ပါဝင်သင့်သူအားလုံး မပါသဖြင့် စစ်ကောင်စီ၏ ဆွေးနွေးပွဲ မတက်နိုင်ကြောင်း KIO ထုတ်ပြန်

အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တွေ့ဆုံဆွေးနွေးရေး ဖိတ်ခေါ်ချက်ကို ပါဝင်မည် မဟုတ်သေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုကော်မတီ က ယနေ့ သဘောထား ထုတ်ပြန်လိုက်သည်။ ယခု တွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်သင့်သော အဖွဲ့အစည်းများအားလုံးကို ဖိတ်ကြားမှုမရှိခြင်းနှင့် အပြုသဘောဆောင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်သွားမည်သာဟု ကမ်းလှမ်းချက်တွင် ပါရှိသောကြောင့် တက်ရောက်မည် မဟုတ်ကြောင်း ကချင်လွတ်လပ်အဖွဲ့ KIO ဗဟိုပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က KNG သတင်းဌာနကို