သတင်း

နမ့်ထွမ် ချောင်းရေတိမ်ကောလာတာကြောင့် ၂ရက်ခြား တစ်ကြိမ်သာ မီးပေးနိုင်

ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာအထက် နမ့်ထွမ် ချောင်းရေတိမ်ကောလာတာကြောင့် မြို့ပေါ်ရပ်ကွက်များနဲ့ ကျေးရွာတွေမှာ ၂ ရက်ခြားတစ်ကြိမ်သာ အလှည့်ကျစနစ်နဲ့ လျှက်စစ်မီးပေးနေတယ်လို့သိရပါတယ်။

ဇန်နဝါရီလဆန်းပိုင်လောက်ကနေ ပူတာအို မြို့နယ်တစ်ခုလုံးကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေတဲ့ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှာ နမ့်ထွမ်ချောင်းရေဟာ ရေတိမ်ကောစပြုလာတာကြောင့် ရေအပြည့်အဝမရရှိနိုင်တော့ဘဲ မီးအလှည့်ကျစနစ်နဲ့ ပေးနေတာဖြစ်တယ်လို့ ပူတာအို EPC ရုံးက တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။

ဒီနှစ်ကခါတိုင်းနှစ်လိုမဟုတ်ဘူး ခါတိုင်းနှစ်တွေက သုံးလပိုင်းလေးလပိုင်းလောက်မှရေစခန်းက ဒီနှစ်ကအခုကတည်းကရေစခန်းနေတာ စက်ကအားလုံးမလည်နိုင်ဘူးလေ အဲ့ကြောင့် ၂ရက်ခြားစနစ်နဲ့မီးပေးနေတယ် နှစ်တိုင်းလိိုလိုပါပဲရေခန်းရင်တော့လို့သူကပြောပါတယ်။

အထမ်နမ့်ထွက်ရေအားလျှပ်စစ် စက်ရုံမှာ လျှပ်စစ်ဓာတ်အားထုတ်ယူပေးတဲ့ စက်သုံးလုံးရှိတာဖြစ်ပြီး ပုံမှန်အားဖြင့် စက်သုံးလုံးစလုံးလည်ပတ်နိုင်ရင် တစ်မြို့နယ်လုံးအချိန်ပြည့်မီးရရှိနိုင်ပေမယ့် လက်ရှိရေတိမ်ကောလာလို့ စက်တစ်သုံးသာလည်ပတ်နိုင်တော့တယ်လို့ သိရပါတယ်။

ကြာပြီ တစ်လပိုင်းကတည်းကပဲ မီးကပုံမှန်မရတော့တာ ဒီနေ့မနက်ကနေစမီးပြတ်တယ်ဆိုရင် တစ်ရက်လုံး တစ်ညလုံးမလာဘူး နောက်တစ်ရက်လည်းတစ်နေကုန်မလာဘူး အဲ့နောက်တစ်ရက်ရဲ့ ည ၁၁ နာရီ လောက်မှလာတယ် တစ်ခါတလေ ၁၂ နာရီမှလာတယ် ပြီးရင်အစောကြီးပြတ်တယ်ပေးရင်လည်းကောင်းကောင်းမပေးဘူးလို့ ပူတာအိုလေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးကပြောပါတယ်။

လျှပ်စစ်မီးကို ၂  ရက်ခြားတစ်ကြိမ်ပေးတယ်ဆိုပေမယ့် မြို့ပေါ်ရပ်ကွက်အများပိုင်းမှာတော့ ည ၁၁ နာရီကနေ မနက် ၄နာရီခွဲလောက်အထိသာမီးပေးပြီး နောက်နေ့ မနက် ၉နာရီလောက်ကနေ မွန်းလွဲ ၂ နာရီလောက်အထိသာ မီးပေးတယ်လို့ဒေသခံတွေကဆိုပါတယ်။

ပူတာအိုမြို့နယ်လုံးမှာ၂ ရက်ခြားတစ်ကြိမ် မီးပေးစနစ်ကို မေလ သို့မဟုတ် ဇွန်လပိုင်းလောက်အထိဖြစ်နိုင်တယ်လို့သိရပါတယ်။

အထက်နမ့်ထွက်ရေအားလျှပ်စစ်စက်ရုံဟာ  NLD အစိုးရလက်ထက်က ၂၀၁၈ ခုနှစ်မှာ တည်ဆောက်ထားတာဖြစ်ပြီး လက်ရှိ မီးအသုံးပြုသူ ပူတာအိုမြို့ပေါ်ရပ်ကွက်နဲ့ကျေးရွာပေါင်း ၅၄ ရွာမှ အိမ်ထောင်စု ၆၄၀၀ စုကအသုံးပြုနေတယ်လို့ သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button