ဒရုန်း
-
Feb- 2026 -21 Februaryသတင်း
မြစ်ကြီးနားမြို့ လေကြောင်းလိုင်း သုံးလကြာ ရပ်နားမည်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က လေကြောင်းလိုင်း ကို သုံးလ ဝန်းကျင်ကြာ ရပ်နားသွားမှာ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့ လေဆိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေကနေပြီးတော့ အတည်ပြုပါတယ်။ ခုလို မြစ်ကြီးနားလေကြောင်းလိုင်း ပိတ်ပင် လိုက်တာဟာ မနေ့ည (ဖေဖော်ဝါရီ ၂၀ရက် )…
Read More » -
Oct- 2025 -17 Octoberသတင်း
လိုင်ဇာမြို့ အသေခံဒရုန်းနဲ့တိုက်ခိုက်ံခံရ၊ တရုတ်လူမျိုးဇနီးမောင်နှံနှစ်ဦး ထိခိုက်ဒဏ်ရာရ
KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ကို စစ်တပ်က ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တရုတ်နိုင်ငံသား နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က အောက်တိုဘာလ ၁၆ ရက် ည ၁၂ နာရီဝန်းကျင် လိုင်ဇာမြို့ကို ဒရုန်းလွတ်ပစ်ခတ်ခဲ့ရာမှာ လိုင်ဇာစျေးတန်းနေရာမှာ ထိမှန်ပြီး စျေးရောင်းနေထိုင်တဲ့ တရုတ်လင်မယား…
Read More » -
Aug- 2025 -19 Augustသတင်း
လေကြောင်းနဲ့ ဒရုန်းရန်ကြောင့် မိုင်းနောင်နဲ့ မမုံကိုင်ကို KIA အပြည့်အဝထိန်းချုပ်ဖို့ ခက်ခဲနေသေး
မိုးညှင်းခရိုင်၊ အင်းတော်ကြီးထဲက မိုင်းနောင်၊ မမုံကိုင် ကျေးရွာနှစ်ခုစလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် လေကြောင်းနဲ့ လက်နက်ကြီးဒရုန်းတွေကြောင့် အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ခက်ခဲနေသေးတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၅၊ ၁၆ ရက်တွေမှာ မိုင်းနောင်နဲ့ မမုံကိုင်…
Read More » -
15 Augustသတင်း
ဖားကန့် – ကားမိုင်းလမ်းပိုင်းမှာ ကားတစ်စီး ဒရုန်းဗုံးသီးထိမှန်လို့ ကားသမားတစ်ဦးသေဆုံး
ဖားကန့်မြို့နယ်ကိုဝင်ရောက်နိုင်တဲ့လမ်းကြောင်းတစ်ခုဖြစ်တဲ့ ဖားကန့်–ကားမိုင်းလမ်းပိုင်းက နန့်ယားကျေးရွာတစ်နေရာမှာတိုက်ပွဲကြောင့်ပိတ်မိနေတဲ့ကားတစ်စီး ဒရုန်းဗုံးသီးထိမှန်လို့ ကားသမားတစ်ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ မနေ့က ဩဂုတ်လ ၁၄ ရက်နေ့မွန်းလွှဲပိုင်းလောက်မှာ စစ်ကောင်စီတပ်နဲ့KIAပူးပေါင်းတပ်တွေအကြား နန့်ယားကျေးရွားတစ်ဝှိုက်တိုက်ပွဲပြင်းထန်ခဲ့ကြတာဖြစ်ပြီး ခရီးသွားကားတွေပိတ်မိနေခဲ့ကြချိန်မှာ အခုလိုဖြစ်စဥ်ဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင်နောက်ထပ်ခရီးသွားသုံးယောက်ကလည်း ထိခိုက်ဒဏ်ရာတွေပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “ကာမိုင်းလမ်းကြောပေါ်ပေါ့လေ ဒရုန်းဗုံးထိတာ။…
Read More » -
14 Augustသတင်း
စစ်တပ် ပစ်လိုက်တဲ့ ဒရုန်းကြောင့် အရပ်သား ၅ ဦးထပ်မံ ထိခိုက်
ဖားကန့် ၊ ရှရော်ခ(Sharaw Hka) ကျေးရွာရှိ ရဝမ်ကုန်းမှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီး ဒရုန်ထိမှန်ပြီး ဆယ်ကျော်သက် ကလေးငယ်တစ်ဦး နဲ့ အသက် ၅၀ ကျော် အမျိုးသား ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့…
Read More » -
Apr- 2025 -1 Aprilသတင်း
တိုက်ပွဲမရှိတဲ့ ဝိုင်းမော်မှာ စစ်ကောင်စီ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီနေ့ ဧပြီလ ၁ ရက်နေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်ခန့်ကနေ လမြန်ကျေးရွာတဝိုက်ကို စစ်တပ်က ဒရုန်းနဲ့ ၅…
Read More » -
Jun- 2024 -27 Juneသတင်း
ဆိုင်းတောင်ရဲစခန်းတိုက်ခိုက်ခံရ ရဲမှူးနဲ့အရာရှိ ၇ ဦးအပါ ၁၂ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မှု(ဆိုင်းတောင်) ကျေးရွာထဲက ရဲစခန်းကုန်းဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့အတွက် ရဲမှူး၊ ရဲအရာရှိ ၇ ဦးအပါ ၁၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ရဲနဲ့ စစ်သား အင်အား ၂၀ ကျော်တပ်စွဲထားတဲ့ ဆိပ်မှု (ဆိုင်တောင်) စာသင်ကျောင်းအနီးက ရဲစခန်းကုန်းကို မနေ့က ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF ပူးပေါင်းတပ်က ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။ KIA/PDF ပူးပေါင်းတပ်ရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့် ဒုရဲမှူးကြီးတစ်ဦး၊ ဒုရဲမှူးတစ်ဦး၊ ရဲအုပ်တစ်ဦး၊ ရဲတပ်ကြပ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး၊ ဒုတပ်ကြပ်တစ်ဦးအပါ စုစုပေါင်း ၁၂ ဦးအထိသေဆုံးခဲ့တယ်လို့ ဖားကန့်မြို့နယ် KPDF ပြန်ကြားရေးဝန်ခံတစ်ဦးက KNG ကိုပြောပါတယ်။ “ဆိုင်းတောင်ကစစ်တပ်ကုန်းကို အဲ့မှာ ၁၀ ယောက်သေပြီးမှ ၆ ယောက်ဒဏ်ရာရတယ်ပြောတယ်ဗျ အရာရှိကသေဆုံးသွားတယ် ဒဏ်ရာပြင်းပြင်းထန်ထန်နဲ့တခါတည်းသေသွားတာ”လို့ ပြောပါတယ်။ သေဆုံးသွားတဲ့ရဲအရာရှိဟာ ဖားကန့်ရဲတပ်ရင်းက ဒုရဲမှူးကြီးသူရအောင်၊ ဒုရဲမှူး ခိုင်စိုးဟန်၊ ရဲအုပ် ထွန်းခိုင်စိုး၊ရဲတပ်ကြပ်ကြီး သိန်းစိုး၊တပ်ကြပ်ကြီး ဦးဝင်းမြင့်၊ ဒုတပ်ကြပ် ဇော်မိုး၊ တပ်သား ဟိန်းမင်းထက်၊ တပ်သား ဖြိုးထက်အောင်၊ တပ်သားဇော်ဝင်းကျော်၊တပ်သားထွန်းထွန်းလင်း စုစုပေါင်း ၁၀ ဦးဟာ ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့နေရာမှာတင်ပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရရှိထားတဲ့ ၆ ဦးထဲကလည်း ဆေးရုံအရောက် တပ်သား ၂ ဦးထပ်ပြီးသေဆုံးတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။ “ဒီနေ့တော့အေးဆေးပဲမနေ့ကတော့အခြေအနေအတော်ဆိုးသွားတယ် ဒရုန်းချခံလိုက်ရတာသေတဲ့အလောင်းတွေနဲ့ဒဏ်ရာရထားတဲ့သူတွေကို နာရေးကူညီမှုအသင်းတွေကိုအတင်းခေါ်ပြီးပို့ခိုင်းတယ်ပြောတယ်။ ကြားရတာတော့ ပထမကသေတာ ၁၀ ယောက်ပဲ တချို့က ဆေးရုံမှာထပ်သေတာပြောတယ်”လို့ သူကပြောပါတယ်။ ဖားကန့်မြို့နယ်ဆိုင်းတောင်ကျေးရွာထဲမှာ ဒီရက်ပိုင်း စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေမကြာခနရှိနေတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲမကြာခနဖြစ်ပွားနေတဲ့အတွက် ပြည်သူတွေအနေနဲ့လည်း သတိထားပြီးနေထိုင်ကြဖို့ ဖားကန့်KPDF တာဝန်ရှိသူကပြောပါတယ်။ “ဆိုင်းတောင်ဘက်က လောလောဆယ်ပြည်သူတွေရော သတိထားပြီးနေရတဲ့အခြေအနေဟုတ်တယ်ဗျ။ မြို့ထဲရွာထဲမှာလောလောဆယ် တိုက်ပွဲတွေဖြစ်လာတဲ့အနေအထားဆိုတော့ပြည်သူတွေအားလုံးလည်းစိုးရိမ်တကြီးနေကြရတယ်။ မနေ့ကတော့တနေကုန်နီးပါးလောက်ပစ်နေတာ မြေပြင်မှာတိုက်ပွဲကတော့ဟိုနေရာနည်း ဒီနေရာနည်းနည်းအဲ့လိုပြောက်ကျားဖြစ်တာ”လို့သူကပြောပါတယ်။ ဒါ့အပြင် ထိတွေ့တိုက်ပွဲတွေဖြစ်နေတဲ့ ဆိပ်မှု (ဆိုင်းတောင်)ဘက်ကို စစ်ကောင်စီတပ်က ဒီရက်ပိုင်း ယူမာကျေးရွာ၊ မရှီကထောင်ကျေးရွာစတဲ့နေရာတွေကနေ စစ်ကူအနေနဲ့စစ်ကြောင်းထိုးလာတာတွေလည်းရှိနေတယ်လို့သိရပါတယ်။ ဆိုင်းတောင်ကျေးရွာအဝင်မှာ ဇွန်လ ၂၅ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ KIA၊KPDF ပူးပေါင်းတပ်တွေကြားထိတွေ့တိုက်ပွဲ ဖြစ်ပွားရာကနေ ဒီကနေ့အထိနှစ်ဖက်စစ်ရေးတင်းမာနေတာဖြစ်ပြီး စစ်ကောင်စီဘပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေနေ့တိုင်းပြုလုပ်နေတာကြောင့် မနေ့ကတစ်ရက်တည်းဆိုင်းတောင်ရွာသားတစ်ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ By – Zaw Zaw
Read More » -
May- 2024 -2 Mayသတင်း
ကသာမြို့ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်ကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း စစ်ကြောင်းတွေထိုးနေပြီး အဲ့ဒီစစ်ကြောင်းကို ကသာမြို့ပြင်က ကပ္ပလိပ်ရွာမှာ ကာကွယ်ရေးတပ်တွေဘက်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ ဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်း ၇ နာရီလောက်က ကသာမြို့က…
Read More » -
Sep- 2023 -18 Septemberသတင်း
အင်းတော်နယ်မှာ ညဘက်စစ်ကောင်စီရဲ့ဒရုန်းတွေ ပျံဝဲနေတဲ့အတွက် NUG ကျောင်းတွေကို ပိတ်ထားရ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲက ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က ညဘက် ဒရုန်းတွေအသုံးပြုပြီးစစ်ရေးလှုပ် ရှားမှုတွေရှိနေတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG )စာသင်ကျောင်းတွေကို ပိတ်ထားရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က အင်းတော်မြို့နယ်ထဲမှာ ရှိနဲ့ မော်တိတ်ဒေသ၊မဲဇာဒေသတွေနဲ့ နဘားကျေးရွာတွေဘက်ကို စက်တင်ဘာ ၁၆ ရက်နေ့…
Read More » -
6 Septemberသတင်း
ရွှေကူမြို့ထွေအုပ်ရုံး ဒရုန်းနဲ့ ၂ ကြိမ် တိုက်ခိုက်ခံရပြီး ၁၁ ယောက်ထိခိုက်ဒဏ်ရာရ
ကချင်ပြည်နယ် ရွှေကူမြို့မှာရှိတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဒီကနေ့တစ်ရက်ထဲ ဒရုန်းနဲ့ ၂ ကြိမ်တိုက်ခိုက်ခံရပြီး ၁၁ ယောက်ထိခိုက်ဒဏ်ရာရသွားတယ်လို့ ရွှေကူဒေသခံတွေဆီကနေ သိရပါတယ်။ ရွှေကူမြို့ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ ထွေအုပ်ရုံးကို KPDF တပ်ရင်း ၅ တပ်ဖွဲ့က ဒီနေ့ ၁၁ နာရီလောက်မှာတစ်ကြိမ် ၁၁ နာရီ ၄၂ မိနစ်မှာ တစ်ကြိမ် ၂ ကြိမ်တိတိ…
Read More »









