တိုက်ပွဲသတင်း

ရွှေကူမြို့ထွေအုပ်ရုံး ဒရုန်းနဲ့ ၂ ကြိမ် တိုက်ခိုက်ခံရပြီး ၁၁ ယောက်ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ် ရွှေကူမြို့မှာရှိတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဒီကနေ့တစ်ရက်ထဲ ဒရုန်းနဲ့ ၂ ကြိမ်တိုက်ခိုက်ခံရပြီး ၁၁ ယောက်ထိခိုက်ဒဏ်ရာရသွားတယ်လို့ ရွှေကူဒေသခံတွေဆီကနေ သိရပါတယ်။

ရွှေကူမြို့ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ ထွေအုပ်ရုံးကို KPDF တပ်ရင်း ၅ တပ်ဖွဲ့က ဒီနေ့ ၁၁ နာရီလောက်မှာတစ်ကြိမ် ၁၁ နာရီ ၄၂ မိနစ်မှာ တစ်ကြိမ် ၂ ကြိမ်တိတိ ဗုံးသီး ၈ လုံးပစ်ချ တိုက်ခိုက်ခဲ့တဲ့အတွက် ထွေအုပ်ရုံးထဲက ဝန်ထမ်း ၁၀ ယောက်နဲ့ ရုံးထဲထောက်ခံစာလာယူတဲ့ အရပ်သားတစ်ယောက် စုစုပေါင်း ၁၁ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ KPDF တပ်ရင်း ၅ တပ်ဖွဲ့ဝင် တာဝန်ရှိသူတစ်ယောက်က KNG ကို ပြောပါတယ်။

၈လုံးစလုံးကွဲတယ် အဲ့ဒီတိုက်ခိုက်မှုမတိုင်ခင်သူတို့ကအဲ့ရုံးမှာအစည်းအဝေးလုပ်တာ ဖြစ်ချင်တော့ ကျနော်တို့ပစ်ချတဲ့ချိန်က အစည်းအဝေးလုပ်ပြီးစအနေအထားမှာဖြစ်သွားတာ ကျတာကတော့အစည်းအဝေးလုပ်တဲ့ ခန်းမအဆောင်ထဲကျပြီး မျက်နှာကျက်မှာသွားကွဲတာအထဲမှာသွားကွဲလို့ကတော့ အကုန်သေမှာ အခုဒဏ်ရာနဲ့ ၁၁ ယောက် ဆေးရုံကိုရောက်လာတယ်တဲ့လို့ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသွားတဲ့ ၁၁ ယောက်ထဲမှာ ၁၀ ယောက်က ထွေအုပ်ဝန်ထမ်းတွေဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ရွှေကူနယ် သရက်ကုန်းကျေးရွာထဲက ထွေအုပ်ရုံးမှာ ထောက်ခံစာလာယူတဲ့အရပ်သားလို့ သိရပါတယ်။

ထွေအုပ်ရုံးတိုက်ခိုက်ခံရပြီးနောက်  နေ့လည် ၁၂ နာရီအချိန်မှာတော့ ရွှေကူရဲစခန်းကနေ ရွှေကူမြို့ပတ်လည် ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေပြီး ထွေအုပ်ရုံးထဲ ဝင်ထွက်သွားလာခွင့်ကိုလည်း ခေတ္တတင်းကြပ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ရွှေကူမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ရုံးအဆောက်အဦးတွေနဲ့ရဲစခန်းတွေကို KPDF ကဒရုန်းနဲ့မကြာခနတိုက်ခိုက်လျက်ရှိနေပြီး စက်တင်ဘာလ  ရက်နေ့ မနက်ပိုင်းမှာတင် ရဲစခန်းကို ဒရုန်းနဲ့ ၂ ကြိမ်တိုက်ခိုက်ခံရတဲ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လကလည်း မြို့နယ်ထွေအုပ်ရုံးလည်း တိုက်ခိုက်ခံခဲ့ရတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

ဒါကြောင့် ရွှေကူမြို့မရဲစခန်းမှာတော့ စစ်တပ်ဘက်လုံခြုံရေးထပ်တိုးပြီး မြို့ဝင်မြို့ထွက်တွေကိုလည်း စစ်ဆေးရေးတင်းကြပ်နေပေမယ့် စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ တိုက်ခိုက်ခံရတာဟာ လျော့နည်းသွားတာမရှိဘဲ ဒီနှစ်ဇွန်လကတည်းက သိသိသာသာ တိုက်ခိုက်ခံနေရတာလည်း ဖြစ်ပါတယ်။

ရွှေကူက ရေကြောင်းကလာလည်း တိုက်ခိုက်ခံရ ကုန်းမှာနေတဲ့သူတွေလည်း မကြာမကြာတိုက်ခိုက်ခံရတော့ ခုနောက်ပိုင်း ရဲဝန်ထမ်းတို့ ဌာနဆိုင်ရာရုံးက ဝန်ထမ်းတွေတောင် ရုံးကမတက်မနေရမို့ တက်နေကြတဲ့သဘောဘဲ။ ရဲစခန်းတောင်ပစ်ခံနေရတော့ ထွေအုပ်ရုံးတွေဆို နောက်ဆိုဒီထက်တောင် ဆိုးလာနိုင်တယ်” လို့ ရွှေကူဒေသခံတစ်ယေက်က ပြောပါတယ်။

ကချင်ပြည်နယ်မှာ ခရိုင်  ၄ ခရိုင်နဲ့မြို့နယ် ၁၈ မြို့နယ်ရှိတဲ့ထဲက ရွှေကူမြို့နယ်ဟာ အာဏာသိမ်းပြီးနောက် ရေကြောင်းကနေ စစ်တပ်ရဲ့သင်္ဘောတက်လာတိုင်း မြစ်ကမ်းတစ်လျှောက် လက်နက်ကြီးပစ်ခတ်တာတွေကြောင့် အရပ်သားပြည်သူထိခိုက်သေဆုံးတာအပြင် စစ်ဘေးရှောင်တွေလည်း တစ်စစများလာနေတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။

အလားတူ စစ်ကောင်စီတပ်ရဲ့လက်အောက်ခံ ရဲဌာန၊အစိုးရဌာနရုံးတွေလည်း ကာကွယ်ရေးတပ်တွေရဲ့မကြာခန တိုက်ခိုက်ခံနေရတာလည်းဖြစ်ပါတယ်။

Show More

Related Articles

Back to top button