မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

နမ်ဆဘွမ်ကျေးရွာမှာ တရားမဝင်ရွှေတူးဖော်မှုတွေကြောင့် လယ်ယာစိုက်ခင်းများထိခိုက်ပျက်စီး

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်ထဲက နမ်ဆဘွမ်ကျေးရွာထဲမှာစက်ယန္တရားကြီးတွေအသုံးပြုပြီး တရားမဝင်ရွှေတူးဖော်မှုတွေပိုမိုများပြားလာနေတာကြောင့် ဒေသခံတွေရဲ့ လယ်ယာ၊စိုက်ခင်းတွေထိခိုက်ပျက်စီးလာတဲ့အပြင် ချောင်းတွေလည်း ပျက်စီးလာနေတယ်လို့သိရပါတယ်။

နမ်ဆဘွမ်ကျေးရွာပတ်ပတ်လည်က တောတောင်တွေမှာ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကတည်းက စက်ယန္တရားကြီးတွေနဲ့ရွှေတူးဖော်မှုတွေလုပ်ဆောင်နေတာဖြစ်ပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကနေ အဲ့ဒီရွှေတူးဖော်မှုတွေဟာ ကျေးရွာနဲ့တဖြေးဖြေး နီးကပ်လာတဲ့အပြင် ဒေသခံတွေရဲ့ လယ်ယာ၊ သီးနှံ့စိုက်ပျိုးခြံတွေကိုဝယ်ယူပြီး ရွှေတူးလာနေတာကြောင့် ထိခိုက်ပျက်စီးမှုတွေများလာနေတယ်လို့ နမ်စဘွမ်ကျေးရွာနေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

သူတို့စစတူးချင်တုန်းကတော့ ရွာနဲ့ခပ်လှမ်းလှမ်းမှာတူးတယ်။ ဒေသခံတွေရဲ့ထင်းခြံတွေရှိတယ်အဲ့တာတွေဝယ်ပြီးတူးတယ် အခုအဲ့တာတွေကုန်သွားတော့ရွာနားကိုကပ်လာပြီ လယ်တွေဝယ်ပြီးတူးတယ်။ တချို့လယ်ရှင်တွေကရောင်းပေးတယ်လေ တချို့တော့မရောင်းပါဘူးပြီးတော့ စိုက်ခင်းတွေလည်းဧကလိုက်ဝယ်ပြီးတူးနေတာ ရွာနားကိုကပ်ကပ်လေးဖြစ်နေပြီလို့ အသက် ၄၆နှစ်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။

နမ်စဘွမ်ကျေးရွာဧရိယာမှာရွှေအထွက်နှုန်းများနေတာကြောင့် ရွှေလုပ်ငန်းရှင်တွေဟာ စိုက်ခင်းတစ်ဧရာကိုကျပ်သိန်း ၅၀ ၊ လယ်တစ်ဧက ကိုကျပ်သိန်း ၅၀ ကနေ ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိပေးဝယ်ကာ ရွှေတူးဖော်နေပြီး လက်ရှိ အဲ့ဒီရွှေတူးဖော်မှုတွေကြောင့် လယ်ခင်းနဲ့၊စိုက်ခင်းတွေထဲရေသွင်းတဲ့ ချောင်းကြောတွေပျက်စီးသွားတာကြောင့် လယ်မရောင်းလိုတဲ့ လယ်ရှင်နဲ့စိုက်ခင်းပိုင်ရှင်တွေအတွက်အခက်အခဲ ဖြစ်လာနေတယ်လို့သိရပါတယ်။

ဒီလယ်တွေကအားလုံးပုံစံ၇ ပေါက်ပြီးသားတွေပါ။ အများပိုင်းကတော့မရောင်းလိုကြဘူး လူနည်းစုကပဲစပါးသိပ်မထွက်တဲ့လယ်တွေကို ရောင်းကြတာတာပေမယ့် ရောင်းလိုက်တဲ့လယ်တွေကိုရွှေတူးတော့အခုမရောင်းတဲ့ကျနော်တို့ကျတော့ဒုက္ခရောက်ပြီလေးရေက တောင်ကျချောင်းကနေသွယ်တာအခု ချောင်းကြောတွေလည်းပိတ်ကုန်ပြီရွှေတူးလို့ကျနော်တို့ကဘယ်လိုလယ်စိုက်စားရမလဲလို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

နမ်ဆဘွမ်ဒေသခံတွေရဲ့လယ်ယာစိုက်ခင်းတွေအတွက် အဓိကတောင်ကျချောင်းရေတွေကိုအသုံးပြု ကြရတာဖြစ်ပြီး လက်ရှိရွှေတူးဖော်မှုတွေကြောင့် ချောင်းကြောပျက်စီးတာ၊ မြေစာပုံတွေထူးပြောလာတာတွေ ဖြစ်နေပြီးတစ်ချို့လယ်ရှင်တွေအတွက် အခက်အခဲဖြစ်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျေးရွာနားအထိရွှေတူးဖော်တာကြောင့် ဒေသခံတွေ သုံးရေအဖြစ်အသုံးပြုနေတဲ့ နမ်ဆဘွမ်ချောင်းလည်း မသန့်ရှင်းတော့တဲ့အတွက်သုံးရေအခက်အခဲဖြစ်လာကြောင်းဒေသခံတွေကဆိုပါတယ်။

နမ်ဆဘွမ်အနီးတစ်ဝိုက်ရွှေတူးဖော်နေသူတွေဟာ ပူတာအိုမြို့ပေါ်က လုပ်ငန်းရှင်တွေ၊ မြစ်ကြီးနားနဲ့အခြားအောက်ပြည်အောက်ရွာဘက်က တက်လာတဲ့လုပ်ငန်းရှင်တွေများပြီး လက်ရှိ ဘတ်ဖိုး အစီး ၂၀ ထက်မနည်းရှိတယ်လို့သိရပါတယ်။

ဒေသခံပြည်သူတွေဟာ အဲ့ဒီရွှေတူးဖော်မှုကို ကန့်ကွက်လိုပေမယ့် ရွှေတူးဖော်တဲ့လုပ်ငန်းရှင်တွေဟာ ကျေးရွာတာဝန်ရှိသူတွေဆီမှာအခွန်‌ေဆာင်ပြီး ပူးပေါင်းဆောင်ရွက်နေတာကြောင့်ကန့်ကွက်ဖို့ခက်ခဲနေတယ်လို့သိရပါတယ်။

ပူတာအိုခရိုင်ထဲမှာ စစ်အာဏာမသိမ်းမှီက လက်လုပ်လက်စားနဲ့တနိုင်တပိုင်ရွှေတူးဖော်မှုအနည်းငယ်သာရှိခဲ့ပေမယ့် စစ်အာဏာသိမ်းနောက်ပိုင်းမှာတော့ စက်ယန္တရားကြီးတွေနဲ့ တရားမဝင်ရွှေတူးဖော်မှုတွေဟာ ပူတာအိုမြို့နယ်ထဲက လုံရှာနယ်၊ဖက်မာ၊ မူလာရှီးဒီ၊မကပ်မုံစ၊နောင်ခိုင် တဲ့နေရာတွေနဲ့ မချမ်းဘော့မြို့နယ်ထဲက မလိခ မြစ်ကြောင်းတစ်ချောင်တွေအပြင် ဆွမ်ပရာဘွမ်မြို့နယ်ထဲအထိပါ ကြီးကြီးမားမားရွှေတူးဖော်မှုတွေများပြားလာနေတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button