နေအိမ်ပျက်စီး

  • Dec- 2024 -
    9 December
    သတင်း

    ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်အပါ နေရာတစ်ချို့မှာ ငလျင် ၇ ကြိမ်ခန့်လှုပ်ခတ်လို့ နေအိမ်တစ်ချို့ထိခိုက်ပျက်စီး

    ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်အပါအဝင် မြို့တချို့မှာ အင်အားပြင်းမြေငလျင် ၇ ကြိမ်ခန့် လှုပ်ခတ်ခဲ့တဲ့အတွက် နေအိမ်တစ်ချို့ထိခိုက်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ပိုင်း ၃ နာရီနဲ့ ၄ ရီကြား နာရီဝက်အတွင်း ငလျင် ၄ ကြိမ် လှုပ်ခတ်သွားပြီး နောက်ထပ် မနက် ၇ နာရီနဲ့ ၈ နာရီကြား ငလျင်ထပ်လှုပ်ခတ်သွားတယ်လို့ ကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦး ကချင်သတင်းဌာန KNG ကို အခုလိုပြောပါတယ်။ “ဒီမနက် ၃ နာရီ ၃၈ မိနစ် မှာ ပထမဆုံးလှုပ်တာ တော်တော်ပြင်းတယ်။ အဲဒီနောက် ၃ နာရီ ၄၇ မိနစ်နဲ့ ၄၈ မိနစ်မှာ ၂ ကြိမ်၊ ၄ နာရီထိုးခါနီးမှာ ထပ်ပြီးလှုပ်တယ်။ ဒီမနက်မိုးလင်းခါနီးမှာ ပြန်ပြီးငလျင်ထပ်လှုပ်တယ်။ ဒီလောက်ဖြစ်တာတော့ မကြုံဖူးသေးဖူး။ ဒီမနက်ဟာက ထူးခြားတယ်လို့ ပြောချင်ပါတယ်”လို့ ကွတ်ခိုင်ဒေသခံအမျိုးသမီတစ်ဦး ပြောပါတယ်။ ဒီမနက် ကွတ်ခိုင်နဲ့ သိန္နီဘက်ကို ဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့ မြေငလျင်အားဟာ မဂ္ဂနီကျု ၄.၅ အဆင့် အင်အားသင့်ငလျင်ဖြစ်ပြီး မြို့တွင်း နေအိမ်တစ်ချို့ အက်ကွဲတာတွေရှိတယ်လို့သိရပေမယ့် ထိခိုက်ပျက်စီးမှု အသေးစိတ် စုံစမ်းနေဆဲဖြစ်ပါတယ်။ မြေငလျင်ဟာ တစ်ကြိမ်လှုပ်ခတ်ရင် ၅ စက္ကန့်နဲ့ ၁၀ စက္ကန့်ကြား ကြာပြီး  ၇ ကြိမ်ခန့်ရှိတယ်လို့ ဒေသခံတွေ ခန့်မှန်းပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာလည်း ရှမ်းမြောက် ကွတ်ခိုင်မြို့အပါဝင် လားရှို့မြို့တွေမှာ မြေငလျင်လှုပ်ခတ်တာတွေရှိခဲ့ပေမဲ့ ဒီမနက်ရဲ့ ငလျင်အားနဲ့ လှုပ်ခတ်တဲ့ပုံစံမှုမျိုး မကြုံခဲ့ဖူးတာကြောင့် ဒေသခံတွေကို ထိတ်လန့်စေတယ်လို့ နမ့်ဖတ်ကဒေသခံအမျိုးသားတစ်ဦး အခုလို ပြောပါတယ်။ “ငြိမ်လိုက် လှုပ်လိုက်နဲ့ မိနစ် ၃၀ အတွင်းမှာ ဆက်တိုက်ပဲ ၄ ကြိမ်လောက်အရင်လှုပ်တယ်။ ပထမဆုံးအရင်လှုပ်တာက ပိုပြင်းတာ။ အရင်ကလည်း ဖြစ်ဖူးပါတယ်။ ဒါပေမဲ့ ဒီလိုမပြင်းဘူး ဒီတစ်ခေါက်က မှတ်မှတ်ရရ၊ သတိတရပဲ လှုပ်တာ တော်တော်လန့်တယ်”လို့ နမ့်ဖတ်ကာဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ မြေငလျင်ဟာ ကွတ်ခိုင်မြို့နယ်အပြင် နမ့်ခမ်းမြို့၊ သိန္နီမြို့ နဲ့ လားရှိုးဘက်တွေအထိ လှုပ်ခတ်သွားတယ်လို့ ဆက်လက်သိရပါတယ်။ “ငလျင်စလှုပ်ကတည်းက အိပ်လို့မရတော့ဘူး၊ ကြောက်စရာကြီး လှုပ်ခတ်နေတာ။ ကျမကလေးတောင် အမေရေ အိမ်ကဘာလို့ အဲဒီလောက်တုန်လှုပ်နေတာလဲတဲ့ သူကမသိလို့လေ။ အတကုန် လှုပ်နေတာ။ အရမ်းမပြင်းဘူးဆိုပေမဲ့ ဒီလိုဖြစ်တာတော့ တစ်ခါမှ မကြုံသေးဘူး။”လို့ကွတ်ခိုင်အနီး ခိုနောင်ဒေသခံအမျိုးသမီးကလည်း ပြောပါတယ်။ စစ်ကောင်စီလက်အောက် မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အဲဒီငလျင်ဟာ မြေပြင်အောက်အနက် ( ၁၀ )ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တယ်လို့ ဒီမနက်မှာ ထုတ်ပြန်ထားပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Jul- 2024 -
    8 July
    သတင်း

    မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်း မလိခမြစ်ချောင်းတစ်ကြောက လူနေအိမ် ၂၀၀ ခန့် ထိခိုက်ပျက်စီးသွား

    မြစ်ကြီးနား – ဆွမ်ပရာဘွမ့် ကားလမ်းမကြီးပေါ် မလိခမြစ်ချောင်းတစ်ကြောမှာရှိတဲ့  ကျေးရွာတွေမှာ ဒီရက်ပိုင်း ရေကြီးရေလျှံဖြစ်ခဲ့တဲ့အတွက် လူနေအိမ် ၂၀၀ ကျော်ထက်မနည်းပျက်စီးဆုံးရှုံးသွားတာကြောင့် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ ရေကြီးရေလျှံဖြစ်ပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားတဲ့ ကျေးရွာတွေကတော့ ဖုန်အိန်ယန်(Hpung Ing…

    Read More »
  • Jun- 2024 -
    24 June
    သတင်း

    စစ်တပ်ရဲ့ လေကြာင်းတိုက်ခိုက်မှုကြောင့် ဝူယန်၊ လမြန်၊ မုတ်ကျိတ် စတဲ့ ကျေးရွာတွေ အားလုံးနီးပါး ထိခိုက်ပျက်စီးမှုများ

    ဝိုင်းမော်မြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ ဝူယန်၊ လမြန် နဲ့ မုတ်ကျိတ် ကျေးရွာတစ်ကြောကို စစ်တပ်လေယာဉ်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ရွာလုံးကျွတ်နီးပါး နေအိမ်တွေထိခိုက်ပျက်စီးနေတယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။ ဇွန်လ ၁၈၊ ၁၉ ရက်နေ့တွေမှာ ဝူယန်နဲ့လမြန်ကြား စစ်တပ်နဲ့ လီဆူပြည်သူ့စစ်အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA…

    Read More »
  • Apr- 2024 -
    19 April
    သတင်း

    မိုးသက်လေပြင်းကြောင့်ပျက်စီးသွားတဲ့ တနိုင်းစိန်ဂျိုးဇက်စစ်ရှောင်စခန်းက အဆောင်ပြုပြင်ဖို့ အကူညီလိုအပ်နေ

    မိုးသက်လေပြင်းကြောင့်ပျက်စီးသွားတဲ့ တနိုင်းမြို့ စိန်ဂျိုးဇက်စစ်ရှောင်စခန်းက စစ်ဘေးရှောင်တွေရဲ့အဆောင် ပြုပြင်ဖို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။ တနိုင်းမြို့မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က မိုးသက်လေပြင်းကျရောက်ခဲ့ပြီး အချိန် ၁ နာရီဝန်းကျင်ကြာအောင် မိုးသီးအဆက်မပျက်ကျခဲ့တဲ့အတွက် စစ်ရှောင်စခန်းထဲက အဆောင် ၈ ဆောင် အိမ်ခေါင်မိုးတွေပျက်စီးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆောင်တွေမပြုပြင်နိုင်သေးတဲ့အတွက် စစ်ရှောင်ပြည်သူတွေဟာ အခက်အခဲတွေ ကြုံနေရပြီး မိုးရွာတဲ့ချိန် အိုး၊ ခွက်၊…

    Read More »
  • 18 April
    သတင်း

    နေအိမ်ပျက်စီးသွားတဲ့ စီခမ်းကြီးစစ်ဘေးရှောင်တစ်ချို့နေရပ်ပြန်ဖို့ခက်ခဲနေ

    ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီးကျေးရွာတိုက်ပွဲအတွင်း နေအိမ်ပျက်စီးသွားတဲ့ စစ်ဘေးရှောင်ပြည်သူတစ်ချို့နေရပ်ပြန်ဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ စီခမ်းကြီးဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲကြောင့် စစ်ရှောင်နေကြရတဲ့ ဒေသခံတွေဟာ တစ်လကျော်အကြာအများစုနေရပ်ပြန်ဝင်နေကြပေမယ့် တိုက်ပွဲတွင်း လက်နက်ကြီးထိမှန်တာ၊ စစ်တပ်ဘက်ကလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် နေအိမ်ထိခိုက်ပျက်စီးသွားတဲ့ အိမ်ထောင်စု ၄၀ ကျော်ဟာ ဒီနေ့ထိ နေရပ်မပြန်နိုင်ပဲတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အများပိုင်းက ပြန်ဝင်ကြပြီ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက ပြန်ဝင်နေကြပြီ။ ဒါပေမယ့် အိမ်တွေလုံးဝပျက်စီးသွားတဲ့မိသားစုတွေကတော့ ပြန်မဝင်နိုင်ကြသေးဘူး တိမ်းရှောင်နေကြတုန်း အိမ်ရှိတဲ့လူတွေလောက်ပဲပြန်ကြတာ အိမ်တွေဘာတွေပြန်ဆောက်ပြီး နေဖို့ကြလောလောဆယ်အခြေအနေနဲ့အဆင်မပြေသေးဘူးလေ”လို့ စီးခမ်းကြီး ဒေသခံစစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။ လက်ရှိ စီခမ်းကြီးကျေးရွာဘက်မှာ တိုက်ပွဲတွေကငြိမ်သက်နေတာ တစ်ကျော်ကြာမြင့် နေပြီဖြစ်ပေမယ့် နေအိမ်ထိခိုက်ပျက်စီးသွားတဲ့ဒေသခံတစ်ချို့ဟာနေအိမ်ဆောက်ဖို့ ငွေကြေးခက်ခဲတဲ့အပြင် စစ်ရေးပြန်ပြီးတင်းမာလာမှာကိုစိုးရိမ်နေတာကြောင့် နေရပ်ပြန်ဝင်ဖို့ခက်ခဲနေတာလို့သိရပါတယ်။ “တိုက်ပွဲက ဖြစ်တော့မဖြစ်တော့ဘူး။ ဒါပေမယ့်လည်း တော်ကြာအိမ်ပြန်ဆောက်ပြီးကျမှ တိုက်ပွဲ ပြန်ဖြစ်လာမလား လေယာဥ်နဲ့ပဲပြန်လာချမလားအမျိုးမျိုးတွေးပြီး ပြန်မဆောက်ရဲသေးတာပေါ့ ပြီးတော့ အိမ်ဆောက်ဖို့အတွက် ကလောလောဆယ်လက်ထဲမှာ ဘာမှမရှိဘူးလက်ဗလာနဲ့လည်းဆောက်လို့မရဘူးလေ အကုန်ပါသွားတာ”လို့ နေအိမ်ပျက်စီးသွားတဲ့စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။ လက်နက်ကြီးထိမှန်ပြီးပျက်စီးသွားလို့ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ အိမ်ထောင်စု ၄၀ ဝန်းကျင်ဟာလက်ရှိ မံစီးမြို့နဲ့နီးစပ်ရာကျေးရွာတွေမှာ တိမ်းရှောင်နေရတယ်လို့သိရပါတယ်။ စီးခမ်းကြီးကျေးရွာကို KIA၊KPDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပြီး လက်ရှိအချိန်အထိ ကျေးရွာကို KIA ဘက်ကထိန်းချုပ်ထားတယ်လို့သိရပါတယ်။ သို့သော်…

    Read More »
  • 15 April
    သတင်း

    နန့်ယားတိုက်ပွဲမှာ နေအိမ်ထိခိုက်ပျက်စီးသွားတဲ့ပြည်သူတွေအတွက် ကူညီထောက်ပံ့မှုလိုအပ်နေ

    မြစ်ကြီးနား – ဖားကန့်လမ်းပေါ်ရှိ နန်ယားစခန်းသိမ်းတိုက်ပွဲမှာ နေအိမ်ထိခိုက်ပျက်စီးခဲ့တဲ့ဒေသခံပြည်သူအတွက် ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ သိရပါတယ်။ နန့်ယားမှာ ဧပြီလ ၉ ရက်နေ့မှစတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAပူးပေါင်တပ်တွေရဲ့စခန်းသိမ်းတိုက်ပွဲ ၃ ရက်အတွင်း ဒေသခံပြည်သူတွေရဲ့နေအိမ်တွေမှာ လက်နက်ကြီးကျည်ထိမှန်တာအပြင် စစ်တပ်ကလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ် ၂၅ လုံးထက်မနည်းထိခိုက်ပျက်စီးခဲ့ပြီး ကူညီထောက်ပံ့တာတွေလိုအပ်နေတယ်လို့ နန့်ယားမှာနေထိုင်တဲ့ပြည်သူတစ်ဦးက ပြောပါတယ်။ “ခုဒီမှာက တစ်ချို့ကဝင်တာတော့ဝင်နေကြပြီ အားလုံးတော့မဝင်သေးဘူး။ ဝင်လို့ရပေမယ့် တစ်ချို့အိမ်တွေလုံးဝယူလို့မရတော့တဲ့အခြေနေဆိုတော့ ဖြစ်နေကြတယ် ယာယီနေဖို့တဲလေးတွေဆောက်ဖို့လုပ်နေကြတာတော့ရှိတယ်”လို့ ပြောပါတယ်။ နန့်ယား ခလရ ၁၂၀ တပ်ကို KIA ပူးပေါင်းတပ်တွေက ဧပြီလ ၁၀ ရက်နေ့သိမ်းယူထားနိုင်ပြီး လက်ရှိချိန်မှာတော့ ဒေသခံပြည်သူတစ်ချို့ရွာထဲကို ပြန်ပြီးဝင်ရောက်နေထိုင်နေကြပြီဖြစ်ပါတယ်။သို့ပေမယ့် နေအိမ်အများပိုင်းမှာ နေထိုင်လို့မရတော့တဲ့အခြေနေထိ မီးလောင်ပျက်စီးခဲ့တာကြောင့် နေထိုင်ဖို့အခက်ခဲကြုံတွေ့နေကြရတယ်လို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် မီးလောင်ပျက်စီးသွားတဲ့ထဲမှာ ဘာသာရေးအဆောက်အဦးတစ်ချို့နဲ့ စာသင်ကျောင်းအပြင် စျေးဆိုင်တစ်ချို့လည်းပါဝင်ပြီး လက်ရှိကုန်စျေးနှုန်းမြင့်တက်နေတဲ့ကာလမှာပြန်လည်ထူထောင်ရေးလုပ်ဖို့ ခက်ခဲမှုတွေရှိနေတယ်လို့ သိရပါတယ်။ “ဘုရားကျောင်းတွေမှာထိမှန်ထားတာလည်းရှိတယ် ပြီးတော့ ကုန်စုံဆိုင်တွေလည်းထိထားတာရှိတယ် ခုချိန်ဖားကန့်မှာက ကုန်စျေးနှုန်းကြီးတာနဲ့ဆို ပြန်လည်ထူထောင်ရေးတော့လွယ်တော့မလွယ်လောက်သေးဘူး”လို့ နန့်ယားမှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးက ပြောပါတယ်။ နန့်ယားကျေးရွာဟာ မြစ်ကြီးနား– ဖားကန့်သွားလမ်းမပေါ်မှာရှိပြီး စစ်ဆေးရေးတင်းကြပ်ဆုံးဂိတ်ရှိတာကြောင့် နန့်ယားဒေသခံတွေအပါအဝင် ခရီးသွားပြည်သူတွေဟာ မကြာခနစစ်ဆေးဖမ်းဆီးခံရတာလည်းဖြစ်ပါတယ်။ ဒါပမေယ့် လက်ရှိစစ်တပ်ဂိတ်မရှိတော့တာကြောင့် ဒေသခံပြည်သူများသွားရေးလာရေးမှာအခက်ခဲမရှိတော့ဘူးလို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ်ဆန်းပိုင်းအတွင်းမှာပဲ KIA ပူးပေါင်းတပ်တွေ ဖားကန့်မြို့နယ်ထဲမှာရှိတဲ့ ဗျူဟာမြှောက်တပ်စခန်းနေရာတွေကို ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နန့်ယား၊ နမ်တိန့်၊ ဝှေခါ၊ တာမခံ၊ ကသိုဏ်းတောင်နဲ့ နမ်မှော်စတဲ့ တပ်စခန်းတွေကို ၄ လအတွင်းမှာ သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ ဒါ့အပြင်  အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ နေအိမ်ပေါင်း ၂၈၃,၇၄၆  လုံးမီးရှို့ဖျက်ဆီးခံထားရတယ်လို့ Data for Myanmar ကမနေ့ကထုတ်ပြန်ထားပါတယ်။ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ၁၀၀၀ အောက်ထိကျဆင်းသွားခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလနေ တဖြေးဖြေး ပြန်ပြီးမြင့်တက်လာတာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လအတွင်း နေအိမ်ပေါင်း ၂,၈၃၁ လုံး မီးရှို့ဖျက်ဆီးခံရပြီး စစ်ကိုင်းတိုင်းထဲ ၁,၈၅၁ လုံးနဲ့ မန္တလေးတိုင်းထဲက ၆၂၈ လုံးအများဆုံးပါဝင်သလို ကချင်အပါအဝင် ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာလည်းနေအိမ်မီးရှို့ခံရတာတွေရှိတယ်လို့ ဖော်ပြထားပါတယ်။ By – ဇမီ

    Read More »
Back to top button