မင်းဇေသန့်

  • Apr- 2025 -
    3 April
    သတင်း

    ဝါရာဇွပ်ကျေးရွာမှာ ပြည်သူ့စစ်နဲ့ KIA တိုက်ပွဲထပ်ဖြစ်နေ

    ကချင်ပြည်နယ် တနိုင်းသွား လီဒိုလမ်းမပေါ် ရှိ ဝါရာဇွပ်ကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဝါရာဇွပ်ကျေးရွာအဝင်အထွက် ရွာထိပ်ပိုင်းမှာ KIA တပ်တွေ ဝါးတားဂိတ်ထားပြီး ထပ်မံတပ်စွဲလာတဲ့အတွက် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က…

    Read More »
  • Mar- 2025 -
    14 March
    သတင်း

    ဝါရာဇွပ်ကျေးရွာ လေကြောင်းနဲ့ ထပ်မံဗုံးကြဲခံရ

    ကချင်ပြည်နယ် တနိုင်းသွား လီဒိုလမ်းမပေါ်  မင်းဇေသန့် ပြည်သူ့စစ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ရေးတင်းမာမှုဖြစ်နေတဲ့ ဝါရာဇွပ်ကျေးရွာအနီး နမ်ဆိုင်ကျေးရွာ(Nam Sai Mare) ကို စစ်ကောင်စီတပ် ဂျက်လေယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိသေးပေမယ့် စစ်ကောင်စီတပ်ဟာ ဝါရာဇွပ်ကျေးရွာနဲ့ တစ်ဆက်တည်းရှိတဲ့ နမ်ဆိုင်ကျေးရွာကို…

    Read More »
  • 14 March
    သတင်း

    ဝါရာဇွပ်ကျေးရွာက လူနေအိမ် ၁၆ လုံးခန့် မီးရှို့ဖျက်ဆီးခံရ

    တနိုင်းသွား လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာရှိ လူနေအိမ် ၁၆ လုံးထက်မနည်း စစ်ကောင်စီလက်အောက်ခံ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “ဒီမနက် ၅ နာရီခွဲအချိန်လောက်မှာ ရွာထဲကို ဝင်လာပြီး နေ့လည် ၁၂ နာရီလောက်မှာ ပြန်ထွက်သွားတယ်။…

    Read More »
  • 7 March
    သတင်း

    ရှဒူးဇွပ်ဒေသက KIA တပ်စခန်းတစ်ခုကို မင်းဇေသန့်အဖွဲ့ တိုက်ခိုက်

    ကချင်ပြည်နယ် တနိုင်းသွားလီဒိုလမ်း(Lido Lam) ရှဒူးဇွပ်ကျေးရွာ (Jahtuzup) ဒေသ ဝခါး(Wahka)မှော်အနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်းရဲ့ တပ်စခန်းတစ်ခုကို မင်းဇေသန့်ဦး‌ဆောင်တဲ့ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၆ ရက်နေ့ မနက်အစောပိုင်း ဝခါးမှော်အနီးရှိတဲ့…

    Read More »
  • Feb- 2025 -
    27 February
    သတင်း

    ရှဒူးဇွပ် KBC ဆုတောင်းကုန်းမှာ ပြည်သူ့စစ်အဖွဲ့ လက်နက်ကြီးတပ်ချပြီး ထပ်မံ နေရာယူ

    လီဒိုလမ်းမပေါ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူးဇွပ် (Jahtu Zup) ကျေးရွာရှိ နှစ်ခြင်းခရစ်ယာန်ဘာသာရေး မြေနေရာဖြစ်တဲ့ ဆုတောင်းတောင်ကုန်းပေါ်မှာ ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးနဲ့ တပ်ချလိုက်ပြီလို့ ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့ဟာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်မှာလည်း ရှဒူးဇွပ်ကျေးရွာရှိ ကက်သလစ်အသင်းတော်ပိုင် ဆုတောင်းကုန်းကို လက်နက်ကြီးအထိုင်ချတပ်စွဲလိုက်တာ ဒီကနေ့ထိ ဖြစ်ပါတယ်။ အလားတူ…

    Read More »
  • 20 February
    သတင်း

    ဝါရာဇွပ်ကျေးရွာအတွင်း မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့က ဒရုန်းဖြင့် အကြိမ်ကြိမ် ပစ်ခတ်နေ

    တနိုင်းသွား လီဒိုလမ်းမပေါ် ၊ ဝါရာဇွပ်ကျေးရွာကို စစ်ကောင်စီလက်အောက်ခံ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့တွေက ယခုရက်ပိုင်းအတွင်း ဒရုန်းနဲ့ပစ်ခတ်နေတာ ၁၇ ကြိမ်ထက်မနည်း ရှိလာပြီလို့ ဒေသခံတွေပြောပါတယ်။ ဝါရာဇွပ်ကျေးရွာ၊ ရှဒူးဇွပ်၊ စံပြ၊ အောင်ရာ နဲ့ ဘန်ကောက်ကျေးရွာတွေကို ထိန်းချုပ်ထားတဲ့ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့ဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စတင်ပြီး ဝါရာဇွပ်ကျေးရွာကို…

    Read More »
  • Dec- 2024 -
    18 December
    သတင်း

    လဝါးကျေးရွာက KIA ဂိတ်စခန်းတိုက်ခိုက်ခံရပြီး KIA တပ်သား ၄ ဦးသေဆုံး

    ကချင်ပြည်နယ် တနိုင်းလီဒိုသွားလမ်းမပေါ်ရှိ  လဝါးကျေးရွာမှာ အထိုင်ချထားတဲ့ KIA ဂိတ်စခန်းတစ်ခုကို မင်းဇေသန့် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေသွားရောက်ခဲ့တာကြောင့် KIA ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ လဝါးဒေသခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင် ရှဒူးဇွပ်ကျေးရွာဘက်ကနေ ကား ၂ စီးနဲ့ ဆင်းလာပြီး လဝါးကျေးရွာအထက်မှာရှိတဲ့ KIA ဂိတ်စခန်းစခန်းကို လာရောက်တိုက်ခိုက်ခဲ့ရာမှာ KIA ဘက်က ၄ ဦး အသက်သေဆုံးပြီး ၂ ဦးထက်ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လဝါးဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မှန်ပါတယ် မနေ့ တစ်နေ့က ၉ နာရီခွဲလောက်မှာ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေက ကား ၂ စီးနဲ့  ဗြုန်းကနဲ ဆင်းလာပြီး KIA ရဲ့ ဂိတ်စခန်းကို လာပစ်သွားတယ်။ အဲ့မှာ လေးယောက်က အသက်သေဆုံးသွားတယ်။ ၂ ယောက်က ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်”လို့ပြောပါတယ်။ KIA  ဂိတ်နေရာတွေကို ဝါရာဇွပ်ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့်အဖွဲ့တွေက ကား ၂ စီးထဲမှာ စစ်အင်အား ၁၀ ဦးခန့်နဲ့ လာရောက်ပစ်ခတ်သွားတယ်လို့ သိရပါတယ်။ အသက်သေဆုံးသွားတဲ့ KIA တပ်သား ၄ ဦးမှာ ဂိတ်မှာတာဝန်ကျနေတဲ့အချိန် ပစ်သတ်ခံလိုက်ရတာဖြစ်ပါတယ်။ လဝါးကျေးရွာက KIA ဂိတ်စခန်းတိုက်ခိုက်ခံရတဲ့ သတင်းကမှန်ကန်ပေမယ့် ပစ်ခတ်ခံရမှုအသေးစိတ်မသိရသေးဘူးလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။ “မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေ KIA ဂိတ်ကို လာပစ်တဲ့ အခြေအနေက ဒေသခံတွေပြောဆိုနေကြလို့သိရပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်မှာ တရားဝင်အသေးစိတ်က ဘာမှပြောလာတာမရှိသေးဘူး။ ပြည်သူတွေပြောဆိုအရဆိုရင်တော့မှန်ကန်ပါတယ်”လို့ပြောပါတယ်။ တနိုင်းလီဒိုလမ်းမပေါ် တစ်ကြော တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေ အခုလို လာရောက်ပစ်ခတ်ပြီး KIA တပ်သား ၄ ဦးသေဆုံးမှုဖြစ်ခဲ့တဲ့အပေါ် ဒေသခံပြည်သူတွေ ဝေဖန်ပြောဆိုနေကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာ ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့် နေထိုင်တဲ့ ရှဒူးဇွပ်ကျေးရွာက နေအိမ်ကိုလည်း KIA တပ်တွေ သွားရောက်တိုခိုက်ခဲ့တာကြောင့် KIA ဘက်က ၄ ဦးထက်မနည်းအသက်သေဆုံးမှုရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၂ ခုနှစ် ဇူလိုင်လမှာလည်း KIA တပ်တွေရှိတဲ့ ချောင်းဆုံ ရွှေမှော်အနီးရှိ ကနွယ်သူမှော်က KIA စစ်တပ်စခန်း မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေရဲ့ တိုက်ခိုက်ခံရတာကြောင့် KIA တပ်သား ၂ ဦးအသက်သေဆုံးမှုရှိခဲ့ပါသေးတယ်။ ၂၀၂၂ ဩဂုတ်လ အတွင်းမှာလည်း စံပြကျေးရွာက မင်းဇေသန့်ပြည်သူ့စစ်တပ်စခန်းကို KIA ဘက်က သွားရောက်တိုက်မှုမှာလည်း KIA ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့ပါသေးတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Oct- 2024 -
    10 October
    သတင်း

    ရှဒူးဇွပ်မှာ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့ စစ်အင်အား ၃၀၀ ခန့် စစ်အင်အားပြ စစ်ရေးလှုပ်ရှားမှု ပုံမှန်လုပ်ဆောင်နေ

    တနိုင်းလီဒိုလမ်းမပေါ်  ဝါရာဇွပ်ကျေးရွာအုပ်စု ရှးဒူးဇွပ်ကျေးရွာမှာ မင်းဇေသန့်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က စစ်အင်အား ၃၀၀ ဝန်းကျင်ခန့် နဲ့ ပုံမှန် စစ်အင်အားပြ စစ်ရေးလှုပ်ရှားတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ပြည်သူ့စစ်တပ်စခန်းရှိတဲ့ ရှဒူးဇွပ်ကျေးရွာအဝင် စံပြကျေးရွာမှာ အရင်ကထက် စစ်အင်အားပိုမိုတိုးချဲ့ထားပြီး စစ်အင်အားပြ…

    Read More »
  • Oct- 2023 -
    2 October
    သတင်း

    ရှဒူးဇွပ် ကနွယ်တူ KIA တပ်စခန်း တိုက်ခိုက်ခံရ

    တနိုင်းလီဒိုလမ်းမ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ၊ ချောင်းဆုံမှော်အနီး ကနွယ်တူ KIA တပ်စခန်းတစ်ခုကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဒီမနက် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ KIA စစ်သား ၈ ယောက်လောက် နေထိုင်တဲ့ ကနွယ်တူတပ်စခန်းကို ဒီကနေ့ မနက်ပိုင်း ၄ နာရီလောက်မှာ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KIA နဲ့ နီးစပ်သူ ရှဒူးဇွပ်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “ပြည်သူ့စစ်အဖွဲ့တွေလာတိုက်တာမှန်ပါတယ်။ အရမ်းကြီးထိခိုက်တာမျိုးတော့မရှိပါဘူး။ အဲ့မှာက နဂိုထဲကနေ စစ်သားအင်အားတွေလည်း…

    Read More »
  • Jul- 2023 -
    22 July
    သတင်း

    ရှဒူးဇွပ်ဒေသမှာ တိုက်ပွဲထပ်မံဖြစ်လာမှာကို စိုးရိမ်တဲ့ ဒေသခံများ ကြိုတင်တိမ်းရှောင်နေဆဲ

    တနိုင်းလီဒိုလမ်း ဝါရာဇွပ်တိုက်နယ် ရှဒူးဇွပ်ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ကြား တိုက်ပွဲထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်းနေတဲ့အတွက် ကျေးရွာနေပြည်သူများတစ်ချို့က ကျေးရွာအတွင်းကနေ ကြိုတင် ရွှေ့ပြောင်းတိမ်းရှောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တာ ၂ ပတ်လောက်ကြာမြင့်သွားပြီ ဖြစ်ပေမယ့် KIA နဲ့…

    Read More »
Back to top button