တိုက်ပွဲသတင်း

ပယင်းမှော်ဒေသကို ထိန်းချုပ်ထားတဲ့ နွယ်ဂျယ်ဘွမ့်တပ်စခန်းကို KIA သိမ်းပိုက်

တနိုင်းမြို့နယ် လပူ(Lapu Maw)မှော်အနီးရှိ ပယင်းမှော်ဒေသကိုထိန်းချုပ်ထားတဲ့ နွယ်ဂျယ်ဘွမ့် Noi Je Bum (ပယင်းတောင်စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။

နွယ်ဂျယ်ဘွမ့်မှာတပ်ချထားတဲ့ ခလရ ၂၉၇ တပ်စခန်းကို KIA တပ်တွေ ဧပြီလ ၁၇ ရက်နေ့ ဒီနေ့ မနက်ပိုင်း  နာရီဝန်းကျင်လောက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၁၀ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA တပ်ရင်း ၁၄ နယ်မြေထဲက KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့အခြေအနေက  နာရီလောက်ဖြစ်သွားတယ် ၁၀ နာရီလောက်မှာ ပယင်းတောင်မှာရှိတဲ့ ခလရ ၂၉၇ တပ်စခန်းကို သိမ်းလိုက်ပြီ။ ကျနော်တို့လည်း အဲလောက်ဘဲ သိရသေးတယ်။ သိမ်းလိုက်တာက သေချာတယ်လို့ပြောပါတယ်။

နွယ်ဂျယ်ဘွမ့်တပ်စခန်းမှာ စစ်အင်အား ၃၀ ကျော်ခန့်နဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်လောက်ကနေ လာရောက် တပ်ချထားပြီး ပယင်းမှော်ဒေသတစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ တပ်စခန်းဖြစ်တာကြောင့် KIA  တိုက်ခိုက်သိမ်းပိုက်လိုက်တာလို့ သူက ဆက်ဆိုပါတယ်။

တပ်စခန်းက တအားတော့မကြီးဘူး ပြောရရင်ရှေ့တန်း တပ်စခန်းပုံစံလောက်ပဲပယင်းမှော်ကြည့်တဲ့ တပ်စခန်းဟုတ်တယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေက ဗဟိုက ညွန်ကြားချက်နဲ့ လုပ်ဆောင်နေတယ်လို့ပဲ မြင်ပါတယ်လို့ပြောပါတယ်။

KIA သိမ်းပိုက်လိုက်တဲ့ နွယ်ဂျယ်ဘွမ့်တပ်စခန်းကို ဒေသအခေါ် ပယင်းတောင်လို့လည်းခေါ်ဆိုကြသလို ရေကန်တောင်လို့လည်း ပြောဆိုကြပါတယ်။

ပယင်းမှော်ဒေသမှာရှိတဲ့ နွယ်ဂျယ်ဘွမ့်တပ်စခန်းကို KIA က သိမ်းပိုက်လိုက်တဲ့နောက် တစ်နာရီလောက်အကြာမှာ စစ်တပ်က ဂျက်လေယာဉ်တစ်စီးနဲ့ တိုက်ပွဲဖြစ်ပွားတဲ့နေရာကို လာရောက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ လပူမှော်မှာရှိတဲ့ ပြည်သူတစ်ဦးက အခုလိုပြောပါတယ်။

တိုက်ပွဲဖြစ်နေတာက တစ်မနက်လုံးရှိပြီ လေယာဉ်က အခုလေးတင် ၁၁ နာရီခွဲလောက်မှာ လာသွားတယ်။ ဂျက်ဖိုက်တာတစ်စီးထဲ လှည့်ပတ်ပစ်ပြီး ပြန်ခေါက်သွားပြီလို့ပြောပါတယ်။

နွယ်ဂျယ်ဘွမ့်တပ်စခန်းဟာ အရင်က KIA တပ်တွေရဲ့ အထိုင်ချတပ်စခန်းဖြစ်ခဲ့ပြီးတော့ ၂၀၁၅ ခုနှစ်မှာ စစ်တပ်က ဟူးကောင့်ချိုင့်ဝှမ်းဒေသမှာ နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ထိုးစစ်ဆင်ဝင်ရောက်လာခဲ့တာကြောင့် စွန့်ခွာသွားတဲ့ တပ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။

အဲဒီတပ်စခန်းကို ရှဒူးဇွပ်အခြေစိုက် ခလရ ၂၉၇ တပ်ရင်းခွဲ ရှေ့တန်းတပ်စခန်းတစ်ခုဖြစ်ပြီးတော့ ပယင်းမှော်တစ်ခုလုံးကို ထိန်ချုပ်ထားတဲ့တပ်စခန်းလည်းဖြစ်ပါတယ်။

နွယ်ဂျယ်ဘွမ့်နဲ့ တစ်ဆက်တည်းရှိတဲ့ နမ့်ကောန့်တပ်စခန်းကိုလည်း KIA တပ်တွေက ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့မှာ သိမ်းပိုက်ထားတာဖြစ်ပါတယ်။

တနိုင်းမြို့နယ် လပူမှော်အပါ အင်ဂါးဂါး၊ နမ့်ကောန့် နဲ့ နွယ်ဂျယ်ဘွမ့်(ပယင်းတောင်စတဲ့ မှော်ဒေသအသီးသီးမှာ စစ်ကောင်စီတပ်စခန်း  လောက်ရှိတဲ့ ထဲကနေ လက်ရှိမှာ နမ့်ကောန့် နဲ့ လွယ်ဂျယ်ဘွမ့်တပ်စခန်း  ခုကို KIA က သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

နောက်ထပ်ကျန်ရှိနေသေးတဲ့ လပူမှော်နဲ့ အင်ဂါးဂါးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကိုလည်း KIA က ထပ်မံသိမ်းပိုက်ဖို့ သတင်းတွေထွက်ပေါ်နေတာကြောင့် မှော်ဒေသအတွင်းမှာရှိတဲ့ မှော်လုပ်သားပြည်သူတွေလည်း မတ်လအတွင်းကနေ ထွက်ခွာနေကြတယ်လို့ သိရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button