ပူတာအိုမြို့နယ်

  • Oct- 2024 -
    17 October
    သတင်း

    ဆွမ်ပီယန်အပါအဝင် ရွာပေါင်း ၃ ရွာက ပြည်သူတစ်ထောင်ကျော် အစားသောက်၊ဆေးဝါးကူညီမှုလိုအပ်နေ

    ပူတာအိုမြို့နယ် ဆွမ်ပီယန်ရွာအပါအဝင် ရွာပေါင်း ၃ ရွာ ပြည်သူ ၁၅၀၀ (တစ်ထောင့်ငါးရာ)ဝန်းကျင် တော၊တောင်ထဲထွက်ပြေးတိမ်းရှောင်နေတာ ၅ လကျော်ကြာလာပြီး ဖျားနာသူတွေများလာနေတယ်လို့ ဆွမ်ပီယန်ဒေသခံတွေ ပြောပါတယ်။ ဆွမ်ပီယန်ကျေးရွာ၊ အင်စီးယန်(Nsi Yang) ၊ ၀ဒတ်(Wadat) စတဲ့ကျေးရွာက ဒေသခံပြည်သူ ၁၅၀၀ ဝန်းကျင် နီးစပ်ရာတောတောင်မှာ မိုးကာတဲထိုးပြီး စစ်ရှောင်နေတာ ကာလအားဖြင့် ၅ လကြာမြင့်လာတဲ့အပြင် လက်ရှိဆောင်းတွင်းဝင်လာပြီဖြစ်တဲ့အတွက် အနွေးထည်၊ စောင်၊ ဆေးဝါး၊ အစားသောက်အခက်အခဲကြုံနေရတယ်လို့ ဆွမ်ပီယန်စစ်ရှောင်ပြည်သူတစ်ဦး ကချင်သတင်းဌာန KNG ကို အခုလိုပြောပါတယ်။ “မိုးကာတဲအောက်မှာ မိုးရွာရင် မိုးယို၊ နေပူရင်လည်း နေလို့မရပြန်၊ ခြင်ကကိုက်၊ လတ်တလော ဖျားနာတာတွေအရမ်းများနေတယ်။ ဆောင်းတွင်းဝင်လာပြီဆိုတော့ အနွေးထည်တွေမရှိ၊ စောင်ခြုံစရာမရှိလို့ အရမ်းခက်နေကြတယ်။ ချောင်းဆိုး၊ အဖျားတက် အဖြစ်အရမ်းများနေတယ်။” လို့  ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ဆွမ်ပီယန်ကျေးရွာထဲ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်တပ်စွဲလာပြီး ကျေးရွာနေဒေသခံပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေကြောင့် ဒေသခံအားလုံး နီးစပ်ရာ တော၊ တောင်ထဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတာဖြစ်ပါတယ်။ တောတောင်ထဲ ခက်ခက်ခဲခဲစစ်ရှောင်နေကြတဲ့ ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ မိုးကြီး၊ရေလျှံမှုကြောင့် ထပ်မံရွှေ့ပြောင်းခဲ့ကြပြီး လတ်တလော ပူတာအို–ဆွမ်ပရာဘွမ် လမ်းတစ်လျှောက် ကျေးရွာတစ်ချို့နဲ့ တောထဲမှာ တဲထိုးပြီးဆက်တိမ်းရှောင်နေကြတာဖြစ်ပါတယ်။ စစ်ရှောင်တွေအတွက် အသင်းတော်အဖွဲ့အစည်းကနေ တတ်နိုင်သလောက်ထောက်ပံ့ပေးမှုနဲ့ အသက်ဆက်နေရပြီး လမ်းခရီးအခက်အခဲနဲ့ ဖုန်းလိုင်းအခက်အခဲတွေကြောင့် ကူညီမှုတွေ အလုံအလောက်မရရှိကာ ဒုက္ခကြုံနေကြရတာဖြစ်ပါတယ်။ “ဒီနားမှာအခု ဆွမ်ပီယန်ကျေးရွာ၊ အင်စီးယန်နဲ့ ၀ဒတ် ဒီရွာ ၃ ခုက အုပ်စုတွေကို တစ်စုလုပ်ထားပြီး ဖုန်ငိုင်ယန်စစ်ရှောင်လို့ သတ်မှတ်ထားတယ်။ အခုတော့ KBC HDD နဲ့ KMSS ကကူညီမှုတွေတော့ ရနေတယ်။” လို့  ဆွမ်ပီယန်ဒေသခံစစ်ရှောင်က ဆက်ပြောပါတယ်။ လက်ရှိ ဆွမ်ပီယန်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တပ်ချနေဆဲဖြစ်ပြီး ကျေးရွာတစ်ဝိုက် စစ်ရေးအခြေအနေမတည်ငြိမ်သေးတာကြောင့် ဒေသခံပြည်သူတွေ နေရပ်ပြန်လာလို့မရသေးတာဖြစ်ပါတယ်။ တောတောင်တွေထဲ တိမ်းရှောင်နေကြတဲ့ ကျေးရွာ ၃ ခုက ဒေသခံပြည်သူ အိမ်ခြေ စုစုပေါင်း ၂၂၅  ရှိပြီး လူဦးရေ ၁၁၈၄ ဦးရှိတဲ့အထဲ အမျိုးသမီး ၅၉၆ ဦးပါရှိပါတယ်။ ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ပူတာအိုဘက် ဆွမ်ပီယန်တစ်ဝိုက်မှာ စစ်ရေးအခြေအနေ တင်းမာနေတာလက်ရှိချိန်ထိဖြစ်ပါတယ်။ By –…

    Read More »
  • Oct- 2022 -
    18 October
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    ကချင် သမိုင်းဝင်ဒေသတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်ရန် စီစဉ်နေမှုကို ဒေသခံများ ကန့်ကွက်

    ပူတာအိုမြို့နယ် လန်းဒေါင်အုပ်စုရှိ ကချင်တစ်မျိုးသားလုံး တန်ဖိုးထားသင့်သော ဒေသအခေါ်  N’Dum Latep ဒေသတွင် မကြာမှီ လပိုင်းမှစတင်ကာ အကြီးစား ရွှေတူးဖော်မှုများပြုလုပ်ရန် ပြင်ဆင်နေသည့်အပေါ် ပူတာအိုဒေသခံများ ကန့်ကွက်နေကြသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ နှစ်ကုန်ပိုင်းမှစတင်ကာ N’Dum Latep ဒေသတွင် ဦးခေါ်သား နှင့် ဦးကျော်ဇင်မင်း လုပ်ရှင်…

    Read More »
  • Sep- 2022 -
    30 September
    သတင်း

    ပူတာအိုမြို့နယ်တွင် ဘေချီဥရှာရင်းပြုတ်ကျသေဆုံးသူ ၇ဦးခန့်ရှိလာ

    ကချင်ပြည်နယ် ပူတာအိုမြို့နယ် ရေခဲတောင်ပေါ်တွင် ပေါက်ရောက်တတ်သော ဘေချီဥရှာဖွေရင်း ပြုတ်ကျသေဆုံးသူ တစ်နှစ်အတွင်း ၇ ဦးခန့်ရှိလာပြီဟု သိရသည်။ စက်တင်ဘာလ ပြုတ်ကျသေဆုံးခဲ့သူများသည် ပူတာအိုမြို့နယ် ဂျူဗလီကျေးရွာ၊ မလိခွမ်ကျေးရွာ၊ ခေါင်လန်ဖူးမြို့နယ် ဆန်ဒမ်းကျေးရွာများမှ ဒေသခံများဖြစ်ကြပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်းပါဝင်သည်ဟု သိရသည်။ “ဆေးမြစ်ရှာရဖို့အတွက် အလုအယက်လုပ်နေကြတာပါ နှစ်စဥ်သေဆုံးသူကအတော်လေးများပါတယ်။ ဒီနှစ်ဘေဥချီဥထွက်ချိန်မှာပဲကျနော်တို့သိ‌သလောက်…

    Read More »
  • Aug- 2022 -
    24 August
    သတင်း

    ပူတာအိုတွင်စက်သုံးဆီပြတ်၍ ဖုန်းတာဝါတိုင်များ အပြည့်အဝမလည်ပတ်နိုင်သည့်အတွက် ဖုန်းလိုင်းများခက်ခဲလာ

    ပူတာအိုမြို့နယ်တွင် စက်သုံးဆီ ပြတ်လပ်လာပြီးနောက် ဖုန်းတာဝါတိုင်များ မလည်ပတ်တော့ပဲ ဖုန်းလိုင်းများ သုံးစွဲရန် အဆင်မပြေ ဖြစ်နေကြောင်း ဒေသခံများ ပြောသည်။ သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ပူတာအိုတွင် စက်သုံးဆီကားများ အဝင်ရပ်တန့်ခဲ့ပြီး ဖုန်းတာဝါတိုင် တချို့တဝက်တွင်သာ ဆီဖြည့်နိုင်သည့်သဖြင့် ယခုချိန် ဖုန်းလိုင်းများ ကျဆင်းသွားကြောင်း ဖုန်းအသုံးပြုသူဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ”အရင်ဆီ အလုံအလောက်ရှိတုန်းကတော့ တာဝါတိုင်လေးခုရှိရင်လေးခု စလုံးမှာ ဆီဖြည့်ပြီးလည်ပတ်နိုင်တယ်။ အခုက…

    Read More »
  • Jul- 2022 -
    18 July
    သတင်း

    ပူတာအို ရေအားလျှပ်စစ် စက်ရုံ မိုးကြိုးပစ်ခံရသဖြင့် နှစ်ညခြားတစ်ကြိမ်သာ မီးပေးနေ

    ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း လျှပ်စစ်ဓာတ် အားဖြန့်ဖြူးပေးနေသည့် အထက်နမ့်ထွမ် ရေအားလျှပ်စစ်စက်ရုံ မိုးကြိုးပစ်ခံရသဖြင့် လတ်တလော ပူတာအိုတစ်မြို့နယ်လုံးကို နှစ်ရက်ကြားတစ်ကြိမ်သာ မီးပေးနိုင်ပြီး ပျက်စီးထိခိုက်သွားသည့် ရေအားလျှပ်စစ်ပြုပြင်ချိန် အချိန်နှစ်လ ခန့်ကြာမြင့်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ပူတာအိုမြို့တွင် ဇွန်လ ၂၇ ရက်နေ့က…

    Read More »
  • 8 July
    သတင်း

    စိုက်ပျိုးချေးငွေ ယူလိုသူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ်ပါရမည်ဟုဆို

    ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် စိုက်ပျိုး ချေးငွေချေးယူလိုသော တောင်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးစီးကြောင်း လက်မှတ်ပါလာမှသာ ထုတ်ချေးပေးမည်ဟု စစ်ကောင်စီဘက် မှ ပြောဆိုလာကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီသည် ပူတာအိုမြိုနယ်အတွင်းရှိ တောင်သူများအတွက် မိုးစပါးချေးငွေကို…

    Read More »
Back to top button