ပယင်းမှော်

  • Feb- 2026 -
    16 February
    သတင်း

    နှစ်လအကြာရပ်နားထားတဲ့ တနိုင်းဒေသက ပယင်းမှော်နဲ့ရွှေမှော်တွေပြန်ဖွင့်

    တိုက်ပွဲတွေကြောင့်ရပ်နားထားရတဲ့ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ထဲက ပယင်းမှော်နဲ့ရွှေမှော်တွေ ပြန်လည်ဖွင့်လှစ်နေပြီး အရပ်သားတွေအများအပြားဝင်ရောက်နေကြပြီလို့ တနိုင်းမြို့ခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလ ၁၀ ရက်ဝန်းကျင်က စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းကြား တိုက်ပွဲတွေကြောင့်ရပ်နားထားရတဲ့ တနိုင်းဒေသထဲက နာမ်ဗျူ၊လပူခ၊လမုန်ခ၊စံလွန်၊ဝေလော၊ရေကြည်စတဲ့ ပယင်းမှော်တွေနဲ့ရွှေမှော်တွေကို ဖေဖော်ဝါရီလ ဒုတိယအပတ်ကစပြီး ပြန်ဖွင့်နေပြီလို့ တနိုင်းမြို့ခံအမျိုးသမီးတစ်ဦး KNGကိုပြောပါတယ်။ “ပြီးခဲ့တဲ့အပတ်ကတည်းကမှော်ထဲကို အခြေအနေကောင်းပြီဆိုပြီးပြန်ဝင်သွားကြတာပဲ။ မြို့ပေါ်မှာလူတောင်သိပ်မရှိဘူးအကုန်မှော်ထဲပြန်ဝင်သွားကြလို့လေး”လို့ အသက် ၃၀ ကျော်အရွယ်တနိုင်းမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ တနိုင်းမြို့နေပြည်သူတွေပြောချက်အရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နောက်ပိုင်းကစပြီး တိုက်ပွဲငြိမ်သက်သွားပြီးနောက် မှော်ဒေသဘက်ကို စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ မြို့ဘက်ကို ပြန်ဆုတ်လာကြပြီလို့ သိရပါတယ်။ တိုက်ပွဲဖြစ်နေချိန် နှစ်လအတွင်းမှာ စစ်ကောင်စီပူးပေါင်းတပ်က တနိုင်းမှော်ဒေသကိုထိန်းချုပ်နိုင်ဖို့ကြိုးစားခဲ့ပေမယ့် အထိနာသွားတာကြောင့် ခုလိုပြန်လည်ဆုတ်ခွာသွားဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒါ့အပြင် လတ်တလောတနိုင်းမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က စစ်အင်အားပြန်စုစည်းနေတယ်လို့ နောက်ထပ်တနိုင်းမြို့ခံအမျိုးသားတစ်ဦးပြောပါတယ်။ “အခုမြို့ပေါ်မှာတော့မနက်တိုင်းစစ်သားတွေပြေးနေကြတာအင်အားလည်းများတယ် ထိုးစစ်ပြန်ဆင်ဖို့ဖြစ်နိုင်တယ်။ တနိုင်းဒ.က.စ(တနိုင်းမြို့အခြေစိုက်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်)ကမှော်တွေကိုထိန်းချုပ်ချင်တာလေး အဲကြောင့်စစ်ကြောင်းထိုးနေတာ”လို့ တနိုင်းမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီရဲ့တနိုင်း ဒ.က.စဟာ တနိုင်းမှော်ဒေသတွေကိုထိန်းချုပ်ဖို့အတွက် နှစ်လတိတိကုန်းကြောင်း၊လေကြောင်း၊လက်နက်ကြီးပစ်ကူတွေနဲ့ထိုးစစ်ဆင်ခဲ့ပေမယ့်အရေးနိမ့်ခဲ့တာဖြစ်တယ်လို့ တနိုင်းမြို့နယ်မှာနေထိုင်သူတွေက သုံးသပ်နေကြပါတယ်။ လတ်တလော အထက်ဖော်ပြပါမှော်တွေထဲ လုပ်ငန်းရှင်တွေ၊လက်လုပ်လက်စားတွေနဲ့ရွှေမှော်လုပ်သားတွေအများစုမှော်ထဲပြန်ဝင်သွားကြပြီးနောက် ပယင်းမှော်၊ရွှေမှော်တွေလည်း အရင်လိုပြန်စည်ကားနေပြီလို့ သိရပါတယ်။ စစ်တပ်အာကာမသိမ်းမှီ ၂၀၁၇၊၂၀၁၈ ခုနှစ်ဝန်းကျင်ကစပြီး တနိုင်းပယင်းမှော်တွေထဲမှာ စစ်ကောင်စီတပ်နဲ့KIAတပ်တို့ကြားနှစ်ဖက်တိုက်ပွဲတွေမကြာခနဖြစ်တာတွေရှိခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံအများစုအတွက်တော့ ပယင်းနဲ့ရွှေလုပ်ငန်းဟာ အဓိကဝင်ငွေအရင်းအမြစ်တစ်ခုလို ဖြစ်နေသလို အာဏာမသိမ်းခင်ကတည်းကနေ မြန်မာပြည်အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းလုပ်သားတွေအများအပြားရှိပြီး ပယင်းမှော်၊ရွှေမှော်တွေကိုအပေါ်အမှီပြုကာ အသက်မွေးဝမ်းကျောင်းပြုကြတာဖြစ်ပါတယ်။ ကချင်ပြည်နယ်ထဲမှာ ပယင်းနဲ့ ရွှေထွက်ရှိတဲ့ တနိုင်းဒေသမှာ ၂၀၁၅ ခုနှစ်ဝန်းကျင်စပြီး ပယင်းတွေကိုတပိုင်တနိုင်စတင်တူးလာကြာရာကနေ လက်ရှိမှာတော့ စက်ကြီးတွေနဲ့တူးဖော်တဲ့အဆင့်ရောက်နေပြီး ရွှေတူးဖော်မှုကတော့ ဆယ်စုနှစ်တစ်စုကြာရှိနေပြီလို့ မှော်မှာနေထိုင်သူတွေပြောပါတယ်။ ခုလို ပယင်း၊ရွှေတူးဖော်မှုကြောင့် မြစ်ကြောင်းပြောင်းလဲတာ၊ မြေယာပျက်စီးတာအပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပျက်စီးမှုဟာ တစ်နေ့ထက်တစ်နေ့ပိုဆိုးရွားလာတယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာသူတွေပြောပါတယ်။ ထို့အပြင် တနိုင်းဒေသဟာ စစ်ရေးအရလည်း အရေးပါတဲ့နေရာတစ်ခုဖြစ်တာကြောင့် စစ်ကောင်စီတပ်နဲ့ (KIA) တပ်တို့ကြား နှစ်ဖက်စစ်တင်းမာမှုဖြစ်လာတိုင်း ပယင်းမှော်၊ရွှေမှော်တွေ ပိတ်တာ၊ တစ်ခါတစ်ရံလမ်းကြောင်းပိတ်ဆို့တာ၊ လုပ်ငန်းရပ်နားမှုတွေ ကြုံရလေ့ရှိပါတယ်။ By –…

    Read More »
  • Jan- 2026 -
    29 January
    သတင်း

    တနိုင်း ရွှေမှော်ပိတ်သွားတဲ့အတွက် ကုန်စိမ်းသည်တွေအရှုံးပေါ်

    ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့် ရွှေမှော်တွေပိတ်သွားတဲ့တွက် မှော်ဒေသက ကုန်စိမ်းသည်တွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။ တနိုင်းမြို့နယ် နမ်ဗျူ၊ လမုန်ချောင်းတစ်လျှောက် မှော်တွေနဲ့ ဝိုင်လောမှော်စတဲ့ ပယင်းမှော်၊ရွှေမှော်ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်-KIA တို့ကြား စစ်ရေးတင်းမာနေတာ တစ်လကျော်ကြာလာပြီဖြစ်ပါတယ်။  ဒါကြောင့် မှော်ဒေသမှာရှိတဲ့ ကုန်စိမ်းသည်တွေအနေနဲ့ အရောင်းအဝယ်မဖြစ်တော့ပဲ ဟင်းသီး၊ဟင်းရွက်အားလုံး ပုပ်သိုးကုန်ပြီလို့ တနိုင်းမြို့နေ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “ရှုံးတယ်၊ မုန်ညှင်းတွေဆိုလည်း ၅,၀၀၀ ဖိုးဆိုရင် အများကြီးရတယ်။ မနှစ်တုန်းကတော့ မုန်ညှင်းတစ်စီးကို ၁,၀၀၀ ကနေ ၁,၅၀၀ ဟုတ်တယ်။ အခုတော့ ၅၀၀ နှုန်းဖြစ်လာတာပေါ့။မှော်တွေပိတ်တော့ အခင်းလုပ်တဲ့သူတွေလည်း အရှုံးပေါ်တယ်လို့ ပြောတယ်။ မုန်လာပန်းတွေလည်း ၅,၀၀၀ ဆို ၄ ပွင့်အထိရတယ်။ အများကြီးရတယ်လို့ ပြောလို့ရတယ်။ မနှစ်တုန်းကဆို ကုန်စိမ်းသည်တွေ စျေးရတယ်လေ”လို့ တနိုင်းမြို့နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ မှော်မပိတ်ခင်က မုန်လာပန်းတစ်ပွင့်ကို ၅,၀၀၀ ဝန်းကျင်ရခဲ့ပေမယ့် လက်ရှိမှော်တွေအားလုံးပိတ်ုလိုက်တဲ့အတွက် ဟင်းသီး၊ဟင်းရွက်ရောင်းဖို့အလွန်ခက်ခဲသွားပြီလို့သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်ကျော်ကတည်းက အဲဒီမှော်ဒေသတွေမှာ တိုက်ပွဲဆက်တိုက်ဖြစ်ပွားလာတဲ့နောက် ပြည်သူ့စစ်နဲ့စစ်တပ်တွေဟာ မှော်တွေထဲက ပြည်သူအားလုံး ထွက်လာကြဖို့ အမိန့်ပေးထားတဲ့အပြင် မှော်တွေအားလုံးကိုပိတ်လိုက်တယ်လို့သိရပါတယ်။ ဒါ့အပြင် မှော်လုပ်ကွက်တွေတစ်ဝိုက်ကိုလည်း မိုင်းတွေထောင်ထားတယ်လို့ပြောဆိုထားတာကြောင့် မှော်ဒေသတွင်းနေထိုင်တဲ့ပြည်သူတွေဟာ တနိုင်းမြို့ပေါ်လာရောက်တိမ်းရှောင်နေကြတာဖြစ်ပါတယ်။ဒါကြောင့် လက်ရှိ တနိုင်းမြို့ထဲမှာ အခန်းခတွေလည်း စျေးအဆမတန် မြင့်တက်နေတယ်လို့ သိရပါတယ်။  ဒ့ါအပြင် လက်ရှိ မှော်တွေပိတ်သွားတာကြောင့် မှော်တွေဘက်ကိုတင်ပို့ဖို့ မြစ်ကြီးနားဘက်ကနေ တနိုင်းကို သယ်လာတဲ့ကုန်စိမ်းတွေလည်း ပျက်စီးပုပ်သိုးကုန်ပြီး စျေးသည်တွေ အရှုံးပေါ်တာတွေနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။  ခုလို စစ်ရေးအခြေနေကြောင့် တနိုင်းမြို့တွင်း အလုပ်လက်မဲ့လူတွေ ပေါများလာပြီး သူခိုးတွေ၊ မူးယစ်သောင်းကျန်းမှုတွေ ပိုမိုဆိုးရွားလာတာမျိုးတွေလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ “မှော်တွေပိတ်လိုက်တော့ တနိုင်းမြို့ထဲကို လာရောက်စုပြုံစစ်ရှောင်ကြတော့ အခန်းခတွေ စျေးတက်လာတယ်။ မှော်တွေဘက်ကိုပို့ဖို့ ယူထားတဲ့ ကုန်စိမ်းတွေလည်း ပျက်စီးကုန်တယ်။ ဒီနှစ်က တနိုင်းမှာလည်း မိုးမကောင်းလို့ အခင်းလုပ်တဲ့သူတွေလည်း နဂိုကတည်းက အရှုံးပေါ်နေတာ ဟုတ်တယ်။ မှော်ပိတ်လိုက်ပြီဆိုတော့ အလုပ်အကိုင်မရှိတဲ့သူတွေ တော်တော်များလာပြီး ခိုးမှုတွေများလာတယ်။ မူးယစ်ဆေးသမားတွေ များလာတာတွေရှိတယ်။ စျေးသည်တွေကတော့ မှော်တွေမဖွင့်တော့ အရင်လို စျေးမရောင်းကောင်းတော့ဘူးပေါ့။”လို့ တနိုင်းဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောဆိုပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် – KIA ထိန်းချုပ်ထားတဲ့ လမုန်ချောင်းရွှေမှော်၊ ဝိုင်လောမှော်တွေကို စစ်တပ်နဲ့ ပူးပေါင်းတပ်တွေဖြစ်တဲ့ မင်းဇေသန့်ပြည်သူ့စစ်၊ ရှမ်းနီပြည်သူ့စစ် SNA တွေက ပြန်လည်ရယူလိုတာကြောင့် ဆက်တိုက် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။  တနိုင်းဒေသဟာ မှော်တွေကို အဓိကမှီခိုပြီး ကုန်စည်စီးဆင်းဖလှယ်ကာ စီးပွားဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသူတွေများတာကြောင့် အခုလို မှော်တွေပိတ်လိုက်တဲ့အတွက် ကြပ်တည်းမှုတွေနဲ့ ကြုံလာရတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 28 January
    သတင်း

    တနိုင်းနဲ့ ဝိုင်းမော်မြို့မှာ တိုက်ပွဲဆက်ပြင်းထန်နေ

    ၂၀၂၆ ခုနှစ်၊ နှစ်ဆန်းပိုင်းကနေ ကချင်ပြည်နယ်ထဲက တနိုင်း၊ ဝိုင်းမော်စတဲ့ မြို့နယ်တွေမှာ တိုက်ပွဲပြင်းလျက်ရှိနေပြီး တစ်နှစ်ကျော်ခန့် မြို့သိမ်းတိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်မှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

    Read More »
  • 16 January
    သတင်း

    ပယင်းမှော်ရှိ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူဖို့ စစ်တပ်က ဆေးသမားတွေကို ငွေပေးပြီးစေခိုင်းနေ

    ကချင်ပြည်နယ် တနိုင်းမြို့နယ် လပူခ(Lapu Hka) အနီး ဝိုင်လော(Wailaw) မှော်ဒေသမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက မှော်ပြည်သူတွေရဲ့ တန်ဖိုးရှိပစ္စည်းတွေကို သယ်ယူနိုင်ဖို့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ ဆေးသမားတွေကို ငွေပေးပြီး စေခိုင်းနေတယ်လို့ သိရပါတယ်။ “ကျနော့ကျင်းသားတစ်ယောက်ကိုတောင်ခေါ်နေတာတဲ့ တစ်ရက်ကို…

    Read More »
  • 14 January
    သတင်း

    တနိုင်း ပယင်းမှော်ဒေသမှာ စစ်တပ်က ပြည်သူတွေကို ဖမ်းဆီးရိုက်နက်ပြီး တန်ဖိုးရှိပစ္စည်းတွေသိမ်းယူနေ

    ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai Law)မှော်တွေမှာ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက မှော်ဒေသတွင်းကျန်ရှိနေတဲ့ ပြည်သူတွေကို ဖမ်းဆီးရိုက်နက်ပြီး တန်ဖိုးရှိပစ္စည်းတွေကို လိုက်လံသိမ်းယူပေးနေတယ်လို့ မှော်ဒေသမှာနေတဲ့ပြည်သူတွေကနေ သိရပါတယ်။ ဇန်နဝါရီလ…

    Read More »
  • 7 January
    သတင်း

    တနိုင်းပယင်း‌မှော်ဘက်ကျန်နေတဲ့ပြည်သူတွေထွက်လာကြဖို့ စစ်တပ်က ဒုတိယအကြိမ်သတိပေး

    ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲက ရွှေမှော်၊ပယင်းမှော်တွေဘက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေပစ်ခတ်နေပြီး မှော်ထဲမှာကျန်နေတဲ့ပြည်သူတွေအားလုံးထွက်လာကြဖို့ ထပ်မံသတိပေးထားကြောင်း ဒေသခံများထံမှ သိရပါတယ်။ တနိုင်းမြို့နယ်ထဲက နမ်ဗျူ၊လပူခ၊လမုန်ခ၊ဝေလွန်စတဲ့ရွှေမှော်နဲ့ပယင်းမှော်တွေဘက်ကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းလက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေပြီး မှော်ထဲက မထွက်လာသေးတဲ့ပြည်သူတွေကိုလည်းထွက်လာကြဖို့ထပ်မံသတိပေးထားကြောင်း လမုန်ခမှော်ကနေပြန်လာတဲ့ ၃၀ ကျော်အရွယ်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။…

    Read More »
  • Dec- 2025 -
    27 December
    သတင်း

    တနိုင်းဒေသ တိုက်ပွဲဖြစ်ပြီး ပယင်းမှော်၊ ရွှေမှော် ရောက်အရပ်သားအားလုံးထွက်ခွာလာဖို့ စစ်ကောင်စီတပ်အမိန့်ပေးထား

    ကချင်ပြည်နယ် တနိုင်းဒေသထဲ ပယင်းမှော်၊ ရွှေမှော်တွေမှာ ရောက်နေတဲ့ အရပ်သားအားလုံးကို မှော်ထဲကနေ ထွက်ခွာသွားကြဖို့ စစ်ကောင်စီတပ်က အမိန့်ပေးထားတယ်လို့ သိရပါတယ်။ တနိုင်းမြို့နယ်ထဲက နမ်ဗျူ၊ ဝေလွန်၊ စံလော၊ လမုန်ခစတဲ့ပယင်းမှော်တွေနဲ့ တုံမနီ၊ ဒလူစတဲ့ ရွှေမှော်တွေမှာရောက်နေတဲ့ အရပ်သားတွေအားလုံးကို ဒီဇင်ဘာလ…

    Read More »
  • Apr- 2024 -
    17 April
    သတင်း

    ပယင်းမှော်ဒေသကို ထိန်းချုပ်ထားတဲ့ နွယ်ဂျယ်ဘွမ့်တပ်စခန်းကို KIA သိမ်းပိုက်

    “တပ်စခန်းက တအားတော့မကြီးဘူး ပြောရရင်ရှေ့တန်း တပ်စခန်းပုံစံလောက်ပဲပယင်းမှော်ကြည့်တဲ့ တပ်စခန်းဟုတ်တယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေက ဗဟိုက ညွန်ကြားချက်နဲ့ လုပ်ဆောင်နေတယ်လို့ပဲ မြင်ပါတယ်”လို့ပြောပါတယ်။

    Read More »
  • Aug- 2023 -
    10 August
    သတင်း

    တနိုင်းမြို့ပေါ်မှာ ရွှေမှော် ၃ ခုကထွက်လာတဲ့ ပြည်သူတွေတစ်ထောင်ဝန်းကျင် သောင်တင်နေဆဲ

    တနိုင်းမြို့အထက်မှာရှိကြတဲ့ ပယင်းမှော်နဲ့ ရွှေမှော်ဒေသ ၃ နေရာက ပြည်သူတွေကို မှော်ထဲကနေ ထွက်ခွာကြဖို့ စစ်တပ်ကပြောဆိုထားတဲ့နောက်ပိုင်း  လက်ရှိ မြို့ပေါ်မှာတော့ လူဦးရေ တစ်ထောင်ကျော်လောက်က သောင်တင်နေကြတယ်လို့ မြို့ခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ကနေစပြီး ဇူလိုင် ၃၀ ရက်အတွင်းမှာ မှော်တွေထဲကနေ…

    Read More »
Back to top button