ဖမ်းဆီးမှု

  • Jun- 2025 -
    11 June
    ဖမ်းဆီးခံရမှု

    ဟုမ္မလင်းမြို့ပေါ်မှာ အရပ်သားတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ပေါ်မှာ စစ်တပ်လက်အောက်ခံပြည်သူ့စစ်ပူးပေါင်းတပ်က အရပ်သားတွေကိုဆက်တိုက်ဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ မေလ လဆန်းပိုင်းကစလို့ ည ၇ နာရီနောက်ပိုင်းအပြင်ထွက်တဲ့ အရပ်သားအားလုံး ကလေး၊လူကြီးမရွေးဖမ်းဆီးနေတာလို့ ဟုမ္မလင်းမြို့နေအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “အစကတော့ အသက် ၁၈နှစ်ကနေ ၃၅…

    Read More »
  • 10 June
    ဖမ်းဆီးခံရမှုphoto- မြစ်ကြီးနားမြို့တွင်းတစ်နေရာက စစ်ကောင်စီတပ်ဖွဲ့ဝင်များ

    ကချင်မှာ လိုင်စင်မဲ့ ကား၊ဆိုင်ကယ်ဖမ်းဆီးမှုကြောင့် ကျောင်းသားမိဘများအခက်တွေ့

    ကချင်ပြည်နယ်မှာ လိုင်စင်မဲ့ ကား၊ဆိုင်ကယ်ဖမ်းဆီးမှုကြောင့် ကျောင်းကြို၊ကျောင်းပို့လုပ်နေရတဲ့ ကျောင်းသားမိဘတွေ အဖက်ဖက်ကနေ အခက်တွေ့နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ အစည်းဝေးတစ်ခုမှာ စစ်ခေါင်းဆောင်က နိုင်ငံတဝန်း လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကြောင့် အခွန်အခနစ်နာနေကြောင်းနှင့် လုံခြုံရေးဆိုင်ရာ…

    Read More »
  • 6 June
    တိုက်ပွဲ

    ကချင်မှာတစ်လအတွင်း အရပ်သား ၃၈ ဦး သတ်ဖြတ်ခံရတယ်လို့ ကချင်လူ့အခွင့်ရေးစောင့်ကြည့်တဲ့အဖွဲ့ပြော

    ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ပြည်သူလူထုကို မတရားသတ်ဖြတ်ခြင်းနှင့်ဖမ်းဆီးခြင်းများကို ဆက်လက်ကျူးလွန်နေပြီး ပြီးခဲ့တဲ့မေလတစ်လအတွင်း အရပ်သား ၃၈ ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ ကချင်လူ့အခွင့်ရေးစောင့်ကြည့်တဲ့အဖွဲ့ (KHRW )က ဇွန်လ ၂ ရက်နေ့ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထဲက အရပ်သား ၃၀ ဦးဟာ မေလ ၈ ရက်နေ့ ဗန်းမော်ြမို့ပေါ်ဘုန်းကြီးတစ်ခုမှာခိုလှုံနေတဲ့ ဒေသခံစစ်ရှောင်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေကယ်ထုတ်နေချိန် စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ်မှာသေဆုံးခဲ့ရတာလို့ KHRW ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒါ့အပြင် နောက်ထပ်သေဆုံးခဲ့ရတဲ့ဖြစ်စဥ်တွေကတော့ ဖားကန့်မြို့နယ် ဆိုင်းဖရာရွာ၊ လုံးခင်းရွာ နဲ့ မိုးညှင်းမြို့နယ် ဟဲပါရွာတို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုးတဲ့ချိန်ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေကြောင့်ဖြစ်တယ်လို့ အစီရင်ခံစာမှာတွေ့ရပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေကြောင့်ဘေးလွှတ်ရာကိုစွန့်ခွာရသူတွေလည်းများလာသလို နေစရာအခက်အခဲ အကြပ်အတည်းဖြစ်လာပေမယ့် နိုင်ငံတကာအကူညီတွေက ပိုလျော့နည်းလာတယ်လို့ KHRW ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့ကပြောပါတယ်။ “အရပ်သားပြည်သူတွေထွက်ပြေးနေတဲ့နေရာတွေမှာနေဖို့နေရာ Shelter တွေကမရှိသလောက်ဖြစ်နေပြီ။ တော်တော် ခက်ခဲနေတဲ့အခြေနေပါ။ နောက်တစ်ခုကတော့ အခြေခံအစားအသောက်၊ နိုင်ငံတကာကနေလူသားချင်းစာနာမှုအကူညီလည်း မရှိသလောက်နည်းသွားပါပြီ”လို့ ကိုဂျေကော့ကဖြည့်စွက်ပါတယ်။…

    Read More »
  • Mar- 2025 -
    27 March
    သတင်း

    ကသာတိုက်ပွဲတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းမှာ အတင်းအဓ္ဓမတပ်သားစုဆောင်းခံရတဲ့ လူငယ်တစ်ချို့ပါဝင်

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ် ပင်လွတ်ကျေးရွာတစ်ဝှိုက်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၃၁ ဦး ထဲမှာ အတင်းအဓ္ဓမစစ်သားစုဆောင်းခံခဲ့ရတဲ့လူငယ်တစ်ချို့ပါဝင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ NUGရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ချက်အရ အဲ့ဒီစစ်ကြောင်းဟာ ခမရ ၁၀၆၊ ၃၀၉ နဲ့ ခလရ ၆…

    Read More »
  • 26 March
    သတင်း

    ဆွမ္မရာမြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ နာဂလူငယ် ၃၀ ဦးပြန်လွတ်လာ

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်၊ ဆွမ္မရာမြို့မှာ လက်နက် ကိုင်အဖွဲ့တစ်ခုရဲ့ဖမ်းဆီးခြင်းခံလိုက်ရတဲ့ နာဂ လူငယ်( ၃၀) ဦးပြန်လည် လွတ်မြောက်လာပြီလို့သိရပါတယ်။ မတ်လ ၂၂ ရက်နေ့ ည ၁၁ နာရီတိတိအချိန်မှာ နာဂလက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ SNCN-K (ယုန်းအောင်)…

    Read More »
  • 17 March
    တိုက်ပွဲ

    ကသာတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးကိုအရှင်ဖမ်းမိပြီး နှစ်ဖက်ကျဆုံးမှုတွေလည်းရှိခဲ့

    စစ်ကိုင်းတိုင်း‌ဒေသကြီး ကသာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်တပ်ကျဆုံးမှုတွေရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးကိုလည်းအရှင်ဖမ်းမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေ ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ကနေ မတ်လ ၁၆ ရက်နေ့ မနေ့က နေ့လည်…

    Read More »
  • 10 March
    သတင်း

    မြစ်ကြီးနားမြို့မှာ စစ်ကောင်စီတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးတာတွေ ခပ်စိပ်စိပ်လုပ်လာ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်းနေရာတစ်ချို့မှာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာပြည်သူတွေကို ရှောင်တခင်တားဆီးစစ်ဆေးတာတွေ ခပ်စိပ်စိပ်လုပ်လာနေတယ်လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ ပြည်သူတွေကပြောပါတယ်။ ဒီနှစ် ဖေဖော်ဝါရီလဆန်းပိုင်းကစတင်ပြီး ဗလမင်းထင်တံတားကနေ မြစ်ကြီးနားတက္ကသိုလ်ကျောင်းနောက်ကျောဘက် မြို့ရှောင်လမ်း၊  ကြာရာပါတီးရပ်ကွက်လမ်း၊ မြေမြင့်ရပ်ကွက်ကနေ ကွက်သစ်အဆင်း မိုင်ဒေးကွေ့လမ်းထောင့်၊အင်ဂျန်ဒုံစျေးအနီး၊ အေးမြသာယာရပ်ကွက်အဝင် ရထားသံလမ်း၊ ရွှေစက်ရပ်ကွက် မြစ်ကြီးနားလွှတ်တော်ရုံးရှေ့၊ကျွန်းပင်သာနဲ့လယ်ကုန်းလမ်းဆုံအပါအဝင် မြို့တွင်းလမ်းဆုံ၊ လမ်းထောင့်နေရာတစ်ချို့မှာ စစ်ဆေးမှုတွေ ခပ်စိပ်စိပ်လုပ်လာတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “ပုံမှန်နေ့တိုင်းတော့မစစ်ဘူး ဒါပေမယ့် ခုနောက်ပိုင်းစစ်တာပိုစိပ်လာတယ်။ သူတို့စစ်တဲ့နေ့ဆိုရင် ဖြတ်သွားဖြတ်လာ လူတိုင်းကိုစစ်တယ်။ ဘာကြောင့်စစ်တယ်ဆိုတာတော့ မပြောဘူး”လို့ ပြောပါတယ်။  ခုလိုစစ်ဆေးရေးပြုလုပ်ချိန် စစ်သား ၅ ဦးနဲ့ ၁၀ ကြားရှိပြီး လက်နက်၊စစ်ယူနီဖောင်းဝတ်ပြီး စစ်ဆေးတာတွေရှိသလို အရပ်ဝတ်နဲ့တားဆီးစစ်ဆေးတာတွေလည်းရှိတယ်လို့ နောက်ထပ်မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက  ပြောပါတယ်။ “ယူနီဖောင်းအပြည့်ဝတ်ပြီး တားရင်တော့ စစ်ဆေးခံကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ အရပ်ဝတ်တွေနဲ့တားတော့ ပြည်သူတွေက ဓါးပြထင်တာလည်းရှိတော့ မရပ်ပေးတဲ့သူလည်းရှိတယ်။ မရပ်ပေးပြန်တော့ သူတို့ကပစ်တယ်လေ။ အဲကြောင့် သွားရလာရတော်တော်ခက်တယ် ခုနောက်ပိုင်း”လို့ ပြောပါတယ်။ ကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့မှာ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့တွင်းလုံခြုံရေးပိုတင်းကြပ်လာသလို ဌာနဆိုင်ရာနဲ့ရဲစခန်းအနိီးပတ်ဝန်းကျင်ရှိ လမ်းအများပိုင်း သွားလာခွင့်ပိတ်ထားတဲ့အပြင် ဖွင့်ထားတဲ့လမ်းတွေမှာလည်း ည ၆ နာရီနောက်ပိုင်းဖြတ်သန်းခွင့်မရှိတော့ဘူးလို့ သိရပါတယ်။ ဒါ့အပြင် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ မြို့တွင်း ရဲစခန်းအားလုံး ဘန်ကာများထပ်တိုးတည်ဆောက်ထားသလို မြစ်ကြီးနားကနေ…

    Read More »
  • Feb- 2025 -
    11 February
    သတင်း

    ပူတာအို မြို့တွင်းမှာ အစစ်အဆေး တင်းကြပ်

    ပူတာအိုမြို့ပေါ်မှာ ယခုရက်ပိုင်း စစ်ကောင်စီတပ်က လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးမှုတွေ ယခင်ထက် ပိုမို လုပ်ဆောင်လာတယ်လို့ ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၅ ရက်နေ့ကစလို့ ပူတာအိုမြို့တွင်း လမ်းဆုံ လမ်းခွ နေရာတွေမှာ ညအချိန် စစ်ဆေးမှုတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်လာနေတယ်လို့ ပူတာအိုမြို့ခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။…

    Read More »
  • Jan- 2025 -
    6 January
    ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်း

    ကချင်မှာ တစ်နှစ်တာအတွင်း အရပ်သား သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေကို KHRW ထုတ်ပြန်

    ကချင်ပြည်နယ်တစ်ခုလုံး ၂၀၂၄ တစ်နှစ်တာ ပဋိပက္ခအတွင်း အရပ်သားသေဆုံးသူ ၁၄၂ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၆၇ ဦး နဲ့ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရသူ ၂၁၉ ဦး ရှိတယ်လို့ Kachin Human Rights Watch-KHRW အဖွဲ့က ဇန်နဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ထိခိုက်သေဆုံးမှု ဖြစ်စဉ်တွေမှာ ဖားကန့်မြို့နယ်၊ ဝိုင်းမော်မြို့နယ်၊…

    Read More »
  • 6 January
    ဖမ်းဆီးခံရမှု

    စက်သုံးဆီ တင်ပို့သူ ၁၇ ဦး နဲ့ ဆီဂါလန် ၆ သောင်းကျော်ကို စစ်ကောင်စီ ဖမ်းဆီး

    ကချင်ပြည်နယ် နဲ့ ရှမ်းပြည်မြောက်ပိုင်း အပါအဝင် ဒေသတစ်ချို့ကို တရားမဝင် စက်သုံးဆီတင်ပို့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တင်ပို့သူ ၁၇ ဦးနဲ့ စက်သုံးဆီမျိုးစုံ ဂါလန်ပေါင်း ၆ သောင်းကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဇန်နဝါရီလ ၂ ရက်နေ့မှာ စစ်ကောင်စီတပ် ထုတ်ပြန်လိုက်ပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း၊…

    Read More »
Back to top button