ဆယ်ဇင်းကျေးရွာ နေအိမ် ၄၀၀ ကျော်ကို KIA နှင့် PDF တို့ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသာ သတင်းအမှား
,
ကချင်ပြည်နယ် ဖားကန့်လမ်းမကြီးပြုပြင်ရန် ပြည်နယ်အစိုးရတွင် စီမံခန့်ခွဲပိုင်ခွင့်မရှိဟူသော ဝန်ကြီးချုပ်၏ ပြောဆိုမှုကို ဒေသခံများက လက်မခံသောကြောင့် လှုပ်ရှားမှုများဆက်လက်ပြုလုပ်သွာမည်ဟု ဆိုသည်။ “အင်္ဂလိပ်ခေတ်တုန်းကတောင်မှ ဒီလမ်းကကောင်းခဲ့တယ်။ ဒီကနေ့အစိုးရလက်ထက်မှာ ဒီလမ်းတွေကိုလုပ်ပိုင်ခွင့် မရှိဘူး လုပ်လို့မရဘူးဆိုတော့ မလုပ်ပေးချင်ဘူး အဲသဘောနဲ့ဘဲ ဖြစ်နေတဲ့အတွက် ကျနော်တို့ အရပ်ဘက်အဖွဲ့စည်းအနေနဲ့ စာထည့်သွားမှာဖြစ်တယ်။ ကျနော်တို့ ဒီလောက်အဖိုးတန်တဲ့ကျောက်မျက်ထွက်တဲ့နေရာက ဘာလို့ဒီလိုစုတ်ပြတ်နေလဲဆိုတာ တမင်သက်သက် ကျနော်တို့ကချင်ပြည်နယ်မှာ ဒါမျိုးလမ်းကောင်းတွေ မလုပ်ပေးစေချင်လို့ဘဲ။ စက်ရုံတွေဘာလို့ မလုပ်ပေးချင်သလဲဆိုတဲ့ စိတ်ဓါတ်တွေကိုသိလာပြီ။ အဲကြောင့်မို့ လူထုတွေနဲ့ပေါင်းပြီး လှုပ်ရှားမူတစ်ခုလုပ်ဖို့