ပူတာအို

  • Mar- 2024 -
    26 March
    သတင်း

    ပူတာအိုမှာ စက်သုံးဆီနဲ့အခြေခံစားသောက်ကုန်ပြတ်လပ်စပြုလာ

    ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်ပြတ်လပ်စပြုလာနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ်လ ၈ ရက်နေ့ကစ ကချင်လွတ်လပ်ရေးတပ်မတော် KIA မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေကြောင့် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းပိတ်ထားတာ ခုဆိုရင်ရက်ပေါင်း ၂၀ ကြာမြင့်လာပြီး ပူတာအိုဘက်ကို ဆီကားအဝင်ရပ်တန့်နေတာကြောင့် စက်သုံးဆီပြတ်စပြုနေပြီဖြစ်တယ်လို့ ပူတာအိုမြို့အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဆီချို့ဆီဆိုင်တွေမှာတော့ ဆီတွေပြတ်နေပြီ တန်ဂူးတန်ဆိုင်တို့ဆိုဆီမရတော့ဘူး ၂ရက်သုံးရက်ရှိပြီ တိုင်းကျော်နဲ့ ဇေယျာမင်းမှာတော့ မနက်ပိုင်းခနပဲရောင်းပေးတယ်  လိုသလောက်မရဘူး တနေကုန်ဆိုင်ပိတ်ထားတယ်”လို့ သူကပြောပါတယ်။ လက်ရှိ ပူတာအိုမြို့ပေါ်က ဆီပန့်ဆိုင်ကြီးတွေဖြစ်တဲ့ တိုင်းကျော်၊ ဇေယျာမင်း၊ Petro 7 ၊ BTK ၊ တိုင်တည်တန့် နဲ့ အခြားဆီးပန့်ဆိုင်ကြီးတွေအားလုံးနီးပါးမှာဆီပြတ်လပ်စပြုနေပြီလို့ ဆီကိုအကန့်သတ်နဲ့သာဝယ်ယူနေရတဲ့အခြေနေမှာရှိနေတယ်လို့ သိရပါတယ်။ “တချို့ဆီဆိုင်တွေ တချို့ကမဖွင့်တော့ဘူးလောလောဆယ် တိုင်းကျော်နဲ့ ဇေယျာမင်းတို့မှာ မနက် ၉နာရီ ခွဲလောက်ထိ ဆိုင်ကယ်တစ်စီးကို ငါးထောင်ဖိုးအတိပဲထည့်ပေးတယ် ကားဆီဆိုရင်တော့ ၂၀၀၀၀ ထိလားရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ လက်ရှိ တိုင်းကျော်နဲ့ဇေယျာမင်းဆိုင်မှာ ဓာတ်ဆီတစ်လီတာ ကျပ် ၄၀၀၀ အထိရှိပြီး လမ်းဘေးပုလင်းချိန်ဆိုင်မှာ တစ်ပုလင်းကျပ် ၅၀၀၀ အထိရောင်းပေမယ့် လိုသလောက်မရနိုင်ဘဲ အကန့်အသတ်နဲ့သာရောင်းချပေးတယ်လို့သိရပါတယ်။ ဒါ့အပြင် ပူတာအိုဒေသဘက်ကိုဆီကားတွေအဝင်ရပ်တန့်နေတဲ့အပြင် ကုန်ကားတွေလည်း အဝင်လည်းမရှိတော့တာကြောင့် ကုန်းစျေးတွေလည်းအဆမတန်မြင့်တက်နေသလို စားသောက်ပြတ်လပ်မှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ “ခရမ်းချဥ်သီးတို့က ဘယ်ဆိုင်မှာမှဝယ်မရတော့တာ ၄ရက် ၅ရက်လောက်ရှိပြီ။ ကြက်ဥက ပထမတစ်လေးလုံး ၅၀၀၀ အထိတက်တာ အခုက သုံးလုံး ၅၀၀၀ တောင်ဖြစ်သွားပြီ ဆားက တစ်ထုတ်ပ်ကို ၁၀၀၀ ကျော်နေပြီ အောက်ပိုင်းငါးဆိုရင်တစ်ပိသာ ၄၀၀၀၀ ကျော် ၅၀၀၀၀ ထိရှိတယ် တစ်ကောင်ကို ၁၀၀၀၀ တဲ့ဒေသငါး”လို့ပူတာအိုမြိုခံ စျေးသည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ပူတာအ်ို မြစ်ကြီးနား ကားလမ်းပိုင်းမှာရှိတဲ့ ဆွမ်မရာဘွမ်မြို့နယ်ထဲမှာ မတ်လ ၈ ရက်နေ့ညပိုင်းကတည်းက တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိ အချိန်ထိ ဆွမ်ပရာဘွမ်မြို့ကို KIA ၊KPDF မဟာမိတ်တပ်တွေက သိမ်းပိုက်ဖို့ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ မြစ်ကြီးနား ပူတာအိုကားလမ်းပိုင်းကို နှစ်ဖက်တပ်တွေက မတ်လ ၈ ရက်နေ့ ည ၄ နာရီအချိန်ခန့်ကတည်းက ပိတ်ထားခဲ့တာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 20 March
    သတင်း

    ပူတာအိုမှာ ဆိုင်ကယ် ၂ စီးတိုက်မိလို့ ခရစ်ယာန်ဓမ္မဆရာတစ်ဦးသေဆုံး

    ပူတာအိုမြို့တွင်းမှာ ဆိုင်ကယ်အချင်းချင်းတိုက်မိရာကနေ ခရစ်ယာန် ဓမ္မဆရာတစ်ဦး သေဆုံးသွားတယ်လို့သိရပါတယ်။ မြို့တွင်းရပ်ဖြစ်တဲ့ ကောင်ကထောင်ရပ်ကွက်နဲ့ ဟိုခိုအောက်ချိုင့်ရပ်ကွက်ကြားမှာ မတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာ ဆိုင်ကယ်နှစ်စီးတိုက်မှုဖြစ်ပွားခဲ့ပြီး အဲ့ဖြစ်စဥ်ကြောင့် AG အသင်းတော်ဆရာတစ်ဦး သေဆုံးခဲ့တယ်လို့ ပူတာအိုမြို့နေ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။…

    Read More »
  • 12 March
    သတင်း

    ပူတာအိုမြို့မှာ ကုန်စျေးနှုန်း အဆမတန်ထိုးတက်

    ပူတာအို–မြစ်ကြီနား ကားလမ်းပိုင်းပိတ်ထားတာကြောင့် လက်ရှိပူတာအိုမြို့ပေါ်မှာ အခြေခံစားသောက်ကုန်တွေအဆမတန်စျေးတက်နေပြီး ကြက်ဥ ၁ လုံးကို ကျပ် ၅၀၀ ကျပ်အထိပေးဝယ်နေရတယ်လို့ မြို့ခံ တွေကနေ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပူတာအို KPDF ၊ ခါကာဘို PDF…

    Read More »
  • 9 March
    သတင်း

    တိုက်ပွဲကြောင့် မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းရက်အကန့်အသတ်မရှိ ပိတ်ထား

    မြစ်ကြီးနား–ပူတာအို ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ် နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပူတာအို –မြစ်ကြီးနားကားလမ်းပိုင်းကို မနေ့ညပိုင်းကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့  ပူတာအိုမြို့ ဂိတ်မှူးတစ်ဦးက KNG ကို ပြောပါတယ်။ “ပူတာအိုမြစ်ကြီးနား ကားလမ်းပိုင်းမှာမနေ့ညကစပြီး သေနတ်သံတွေစကြားရတာပဲ မနေ့ညပိုင်းကနေ လမ်းပိတ်မယ်လို့ ပြောတယ်။ အဲ့ကြောင့် ဒီနေ့တော့ မြစ်ကြီးနားဆင်းမယ့် ကားဆရာတွေကို မဆင်းခိုင်းတော့တာ…

    Read More »
  • Feb- 2024 -
    29 February
    သတင်း

    စစ်အာဏာသိမ်းနောက်ပိုင်း တရားမဝင်ရွှေတူးဖော်မှုတွေ ပိုများလာတဲ့ ပူတာအိုဒေသ

    ကချင်ပြည်နယ် ပူတာအိုဒေသတစ်ခုလုံးမှာ စစ်အာဏာသိမ်းထားတဲ့ ၃ နှစ်တာကာလအတွင်း တရားမဝင်ရွှေတူးဖော်တာတွေ တစ်နေ့တစ်ခြား ပိုများလာနေတယ်လို့ ပူတာအိုဒေသခံတွေက ပြောပါတယ်။

    Read More »
  • 28 February
    သတင်း

    ပူတာအို နမ်ဆဘွမ်ကျေးရွာဘေး ရွှေတူးဖော်နေသူတွေ စစ်တပ်က မောင်းထုတ်

    ကချင်ပြည်နယ်  ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် နမ်ဆဘွမ်ကျေးရွာမှာ ရွှေတူးဖော်နေတဲ့သူတွေကို စစ်ကောင်စီတပ်က လိုက်လံမောင်းထုတ်နေတယ်လို့ ဒေသခံ‌ တွေဆီကနေသိရပါတယ်။ ၂၀၂၃ ခုနှစ်နှစ်ကုန်ပိုင်းလောက်ကတည်းကနေ နမ်ဆဘွမ်ကျေးရွာ ချောင်းနဘေးမှာတရားမဝင်ရွှေတူးဖော်သူတွေကို စစ်ကောင်စီတပ်က ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက်ပိုင်းကတည်းကနေ လိုက်လံမောင်းထုတ်နေတာဖြစ်တယ်လို့ နမ်ဆဘွမ်ဒေသခံတစ်ဦးက…

    Read More »
  • 28 February
    သတင်း

    ပူတာအိုမှာ မှတ်ပုံတင်ကိုင်ဆောင်ထားသူတိုင်း စမတ်ကဒ်ပြုလုပ်ရန်စစ်ကောင်စီညွန်ကြားထား

    ကချင်ပြည်နယ် ပူတာအိုမြို့နယ်ထဲမှာ မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့လူတိုင်း Smart Card(စမတ်ကဒ်)ပြုလုပ်ရမယ်လို့ စစ်ကောင်စီက ညွန်ကြားထားကြောင်းသိရပါတယ်။ ပူတာအိုမြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်က မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ အရပ်သားတိုင်း စမတ်ကဒ်ပြုလုပ်ရမယ်ဖြစ်ကြောင်း ရပ်ကျေးရွာအုပ်ချုပ်ရေးမှူး၊ဆယ်အိမ်မှူး၊ရာအိမ်မှူးတွေကနေတဆင့် အသိပေးညွန်ကြားထားတယ်လို့ ပူတာအို မြို့လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ကျွန်တော်တို့ဆီတော့…

    Read More »
  • 15 February
    သတင်း

    တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့တွေက ပြည်သူ့စစ်လုပ်ဖို့ကား၊ သုံးဘီးတွေနဲ့လှည့်လည်စည်းရုံးလှုံ့ဆော်နေ

    ပူတာအိုမြို့နယ်ထဲမှာ တန်ဂူးတန် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေက ပြည်သူ့စစ်တာဝန် ထမ်းဆောင်ဖို့ရန်အတွက် ကား၊ သုံးဘီးတွေမှာ လော်စပီကာတပ်ပြီးတော့ လိုက်လံစည်းရုံးတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့  ဒေသခံတွေ ဆီကနေ သိရပါတယ်။ ဇန်ဝါရီလကုန်ပိုင်းလောက်ကနေ ပူတာအိုမြို့ပေါ်မှာရှိတဲ့ ရပ်ကွက်နေရာတွေမှာ ‘ကိုယ့်ဒေသကိုကာကွယ်ဖို့နဲ့ လက်နက်ကိုင်တော်လှန်နေတဲ့ ရန်သူတွေကို…

    Read More »
  • 14 February
    သတင်း

    နမ့်ထွမ် ချောင်းရေတိမ်ကောလာတာကြောင့် ၂ရက်ခြား တစ်ကြိမ်သာ မီးပေးနိုင်

    ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာအထက် နမ့်ထွမ် ချောင်းရေတိမ်ကောလာတာကြောင့် မြို့ပေါ်ရပ်ကွက်များနဲ့ ကျေးရွာတွေမှာ ၂ ရက်ခြားတစ်ကြိမ်သာ အလှည့်ကျစနစ်နဲ့ လျှက်စစ်မီးပေးနေတယ်လို့သိရပါတယ်။ ဇန်နဝါရီလဆန်းပိုင်လောက်ကနေ ပူတာအို မြို့နယ်တစ်ခုလုံးကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေတဲ့ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှာ နမ့်ထွမ်ချောင်းရေဟာ ရေတိမ်ကောစပြုလာတာကြောင့် ရေအပြည့်အဝမရရှိနိုင်တော့ဘဲ မီးအလှည့်ကျစနစ်နဲ့ ပေးနေတာဖြစ်တယ်လို့…

    Read More »
  • 9 February
    သတင်း

    နမ်ဆဘွမ်ကျေးရွာမှာ တရားမဝင်ရွှေတူးဖော်မှုတွေကြောင့် လယ်ယာစိုက်ခင်းများထိခိုက်ပျက်စီး

    ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်ထဲက နမ်ဆဘွမ်ကျေးရွာထဲမှာစက်ယန္တရားကြီးတွေအသုံးပြုပြီး တရားမဝင်ရွှေတူးဖော်မှုတွေပိုမိုများပြားလာနေတာကြောင့် ဒေသခံတွေရဲ့ လယ်ယာ၊စိုက်ခင်းတွေထိခိုက်ပျက်စီးလာတဲ့အပြင် ချောင်းတွေလည်း ပျက်စီးလာနေတယ်လို့သိရပါတယ်။

    Read More »
Back to top button