နယ်စပ်ကုန်သွယ်ရေး
-
Oct- 2024 -21 Octoberသတင်း
နယ်ခြားစောင့်တပ် ၁၀၀၃ စင်ကြိုင်မှာတိုက်ပွဲပြင်းထန်နေတဲ့အတွက် ကံပိုင်တည်မြို့ပြည်သူတွေ ကြိုတင်တိမ်းရှောင်
နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကံပိုင်တည်မြို့အနီးရှိ ၁၀၀၃ စင်ကြိုင်တပ်ရင်းချုပ်မှာတိုက်ပွဲပြင်းထန်နေတာကြောင့် မြို့တွင်းနေထိုင်တဲ့ပြည်သူတွေ ကြိုတင်ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တရုတ်နယ်စပ်– ကံပိုင်တည်မြို့နဲ့ ၁၀ မိုင်ဝန်းကျင်မှာရှိတဲ့ နယ်ခြားစောင့်တပ် ၁၀၀၃ စင်ကြိုင်တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်က အောက်တိုဘာလ ၁၇ ရက်နေ့ကနေ ထိုးစစ်ဆင်နေပြီး ရှေ့တန်းကာကင်းတစ်ချို့ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် တိုက်ပွဲဟာ မြို့အနီးရောက်ရှိလာပြီဲဖြစ်တာကြောင့် ကံပိုင်တည်မြို့ပြည်သူတွေဟာ မြစ်ကြီးနား– ဝိုင်းမော်ဘက်ကို ထွက်ပြေးတိမ်းရှောင်သူတွေရှိသလို တစ်ချို့က နီးစပ်ရာတောထဲမှာ တိမ်းရှောင်တာတွေလည်း ရှိနေတယ်လို့ ကံပိုင်တည်မြို့နေ ပြည်သူတစ်ဦး KNG ကိုပြောပါတယ်။ “မနေ့ညနေပိုင်းကနေ ပြေးတဲ့သူပြေးကုန်ကြပြီ ငွေကြေးတတ်နိုင်တဲ့သူတွေအများပိုင်းက မြစ်ကြီးနားနဲ့ဝိုင်းမော်ဘက်တိမ်းရှောင်ကြတယ်”လို့ ပြောပါတယ်။ KIA ရှေ့တန်းသတင်းရင်းမြစ်တွေပြောဆိုချက်အရ အောက်တိုဘာလ ၁၇ ရက်နဲ့ ၁၈ ရက်အတွင်း လဖိုင်ပြည်သူ့စစ်စခန်းနဲ့ဝေ့ါချုံးကာကင်းစခန်းတွေကို သိမ်းပိုက်ထားပြီး လမ်းတစ်လျှောက်လုံးကို KIA ဘက်က ထိန်းချုပ်ထားနိုင်ပြီလို့သိရပါတယ်။ လဖိုင်ပြည်သူစစ်ခန်းနဲ့ဝေါ့ချုံးရွာမှာရှိတဲ့ ကာကင်းစခန်းတွေဟာ ဆဒုံးမြို့နဲ့ ကံပိုင်တည်မြို့ကြား နယ်ခြားစောင့်တပ် ၁၀၀၃ စင်ကြိုင်တပ်ရင်းမရောက်ခင် ရှိတဲ့ရှေ့တန်းစခန်းတွေဖြစ်ပါတယ်။ ဒါ့အပြင် ဆဒုံးမြို့ကို KIA ပူးပေါင်းတပ် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့မှာသိမ်းပိုက်ထားပြီး အောက်တိုဘာလ ၁၇ ရက်နေ့ ဆဒုံးမြို့အကျော် ၁၀မိုင်ဝန်းကျင်မှာရှိတဲ့ နယ်ခြားစောင့်တပ်ရဲ့ ၁၀၀၃ စင်ကြိုင်တပ်ရင်းဌာနချုပ်ကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်ရှိက ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးမြို့ကို လုံခြုံရေးယူပေးတဲ့ တပ်ရင်းဌာနချုပ်ဖြစ်ပြီး KIA ထိုးစစ်ဆင်နေတာ ၄ ရက်ရှိလာတဲ့အပြင် စစ်တပ်ဘက် လေကြောင်းပစ်ခတ်တိုက်ခိုက်တာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၂၁ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာလည်း တရုတ်ဘက်က ဦးဇခုန်တိန့်ယိန်းရဲ့ နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်အဖွဲ့ အင်အား ၁၀၀ ဝန်းကျင်ကို ကံပိုင်တည်မြို့ထဲလာပို့တာတွေရှိတယ်လို့သိရပြီး ပြည်သူ့စစ်တွေ ကံပိုင်တည်မြို့ထဲရောက်လာပြီးနောက် စစ်တပ်ကဘက် ရဟတ်ယာဉ်နဲ့လက်နက်လာပို့သွားတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကံပိုင်တည်မြို့ပြည်သူတစ်ဦးပြောတာက” ပန်ဝါဘက်ကနေ တရုတ်ဘက်ကို ဝင်သွားတဲ့ပြည်သူ့စစ်တွေဖြစ်နိုင်တယ်။ တရုတ်ဘက်က လက်နက်တွေသိမ်းပေးလိုက်ပြီး ကံပိုင်တည်ကိုလာပို့တာလို့ ယူဆရတယ်။ အဲဒီပြည်သူ့စစ်တွေကိုလာပို့ပြီးနောက် ရဟတ်ယာဉ်တစ်စီးနဲ့လက်နက်တွေလာပို့သွားတယ်လို့ သတင်းရထားတယ်”လို့ ပြောပါတယ်။ KNG အနေနဲ့လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်နေပေမယ့် ညနေပိုင်း ၅ နာရီဝန်းကျင်အထိ ဖုန်းဆက်သွယ်လို့မရပါဘူး။ KIA ပူးပေါင်းတပ် ထိုးစစ်ဆင်နေတဲ့ နယ်ခြားစောင့်တပ်ရဲ့ ၁၀၀၃ တပ်ရင်းဌာနချုပ်ဟာ ဆဒုံးမြို့ကနေ မိုင် ၂၀ ဝန်းကျင်သာကွာဝေးပါတယ်။ ဒါ့အပြင် ကံပိုင်တည်မြို့ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် နယ်ခြားစောင့်တပ်ထိန်းချုပ်မှုအောက်မှာရှိပြီး တရုတ်– မြန်မာနှစ်နိုင်ငံကုန်သွယ်ရေးဇုန်အဖြစ် တည်ဆောက်နေပြီး နှစ်နိုင်ငံစီမံကိန်း သဘောတူစာချုပ် MOA ထိုးနိုင်ဖို့ပြင်ဆင်နေကြတာလည်းဖြစ်ပါတယ်။ By – Zami
Read More » -
Jun- 2024 -7 Juneသတင်း
KIA သိမ်းပိုက်ထားတဲ့ လွယ်ဂျယ်မြို့ မူးယစ်ဆေးဝါးကင်းစင်ဖို့နဲ့မြို့လုံခြုံရေးအထူးကြပ်မတ်နေပြီလို့ဆို
နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရအောက်မှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ လွယ်ဂျယ်ပြည်သူတွေ ပထမဆုံးအကြိမ်လူထုတွေ့ဆုံပွဲကို ၃ ရက်သာကျင်းပခဲ့ကြတယ်လို့ လွယ်ဂျယ်ပြည်သူတွေကပြောပါတယ်။ KIO က အသစ်ဖွဲ့စည်းထားတဲ့ လွယ်ဂျယ်မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ဇွန်လ ၃ ရက်ကနေ ၅ ရက်နေ့အထိ လွယ်ဂျယ်မြို့ ရပ်ကွက်တစ်ခုချင်းစီမှာရှိတဲ့ လူထုတွေနဲ့တွေ့ဆုံပြီး လွယ်ဂျယ်မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်ပြောဆိုဆွေးနွေးခဲ့တဲ့အပြင် လက်ရှိမြို့တစ်မြို့လုံးရဲ့ လုံခြုံရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊မြို့သန့်ရှင်းရေးတွေ အဓိကလုပ်ဆောင်ပေးနေပြီလို့ လွယ်ဂျယ်မြို့မှာနေထိုင်တဲ့ ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ “အရင်စစ်တပ်လက်အောက်မှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို တစ်ယောက်မှ အသုံးမပြုတော့ဘူး အကုန်ပြောင်းလိုက်ပြီ။ အခု KIO က အသစ်ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးကိုယ်တိုင်က တာဝန်ပေးထားတဲ့ ရပ်ကွက်တာဝန်ခံတွေနဲ့အတူ ပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ လိုက်လုပ်နေတယ်။ အဓိကတော့ မြို့တစ်ခုလုံးရဲ့ လုံခြုံရေးနဲ့ မူယစ်ဆေးဝါးတိုက်ဖျက်ရေး၊ မြို့သန့်ရှင်းရေးတွေလုပ်ပေးနေတယ်”လို့ပြောပါတယ်။ လက်ရှိ KIO အစိုးရက အသစ်ခန့်အပ်ထားပေးတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဟာ မြို့တစ်ခုလုံးအတွက် လုံခြုံရေး၊ မြို့သန့်ရှင်းရေး၊ ဒေသအတွင်း မူးယစ်ဆေးဝါးကင်းစင်မှုကို အဓိက အချက် ၃ ချက်နဲ့ ကြပ်မတ်လုပ်ဆောင်နေတယ်လို့ သူကဆက်ပြောပါတယ်။ လွယ်ဂျယ်မြို့ဟာ နယ်စပ်ကုန်သွယ်ရေးမြို့တစ်ခုဖြစ်တာကြောင့် မြို့တစ်ခုလုံးနီးပါ နှစ်ဆယ်ချီ စွန့်ပစ်ထားကြတဲ့အမှိုက်ထူထပ်တဲ့မြို့တစ်ခုဖြစ်ပြီးတော့ KIA က သိမ်းပိုက်ထားတဲ့ ၂ လအတွင်းမှာ မြို့တွင်းရှင်းလင်းရေးလုပ်ဆောင်လိုက်ပြီးနောက် လက်ရှိမြို့တစ်ခုလုံး အမှိုက်ကင်းစင်သွားပြီဖြစ်တယ်လို့ဒေသခံတွေပြောပါတယ်။ ဒါ့အပြင် လွယ်ဂျယ်မြို့တစ်ခုလုံး မူးယစ်ဆေးဝါးကင်းစင်ဖို့နဲ့ လုံခြုံရေးအတွက် မြို့တစ်ခုလုံးကိုလည်း ခေတ်မှီနည်းပညာ CCTV တွေအသုံးပြုပြီး လုံခြုံရေးအတွက်ကိုလည်း စနစ်တကျလုပ်ဆောင်သွားဖို့ရှိတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် လူထုတွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ တိုက်ပွဲငြိမ်သက်သွားတဲ့ နှစ်လဝန်းကျင်တိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ လွယ်ဂျယ်ဒေသခံ ပြည်သူတွေအားလုံးလည်း နဂိုမူလအတိုင်း နေရပ်ပြန်နေထိုင်ကြပြီဖြစ်ပြီး မြို့တွင်းစျေးဖွင့်လှစ်တာတွေ၊ အုပ်ချုပ်ရေးဌာနဆိုင်ရာ ရုံးအသီးသီးလည်း ပုံမှန်လည်ပတ်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် နယ်မြေမတည်ငြိမ်မှုတွေဖြစ်နေသေးတာကြောင့် သွားလာရေးကိုတော့ကန့်သတ်ထားတာတွေရှိနေပြီး ကုန်သွယ်ရေးလုပ်ငန်းနဂိုမူလအတိုင်း ပြန်ပြီးလည်ပတ်ဖို့ရန်အတွက် ခက်ခဲနေသေးတယ်လို့ လွယ်ဂျယ်ဒေသခံအမျိုးသားက ဆက်ပြောပါတယ်။ “အခက်အခဲလို့ပြောရရင် ရောင်းဝယ်ရေးလုပ်ငန်းတွေ အရင်ကလိုပြန်ပြီးလည်ပတ်ဖို့ကတော့ လိုနေသေးတယ်။ ဘာလို့လဲဆိုတော့ ဗန်းမော်ဘက်ကို ဆက်သွယ်တဲ့ လမ်းတွေ အရင်ကလိုသွားလာခွင့်မရတော့ဘူး။ မြစ်ကြီးနားကို ဆက်သွယ်တဲ့ကားတွေလည်း ခက်သွားတယ်။ ဒါကြောင့် ရောင်းဝယ်ရေးနဲ့ အဓိက စီးပွားရေးလုပ်နေကြတဲ့ သူတွေအတွက်တော့ တော်တော်လည်းခက်နေသေးတယ်”လို့ပြောပါတယ်။ လွယ်ဂျယ်မြို့ဟာ ကချင်ပြည်နယ်ရဲ့ အဓိကကျတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်ပါတယ်။ ဒါကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းတွေ အရင်ကလို ပြန်လည်ကောင်းမွန်လာဖို့ရန်အတွက် လက်ရှိခန့်အပ်ထားတဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေရဲ့စွမ်းဆောင်မှုပေါ်မူတည်ပြီးတော့ ပြန်ပြီးလည်ပတ်လာနိုင်တယ်လို့ လွယ်ဂျယ်ဒေသခံတွေက သုံးသပ်နေကြပါတယ်။ KIO က အသစ်ခန့်အပ်ထားတဲ့ လွယ်ဂျယ်မြို့ အုပ်ချုပ်ရေးတာဝန်ခံဟာ အသက် ၃၂ နှစ်အရွယ်ရှိတဲ့ ဦးဆွတ်ဂျတ်အောင်ဆိုသူဖြစ်ပြီးတော့ ပြီးခဲ့တဲ့ မေလအတွင်းမှာပဲ လက်ရှိအရေးပေါ်ကာလအတွင်း ယာယီအုပ်ချုပ်ရေးတာဝန်ကို ထမ်းဆောင်ဖို့ ခန့်အပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ လွယ်ဂျယ်မြို့ထဲမှာ ရပ်ကွက် ၇ ခုလောက်ရှိပြီး ဦးဆွတ်ဂျတ်အောင်က လွယ်ဂျယ်မြို့တစ်မြို့လုံးရဲ့ ယာယီမြို့နယ်အုပ်ချုပ်ရေးတာဝန်ခံဖြစ်ပြီး ရပ်ကွက်အသီးသီးမှာလည်း အုပ်ချုပ်ရေးမှူးတွေ ပြုပြင်ပြောင်းလဲ ဖွဲ့စည်းထားပြီလို့လည်းသိရပါတယ်။ လွယ်ဂျယ်မြို့ကို KIA သိမ်းပိုက်လိုက်တဲ့နောက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စည်ပင်သာယာရေး လုပ်ငန်းတွေ ပြန်ပြီးလည်ပတ်ဖို့ မြို့နယ်အုပ်ချုပ်ရေးတာဝန်ခံတွေခန့်အပ်ပြီး စတင်လုပ်ဆောင်လာတဲ့ နှစ်လအတွင်းမှာ မြို့တွင်းပြောင်းလဲမှုတွေ အများကြီးမြင်တွေ့လာရတယ်လို့ လွယ်ဂျယ်မြို့ဒေသခံ နောက်ထပ်အမျိုးသားတစ်ဦးက အခုလို ပြောဆိုထားပါတယ်။ “KIO အုပ်ချုပ်တဲ့နောက်ပိုင်းမှာ လူမှုဝန်ဆောင်ရေးလုပ်ငန်းတွေဖြစ်တဲ့ စျေး၊ အမှိုက်ကိစ္စတွေ အရင်လုပ်ဆောင်တာကိုတွေ့ရတယ်။ အမှိုက်ကိစ္စလို့ပြောတဲ့အထဲမှာ တစ်မြို့လုံးအတိုင်းအတာနဲ့ လုပ်သွားတာ။ ပြီးရင်အခုတလော ပြည်သူလူထုတွေနဲ့ တွေ့ဆုံမှုမှာလည်း လွယ်ဂျယ်မြို့က နယ်စပ်ကုန်သွယ်စီးဆင်းရေးမြို့ဖြစ်တာကြောင့် တစ်မြို့လုံးကို ဘေးကင်းလုံခြုံဖို့ နည်းပညာတွေနဲ့ လုပ်ဖို့ စီစဉ်နေတယ်။ ပြီးရင် မူးယစ်ဆေးဝါးကင်းစင်ဖို့လည်းကြိုးစားလုပ်ဆောင်နေတာတွေ့ရတယ်”လို့ပြောပါတယ်။ လွယ်ဂျယ်မြို့မှာ အုပ်ချုပ်ရေးစနစ်တွေတိုးမြင့်ပြီး လုံခြုံရေး၊ စည်ပင်သာယာရေးလုပ်ငန်းတွေ အရင်ကထက် ပြောင်းလဲမှုတွေမြင်တွေ့ရပြီး လက်ရှိမှာ ကုန်သွယ်ရေးလုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ဖို့ရန်အတွက်လည်း KIO အစိုးရအနေနဲ့ လုပ်ဆောင်ပေးဖို့ ပြည်သူတွေကတောင်းဆိုထားပါတယ်။ KIO အစိုးရဘက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတရားဝင် တံခါးပေါက်ဝကို ဧပြီလ ၁၁ ရက်နေ့မှာ ဖွင့်ပေးလိုက်ပြီဖြစ်ပေမယ့် ကုန်ကားတွေကိုသာ သွာလာခွင့်ရရှိသေးတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့မှာ လွယ်ဂျယ်မြို့တွင်းတပ် ခလရ ၁၄၂ တပ်ရင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက တရုတ်နိုင်ငံဘက်ကိုထွက်ပြေးသွားကြပြီးနောက် မတ်လ ၉ ရက်နေ့မှာ မြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။ လွယ်မြို့ကို မသိမ်းမှီ KIA ပူးပေါင်းတပ်တွေက လွယ်ဂျယ်မြို့ပတ်ပတ်လည် ဝိုင်းရံထားတဲ့ စစ်ကောင်စီတပ်စခန်း ၅ ခုလောက်ကို KIA သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ By…
Read More » -
Apr- 2024 -2 Aprilသတင်း
တရုတ်ဖိအားပေးနေတဲ့ကြား လွယ်ဂျယ်ရဲစခန်းကို KIA သိမ်းပိုက်
“ဒီထဲမှာရှိတဲ့ အစိုးရယန္တရားလည်ပတ်နေတဲ့ တာဝန်ရှိတဲ့သူတွေက အားလုံးနီးပါး ဗန်းမော်ဘက်ကို ရောက်သွားကြပြီ။ သိရသလောက်က KIA နဲ့ ညှိနှိုင်းပြီးတော့ ထွက်သွားကြတာတဲ့။ မနေ့က ကျနော်သူငယ်တစ်ယောက်က ဗန်းမော်ဘက်ကိုသွားတာ ဒီက ဝန်းထမ်းတစ်ချို့ကို ဗန်းမော်မှာတွေ့လိုတောင် အံ့ဩနေတာတဲ့”လို့ပြောပါတယ်။
Read More » -
Sep- 2022 -12 Septemberသတင်း
အရှေ့မြောက် တံခါးပေါက်မှ ဒုက္ခသည်များ
“သိန်း ဆယ်ချီ ရင်းထားပြီးတော့ ၁ သိန်း ၂ သိန်းပဲ ကျန်ဖို့ မလွယ်ဘူး။ ကျနော် အံ့ဩသွားတယ်။ ကျနော်လည်း အလုပ်ရှိ ယုံတမယ် မှေးလုပ်နေရတာ” ဟု မြန်မာပြည် အရှေ့မြောက် နယ်စပ် ကုန်တင်ယာဉ်မောင်း…
Read More » -
May- 2022 -2 Mayသတင်း
မြန်မာ တရုတ်ဘက် တင်ပို့မည့် ကြံကား ရာချီ ပိတ်မိနေ
မုံးကိုး- မန်ဟိုင်း မြန်မာ- တရုတ်နယ်စပ်၊ မုံးကိုးမြို့ပေါ်တွင် တရုတ်ပြည်ဘက်သို့ တင်ပို့မည့် ကြံကားများ ရာချီ ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။ တရုတ်နိုင်ငံဘက်မှ ကိုဗစ်ပိုးတွေ့သည်ဟုဆိုကာ ပြီးခဲ့သည့် ဧပြီလ ၂၀ရက်နေ့မှစတင်ပြီး ၁၀ရက်ခန့် ဂိတ်ပိတ်ခဲ့သည့်အတွက် ပန်ဆိုင်း…
Read More » -
Jan- 2022 -14 Januaryသတင်း
လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် တစ်သျှူးငှက်ပျောကားမောင်းသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် ၃၀၀ နီးပါး နေရာထိုင်ခင်းအခက်အခဲဖြစ်နေ
ကချင် တရုတ်နယ်စပ် လွယ်ဂျယ် ကုန်သွယ်ရေးဂိတ်ပိတ်ထားသောကြောင့် ထိုဂိတ်အနီးတွင်စောင့်ဆိုင်းနေသော တရုတ်တစ်သျှူးငှက်ပျောကား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၃၀၀ နီးပါးအတွက် နေရာထိုင်ခင်းအခက်အခဲ ကြုံတွေ့နေသည်ဟု သိရသည်။ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြန်ဖွင့်ပေးမည်ဟု တရုတ်အစိုးရဘက်က…
Read More » -
12 Januaryသတင်း
မြန်မာဘက်မှ တရုတ်ပြည်ဘက်သို့ တင်ပို့နေသည့် ဖရဲသီးဈေးများပိုမိုကျဆင်းလာ
မြန်မာနိုင်ငံဘက်မှ တရုတ်ပြည်ဘက်သို့ တင်ပို့နေသည့် ဖရဲသီးများ ဈေးအဆမတန်ကျဆင်းလာကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ ဇန်နဝါရီလ ၉ ရက်နေ့ထိ ဖရဲသီး ၁ ကီလိုဂရမ်တွင် တရုတ်ငွေ ယွမ် ၇ ယွမ်ဝန်းကျင်ခန့်ရရှိသော်လည်း ဇန်နဝါရီလ ၁၀ရက်နေ့မှစကာ ယွမ်…
Read More » -
Dec- 2010 -27 Decemberသတင်း
ကချင်ပြည်နယ် ဧရာဝတီတံတားတွင် လူဖြတ်သန်းခွင့် အချိန်ကန့်သတ်
ကချင်ပြည်နယ်၏ အဓိက တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းရှိ ဗလမင်းထင် ဧရာဝတီ တံတားတွင် လူဖြတ်သန်း သွားလာမှုအား မြန်မာစစ်အစိုးရမှ အချိန် ကန့်သတ်လိုက်ခြင်း … ကချင်ပြည်နယ်၏ အဓိက တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းရှိ ဗလမင်းထင်…
Read More »