ပြည်သူ့စစ်ဂိတ်

  • Apr- 2024 -
    7 April
    သတင်း

    ဝူယန်ပြည်သူ့စစ်ဂိတ် ပစ်ခံရ၊ ထိခိုက်သေဆုံးသူများနိုင်တယ်လို့ဆို

    ကချင်ပြည်နယ် ဝိုင်းမော်မြို့ပြင် ဝူယန်ကျေးရွာမှာ ဂိတ်ထိုင်ထားတဲ့ပြည်သူ့စစ်ဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF အဖွဲ့က ဒီညနေ ၆ နာရီဝန်းကျင်မှာ လာရောက်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၅ ရက်နေ့ ဒီညနေ ၆…

    Read More »
  • Jan- 2024 -
    29 January
    သတင်း

    ပူတာအိုမြို့အထွက်မှာ တန်ဂူးတန်ပြည်သူ့စစ်က ဂိတ်ထိုင်ဖို့ပြင်ဆင်နေ

    ကချင်ပြည်နယ် ပူတာအိုမြို့အပြင်ဘက် လမ်းဆုံတစ်နေရာမှာ ဦးတန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့က စစ်ဆေးရေးဂိတ်ထိုင်ဖို့ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဂိတ်ထိုင်မယ့်နေရာဟာ ပူတာအိုမြို့အထွက် ဂျူဗလီရပ်ကွက်ထဲက နောင်မွန်မြို့နယ်နဲ့ မချမ်းဘော့မြို့နယ်တွေဘက်ကိုသွားတဲ့လမ်းဆုံနေရာမှာဖြစ်ပြီး စစ်ဆေးရေးဂိတ်ထိုင်ဖို့အတွက် ဇန်နဝါရီလဆန်းပိုင်းကတည်းကပြင်ဆင်နေတယ်လို့ ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “တကယ့်လမ်းဆုံနေရာမှာကြီးထိုင်ဖို့လုပ်နေတယ် အခုသူတို့ဂိတ်ထိုင်ဖို့လုပ်နေတဲ့နေရာက နောင်ခိုင်တို့၊ နောင်မွန်တို့မချမ်းဘော့တို့ကိုသွားမယ်ဆိုအဲ့တာကိုဖြတ်ရမှာအဲ့ဒီနေရာမှာထိုင်ဖို့လုပ်နေတာအခု ဂိတ်တဲပေါ့ သတင်းပို့ရန်ဆိုပြီးရှိတယ်လေးဂိတ်တိုင်းမှာအေ အဲ့လိုမျိုးတဲကတော့ပြီးသွားပြီအခုတားတဲ့ဟာလုပ်နေတယ်”လို့ လေယာဥ်ကွငးရပ်ကွက်နေ အသက် ၅၀ ကျော်အရွယ်အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ လက်ရှိဂိတ်ထိုင်ဖို့ပြင်ဆင်နေတဲ့ အဲ့ဒီနေရာဟာ လေယာဥ်ကွင်းရပ်ကွက်နဲ့ ဂျူဗလီရပ်ကွက်ကြားမှာဖြစ်ပြီး ဂိတ်တဲဆောက်တာနဲ့ ဝါးတားဂိတ်လုပ်ဖို့တိုင်စိုက်တာမျိုးတွေပြီးစီးနေပြီလို့သိရပါတယ်။ ဒါ့အပြင် တန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်အနေနဲ့ လူနေရပ်ကွက်ကြားမှာ အခုလိုစစ်ဆေးရေးဂိတ်ထိုင်ဖို့ပြင်ဆင်နေတာနဲ့ပတ်သက်ပြီးဒေသခံတွေကြားမှာစိုးရိမ်မှုတွေလည်းမြင့်တက်နေတယ်လို့ လုံးစွတ်ရပ်ကွက်နေအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။ “ဒါကြီးကမဖြစ်သင့်ဘူးလေး မြို့ပြင်ဘက် ဆိုပေမယ့် ဂျူဗလီနဲ့လေယာဥ်ကွင်းရပ်ကွက် ကြားမှာဖြစ်နေတယ် သူတို့ဂိတ်ထိုင်လိုက်ပြီဆိုတာနဲ့ ပြည်သူတွေက အရင်လိုလွတ်လွတ်လပ်လပ်သွားလာလို့ရတော့မှာမဟုတ်ဘူးပြီးတော့ အခုခေတ်အခြေအနေအရ အဲ့ဒီဂိတ်ကိုတစ်ဖွဲ့ဖွဲ့က လက်နက်ကြီးနဲ့ထုတာတို့ဘာတို့ဖြစ်လာရင် လေယာဥ်ကွင်းရပ်ကွက်ထဲတွေမှာ ကျပြီးပြည်သူတွေထိလာနိုင်တယ်”လို့အထက်ပါအမျိုးသားကပြောပါတယ်။ ဒေသခံတွေပြောပြချက်အရလာမယ့်  ဂိတ်ထိုင်ဖို့ပြင်ဆင်နေတဲ့နေရာဟာ ပူတာအိုမြို့ စစ်တပ်အခြေစိုက်စခန်းအနီးမှာဖြစ်ပြီး ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာဂိတ်ထိုင်နိုင်အောင် ပြင်ဆင်နေတဲ့အပြင် တစ်ဖက်မှာလည်း ခုလိုဂိတ်ထိုင်လာရင် ပူတာအိုဒေသမှာ ရဝမ်၊ လီဆူလူမျိုးတွေနဲ့အခြားမျိုးနွယ်စုတွေကြားလူမျိုးရေးခွဲခြားမှုတွေဖြစ်လာနိုင်တာကြောင့် ဂိတ်ထိုင်ဖို့ပြင်ဆင်နေတာကို ရပ်နားသင့်တယ်လို့ဒေသခံတွေက သုံးသပ်ပြောဆိုပါတယ်။ ၂၀၀၉ ခုနှစ်မှာ အစိုးရကပြည်နယ်/တိိုင်းဒေသအသီးသီးမှာရှိတဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းပေးလိုက်ပြီးနောက် ဦးတန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့စည်းပေါ်ပေါက်လာခြင်းဖြစ်ပြီး လက်ရှိ ပူတာအို၊ခေါင်လန်ဖူးအထိ ပြည်သူ့စစ်တွေရှိနေတာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Oct- 2023 -
    24 October
    သတင်း

    ကားမိုင်း ပြည်သူ့စစ်ဂိတ် ၂ နေရာမှာ ကားသမားတွေဆီက ခြိမ်းခြောက်ငွေတောင်းခံနေ

    ဖားကန့်သွားလမ်းမပေါ်မှာရှိတဲ့ ကားမိုင်းမြို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေက ဂိတ်နေရာတွေ ထပ်တိုးချဲ့ထားပြီး ကားသမားတွေကို ခြိမ်းခြောက်ငွေတောင်းခံနေတာကြောင့် ကားသမားများ  သွားလာရေးအခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ကားမိုင်းမြို့ ကောင်ရာရပ်ကွက်မှာရှိတဲ့ စာသင်ကျောင်းအနီး ရွာခန်းမဆောင်နဲ့ ကားမိုင်းမြို့အဝင် အရင်စုပေါင်းဂိတ် စတဲ့ ၂ နေရာမှာ ပြီးခဲ့ ဩဂုတ်လ လောက်ကနေ ဂိတ်စခန်းအသစ်တွေ ထပ်မံတိုးချဲ့ထားပြီး ငွေကြေးကောက်ခံနေတာလို့ ကားသမားတွေကပြောပါတယ်။…

    Read More »
  • 11 October
    သတင်း

    ချီဖွေကားလမ်းပိုင်း ငွေကြေးတောင်းခံတဲ့ စစ်တပ်ဂိတ် ၃၀ လောက်ရှိလာ

    မြစ်ကြီးနား – ချီဖွေ ကားလမ်းမကြီး တစ်လျှောက်ပေါ်မှာ ငွေကြေးကောက်ခံတဲ့ စစ်တပ်ဂိတ်တွေ ၃၀ ဝန်းကျင်လောက်တိုးချဲ့ထားတဲ့အတွက် ကားသမားတွေသွားလာရေးအခက်အခဲဖြစ်နေတဲ့အပြင် ချီဖွေဒေသမှာ ကုန်းစျေးနှုန်း ၂ ဆက်ထက်စျေးနှုန်းမြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်အာဏာမသိမ်းခင် ချီဖွေသွားကားလမ်းမကြီးပေါ်မှာ  စစ်ကောင်စီလက်အောက်မှာရှိတဲ့ ပြည်သူ့စစ်ဂိတ်တွေမရှိပေမယ့် လက်ရှိမှာ စစ်တပ်အာဏာသိမ်းယူထားတဲ့ ၂…

    Read More »
Back to top button