တိုက်ပွဲသတင်း

ဝူယန်ပြည်သူ့စစ်ဂိတ် ပစ်ခံရ၊ ထိခိုက်သေဆုံးသူများနိုင်တယ်လို့ဆို

ကချင်ပြည်နယ် ဝိုင်းမော်မြို့ပြင် ဝူယန်ကျေးရွာမှာ ဂိတ်ထိုင်ထားတဲ့ပြည်သူ့စစ်ဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF အဖွဲ့က ဒီညနေ ၆ နာရီဝန်းကျင်မှာ လာရောက်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဧပြီလ ၅ ရက်နေ့ ဒီညနေ ၆ နာရီဝန်းကျင်မှာ ဝူယန်ဂိတ်အထဲထိကို ပစ်ခတ်သွားတာဖြစ်တယ်လို့ ဝူယန်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

ဂိတ်ထဲကို ကားနဲ့ပေါ်တင်ရောက်ချလာပြီး တည့်တည့်ကြီးလာပစ်သွားတာတဲ့ သေဆုံးသူတွေများနိုင်တယ်။ KIA,KPDF တွေက ကျနော်တို့ရှေ့မှာဘဲ ကားနဲ့ဖြတ်သွားတာတော့ တွေ့လိုက်တယ်။ ခနအကြာတော့ ပြည်သူ့စစ်အဖွဲ့က တောက်လျှောက်ပစ်နေတယ် ခုထိဘဲလို့ ပြောပါတယ်။

ဒေသခံတွေပြောတာတော့ ပြည်သူ့စစ်စခန်း  ဒီတစ်ကြိမ်ပစ်ခံရတာဟာ ထိခိုက်သေ‌ဆုံးသူများနိုင်တယ်လို့ ပြောပေမယ့် KNG အနေနဲ့သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

ဒါ့အပြင် KIA/KPDF အဖွဲ့ကလက်နက်ကြီးနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီးနောက် ပြည်သူ့စစ်တပ်စခန်းဘက်က ဝူယန်ရွာနဲ့လမြန်ရွာဘက်ကို လက်နက်ကြီး ၆ ကြိမ်ထက်မနည်းပစ်ခတ်‌နေလို လက်နက်ငယ်တွေနဲ့လည်း အဆက်မပြတ်ပစ်ခတ်နေတယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့စစ်ဂိတ်ပစ်ခံရပြီးနောက် ဂိတ်ဖြတ်သန်းသွားလာခွင့်ကို ခနအကြာပိတ်ခဲ့ကြတဲ့အတွက် ကုန်ကားနဲ့ခရီးသည်ကားတွေလည်း နာရီဝက်အကြာာပိတ်မိနေတယ်လို့  ဒေသခံတွေကပြောပါတယ်။

ပစ်ခံရပြီး ဂိတ်တွေရောအားလုံးပိတ်လိုက်တယ် ကားတွေဆို လမ်းမှာကြပ်သွားတာဘဲ ခုတော့ပြန်ဖွင့်ပြီ ဒါပေမယ့် ပစ်တာတော့မရပ်သေးဘူးလို့ ဝူယန်ဒေသခံတစ်ဦးက ပြောပါတယ်။

ဝူယန်ပြည်သူ့စစ်ဂိတ်ကို သေဆုံးသွားပြီဖြစ်တဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းဦးဆောင်ပြီး ဝူယန်ကျေးရွာ နံနက်စျေးအနီးမှာ ၂၀၂၁ခုနှစ် နိုဝင်ဘာလဆန်းပိုင်းကတည်းက ဒေသခံများက ကန့်ကွက်တဲ့ကြား တည်ဆောက်ထားတာဖြစ်ပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ KIA တပ်တွေက ပထမအကြိမ်သွားရောက်တိုက်ခိုက်ခဲ့တဲ့အပြင် ၂၀၂၃ ခုနှစ်မှာလည်း ၂ ကြိမ်ထပ်ပြီးတိုက်ခိုက်ခံရတာကြောင့် စုစုပေါင်း ၃ ကြိမ်ထက်မနည်းတိုက်ခိုက်ခံရပြီဖြစ်ပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button