ၄၃၇ တပ်ရင်းက အင်အားရာချီရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မိုးမောက်မြို့အထက်ဘက်ခြမ်းအားလုံးကိုနေရာယူထားတဲ့အပြင် မိုးမောက်မြို့ ခါနန်ရပ်ကွက်မှာ ဒီနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အထိ…

    Read More »
  • 11 April
    သတင်း

    ကျွန်းကုန်းရွာဘက် ထိုးစစ်ဆင်လာတဲ့စစ်ကြောင်း PDF ကြားဖြတ်တိုက်ခိုက် 

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ကျွန်းကုန်းကျေးရွာဘက်ကို ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းကို ဟုမ္မလင်း PDF ပူးပေါင်းတပ်ကြားဖြတ်တိုက်ခိုက်လိုက်တာကြောင့် အထိနာပြီးပြန်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ကျွန်းကုန်းကျေးရွာကို ပြန်သိမ်းယူချင်တာကြောင့် ဧပြီလ ၁၀ ရက်နေ့ မနက် ၆ နာရီဝန်းကျင် ဖောင်းပြင်ကနေကျွန်းကုန်းဘက်ကိုတက်လာချိန် မန်မော်ကျေးရွာအဝင် လမ်းခုလတ်မှာ ကာကွယ်ရေးတပ်ဘက်ကစောင့်ကြိုတိုက်ခိုက်လိုက်တာဖြစ်တယ်လို့ ဟုမ္မလင်း PDF တာဝန်ရှိသူတစ်ဦးကKNG ကိုပြောပါတယ်။ “စစ်ကြောင်းကဖောင်ပြင်ကနေတက်လာတာ ညကတောထဲမှာညအိပ်တယ်မနက်အစောကြီး ကျွန်းကုန်းဘက်ကိုလာတဲ့အချိန် ဖောင်းပြင်နဲ့ကျွန်းကုန်းကြားထဲက မန်မော်ကျေးရွာအရောက်မှာ ဒီဘက်ကနေကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ သူတို့အထိနာတော့ ပြန်ဆုတ်သွားတယ် တချို့လည်းဒဏ်ရာကြီးကြီးမားမားရတဲ့စစ်သားတွေကိုဖောင်းပြင်ထိပို့လးတယ်ကြားတယ် တိုက်ပွဲ ကမနက် ၆နာရီကနေ မနက်၁၀ နာရီထိကြာတယ်”လို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။ စစ်အင်အား ၁၀၀ ကျော်ရှိ စစ်ကြောင်းက ကျွန်းကုန်းကိုပြန်တိုက်ယူဖို့တက်လာတာဖြစ်ပြီး မန်မော်ကျေးရွာနီး ဟုမ္မလင်း PDFမဟာမိတ်ပူးပေါင်းတပ်တွေနဲ့ဒေသကာကွယ်ရေးအဖွဲ့တွေခြုံခိုက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ၄ နာရီကျော်ကြာမြင့်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်ထိခိုက်သေဆုံးအထိနာသူတွေများကာ ဆယ်ချောင်းကျေးရွာထဲကိုတပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။ “သူတို့(စစ်ကောင်စီတပ်) အလောင်းတစ်လောင်းက ကျန်ခဲ့တယ်မကောက်သွားဘူး ဒဏ်ရာကတော့ ၁၀ ယောက်ကျော်ရသွားတယ် အထိနာတာများတော့ ဆယ်ချောင်းရွာထဲကိုပြန်ဆုတ်သွားတယ်အဲ့မှာ SNA စခန်းရှိတယ်လေးလောလောဆယ်အဲ့မှာတပ်စွဲနေတယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့ ဟုမ္မလင်း PDF တာဝန်ရှိသူ တစ်ဦးကပြောပါတယ် ။ ဒါ့အပြင် တိုက်ပွဲမှာ အရပ်သား ၃ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်းထိခိုက်သေဆုံးသူတွေရှိတယ်လို့ သိရပါတယ်။ ကြားဖြတ်တိုက်ခံရတဲ့ စစ်တပ်ရဲ့စစ်ကြောင်းက လက်ရှိကျွန်းကုန်းကျေးရွာနဲ့ ၄ မိုင်ကျော်ဝေးတဲ့ ဆယ်ချောင်းကျေးရွာမှာတပ်စွဲနေတာဖြစ်ပြီး ဒဏ်ရာရစစ်သားတွေကိုဆေးကုသမှုပေးနေတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်၊ SNA နဲ့ ပျူစောထီးတွေက စုစုပေါင်း အင်အား ၂၀၀ ကျော်ရှိနေတဲ့ ကျွန်းကုန်းကျေးရွာစစ်ကောင်စီတပ်စခန်းကုန်းကို ဟုမ္မလင်း PDF မဟာမိတ်ပူးပေါင်းတွေက မတ်လ ၃၀ ရက်နေ့ကစပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဧပြီ ၈ ရက်နေ့မှာသိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိ ကျွန်းကုန်းကိုပြန်ရဖို့စစ်ကောင်စီကြိုးပမ်းနေတာဖြစ်ပါတယ်။ လက်ရှိဟုမ္မလင်းမြို့နယ်နဲ့ဖောင်းပြင်နယ်ကြားထဲက စစ်ကောင်စီတပ်နဲ့SNA ပူးပေါင်းတပ်ထိုင်တဲ့စခန်းတွေကို ဟုမ္မလင်း PDF ပူးပေါင်းတပ်တွေမတ်လ ၃၀ ရက်နေ့ကနေစပြီးတိုက်ခိုက်ခဲ့ရာလက်ရှိ ကျွန်းကုန်းစခန်း၊ မနောသာစခန်း၊ အင်ကြင်းမော်စခန်းနဲ့ မန်မော်ကျေးရွာစခန်းတွေကိုသိမ်းပိုက်ထားပြီဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Mar- 2024 -
    14 March
    သတင်း

    ဖားကန့်မှာ ၂ လအတွင်း စစ်တပ်စခန်း ၅ ခုအထက် KIA သိမ်းပိုက်

    ဖားကန့်ဒေသမှာ သက်တမ်းကြာမြင့်ပြီး အခိုင်မာတပ်စွဲထားတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက် တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက နှစ်ဆန်းပိုင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ၂ လအတွင်းမှာပဲ တပ်စခန်း ၅ ခု အထက် သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀…

    Read More »
  • 14 March
    သတင်း

    ဆိုင်းတောင်ရဲစခန်းတပ်ဆုတ်ခွာ ကျန်နေတဲ့စစ်တပ်စခန်းတစ်ခုလုံး KIA ပိတ်ဆို့ပြီး လက်နက်ချဖို့သတိပေးနေ

    မတ်လ ၁၃ ရက်နေ့ ညနေ ၈ နာရီကတည်းကနေ KIAနဲ့ KPDF ပူးပေါင်းတပ်တွေဟာ ရွာထဲဝင်ရောက်ပြီးထိုးစစ်ဆင်လာချိန် ရဲစခန်းမှာနေထိုင်စစ်ကောင်စီတပ်သားများ တပ်ဆုတ်သွားပြီးလို့သိရပြီး တပ်စခန်းကိုတော့စစ်ကောင်စီတပ်တွေကို လက်နက်ချအညံ့ခံဖို့ ဆော်ဩသတိပေးနေတယ်လို့ KPDF တာဝန်ရှိသူတစ်ဦးကခုလိုပြောပါတယ်။

    Read More »
  • Feb- 2024 -
    19 February
    သတင်း

    ဆင်ဘိုမှာ စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်

    မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ ၁၄၁ တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေ နီးစပ်ရာကျေးရွာတွေနဲ့တောတောင်တွေမှာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ဆင်ဘိုမြို့တပ်စခန်းကို KIA,KPDF  ပူးပေါင်းတပ်တွေဟာ ဖေဖော်ဝါရီလ ၁၀…

    Read More »
  • 12 February
    သတင်း

    ဆင်ဘိုမြို့ သိမ်းပိုက်ထားပေမယ့် တိုက်ပွဲပြင်းထန်နေဆဲ

    မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထိန်းချူပ်ထားပြီး မြို့နဲ့ ၃ မိုင်အကွာရှိ စစ်ကောင်စီ ခမရ ၁၄၁ တပ်စခန်းကို ဝိုင်းရံထားကာ ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့…

    Read More »
  • Jan- 2024 -
    31 January
    သတင်း

    ရွှေပြည်အေးမြို့ကိုပြန်ရဖို့ စစ်ကောင်စီ နဲ့ SNA ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေ

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို ပြန်သိမ်းယူဖို့ စစ်ကောင်စီတပ်၊ SNAတပ်နဲ့ ပျူစောထီးတွေပေါင်းပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ရွှေပြည်အေးမြို့အနီးဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေတယ် ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

    Read More »
  • Jul- 2023 -
    15 July
    သတင်း

    KIO ဗဟိုဌာနချုပ်အတွက် အရေးပါတဲ့ နမ်ဆန်ယန်မှာ တပ်စခန်းအခြေချဖို့ စစ်ကောင်စီ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ

    ကချင်လွတ်လပ်ရေးတပ်မတော် KIO ဗဟိုဌာနချုပ်နယ်မြေ လုံခြုံရေးအတွက် အရေးပါတဲ့ နမ်ဆန်ယန်မှာ စစ်ကောင်စီတပ်က စစ်စခန်း ၃ ခုလောက် အထိုင်ချဖို့ စစ်ကြောင်းထိုးနေရင်း တိုက်ပွဲဖြစ်ပွားနေတာ ရက်ပေါင်း ၁၀ ရက်ကျော် ရှိလာပါပြီ။ စစ်တပ်က နေရာယူဖို့ ကြိုစားနေတဲ့ နေရာတွေကတော့ ဒွမ်ဘန်ဘွမ်…

    Read More »
  • Feb- 2023 -
    7 February
    သတင်း

    ရွှေကူနယ်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲဖြစ်ပွာလာမည်ကို ဒေသခံများစိုးရိမ်

    ကချင်ပြည်နယ် ရွှေကူမြို့နယ် ကုန်းချောင်းကြီးကျေးရွာဘက် စစ်ကောင်စီတပ် စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည့်အတွက် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြသည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်း မိုးစစ်ကျေးရွာဘက်မှ စစ်အင်အား ၃၀၀ ကျော်ခန့် စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် နှစ်ဖက်တပ်ထိတွေ့တိုက်ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်နေရသည်ဟု…

    Read More »
Back to top button