ပညာရေး

  • Jul- 2024 -
    10 July
    ဆောင်းပါး

    ဩစတေးလျ (Australia)ထိပ်တန်းတက္ကသိုလ်က ပူတာအိုသားလေး

    “အခွင့်အရေးဆိုတာ ကြိုးစားနေတဲ့သူတွေအတွက်ဘဲ ပြီးတော့အခွင့်အရေးဆိုတာ ဘယ်လိုနေရာမျိုးမှာဘဲ ဖြစ်ဖြစ်ရှိနေတတ်တယ် ခံပြင်းတဲ့စိတ်နဲ့ ကြိုးစားလို့ရှိရင် အခွင့်အရေးက ကိုယ်ဆီရောက်လာလိမ့်မယ်” လူငယ်တွေကို ခွန်အားဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ အကြံပေးစကားကို ပြောခဲ့တဲ့သူကတော့ လက်ရှိ ဩစတေးလျ (Australia) နိုင်ငံက ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ (The…

    Read More »
  • Jun- 2024 -
    28 June
    သတင်း

    ဂါလိုင်(Galeng)စာသင်ကျောင်းဖွင့်ဖို့ ကျောင်းကော်မတီနဲ့ TNLA တို့ညှိနှိုင်းနေဆဲ

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာမှာရှိတဲ့ အလယ်တန်းကျောင်းဖွင့်ဖို့ ဒေသခံကျောင်းသားမိဘတွေ နဲ့ TNLA ဆက်ပြီးဆွေးနွေးနေဆဲဖြစ်တယ်လို့ ကျောင်းတာဝန်ရှိသူတွေထံကနေ သိရပါတယ်။ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ဘက်က ဇွန်လ ၂၃ ကျောင်းကိုအတင်းပိတ်ပေးလိုက်ပြီးနောက်  ဇွန်လ ၂၆ ရက်နေ့မှာတော့ TNLA အထက်အရာရှိတွေနဲ့ ကျောင်းတာဝန်ခံတွေ တွေ့ဆုံဆွေးနွေးရာ ဂါလိုင်ကျောင်းဖွင့်ဖို့ TNLA ရဲ့ပညာရေးကောင်စီ TLEC ထံခွင့်တောင်းစာတင်ပြီး TLEC ချပေးတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာနိုင်မှ ကျောင်းဖွင့်ခွင့်ပေးမယ်လို့ ပြောဆိုခဲ့တာကြောင့် ကျောင်းတာဝန်ခံတွေနဲ့ KIO ဘက်က ဆက်လက်ညှိနှိုင်းဖို့လိုအပ်နေသေးတာဖြစ်တယ်လို့ ပြောပါတယ်။   နောက်ဆုံးညှိနှိုင်းထားတဲ့အခြေနေမှာတော့ နမ့်ဖတ်ကာမှာ KIA ရဲ့ခွင့်ပြုချက်နဲ့ TNLA ကျောင်း ၂ ကျောင်းဖွင့်ထားတာကြောင့် ကွတ်ခိုင်မြို့နယ် ဂါလိုင်မှာလည်း ပညာရေးကျောင်းဖွင့်ချင်ပါက TNLA ရဲ့ ပညာရေးဌာနဖြစ်တဲ့  TELC ကနေ ခွင့်ပြုမှဖွင့်ရမယ်ဆိုတဲ့အကြောင်း ပြောဆိုထားတယ်လို့ ဂါလိုင်အလယ်တန်းကျောင်းတာဝန်ခံတစ်ဦးက Kachin News Group ( KNG) ကို ပြောပါတယ်။ “ကျနော်တို့အတွက်က ဒီကျောင်းကအရင်ကတည်းက KIO အစိုးရအောက်သင်ကြားနေပြီးသားကျောင်းဖြစ်တာကြောင့် ဟိုကကျောင်းနဲ့ နှိုင်းယှဉ်လို့မရနေတာနဲ့ ကျနော်တို့လည်းအခု ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ ညှိနေရတုန်းဖြစ်တယ်။ ပုဂ္ဂလိကကျောင်းဆိုရင်တော့ တစ်မျိုးပေါ့။ ဒါကြောင့် ဒီဟာနဲ့ပတ်သက်ပြီး ညှိနှိုင်းရအုံးမယ်။ သူတို့ပြောသလို စာတင်တာတွေတော့ မလုပ်သေးဘူး” လို့ ပြောပါတယ်။  ဂါလိုင်ကျေးရွာ အလယ်တန်းကျောင်းကို ဇွန်လ ၂၃ ရက်နေ့ညက TNLA ဘက်က အင်အား ၄၀ ဝန်းကျင်နဲ့ကျောင်းကိုရောက်လာပြီး ကျောင်းတံခါးအားလုံးကို သစ်ပြား နဲ့ ရိုက်ပြီးပိတ်လိုက်တဲ့အပြင် ကျောင်းဝင်းထဲက ဆရာ၊ ဆရာမိသားစုတွေကိုလည်း အပြင်ကို မောင်းထုတ်ကာ ကျောင်းရှေ့မှာလည်း လွှင့်ထူထားတဲ့ ကချင်အမျိုးသားအလံကိုလည်း ဖြုတ်သိမ်းပေးလိုက်တယ်လို့ ဆိုပါတယ်။…

    Read More »
  • 28 June
    သတင်း

    စစ်ရေးတင်းမာနေတဲ့ အင်းတော်ကြီးဒေသထဲမှာ ကျောင်းပေါင်း ၃၀ ကျော်ပိတ်ထား

    စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲက အင်းတော်ကြီးဒေသမှာ ကျောင်းပေါင်း ၃၀ ကျော်ပိတ်ထားရတယ်လို့သိရပါတယ်။ KIA၊ KPDF ပူးပေါင်းတပ်တွေက အင်းတော်ကြီး–ဝှေခါကားလမ်းပိုင်းမှာရှိတဲ့ ဝှေလုံစစ်ကောင်စီတပ်စခန်း၊ ညောင်ပင်တပ်စခန်းနဲ့ အင်းတော်ကြီးအနောက်ဘက် က ချောင်းဝစစ်ကောင်စီတပ်စခန်းကုန်းသုံးခုကို ထိုးစစ်စတင်လိုက်တဲ့ ဇွန်လ ၂၂ ရက်နေ့ကနေ ဒီကနေ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့် အင်းတော်ကြီးဒေသထဲက ကျောင်းပေါင်း ၃၀ ကျော်ပိတ်ထားရတယ်လို့ အသက် ၄၀ ကျော်အရွယ် အင်းတော်ဒေသခံတစ်ဦးကKNGကိုပြောပါတယ်။ “အကုန်လုံးပိတ်ထားပြီ ပိတ်ထားတာ လေးရက်လောက်ရှိပြီ မဖွင့်ရဲကြဘူးလေ ကျောင်းပေါင်း ၃၀ ကျော်တယ်လောက်ရှိမှာပေါ့ အထက်တန်းကျောင်းတောင် ၅ ကျောင်း၊ ၆ ကျောင်းလောက်ပါတယ်”လို့ သူကပြောပါတယ်။ လက်ရှိ စစ်ရေးခြေနေကြောင့် ပိတ်ထားရတဲ့ကျောင်းတွေထဲမှာ မိုင်းနောင်၊ လုံးတုံ၊ နန့်မွန်း၊ ချောင်းဝ၊ လုံးစခန်း၊ ညောင်ပင် စတဲ့အထက်တန်းကျောင်းတွေအပြင် အင်းတော်–ဝှေခါကားလမ်းပိုင်းက ရွာတွေနဲ့အင်းတော်ကြီးကန်အနောက်ဘက်ပိုင်းကကျေးရွာစာသင်ကျောင်းတွေအားလုံးပိတ်ထားရတာကြောင့် စုစုပေါင်းကျောင်းပေါင်း ၃၅ ကျောင်းအထက်ရှိတယ်လို့သိရပါတယ်။ အင်းတော်ကြီးဒေသမှာ အခြေခံးပညာကျောင်းတွေကို ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ နောက်ပိုင်း စကပြီးပိတ်ထားရကြတယ်လို့သိရပြီး ခုလိုစစ်ရေးတင်းမာနေတာကြောင့် ကျေးရွာအများက ဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။ “လောလောဆယ်က နန့်မွန်းကနည်းနည်းတင်းမာသလိုဖြစ်နေတာ အခြေအနေက နည်းနည်းမလှဘူး ပြောင်းခိုင်းတာတော့မရှိပါဘူးကြောက်လို့ပြောင်းကြတာတော့ရှိတယ် သူတို့(စစ်ကောင်စီစစ်သား)တွေရှိတဲ့အခါကြတော့ပြောင်းကြတာပေါ့ ရွာအတိအကျတော့မသိဘူးအင်းအနောက်ဘက်ကတော့ ရွာ၂၀ ကျော်လောက်ရှိမယ် ရွာလုံးကျွတ်တိမ်းတာမျိုးတော့မဟုတ်ဘူး”လို့သူကပြောပါတယ်။ အင်းတော်ကြီးဒေသထဲက နန့်မွန်း၊ လုံးတုံ၊ ချောင်းဝ၊ဝှေလုံ၊…

    Read More »
  • 19 June
    သတင်း

    ဖားကန့်ဒေသ KIO ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ ကျောင်းဆရာ၊ ဆရာမ လုံလောက်မှုမရှိဖြစ်နေ

    ဖားကန့်မြို့နယ်ထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် သိမ်းပိုက်ထားပြီဖြစ်တဲ့ ကျေးရွာနေရာတွေမှာ စာသင်ကျောင်းတွေဖွင့်လှစ်ထားပေမယ့် စာသင်ကြားပေးမယ့် ဆရာ/ဆရာမ လုံလောက်မှုမရှိတဲ့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကနေ ဖားကန့်သွားလမ်း နန့်ယား၊ နမ်တိန့်နဲ့ ဟောင်ပါးအုပ်စု တာမခံကျေးရွာတွေကို KIA…

    Read More »
  • 13 June
    သတင်း

    CEC ကျောင်းမှာ ကျောင်းသားဦးရေတိုးလာတာကြောင့် စာသင်ခန်းနေရာအခက်အခဲကြုံနေ

    ကွတ်ခိုင်မြို့ထဲက ရပ်မိရပ်ဖတွေနဲ့ပူးပေါင်းပြီးဖွင့်လှစ်ထားတဲ့ Kachin Education Center ( CEC) ကျောင်းမှာ ဒီနှစ်ကျောင်းသားဦးရေတိုးလာတာကြောင့် စာသင်ခန်းနေရာအခက်အခဲကြုံနေတယ်လို့ သိရပါတယ်။ ဒီကျောင်းကို စတင်ဖွင့်လှစ်ခဲ့ချိန်ကစပြီး မနှစ်ကအထိ ကျောင်းသားဦးရေ ၁၀၀ ဝန်းကျင်ထိသာရှိခဲ့ပေမဲ့ ၂၀၂၄–၂၀၂၅ ပညာသင်နှစ်မှာတော့ ကျောင်းသားဦးရေ ၅၀၀ ခန့်တိုးလာတာကြောင့် စာသင်ဖို့နေရာထိုင်ခင်းအခက်အခဲကြုံနေတယ်လို့ ကျောင်းကော်မတီအဖွဲ့ဝင်တွေက ကချင်သတင်းဌာန Kachin News Group(KNG) ကို ပြောပါတယ်။ “ကျောင်းခန်းအခက်ဖြစ်နေတယ် ကျနော်တို့ ၁ ပတ်အတွင်းမှာပဲ ဘယ်မှာဘယ်လိုသင်ကြမယ်ဆိုတာ ပြင်ဆင်လိုက်နိုင်တော့ ကျောင်းခန်းတွေကဆက်လက်လိုနေတယ်။ ကျနော်တို့ခန့်မှန်းထားတာက ကျောင်းသားဦးရေ ၃၀၀ ကျော်၊ ၄၀၀ တောင်မရောက်လောက်ဘူးလို့ထင်ပြီး အဲလောက်စာပဲ ကျောင်းခန်းစီစဉ်ထားတာ အခုက ၅၀၀ လောက်ရောက်လာတော့ ကျောင်းခန်းအခက်ကြုံနေရတယ်။” လို့ Kachin Education Center ( CEC) ကျောင်းကော်မတီဝင်တစ်ဦးက ပြောပါတယ်။ ကပ်ကာလနဲ့နိုင်ငံရေးအခြေအနေအမျိုးမျိုးကြောင့် ကလေးတွေပညာရေးနောက်ကျသွားမှာကိုစိုးရိမ်တဲ့ ကျောင်းသားမိဘတွေနဲ့ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့အပါအဝင် အသင်းတော်အဖွဲ့အစည်းနဲ့ ဒေသတွင်းရှိ CSO အဖွဲ့အစည်းတွေပူးပေါင်းကာ ကွတ်ခိုင် Christian Education Centre (CEC) ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းကစပြီး စတင်သင်ကြားဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ  KG ကနေ ၉ တန်းထိကို စစ်ရှောင်စခန်း ကွတ်ခိုင်စစ်ဘေးရှောင်စခန်း KBC Camp ၁ က လွတ်တဲ့နေရာမှာနေရာထိုင်ခင်းပြင်ဆင်ပေးပြီး သင်ကြားပေးနေရပြီး ၁၀ တန်းကနေ ၁၂ တန်းကိုတော့ ကွတ်ခိုင် KTC ဓမ္မကောလိပ်ကျောင်းဝင်းဘက် နေရာပြင်ဆင်ထားပေးကာ ကျောင်းသုံးပစ္စည်း၊ ထိုင်ခုံတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။ “ကျမတို့ CEC ကျောင်းဖွင့်လိုက်တော့ အားလုံး တက်တက်ကြွကြွနဲ့ ဘယ်သူမဆို အများကြီး ကျောင်းနာမည်စရင်းတွေ ထည့်သွင်းလာတာက ထူးခြားပြောင်းလဲမှုတစ်ခုဖြစ်တယ်။ TNLA ဘက်ကလည်း အရင်အစိုးရကျောင်းတွေမှာ သူတို့ကျောင်းအဖြစ် ဖွင့်လှစ်နေပြီ။ သူတို့ဆီမှာ တက်တဲ့သူလည်းတက်တယ်။ ဒီကျောင်းကိုလည်း လူမျိုးမရွေး၊ ဘာသာမရွေး အများကြီး ရောက်လာကြတာကတော့ ဒီနှစ်ရဲ့ ပြောင်းလဲမှုတစ်ခုဖြစ်တယ်။” လို့ ကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။…

    Read More »
  • 12 June
    သတင်း

    စစ်ရေးတင်းမာနေတဲ့ ဝိုင်းမော်မြို့အခြေံပညာစာသင်ကျောင်းတွေမှာ ကျောင်းတက်ရောက်သူ ပိုလျော့နည်းလာ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ အခြေခံပညာစာသင်ကျောင်းတွေကို ဖွင့်လှစ်ထားပေမယ့် ကျောင်းတက်ရောက်တဲ့သူတဖြည်းဖြည်း လျှော့နည်းသွားတယ်လို့ ဝိုင်းမော်မြို့ ဒေသခံတွေက ပြောပါတယ်။  ၂၀၂၄– ၂၀၂၅ ပညာသင်နှစ်အတွက် ဝိုင်းမော်မြို့ထဲမှာ အခြေံပညာစာသင်ကျောင်းတွေကို မေလ ၂၈ ရက်နေ့ကတည်းကနေ ကျောင်းအပ်လက်ခံပြီး ဇွန်လ ၃ရက်နေ့မှာ ကျောင်းတက်ရောက်နေပြီဖြစ်ပါတယ်။  သို့သော် လတ်တလောမှာ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်ရေးအခြေအနေပိုတင်းမာလာနေတဲ့အပြင် ဝိုင်းမော်မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ အမှတ် ၁ ရပ်ကွက် သိမ်ကြီးစုရွာနဲ့ မြို့အနိီးမှာရှိတဲ့ ခတ်ချိုကျေးရွာတွေမှာ လက်နက်ကြီးကျပေါက်ကွဲပြီး အရပ်သားထိခိုက်သေဆုံးတာတွေ များလာတကြောင့် ကလေးတွေကို ကျောင်းပို့ဖို့ စိုးရိမ်တယ်လို့ ကျောင်းသားမိဘ တစ်ဦးက ခုလိုပြောပါတယ်။ “ကျောင်းကတော့ဖွင့်နေဆဲ ဒါပေမယ့် တချို့မိဘတွေကတော့ကြောက်လို့ မသွားအပ်ရဲတာမပို့တာဟုတ်တယ်။ သူတို့ဘက်က တရားဝင်ပိတ်တာမျိုးတော့မရှိသေးဘူး တက်တဲ့သူတွေကတော့ တော်တော်လျှော့သွားပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ တစ်ဖက်မှာတော့ ဝိုင်းမော်မြို့ ဒေသခံတစ်ချို့ကတော့ ပြီးခဲ့တဲ့ မေလကတည်းကနေ နေရပ်စွန့်ခွာထွက်ပြေးနေကြပြီဖြစ်ပါတယ်။  ခုလို ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက်ကလေးတွေအနေနဲ့လည်း ကျောင်းတက်ဖို့အတွက်ခက်ခဲကြုံတွေ့နေရတယ်လို့. ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “ကလေးတွေ ကျောင်းတက်ဖို့အတွက်ကတော့ ဒီနှစ်ရဲ့အခြေအနေတွေကြောင့် ဘယ်လိုလုပ်ရမယ်ဆိုတာလဲ မသိသေးဘူး အခြေအနေလည်း အရမ်းမကောင်းတော့ ခက်ခဲတဲ့ အရာတွေကတော့ အများကြီးရှိနေတာပေါ့”လို့ ဆိုပါတယ်။ ဝိုင်းမော်မြို့နယ် ဟာ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ်ရပ်ကွက် ရက်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၄၀ စု၊ ကျေးရွာ ၁၇၀ စုစုပေါင်း ၂၀၀ ဝန်းကျင်နဲ့ ဖွဲ့စည်းထားပြီး လူဦးရေ ၁၂၀၀၀၀ ကျော်နေထိုင်တဲ့မြို့နယ်ဖြစ်ပါတယ်။ အခြေခံပညာအထက်တန်းကျောင်း (၁၁)ကျောင်း၊ အထက်တန်းကျောင်း (ခွဲ) (၆) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၁၀)ကျောင်း၊ အလယ်တန်းကျောင်း (ခွဲ) (၁၂) ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၁၄) ကျောင်း၊ အခြေခံ ပညာမူလတန်းကျောင်း (၈၁) ကျောင်းနဲ့ မူလတန်းကျောင်း (ခွဲ) (၁၇) ကျောင်းရှိတယ်လို့ မြန်မာနိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။ By – Hope

    Read More »
  • 7 June
    သတင်း

    KIO ထိန်းချုပ်နယ်မြေမှာ အခြေခံစာသင်ကျောင်း ၂၀၀ ကျော်ထပ်မံတိုးချဲ့

    ကချင်လွတ်လပ်ရေးအဖွဲ့  KIO ထိန်းချုပ်နယ်မြေအသစ်တွေမှာ အခြေခံပညာစာသင်ကျောင်းပေါင်း ၂၀၀ ကျော်ကို ယခုနှစ် ထပ်မံတိုးချဲ့ဖွင့်လှစ် ထားတယ်လို့ KIO  ပညာရေးဌာနကနေ သိရပါတယ်။ KIO အစိုးရ သိမ်းပိုက်ရရှိထားတဲ့နေရာဒေသတွေမှာ စာသင်ကျောင်း ပေါင်း ၁၀၀၀ ဝန်းကျင်လောက်ရှိနေပေမယ့်လည်း လုံခြုံရေးအရ ကျောင်းပေါင်း ၂၀၀ ကျော်သာ ဖွင့်လှစ်နိုင်သေးတာဖြစ်ပြီး ကျောင်းတွေတိုးချဲ့ဖွင့်လှစ်ရတာလို့ KIO ပညာရေးဌာန ဒုတာဝန်ခံ ဆရာကြီး မလန်ဘရန်တောင်( Malang Brang Tawng) က KNG ကို ပြောပါတယ်။ “ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ ကလေးတွေအနေနဲ့ ပညာသင်ယူရမယ့်အချိန်တွေမှာ ပညာသင်ယူနိုင်ဖို့ ကျွန်တော်တို့က ရည်ရွယ်ပါတယ်။ ပြီးတော့ KIO ပညာရေးဌာဘက်ကလည်း ငွေကြေးအခက်အခဲတွေရှိပေမယ့်လည်း ကလေးတွေအားလုံး ပညာ မတတ်တဲ့သူမရှိအောင်ဆိုပြီး ကြိုးစားလုပ်ဆောင်နေတဲ့အတွက် မိဘပြည်သူတွေအနေနဲ့လည်း အားလုံးဝိုင်းဝန်းကူညီကြဖို့ တောင်းဆိုချင်ပါတယ်”လို့ ဆိုပါတယ်။ KIO ထပ်မံတိုးချဲ့ဖွင့်လှစ်ထားနိုင်တဲ့ ကျောင်းတွေဟာ အထက်တန်းကျောင်း ၂၅ ကျောင်း၊ အလယ်တန်းကျောင်း ၄၅ ကျောင်း၊ မူလတန်းကျောင်း ၁၇၁ ကျောင်းတိုးလာတယ်လို့ သူကဆိုပါတယ်။ ဒီစာသင်ကျောင်းတွေကို KIO မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပူတာအိုဘက်မှာ အထက်တန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း ၂ ကျောင်းနဲ့ မူတန်းတန်းကျောင်း ၁၈ ကျောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းပြည်နယ်ဘက်မှာ  အထက်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်း ၁၀ ကျောင်းနဲ့ မူလတန်းကျောင်း ၁၇ ကျောင်း ထပ်မံဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ အလားတူ အရှေ့တိုင်းစစ်ဌာနချုပ်ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ဘက်မှာတော့ အထက်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်း ၂ ကျောင်းနဲ့ မူလတန်းကျောင်း ၃၂ ကျောင်း၊ KIO ဗဟိုဌာနချုပ်အတွင်းမှာတော့ အထက်တန်းကျောင်း ၁၀ ကျောင်း၊ အလယ်တန်းကျောင်း ၁၇ ကျောင်းနဲ့ မူလတန်းကျောင်း ၅၃ ကျောင်း၊ အနောက်တိုင်းစစ်ဌာနချုပ်ထိန်းချုပ်နယ်မြေဖြစ်တဲ့ တနိုင်းဘက်မှာတော့ အထက်တန်းကျောင်းဖွင့်လှစ်ထားခြင်းမရှိပေမယ့် အလယ်တန်းကျောင်း ၃ ကျောင်းနဲ့ မူလတန်း ၅ ကျောင်းထပ်မံဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖားကန့်ဒေသထိန်းချုပ်နယ်မြေထဲမှာတော့ အထက်တန်းကျောင်း ၆ ကျောင်း၊ အလယ်တန်းကျောင်း ၇ ကျောင်းနဲ့ မူလတန်းကျောင်း ၁၇ ကျောင်း၊ အရှေ့မြောက်တိုင်းထိန်းချုပ်နယ်မြေ ဖရဲဘက်မှာတော့ အလယ်တန်းကျောင်း ၁ ကျောင်းနဲ့ မူလတန်းကျောင်း ၂ ကျောင်းတိုးလာပြီး အနောက်တောင်ဘက်တိုင်းထိန်းချုပ်နယ်မြေ မိုးညှင်းဘက်မှာတော့ အထက်တန်းကျောင်း ၁ ကျောင်း၊ အလယ်တန်းကျောင်း ၃ကျောင်းနဲ့ မူလတန်းကျောင်း ၂၇ ကျောင်းထပ်မံဖွင့်လှစ်ထားတာဘဲ စုစုပေါင်း ၂၄၁ ကျောင်းဖြစ်ပါတယ်။ အာဏာမသိမ်းခင် KIO ပညာရေးဌာနအောက်ကနေ…

    Read More »
  • 5 June
    သတင်း

    ဂါလိုင်ရွာမှာ ကျောင်းမဖွင့်ဖို့ TNLA တားမြစ်နေတဲ့ကြားက ကျောင်းသားမိဘများကျောင်းစဖွင့်နိုင်ပြီ

    ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာ(Galeng ) အလယ်တန်းကျောင်းမှာ တအာင်းတပ် TNLA တပ်စွဲလိုက်ပြီး ကျောင်းမဖွင့်ဖို့တားဆီးပိတ်ပင်နေတဲ့ကြားက ဒေသခံကျောင်းသားမိဘတွေက ကျောင်းစတင်ဖွင့်လှစ်နိုင်ပြီဖြစ်ပါတယ်။ ဂါလိုင်ကျေးရွာက KIO အစိုးရအောက် ဖွင့်လှစ်သင်ကြားနေတဲ့ အလယ်တန်းကျောင်းကို TNLA က ကျောင်းနာမည်စရင်းကောက်ခံခွင့်မပေးပဲ ကျောင်းတံခါပိတ်ထားလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့်…

    Read More »
  • 5 June
    သတင်း

    စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ ဝိုင်းမော်မြို့မှာ စာသင်ကျောင်းဖွင့်ပေမယ့် လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို

    ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ၂၀၂၄– ၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံစာသင်ကျောင်းတွေ အားလုံးကိုဖွင့်လှစ်ထားပြီဖြစ်ပေမယ့် စစ်ရေးတင်းမာနေဆဲကြောင့် စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ ကျောင်းသားမိဘတွေ ကပြောပါတယ်။ ဝိုင်းမော်မြို့က စာသင်ကျောင်းတွေမှာ  မေလ ၂၈ရက်နေ့ ကတည်းကနေ ကျောင်းအပ်တာတွေကို လက်ခံနေတာ ဖြစ်ပြီး ဇွန်လ ၃ရက်နေ့…

    Read More »
  • May- 2024 -
    27 May
    ပညာရေး

    KIO ထိန်းချုပ်ထားတဲ့နယ်မြေမှာ NON-CDM ပညာရေးဝန်ထမ်းတွေကို အသုံးပြုမယ့်အပေါ် ကန့်ကွက်မှုတစ်ချို့ရှိနေ

    ကချင်လွတ်လပ်ရေး အဖွဲ့ KIO သိမ်းပိုက်ထိန်းချုပ်နယ်မြေတွေမှာ NON-CDM ဆရာ/မ ပညာရေးဝန်ထမ်းတွေကို အသုံးပြုဖို့ ပြင်ဆင်နေတဲ့အပေါ်  CDM ဆရာ/မတွေ ကန့်ကွက်နေကြပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော်KIA  သိမ်းပိုက်ရရှိထားတဲ့ နေရာဒေသတွေဖြစ်တဲ့ လွယ်ဂျယ်၊ မိုးမောက်နဲ့ မန်ဝင်းကြီး တွေမှာ ရှိတဲ့ စာသင်ကျောင်းတွေမှာ NON- CDM  ဆရာ/မတွေကို ပြန်လည် အသုံးပြုဖို့ ပြင်ဆင်နေတယ်လို့ ပညာရေးဘုတ်အဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေက ဆီကနေ   CDM ဆရာ/မ တွေက သိကြရတာလို့ ဆိုပါတယ်။ အခုလို တာဝန်ရှိပညာရေးဌာနက လူကြီးတွေ အနေနဲ့ non-cdm ဆရာ/မတွေကို ပြန်လည် အသုံးပြုဖို့ ပြင်ဆင်နေမှု အပေါ် cdm ဆရာမ တစ်ဦးကခုလိုပြောပါတယ်။ “CDMတွေကိုဘာပစ်မှုပစ်ဒဏ်မှမပေးဘဲလက်တွဲလက်ဆောင်တာကတော့အချိန်မတန်သေးဘူးထင်ပါတယ်ဖြစ်လဲမဖြစ်သင့်ဘူပေါ့တော်လှန်ရေးအတွက်ပေးဆပ်ခဲ့သူတွေအတွက်တရားမျှတမှုပုံဖော်ပေးကြဖို့လိုပါတယ်။ဒီလိုNON CDMတွေကို ခုလိုခုချိန်မှာသင်ကြားရေးတွေမှာ အသုံးပြုခြင်းက CDMတွေရဲ့ပေးဆပ်မှုတွေ၊တော်လှန်ရေးမှာအနစ်နာခံမှုတွေတိုင်းပြည်အတွက်ထားတဲ့‌စေတနာ‌တွေကိုမျက်ကွယ်ပြုလိုက်ခြင်းဖြစ်တဲ့အတွက်ပြည်နယ်တွင်းမှာရှိကြတဲ့CDMများက များစွာစိတ်မကောင်းဖြစ်ရပါတယ်” အာဏာသိမ်းတဲ့ အချိန်တွေကနေ စပြီး လွတ်မြောက်နယ်မြေတွေထဲက စာသင်ကျောင်းတွေမှာ CDM  ဆရာ/မတွေကဘဲ အခက်အခဲအမျိုးမျိုးကြားက သင်ကြားပေးနေတာဘဲ ဖြစ်ပါတယ်။  အခုလို KIO  ပညာရေးဌာနဘက်ကနေ NON- CDM ဆရာ/မတွေကို ပြန်လည်အသုံးပြုဖို့ ပြင်ဆင်နေတာနဲ့ ပက်သက်ပြီး KIO ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းကြည့်ရာ အခုလိုပြောပါတယ်။ “စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ ကိစ္စကတော့ ပညာရေးဌာနကနေ စီစဉ်ပြီးမှ ဖွင့်ဖို့ ကျွန်တော်တို့ အစီအစဉ်ရှိပါတယ် ကျောင်းဆရာတွေကို ဘယ်လိုသုံးမယ် ဘယ်လို အဖွဲ့အစည်းတွေကို အကူအညီတောင်းမယ်ဆိုတာကိုတော့ ကျွန်တော်တို့သတင်းဌာနကနေပြီးတော့ မကြားသိရပါဘူး ဒါကတော့ ပညာရေးဌာနကနေပြီးတော့မှ စီစဉ်တာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။ စစ်ကောင်စီ အာဏာသိမ်းစဉ်ကတည်းကနေ CDM  ဆရာ/မတွေ အပေါ် စစ်ကောင်စီအနေနဲ့ ပြည်ပထွက်ခွင့် ပိတ်ပင်မှုတွေအပြင် မတရားသဖြင့်လိုက်လံဖမ်းဆီး ထောင်ချတာတွေစတဲ့ လူအခွင့်အရေး ချိုးဖောက်တာတွေကို များစွာလုပ်ခဲ့တာဘဲ ဖြစ်ပါတယ်။ CDM  ဆရာ/မတွေဟာ မိမိရဲ့ ဘဝအလုပ်အကိုင်တွေကို စွန့်ပြီးရောက်ရာအရပ်ကနေ လက်မလျှော့ဘဲ CDM လုပ်ပြီး စစ်ကောင်စီရဲH ယန္တယားတွေကို ရပ်တန့်စေဖို့ လုပ်ဆောင်ခဲ့ကြတဲ့အပြင် CDM  ကျောင်းဆရာတွေထဲမှာ တချို့ကတော့ လက်နက်ကိုင်တော်လှန်တဲ့သူတွေရှိသလို တချို့ကြတော့လည်း လွတ်မြောက်နယ်မြေတွေထဲမှာ စစ်ရှောင်ပြည်သူတွေကို စာသင်ကြားပေးရင်းနဲ့ ပါဝင်နေကြတာဘဲ ဖြစ်ပါတယ်။ လက်ရှိချိန်ထိ ဖမ်းဆီးခံရတဲ့ CDM  ဆရာ/မဟာ ၂၉၉ဦးထိရှိနေပြီ ဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကရဲ့ မတ်လ ၂၈ရက်နေ့အထိ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ By…

    Read More »
Back to top button