မဘိမ်း

  • Jan- 2026 -
    29 January
    သတင်း

    မိုးမိတ် မြစ်ဆုံရွာ ရွှေလီမြစ်တံတားအထိ စစ်တပ်ကို နေရာပေးဖို့ TNLA ပြင်ဆင်နေတာကြောင့် KIA နဲ့ တင်းမာနေ

    ရှမ်းမြောက် မိုးမိတ်မြို့နယ် မဘိမ်းသွားလမ်း ရွှေလီမြစ်တံတားအထိ စစ်ကောင်စီတပ်ကိုနေရာပေးနိုင်ဖို့ TNLA က ပြင်ဆင်နေတာကြောင့် KIA နဲ့ စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ KIA ဘက်က ပြောပါတယ်။ “မိုးမိတ်ကနေ မဘိမ်းဘက်သွားလမ်း မြစ်ဆုံရွာအထက် ရွှေလီမြစ်တံတားအထိ TNLA တွေ စစ်တပ်ကိုပေးမယ်လို့ သဘောတူလက်မှတ်ရေးထိုးထားတာတဲ့။ အဲဒီကြားမှာ အခု ကျနော်တို့KIA တွေနေရာယူလိုက်တော့ အဲဒီနေရာအထိ စစ်တပ်က အခုချိန်ထိ မရောက်နိုင်သေးတာကြောင့် TNLA အဖွဲ့တွေ အခုထိ မပြန်နိုင်သေးဘူးလို့ ပြောတယ်။အဲဒီနေရာအထိ စစ်တပ်တွေ ရောက်ပြီဆိုမှ TNLA က သူတို့ရဲ့ဗဟို မန်တုံ၊ နမ့်ဆန်ကို ပြန်ရမှာ ဟုတ်တယ်တဲ့။ အခု စစ်တပ်ကို သူတို့ အဲဒီနေရာအထိ မပို့နိုင်သေးတာကြောင့် TNLAတပ်မဟာအရာရှိတွေက မိုးမိတ်မြို့ပြင်နားတွေမှာ ကျနော်တို့နေတဲ့ နေရာနားတွေမှာ ဟိုနား၊ဒီနား လိုက်လံနေရာယူနေတယ်။ ကြားရသလောက်တော့ မိုးမိတ်ထဲမှာတောင်အတူတူရှိနေသေးပုံပဲ။ ကျနော်တို့ လုပ်ဆောင်မယ့်လုပ်ငန်းတွေကို အမျိုးမျိုးလိုက်လံနှောင့်ယှက်နေတယ်”လို့ မိုးမိတ်ဒေသ KIA အရာရှိတစ်ဦးက ပြောပါတယ်။ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ဟာ မိုးကုတ်နဲ့မိုးမိတ်ကို စစ်ကောင်စီတပ်ဆီပြန်လည်လွှဲပြောင်းလိုက်ပြီးနောက်မှဆုတ်ခွာဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးနောက် ခုလိုမြို့တွေထဲအရောက်ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် လက်ရှိအချိန်ထိ TNLA တပ်ဖွဲ့တွေ မိုးမိတ်ဒေသထဲကနေ မထွက်ခွာနိုင်သေးပဲရှိနေတယ်လို့ သူကဆက်ပြောပါတယ်။ ဒါဟာ TNLA အနေနဲ့ စစ်တပ်ကို မိုးမိတ်အပြင် မဘိမ်းဘက်သွားလမ်း မြစ်ဆုံရွာနဲ့ ရွှေလီမြစ်တံတားအထိနေရာထပ်ယူပေးဖို့ သဘောတူထားတာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေကလည်း မိုးမိတ်နဲ့မြစ်ဆုံရွာကြားမှာ နေရာယူကာ လုံခြုံရေးတင်းကြပ်လိုက်ပြီး စစ်ကောင်စီတပ်တွေ မြစ်ဆုံရွာဘက်ကိုမလာနိုင်အောင် တားဆီးသွားဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။   TNLA တပ်ဖွဲ့ကလည်း KIA နဲ့ PDF တွေလှုပ်ရှားနေတဲ့နေရာတိုင်းမှာလိုက်နေရာယူလှုပ်ရှားနေပြီး စစ်တပ်ကို မြစ်ဆုံတံတားအထိ ပို့ဆောင်ပေးနိုင်ဖို့ ကြိုးပမ်းနေတဲ့အနေအထားဖြစ်တယ်လို့ မြေပြင်မှာ တာဝန်ယူနေတဲ့ KIA အရာရှိကပြောပါတယ်။  “ကျနော်တို့ KIA အနေနဲ့တော့ ဒီနေရာတွေကို လုံး၀ စစ်တပ်လက်ထဲ ပြန်မပေးနိုင်ပါဘူး။ အခုတော့ ဟိုဘက် မိုးကုတ်ဘက်ကို အရင်ထိုးစစ်ဆင်ပြီး ဒီဘက် မိုးမိတ်ဘက်ကို လှည့်လာမလားလို့သုံးသပ်နေတယ်။ ကျနော်တို့ ကြားသိရသလောက်တော့ စစ်တပ်ကလည်းTNLA ကို ဖိအားပေးတာတွေရှိတယ်။ သူတို့ကို ရွှေလီမြစ်ဆုံအထက် ရွှေလီမြစ်တံတားအထိရောက်ဖို့ မင်းတို့တာဝန်ပေါ့၊ ရွှေလီမြစ်အထိအမြန်ရောက်အောင်လုပ်ပေးဆိုတာမျိုးတွေ ပြောနေတယ်လို့ အပေါ်ယံ ကြားသိရတယ်။ဒါပေမဲ့ ကျနော်တို့ KIA တွေလည်း ကြားမှာ ခိုင်ခိုင်မာမာပိတ်ပင်ထားလို့ စစ်တပ်မရောက်လာနိုင်သေးဘူး”လို့ မိုးမိတ်ဒေသ KIA အရာရှိကဆက်ပြောပါတယ်။  လက်ရှိ မိုးမိတ်မှာ တပ်မ ၉၉ တပ်ဖွဲ့က အင်အား ၆၀၀ လောက် နေရာယူထားတယ်လို့သိရပါတယ်။ မြို့တွင်းအုပ်ချုပ်ရေးယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းမရှိသေးဘဲ စစ်တပ်တွေက အရင်စစ်တပ်စခန်းတွေမှာ အတည်တကျတပ်ချနေတာမျိုးမဟုတ်ဘဲ မြို့တွင်းအရပ်သားနေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ရွာတွေထဲမှာသာနေရာယူနေကြတယ်လို့ သိရပါတယ်။   TNLA က မိုးမိတ်ကို စစ်တပ်လက်ထဲ လွှဲပြောင်းပေးဖို့ ပြင်ဆင်နေတဲ့အချိန် KIA နဲ့တပ်ပေါင်းစုတွေကလည်း မိုးမိတ်ကိုကာကွယ်ဖို့ သွားရောက်ခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်က TNLA နဲ့ အချေအတင်ပြဿနာဖြစ်ပွားခဲ့တာ နောက်ဆုံးဖြစ်ပြီး လက်ရှိအချိန်ထိ ထပ်မံထိပ်တိုက်တွေ့ဆုံတာမျိုးတွေ မရှိတော့ဘူးလို့ KIA ဘက်က ပြောဆိုပါတယ်။   မြို့တွင်းရှိ ပြည်သူတချို့ကတော့ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်နေသေးတာကြောင့်ဆက်လက်စစ်ရှောင်နေကြတာတွေရှိတယ်လို့ ဆိုပါတယ်။   လက်ရှိအချိန်ထိ မိုးမိတ်မြို့ကနေ မဘိမ်းဘက်ကို ဦးတည်ပြီး စစ်တပ်ကထိုးစစ်ဆင်တာမျိုးမရှိသေးပေမဲ့ မိုးကုတ်ဘက်မှာတော့ ဆက်တိုက်ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။  မိုးကုတ်ရဲ့အရှေ့မြောက်ဘက် PDF တပ်ပေါင်းစုတွေရှိတဲ့ဘက်ကို စစ်တပ်ကဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေရှိတာကြောင့် PDF ဘက်က လက်လွှတ်ထားရတဲ့စခန်းတချို့လည်းရှိတယ်လို့ သိရပါတယ်။  မိုးမိတ်မြို့ကို TNLA မတိုက်ခိုက်ခင် လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကစပြီး တစ်လနီးပါး KIA က အရင်ဆုံး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာ TNLA က သူတို့တိုက်ခိုက်မှာဖြစ်တဲ့အတွက် KIA ကဆုတ်ပေးဖို့ပြောဆိုခဲ့တာကြောင့် ဇန်နဝါရီလ ၂၈ ရက်နေ့ကစပြီး KIA က ဆက်မတိုက်တော့ဘဲ ရပ်နားခဲ့ကာ TNLA က မိုးမိတ်ကို ဆက်လက်တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်…

    Read More »
  • Dec- 2025 -
    6 December
    သတင်း

    မဘိမ်းမှာ စစ်တပ်ကဗုံးကြဲလို့ ပြည်သူ ၉ ဦးသေဆုံး

    ရှမ်းမြောက်၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့အနီး မြစ်ဆုံကျေးရွာကို စစ်ကောင်စီကလေယာဉ်ဗုံးကြဲချခဲ့တာကြောင့် စစ်ရှောင်တွေအပါအဝင် ပြည်သူ ၉ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၆ ရက်နေ့ ဒီနေ့မနက် ၉ နာရီဝန်းကျင်မှာ စစ်တပ်က…

    Read More »
  • Jun- 2024 -
    20 June
    သတင်း

    KIA နဲ့ TNLA အကြားလတ်တလောဖြစ်နေတဲ့ ပြသာနာ စိုးရိမ်စရာမလိုဘူးလို့ လက်နက်ကိုင်နှစ်ဖွဲ့ပြော

    ရှမ်းမြောက် နေရာတစ်ချို့မှာ KIA နဲ့ TNLA လက်နက်ကိုင်နှစ်ဖွဲ့ကြား မြေပြင်မှာ ပြဿနာတွေ ဆက်တိုက်ဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး လူထုတွေ စိုးရိမ်စရာမလိုဘူးလို့ တော်လှန်ရေးတပ်ဖွဲ့နှစ်ဖွဲ့လုံးက ပြောပါတယ်။ ရှမ်းမြောက် မန်တုံမြို့နယ်နဲ့ မိုးမိတ် – မဘိမ်းဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA…

    Read More »
  • Apr- 2024 -
    3 April
    သတင်း

    မဘိမ်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါးနဲ့အရပ်သား ၆ ဦးပွဲချင်းပြီးသေဆုံး ၇ ဦးဒဏ်ရာပြင်းထန်

    ကချင်နဲ့ ရှမ်းမြောက်အစပ် မဘိမ်းမြို့နယ် မိုးလုံးရွာကို မတ်လ ၂ ရက်နေ့ မနေ့ညနေပိုင်း ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသမီးတစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်ဘက်က တံတားဦးကတက်လာတဲ့…

    Read More »
  • Mar- 2024 -
    11 March
    သတင်း

    ကသာနဲ့မဘိမ်းကြားက ခလရ ၁၂၁ တပ်ကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက် 

    စစ်ကိုင်း– ကချင် နဲ့ ရှမ်းမြောက်အစပ် ကသာမြို့နယ်နဲ့မဘိမ်းမြို့ကြားက ငအိုးရွာမှာရှိတဲ့ စစ်ကောင်စီ တပ် ခလရ–၁၂၁ ကို ဒီကနေ့မနက်ပိုင်း ၂ နာရီဝန်းကျင်လောက်ကစပြီးတော့ KIA နဲ့ပူးပေါင်းတပ်ဖွဲ့ တွေက အလှစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါ တယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ PDF ၊ ကျောင်းသားတပ်မတော် ABSDF အပါအဝင် ရခိုင့်တပ်တော် AA တို့ကပါ ဒီတိုက်ခိုက်မှုမှာ ပါဝင်တိုက်ခိုက်နေကြတယ်လို့ ကသာမြို့မတိုက်နယ် ပကဖ တာဝန်ခံဆီကသိရပါတယ်။ “ဒီမနက်တိုက်တာဗျ အလှစ်အငိုက်ဝင်ဆော်လိုက်တာဗျ အခြေနေကတော့ကောင်းပါတယ် သူတို့ ဘက်က ကျဆုံးမှုတော့ရှိနိုင်တယ် တချို့ခဲယမ်းတွေလည်းရရှိတာရှိပါတယ်။ စခန်းသိမ်းတာမျိုး တော့မဟုတ်ဘူး အချိန်အခါကြည့်ပြီးဝင်ဆော်လိုက်တာ အခုတော့ နောက်ပြန်ဆုတ်ထားပါတယ်” လို့ ကသာမြို့မတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံကပြောပါတယ်။ စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်ကတော့ ဒီကနေ့ မနက်ပိုင်း၈နာရီနဲ့ ၁၁နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ကင်းထောက် လေယာဥ်နဲ့ပတ်ဝဲပြီးစောင့်ကြည့်တာမျိုးတွေလုပ်နေတယ်လို့သူက ဆက်ပြော ပါတယ်။ အဲ့ဒီ ခလရ ၁၂၁ တပ်စခန်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ် ငအိုးရွာအနီး ကသာနယ် ရွှေလီတံတားအစပ်မှာတည်ရှိတာဖြစ်ပြီး အင်အား၂၀၀ ကျော်နဲ့တပ်စွဲထားတာလို့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကပြောပါတယ်။ လက်ရှိ တိုက်ပွဲဟာခေတ္တငြိမ်နေပြီး အဲ့ဒီတပ်စခန်းအနီးတစ်ဝှိုက်က ဒေသခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။ “မနက် ၂ နာရီလောက်တိုက်ပွဲဖြစ်တာဆိုတော့ မိုးလည်းမလင်းသေးတဲ့အခါကျတော့ ပြည်သူတွေ ကတော့ ရုန်းရင်းဆန်ခတ်ဖြစ်သွားကြတာပေါ့ ကသာဘက်ကရောကြိုရှောင်နေကြတယ် “လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေက စစ်သားတွေ နဲ့ မြို့လှ၊ ကသာ၊ ရှမ်းမြောက်ဘက်တွေမှာ စစ်ရေးလှုပ်ရှားတဲ့တပ်ရင်းတွေ စုပေါင်းပြီး အထိုင်ချထား ကြတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဒီတပ်စခန်းဟာ ဗန်းမော်–မန္တလေး လမ်းမကြီးပေါ်မှာတည်ရှိပြီး ငအိုးရွာနဲ့ မိုင်တစ်ဝက် လောက်အကွာမှာရှိတဲ့ တပ်စခန်းကြီးတစ်ခုဖြစ်တယ်လို့သိရပါတယ်။ လက်ရှိ KIA နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေတဲ့ ခလရ–၁၂၁ တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကသာ၊မြို့လှ အပါအဝင် ရှမ်းပြည်မြောက်ပိုင်းက ဒေသတချို့ကို စစ်ကြောင်းတွေပတ်ထိုးလေ့ရှိပြီး တော်လှန်ရေးအင်အားစုတွေနဲ့မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ ရှိပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ မတ်လ ၇ ရက်နေ့က စပြီးတော့ မြစ်ကြီးနား–ဗန်းမော်လမ်းပိုင်းက စစ်ကောင်စီရဲ့တပ်စခန်းတွေကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေပြီး ဗျူဟာကျတဲ့တောင်ကုန်းတွေနဲ့တပ်စခန်းကြီးတွေကို သိမ်းပိုက်ထား ပြီဖြစ်ပါတယ်။ By – အမိုး

    Read More »
Back to top button