ဖမ်းဆီး
-
Sep- 2024 -10 Septemberသတင်း
ဆိုင်းတောင်တိုက်ပွဲမှာ အပြစ်မဲ့အရပ်သားပြည်သူတွေ ဖမ်းဆီး ပစ်သတ်ခံနေရ
ဖားကန့် ဆိုင်းတောင်ကျေးရွာမှာ ဖြစ်နေတဲ့တိုက်ပွဲအတွင်း အရပ်သားပြည်သူတစ်ချို့ ဖမ်းဆီးပစ်သတ်ခံနေရပြီး သေဆုံးမှုထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့ကာကွယ်ရေး PDF တွေလည်းပါဝင်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၆ ရက်ည ဆိုင်းတောင်ကျေးရွာထဲ စစ်တပ်ကဝင်ရောက်စစ်ကြောင်းထိုးလာရာကနေ ဒီနေ့အထိ နှစ်ဖက်စစ်တပ် အပြန်အလှန်ပိတ်ဆို့တိုက်ခိုက်နေကြဆဲဖြစ်တယ်လို့ ဖားကန့်ဒေသခံအမျိုးတစ်ဦးက KNG ကိုပြောပါတယ်။ “ဆိုင်းတောင်တိုက်ပွဲက စစ်တပ်နဲ့ KIA တပ်တွေက ပိတ်ဆို့ရေးတွေလုပ်ပြီး တိုက်ပွဲကဖြစ်နေဆဲပါပဲ။ အဲကြောင့် ဆိုင်းတောင်ဘက်ကို ဘယ်သူမှ ဝင်လို့မရဘူး။ အဲလိုဘဲ ဆိုင်းတောင်ဘက်ကိုသွားတဲ့ ဝင်ပေါက်လမ်းကြောင်းတွေအကုန်လုံးပိတ်ထားတယ်။ တစ်ချိုဆိုရင် အပြင်ရောက်နေလို့ ကိုယ့်ရွာထဲကို ကိုယ်ပြန်ဝင်လို့မရသေးဘူး”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာဟာ ဆိုင်းတောင်ကျေးရွာ ရပ်ကွက်(၂)မှာရှိတဲ့ Lucky Men Hotel တဝိုက်မှာဖြစ်ပြီး နှစ်ဖက်စစ်တပ်က ဆိုင်းတောင်နဲ့ ယူမာလမ်း အဝင်အထွက်လမ်းတွေပိတ်ဆို့ပြီး အပြန်အလှန်ပစ်ခတ်နေကြာတာဖြစ်တယ်လို့ သိရပါတယ်။ ခုလို ဆိုင်းတောင်ကျေးရွာမှာ တိုက်ပွဲပိုပြီးပြင်းထန်လာတာဟာ စက်တင်ဘာလ ၇ ရက် မနက်ပိုင်း ၁ နာရီဝန်းကျင် Lucky Men Hotel ထဲမှာရှိနေတဲ့ KIA နဲ့ PDF တပ်တွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၃ ကြောင်းနဲ့ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စတင်လာတာဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဟိုတယ်ထဲဝင်ရောက်စီးနင်းခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ မနက်မှာ ဟိုတယ်ထဲရှိနေတဲ့ အရပ်သားတစ်ချို့နဲ့ KIA တပ်ဖွဲ့ဝင်တစ်ချို့အပါအဝင် ၁၀ ဦးကျော်ကို ဖမ်းဆီးသွားတဲ့အပြင် ဟိုတယ်ထဲမှာလည်း ၇ ဦးကို သေနတ်နဲ့ပစ်သတ်သွားတယ်လို့ဖားကန့်ဒေသခံ အမျိုးသားက ဆက်ပြောပြပါတယ်။ “Lucky Men Hotel မှာတစ်ချို့က ဖမ်းဆီးခံရသလို ပစ်သတ်ခံရတဲ့ သူတွေလည်းရှိပါတယ်။ အဲထဲမှာ အရပ်သားပြည်သူတွေလည်းပါသလို KIA၊ PDF လည်းပါတယ်။ ဒါပေမယ့် အခုချိန်အထိ ဘယ်သူဘယ်ဝါဆိုပြီး အတည်ပြုလို့မရသေးဘူး။ အဆက်သွယ်တွေလည်းခက် ပြီးရင် ဘယ်သူမှ သွားလို့မရဘူး။ လမ်းတွေလည်း ပိတ်ထားတယ်ဆိုတော့”လို့ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ်ဘက်က Lucky Men Hotel က ဖမ်းဆီးသွားတဲ့ ၁၀ ဦးကို ကြိုးတုတ်ပြီး နေပူလှန်းတာတွေ၊ ရိုက်နက်တာတွေလုပ်ဆောင်နေပြီးတော့ လမ်းပိတ်ထားတဲ့နေရာမှာ လမ်းပေါ်သွားလာတဲ့ပြည်သူတွေလည်း သေနတ်ပစ်သတ်တာတွေလည်းရှိနေပြီး အရပ်သားပြည်သူတစ်ချို့ လမ်းပေါ်သေဆုံးနေတာတွေလည်းရှိတယ်လို့ သူက ပြောပြပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့မှာ KIA နဲ့ PDF အဖွဲ့တွေ Lucky…
Read More » -
Feb- 2024 -22 Februaryသတင်း
စစ်ကောင်စီတပ်တွေ ခရီးသည်တစ်ယောက်ရဲ့ ငွေကျပ် ၁၈ သိန်းနိုက်ယူသွားတယ်လို့ဆို
မိုးကောင်းမြို့နယ် နန့်ခွင်ကျေးရွာမှာ ဖေဖော်ဝါရီလ ၂၁ ရက် မနေ့က ခရီးသွားပြည်သူတွေကို တားမြစ်စစ်ဆေးချိန်မှာ စစ်ကောင်စီတပ်တွေက ခရီးသည်တစ်ယောက်ရဲ့ ငွေကျပ် ၁၈ သိန်းကို နိုက်ယူသွားတယ်လို့ သိရပါတယ်။ ငွေနိုက်ယူခံလိုက်ရတဲ့ ခရီးသည်ဟာ မြစ်ကြီးနားမြို့ကနေ ဟိုပင်ဘက်ကို အသင်းတော်လုပ်ငန်းနဲ့…
Read More » -
Sep- 2023 -25 Septemberသတင်း
ဆွမ်ပရာတိုက်ပွဲမှာ အထိနာခဲ့တဲ့စစ်ကောင်စီတပ် ခရီးသွားပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်
မြစ်ကြီးနား- ဆွမ်ပရာဘွမ်လမ်းမ တန်ဖရဲကျေးရွာတစ်လျှောက် စစ်ကောင်စီတပ်တွေဟာ စစ်အင်အားဖြည့်တင်းပြီး ရွာအဝင်အထွက်မှာ တပ်စွဲနေရာယူထားတဲ့အပြင် လမ်းသွားလမ်းလာ ခရီးသွားပြည်သူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တန်ဖရဲ -ကျိန်ခရန် – ဝိုင်ရှီ – ဖုန်အင်ယန် စတဲ့လမ်းကြောင်းတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေက စက်တင်ဘာလ ၂၄ ရက်က စပြီး အခုလို လူငယ်တွေကို ဖမ်းဆီးနေတယ်လို့ တန်ဖရဲကျေးရွာဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။…
Read More » -
5 Septemberသတင်း
အင်းတော်မြို့မှာ ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၄ ယောက်ထဲက ၂ ယောက်ကို ထောင်ဒဏ်တစ်သက်တကျွန်းချမှတ်
စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ စစ်ကိုင်းဒေသကြီး အင်းတော်မြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ ၄ ယောက်ထဲက ၂ ယောက်ကို ထောင်ဒဏ်တစ်သက်တကျွန်းချမှတ်လိုက်ပြီး ကျန် ၂ ယောက်ကိုတော့ ထောင် ၇ နှစ်စီ ချမှတ်လိုက်တယ်လို့ အင်းတော်မြို့ခံတွေဆီကနေ သိရပါတယ်။ အဲဒီ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အရပ်သားပြည်သူ ၄ ယောက်ဟာ အင်းတော်မြို့တွင်းစစ်ဆေးရေးဂိတ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လထဲ ဖမ်းဆီးခံလိုက်ရတဲ့ ညောင်ပင်စုရပ်ရွက်ထဲက ကိုဇော်မျိုးနိုင် ၊ မသီတာဝင်း ၊ ကိုတင်မောင်ဝင်းနဲ့ ကိုကျော်သက် တို့ဖြစ်ပြီး အင်းတော်မြို့နယ် စစ်ခုံရုံးကနေ စက်တင်ဘာ ၂ ရက်နေ့က…
Read More » -
Apr- 2023 -10 Aprilမြေယာနှင့် သဘာဝပတ်ဝန်းကျင်
ရှားပါး ငှက်မျိုးစိတ်များအား ဖမ်းဆီးရောင်းချနေမှုကို တားဆီးသင့်ကြောင့် ပူတာအိုဒေသခံအချို့ ပြောဆို
ပူတာအိုစျေးတွင် ထိန်းသိမ်းကာကွယ်ထားသင့်သော ရှားပါးငှက်မျိုးစိတ်များကို ဖမ်းဆီးသတ်ဖြတ်ကာ ပေါ်ပေါ်တင်တင် ရောင်းချနေမှုကို တားဆီးသင့်ပြီဟု ဒေသခံတစ်ချို့က ပြောဆိုနေကြသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ထိုသို့ ရှားပါးငှက်မျိုးစိတ်ဖမ်းဆီးသတ်ဖြတ်မှုများကို ထိန်းသိမ်းကာကွယ်မည့်သူ မရှိတော့သဖြင့် ယခုလို ပိုမို ဆိုးရွာလာခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ “ပူတာအိုမှာ အခုက အရေးယူမှုပိုင်းတွေ မရှိတော့တာကြောင့်…
Read More » -
Feb- 2023 -28 Februaryလူ့အခွင့်အရေးချိုးဖောက်မှု
ဖားကန့်တွင် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရသည့်အတွက် အရပ်သားပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေ
ကချင်ပြည််နယ် ဖားကန့်မြို့နယ် စဗျစ်ခူးကျေးရွာတွင် စစ်ကောင်စီိအဖွဲ့၏ ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် အမျိုးသား ၆၀ ကျော်ကို ဖမ်းဆီးကာ ရွာအပြင်ထုတ် စစ်ဆေးမေးမြန်းနေကြောင်း ဒေသခံများထံမှသိရသည်။ ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ည ၃ နာရီအချိန်က စစ်ကောင်စီ…
Read More »