ပညာရေးသတင်း

စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ ဝိုင်းမော်မြို့မှာ စာသင်ကျောင်းဖွင့်ပေမယ့် လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ၂၀၂၄၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံစာသင်ကျောင်းတွေ အားလုံးကိုဖွင့်လှစ်ထားပြီဖြစ်ပေမယ့် စစ်ရေးတင်းမာနေဆဲကြောင့် စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ ကျောင်းသားမိဘတွေ ကပြောပါတယ်။

ဝိုင်းမော်မြို့က စာသင်ကျောင်းတွေမှာ  မေလ ၂၈ရက်နေ့ ကတည်းကနေ ကျောင်းအပ်တာတွေကို လက်ခံနေတာ ဖြစ်ပြီး ဇွန်လ ၃ရက်နေ့ ကတည်းက ကျောင်းတွေ ပြန်လည် တက်ရောက်နေကြတာ ဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတွေက ပြောပါတယ်။

ဒါပေမယ့်လည်း တစ်ဖက်မှာ ဝိုင်းမော်မြို့နယ် တစ်ဝိုက်မှာ ဖြစ်ပွားနေတဲ့ စစ်ရေး အခြေနေတွေကြောင့် ကျောင်းသားမိဘတွေ အနေနဲ့ ကျောင်းသားတွေရဲ့ လုံခြုံရေးကို စိုးရိမ်နေကြတာ ဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသမီး တစ်ဦးက ခုလိုပြောပါတယ်။

ပြည်သူတွေက အာလုံး ကြောက်ပြီးနေနေရတာပေါ့ အားလုံးက ကလေးတွေရဲ့ ပညာရေးလည်း တွေးရ နိုင်ငံရေးကမကောင်း စစ်က ကြောက်ရနဲ့ မိဘတွေက စိတ်ညစ်ရ ဒုက္ခရောက်နေကြတာပေါ့

ဝိုင်းမော်မြို့ထဲမှာလက်ရှိ အထက်တန်းကျောင်း နှစ် ကျောင်းဖြစ်တဲ့ အထ()ကျောင်းနဲ့ အထ()ကျောင်းအပြင် အမှတ်()နဲ့ အမှတ်() မူလတန်းကျောင်း နှစ်ကျောင်းလည်း ရှိပါတယ်။

ဒါပေမယ့် လာတက်ရောက်တဲ့ ကျောင်းသား/သူဦးရေကတော့ အနည်းငယ်သာ ရှိသေးတယ်လို့ ဆိုကြပါတယ်။

အလားတူဝိုင်းမော်မြို့နယ်အတွင်း ကျေးရွာတွေကနေ ဝိုင်းမော်မြို့ဘက်က နီးစပ်ရာ ကျေးရွာတွေကိုထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ရှောင် ကလေးတွေ လည်း ကျောင်းဆက်လက်တက်ရောက်နိုင်ဖို့ အခက်အခဲ ဖြစ်နေတာဘဲ ဖြစ်ပါတယ်။

ကျွန်မတို့ စစ်ရှောင်ဘက်မှာလည်း အစိုးရကျောင်းတက်မယ့် သူတွေကို နီးစပ်ရာကျောင်းမှာတက်ဖို့ နာမည်တော့ လာကောက်ဖို့လုပ်ကြတယ် ဒါပေမယ့်လည်း ကြောက်တော့ ဘယ်ကျောင်းမှာမှ မထည့်ဘဲ နေနေကြတာပေါ့

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ အခြေခံပညာအထက်တန်းကျောင်း (၁၁)ကျောင်း၊ အထက်တန်းကျောင်း (ခွဲ) () ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၁၀)ကျောင်း၊ အလယ်တန်းကျောင်း (ခွဲ) (၁၂) ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၁၄) ကျောင်း၊ အခြေခံ ပညာမူလတန်းကျောင်း (၈၁) ကျောင်းနဲ့ မူလတန်းကျောင်း (ခွဲ) (၁၇) ကျောင်းရှိတယ်လို့ မြန်မာနိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လက်ရှိ မုတ်ကျိတ်(MUK Chyik)၊ နောင်ခယူး (Nawng Hkyu)၊ဒိန်ဂျာယန်(Ding Jayang)၊ နဲ့ လဘန် ကျေးရွာ ဒေသတစ်လျှောက်မှာ ခိုလုံနေကြတဲ့ စစ်ရှောင်ပြည်သူတွေဟာ အိမ်ခြေ ၅၀၀ ကျော်ဝန်းကျင်ရှိတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေဆီကနေ သိရပါတယ်။

By – Hope

Show More

Related Articles

Back to top button