ပူတာအိုခရိုင်
-
Oct- 2025 -29 Octoberသတင်း
ရှိန်းခေါင်ဘက်က ပြည်သူ့စစ်ခန်း ၂ ခု KIA တိုက်ခိုက်သိမ်းပိုက်
ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဘက်က ပြည်သူ့စစ်နဲ့ စစ်တပ်ပူးပေါင်းတပ်ရဲ့ ခံစစ်တပ်စခန်း ၂ ခုကို KIA ဘက်ကထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေသိရပါတယ်။ တရုတ်နယ်စပ် ရှိန်းခေါင်ဘက်ဦးတည်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိုးစစ်ဆင်နေရာ…
Read More » -
14 Octoberသတင်း
ပူတာအိုခရိုင်မှာ မဲစာရင်းကြည့်သူနည်းနေတဲ့အတွက် မဲစာရင်းကြေငြာတဲ့ရက်ထပ်တိုး
ကချင်ပြည်နယ် ပူတာအိုခရိုင်မှာ အောက်တိုဘာလ တစ်ရက်နေ့ကစပြီး မဲစာရင်းတွေကြေငြာထားပေမယ့် လာကြည့်တဲ့သူတွေနည်းတာကြောင့် မဲစာရင်းကြေငြာရက်ထပ်တိုးထားကြောင်း ဒေသခံများထံမှသိရပါတယ်။ ပူတာအိုခရိုင်ထဲက ပူတာအိုမြို့၊နောင်မွန်မြို့၊ ခေါင်လန်ဖူး၊ မချမ်းဘောမြို့နယ်တွေမှာ မဲစာရင်းတွေကို မူလက အောက်တို ဘာ ၁ ရက်နေ့ကနေ ဒီကနေ့ ၁၃…
Read More » -
Sep- 2025 -11 Septemberသတင်း
ခေါင်လန်ဖူးဒေသမှာ ပြည်သူ့စစ်တပ်က စစ်လက်နက်ရိက္ခာပို့ဖို့အတွက် ပြည်သူတွေကိုအတင်းအဓ္ဓမစေခိုင်းနေ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ခေါင်လန်ဖူးဒေသတစ်လျှောက်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က ၎င်းတို့ရဲ့ လက်နက်၊ခဲယမ်းအပါအဝင် ရိက္ခာပို့ဖို့အတွက် ပြည်သူတွေကို အတင်းအဓ္ဓမ အထမ်းထမ်းခိုင်းနေတယ်လို့ ဒေသခံတွေပြောပါတယ်။ လန်ဆယ်ကိုပြန်သိမ်းဖို့လို့ဆိုကာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က ခေါင်လန်ဖူးဒေသတွင်းနေထိုင်တဲ့ ဒေသခံပြည်သူတွေကို ဒီလဆန်းပိုင်းကစပြီး ခေါ်ယူနေတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။…
Read More » -
Dec- 2024 -2 Decemberသတင်း
နောင်မွန်မြို့မှာ ဆေးဝါးပြတ်လပ်လာတဲ့အတွက် ပြည်သူတွေဆေးကုသရေးအခက်ကြုံနေ
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့မှာ ဆေးဝါးပြတ်လပ်လာတာကြောင့် ပြည်သူတွေဆေးဝယ်ယူသုံးစွဲဖို့နဲ့ ကုသဖို့အခက်ကြုံနေတယ်လို့ ဒေသခံတွေပြောပါတယ်။ နောင်မွန်မြို့ဆေးရုံကြီးမှာ ပြီးခဲ့တဲ့ ဇွန်လကစပြီး စစ်ကောင်စီက ဆေးဝါးချပေးခြင်းမရှိတော့တဲ့အတွက် ဆေးရုံမှာဆေးဝါးပြတ်လပ်နေတဲ့အပြင် အပြင်ဆေးဆိုင်တွေမှာလည်း ဆေးဝါးအများပိုင်းပြတ်လပ်နေတယ်လို့ နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “ဆေးရုံကြီးမှာဆေးက မချပေးတော့တာလို့ပြောတယ် ဘာဆေးမှကိုမရှိတာ ဖျားလို့နားလို့ဆေးဝါးရှာမရနေတာ လေး၊ငါးလလောက်ရှိပြီ ပါရာစိမ်းတောင်မရှိတဲ့အနေအခြေဖြစ်နေတာ ၊ ချောင်းဆိုးလို့ သွားပြတာဖြစ်ဖြစ် ဆေးကအပြင်မှာပဲဝယ်ရတယ် သူတို့က ရောဂါရှာပေးတာသက်သက်လိုပဲ ဖြစ်နေတယ် ခက်တာက အပြင်မှာလည်းဆေးကမရှိဘူးရှားတယ်” လို့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။ လတ်တလော နောင်မွန်မြို့မှာ အိမ်သုံးဆေးနှင့် နာတာရှည်ရောဂါသည်များအတွက် ဆေးဝါးများ၊ ဆီးချိုဝေဒနာရှင်များသုံးတဲ့ အင်ဆူလင်ထိုးဆေးအပါအဝင်၊ ကျောက်ကပ်ဝေဒနာရှင်တွေသုံးတဲ့ ဆေးဝါးများလည်း ရှားပါးပြတ်လပ်နေသလို လက်ကျန်ဆေးများမှာလည်း ဆေးအမျိုးအစား ပေါ်မူတည်ပြီး စျေးအဆမတန်မြင့်တက်လာကြောင်း ဆေးဝါးသုံးစွဲသူများနှင့် ဆေးအရောင်းဆိုင်များမှ သိရပါတယ်။ “လောလောဆယ် အပြင်မှာပဲ ပါရာစိမ်းတစ်ကဒ်ကိုသုံးလေးထောင်ပေးဝယ်ရတယ် ကျန်တဲ့ဆေးဆိုတော့နော် စျေးတအားကြီးတယ် အဲ့ကြောင့်တချို့ဆို ဆေးမြီးတိုတွေနဲ့ကုနေကြတယ် ဆေးမဝယ်စားနိုင်လို့ တော်တော်လေးခက်ခဲကြတယ်”လို့ ပြောပါတယ်။ နိုဝင်ဘာ လကုန်ပိုင်းအထိ နောင်မွန်မြို့တွင်း ပါရာစိမ်းတစ်ကဒ်ကို ယခင်စျေး ကျပ် ၁၀၀၀ (တစ်ထောင်) ယခု ကျပ် ၃၀၀၀ (သုံးထောင်) ၊ ဘိုင်အိုဂျစ်ဆစ် တလုံး ယခင်က ၂၀၀ (တစ်ရာ) ကျပ်မှ ယခု ၅၀၀ (ငါးရာ) ကျပ်၊ ဒီကိုဂျင် တလုံး ၂၅၀ (နှစ်ရာ့ငါးဆယ်) ကျပ်မှ ၅၅၀ (ငါးရာငါ့ဆယ်) ကျပ်၊ အန်နာဘွန်စီတလုံးလျှင် ၅၀၀ (ငါးရာ) ကျပ်မှ ၁၈၀၀ (တစ်ထောင့်ရှစ်ရာ) ကျပ်အထိ မြင့်တက်နေတယ်လို့ သိရပါတယ်။ မြန်မာပြည်အထက်ပိုင်း ကချင်ပြည််နယ်ထဲကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ သြဂုတ်လနောက်ပိုင်းကနေစပြီး ကုန်းကြောင်းနဲ့ဆေးဝါးတင်သွင်းခွင့်ကို စစ်ကိုင်းတိုင်းထဲကနေ တင်းကြပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ ကချင်ပြည်နယ်မှာ အသုံးပြုနေတဲ့ဆေးဝါးတွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ လေကြောင်းနဲ့တင်သွင်းနေတာဖြစ်လို့ လမ်းပမ်းဆက်သွယ်ရေးခက်တဲ့ နောင်မွန်မြို့မှာ– ပူတာအို– မြစ်ကြီးနားကနေအဆင့်ဆင့်သယ်ယူနေရာတာကြောင့် အခုလိုဆေးဝါးပြတ်လပ်လာတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ဆေးဝါး ၈၅ ရာခိုင်နှုန်းကို တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ထိုင်းအစရှိတဲ့ နိုင်ငံတွေကလည်း အဓိကတင်သွင်းပြီး ကျန် ၁၅ ရာခိုင်နှုန်းခန့်ကို ပြည်တွင်းမှာထုတ်လုပ်တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။ သို့သော် စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ်အတွင်း ဆေးဝါးတင်သွင်းခွင့် ပိုကန့်သတ်လာတာကြောင့် ဆေးဝါးရှားပါးမှု၊ပြတ်လပ်မှုဟာ ပိုမိုဆိုးရွားလာနေတာလည်း ဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Nov- 2024 -11 Novemberသတင်း
နမ်ဘူယန်ကျေးရွာနီး စက်ယန္တရားကြီးနဲ့ရွှေတူးဖော်မှုစတင်လာတာကြောင့် ရွာနယ်မြေအထိရောက်လာမှာ ဒေသခံတွေစိုးရိမ်
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ကောင်းမှုလုံစေတီအနီး နမ်ဘူယန်ကျေးရွာမှာ ရွှေတူးဖော်ဖို့ ပြင်ဆင်နေတာကြောင့်ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းကစပြီး ကောင်းမှုလုံစေတီတော်ကနေ ၁ ဖာလုံအကွာမှာရှိတဲ့ နမ်ဘူယန်(Nambu Yang) ကျေးရွာတဝိုက် လုပ်ငန်းရှင်တစ်ချို့ စက်ယန္တရားကြီးတွေနဲ့ဝင်ရောက်လာပြီး ရွှေတူးဖို့စတင်အကောင်ထည် ပြင်ဆင်နေတာလို့ ဒေသခံအမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ကောင်းမှုလုံအနီး…
Read More » -
Oct- 2022 -6 Octoberသတင်း
ခေါင်လန်ဖူးမြို့နယ်တွင် ဆန်တစ်အိတ်လျှင် ကျပ် တစ်သိန်းခွဲအထိ စျေးမြင့်တက်
ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်တွင် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းကျော်အထိ စျေးမြင့်တက်နေသည်ဟု သိရသည်။ ခေါင်းလန်ဖူးမြို့မှ ၄ရက် ၅ ရက်ခန့်ကြာ ခြေလျှင်သွားရသည့် ရှိန်းခေါင်ကျေးရွာ၊ မတ်ဂျုံကျေးရွာ၊ မတ်ပေါ်ကျေးရွာ၊ ဇနင်ထီကျေးရွာ ၊ ဇီထန်းကျေးရွာ၊ ဇီးယော့ကျေးရွာ…
Read More » -
Sep- 2022 -9 Septemberမြေယာနှင့် သဘာဝပတ်ဝန်းကျင်
နောင်မွန်တွင် ရေကြီးရေလျှံဖြစ်မှုကြောင့် ပျက်ဆီးသွားသည့် လယ်ယာမြေတစ်ချို့ကို မြေစာရင်းမှ ပယ်ဖျက်
ပူတာအိုခရိုင် နောင်မွန်မြို့တွင် ရေကြီးရေလျှံဖြစ်မှုကြောင့် ဒေသခံပြည်သူများ၏ လယ်ယာစိုက်ပျိုးမြေ ဧက ၂၀ ကျော်အထိ ထိခိုက်ပျက်စီးသွားပြီး ထိုပျက်စီးသွားသည့် လယ်ယာမြေယာတစ်ချို့ကို မြေစာရင်းမှ ပယ်ဖျက်လိုက်ရကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ နောင်မွန်ဒေသတွင် စက်တင်ဘာ လဆန်းပိုင်းအတွင်းမှ မိုးသည်းထန်ရွာစွာ ရွာသွန်းမှုကြောင့် ပျက်စီးသွားသည့်…
Read More » -
5 Septemberသတင်း
နောင်မွန်တွင် ရေကြီးမှုကြောင့် လယ်စပါး ဧက၂၀ ကျော် ပျက်စီးဆုံးရှုံးခဲ့
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သဖြင့် ဒေသခံများ၏ လယ်စပါးဧက ၂၀ ကျော်အထိ ပျက်ဆီး ဆုံးရှံးခဲ့သည်ဟု ဒေသခံများ ပြောဆိုချက်မှသိရသည်။ နောင်မွန်မြို့ မလိခမြစ်လက်တက်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ နောင်မွန်မြို့ပေါ် ၊ ရပ်ဘော့ကျေးရွာနှင့် ပါဘော့ကျေးရွာများတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ…
Read More » -
3 Septemberသတင်း
နောင်မွန်မြို့ပေါ် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသဖြင့် နေအိမ်အချို့ ရွေ့ပြောင်းနေရ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်မြို့တွင် ယနေ့ နံနက် ၃ နာရီခန့်မှ စတင်ကာ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး မြေနိမ့်ပိုင်းရှိ ပြည်သူအချို့ ရေဘေးလွတ်ရာသို့ ပြောင်းရွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။ နောင်မွန်မြို့တွင် လွန်ခဲ့သည့် ၃ ရက်ခန့်မှ…
Read More » -
2 Septemberမြေယာနှင့် သဘာဝပတ်ဝန်းကျင်
မချမ်းဘော့ မလိခမြစ်ကြောင်းတစ်လျှောက် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှု ပိုမိုများပြားလာ
ပူတာအိုခရိုင် မချမ်းဘော့မြို့ မလိခမြစ်ကြောင်းတစ်လျှောက်တွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှု ယခုနောက်ပိုင်းပိုမို၍ များပြားလာကြောင်း ဒေသခံများထံမှ သိရသည်။ မချမ်းဘော့မြို့နယ် မလိခမြစ်ကြောင်းတစ်လျှောက်တွင် ယခင်က ရွှေတူးဖော်မှု မရှိခဲ့သော်လည်း စစ်ကောင်စီ အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း မေလခန့်မှစတင်ကာ ရွှေတူးဖော်မှု များပြားလာသည်ဟု မချမ်းဘော့ ဒေသခံ အမျိုးသားတစ်ဦးက KNG ကို…
Read More »








