ဒရုန်း
-
Aug- 2023 -17 Augustသတင်း
ကသာမြို့ပြင်စစ်တပ်ဂိတ် ပစ်ခတ်ခံရပြီး စစ်ကောင်စီဘက်က ၃ ဦးထိခိုက်ဒဏ်ရာရ၊ ပြည်သူ ၂ ဦးသေနတ်ထိမှန်
စစ်ကိုင်းတိုင်း ကသာမြို့ပြင်မှာရှိတဲ့စစ်တပ်ဂိတ် ဒီနေ့မနက် ၇ နာရီလောက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၃ ဦးထိခိုက်ဒဏ်ရာရပြီး ဂိတ်နားကဖြတ်လာတဲ့ ပြည်သူ ၂ ဦးသေနတ်ထိမှန်ထားတယ်လို့ ကသာ ဒေသခံတွေက ပြောပါတယ်။ ဩဂုတ်လ ၁၇ ရက်နေ့ မနက်ပိုင်း ပစ်ခံရတဲ့ အဲဒီဂိတ်ဟာ စစ်အင်အား ၂၀ လောက်တပ်စွဲနေထိုင်တဲ့ဂိတ်ဖြစ်ပြီး လမ်းသွားလမ်းလာပြည်သူများကို နည်းအမျိုးမျိုးနဲ့အခွန်ကောက်ခံနေတဲ့ ဂိတ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဂိတ်ကို ကသာ PDF ဘက်က ဒရုန်းနဲ့သွားပစ်တာ သူတို့ဘက်ကလည်း ပြန်ပစ်တော့ အဲမှာ ပန်းသွားချိုးပြီး ပြန်လာတဲ့ ဒေသခံအမျိုးသား ၂ ယောက်ကျည်ထိသွားတာ ဟုတ်တယ်”လို့ပြောပါတယ်။ ကျည်ဆံထိမှန်သူ အမျိုးသား ၂ ဦးမှာ ကသာမြို့ ရပ်ကွက် ၉၊ အပိုင်း ၄ မှာနေထိုင်သူများဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်နဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသားနှစ်ဦးဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်အမျိုးသားမှာ ဦးခေါင်းကျည်ဆံထိမှန် ထားတဲ့အတွက် အသက်အန္တရယ်စိုးရိမ်ရပြီး မန်းလေးဆေးရုံကို…
Read More » -
Jun- 2023 -26 Juneသတင်း
အင်းတော်မြို့အနီး ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့်စောင့်ကြည့်ပြီး လက်နက်ကြီးပစ်ခတ်
အင်းတော်မြို့တွင် တပ်စွဲနေထိုင်ထားသည့် စစ်ကောင်စီတပ်သည် အင်းတော် မြို့ပတ်ပတ်လည်ရှိကျေးရွာများကို ဒရုန်းဖြင့်လှည့်လည်စောင့်ကြည့်နေပြီး လက်နက်ကြီး ယမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၁၈ ရက်နောက်ပိုင်း ခလရ ၇၇ တပ်သည် အင်းတော်မြို့အတွင်း ဒေသအခေါ် ရိက္ခာကုန်းတွင် တပ်စွဲနေထိုင်နေပြီး မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများကို ဒရုန်းဖြင့် လှည့်လည်စောင့်ကြည့်ပြီးနောက် ယခုလို ပစ်ခတ်နေခြင်းဖြစ်သည်ဟု နဘားကျေးရွာ မှ ဒေသခံတစ်ဦးက KNG ကို ပြောသည်။ “သူတို့က အခုစစ်ကြောင်းမထိုးတော့ဘူးတဲ့ စစ်ကြောင်းထိုးရင်လည်း အမြဲတမ်းလိုလိုပဲ ခံနေရတော့ အခုနောက်ပိုင်းက အင်းတော်မြို့နဲ့ ငါးမိုင်အကွာပတ်ခြာလည်ကို ဒရုန်းတွေ၊ လက်နက်ကြီးတွေ အဲ့လိုတွေနဲ့ပဲလုပ်တော့မှာတဲ့”ဟု အသက် ၅၀ ကျော်ရှိ နဘားကျေးရွာဒေသခံက ပြောသည်။ ထိုသို့ ပစ်ခတ်နေသောကြောင့် ဇွန်လ ၂၁ရက်နေ့က ပင်ဝယ်ရွာသားတစ်ဦး သုံးဘီးမောင်းနေစဥ် ထိခိုက်ခဲ့သည့်ဖြစ်စဥ် နှင့် ဇွန်လ ၂၂ ရက်နေ့က ကမ်းနီကျေးရွာ လယ်တောတွင် လက်နက်ကြီးကျည် တစ်လုံးကျရောက်မှုကြောင့် အသက် ၂၀ ကျော်…
Read More » -
Feb- 2023 -20 Februaryတိုက်ပွဲ
ဆိုင်းတောင် စစ်တပ်ကုန်းကို KIA၊ PDFက ဒရုန်းဖြင့် တိုက်ခိုက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီစစ်တပ်ကုန်းကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ယမန်နေ့ည ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဖားကန့် PDF နှင့် နီးစပ်သူများမှ သိရသည်။ ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာ ရပ်ကွက် ၂ အနီးရှိ စစ်ကောင်စီ စစ်တပ်ကုန်းကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ ည…
Read More » -
Nov- 2022 -29 Novemberတိုက်ပွဲ
ဖားကန့်တွင် စစ်ဆေးရေးတင်းကြပ်နေသည့် စစ်ကေင်စီအဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ
ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆိုင်းရာကျေးရွာတွင် အများပြည်သူသွားလမ်းမပေါ်တွင် စစ်ဆေးရေးတင်းကြပ်နေသည့် စစ်ကောင်စီအဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ နိုင်ဘာလ ၂၈ ရက် ယမန်နေ့ မွန်းလွှဲ ၁ နာရီဝန်းကျင်…
Read More » -
17 Novemberတိုက်ပွဲ
ဆပ်ပြာချောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ
ဖားကန့်မြို့နယ် ဝှေ့ခါကျေးရွာအုပ်စု ဆပ်ပြာချောင်းတွင်နေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့က ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။ ဆပ်ပြာချောင်း ဘုန်းကြီးကျောင်းဝင်းတွင် စစ်အင်အား…
Read More »




