,
နာဂဒေသ လဟယ်မြို့နယ်၊ ဆော်လော်နောက်ကုန်းကျေးရွာရှိ အိမ်ခြေ ၇၀ ခန့် မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသနှင့် အဆက်အသွယ်ရှိသူများထံမှ သိရသည်။ ယမန်နေ့ ညနေပိုင်း ၅ နာရီအချိန်ခန့် ရွာထဲ ကလေးများသာကျန်ရှိနေပြီး လူကြီးများ အလုပ်သွားနေချိန်အတွင်း တစ်ရွာလုံးနီးပါး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “မီးကဘယ်လို စလောင်လာတယ် မသိရသေးဘူး။ မနေ့ညအထိတော့ အဆက်အသွယ်ရသေးတာ ဒီမနက်မရတော့ဘူး။ ဒါတောင် အိုင်ကွန်နဲ့ပဲ ဆက်သွယ်တာ။ ၇၀ ဝန်းကျင်လောက်လောက်မီးလောင်သွားတယ်ပဲသိရသေးတာ။ အသေးစိတ် လူတွေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက် မြို့ဦးဘုန်းကြီးကျောင်းရှေ့တွင် ယနေ့နံနက်ပိုင်း မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် နေအိမ် ၈ လုံးတပြိုင်နက် မီးလောင်းပျက်စီးသွားကြောင်း မြစ်ကြီးနား မျိုးဆက်သစ်လူမှု ကယ်ဆယ်ရေးအသင်းမှ သိရသည်။ ဖြစ်စဉ်မှာ မြို့ဦးဘုန်းကြီးကျောင်းရှေ့ အိမ်ငှားနေထိုင်သည့် အိမ်ခန်းတစ်ခု၏ မီးဖိုဆောင်အတွင်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အနီးကပ်ယက်ရှိသော နေအိမ်များသို့ ဆင့်ကူး လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “စလောင်တာက အိမ်ခန်းတွဲ ၅ တွဲတန်းလျားမှာ ကောက်ညှင်းပေါင်းနဲ့ ကြော်ရောင်းတဲ့ မိသားစုက
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဆိုင်းတောင်ကျေးရွာတွင် ဖယောင်းတိုင်မီးမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၂ထပ်တိုက် ၄လုံးတဆက်တည်း မီးလောင်ပျက်စီးမှု ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဆိုင်းတောင် အမှတ် (၂)ရပ်ကွက် ကချင်စားသောက်ဆိုင်တစ်ခုဖြစ်သည့် ‘Num Ri Pan’ ဆိုင်တွင် ထွန်းထားသည့် ဖယောင်းတိုင်မီးမှ စတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် စားသောက်ဆိုင်အပါ လူနေအိမ် ၄ လုံးဆက် မီးလောင်ပျက်စီးသွားခဲ့သည်ဟု မီးလောင်မှုဖြစ်ပွားခဲ့သည့် နေရာတွင်ရောက်ရှိခဲ့သည့် အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။
မူဆယ်မြို့၊ ကောင်းမှုတုံ ရပ်ကွက်၊ Top One အနီးရှိ လောင်းကစားဝန်ထမ်းများနေထိုင်သော ၄ ခန်းတွဲ အဆောင်တန်းလျား မေလ ၂၉ ရက်ည ၈ နာရီဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ "ကျွန်မသူငယ်ချင်းတောင် ဘာမှမရလိုက်ဘူး။ နေ့ဆိုင်းဆင်းတဲ့ သူတွေအခန်းထဲ ခြင်ဆေးခွေ ထွန်းခဲ့တာလား၊ ရေနွေးတည်ခဲ့တာလား။ မီးလောင်လာမှ သူတို့ ရေလောင်းတာမနိုင်တော့မှ မီးသတ်ခေါ် လိုက်တာ မီးသတ်ကားလည်းလောင်ကုန်မှ ရောက် လာတယ်"ဟု အဆောင်နေသူနဲ့ နီးစပ်သူတစ်ဦးက ပြောသည်။ အဆိုပါ မီးလောင်သည့် အဆောင်တန်းလျားသည် လောင်းကစားကုမ္ပဏီဝန်ထမ်းများနေထိုင်ရာ အခန်းဖြစ်ပြီး မီးလောင်ပျက်စီးသွားခဲ့သည့်အဆောက်အဦးသည် ကိုဝဏ္ဏဆိုသူ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊မန်ခိန်ရပ်ကွက် အုပ်စု(၁)ရှိ နေအိမ်နှစ်လုံးနှင့် ဗက်လင်ဘုရားကျောင်းခန်းမဆောင် မီးလောင်မှုဖြစ်ပွားကြောင်း ဒေသခံများမှ သိရသည်။ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် အုပ်စု(၁)တွင် နှစ်ထပ်အိမ်နှင့်တစ်ထပ်အိမ် နေအိမ်နှစ်လုံးနှင့် ဗက်လင်ဘုရားကျောင်းခန်းမဆောင်တို့ ယနေ့နံနက် ၁၀နာရီဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ "ဖုန်းအားသွင်းထားပြီး ဝါယာလျှော့ဖြစ်တယ်လို့ပြောတယ် အလယ်က နှစ်ထပ်အိမ်ကနေစလောင်တာ ဘုရားကျောင်းခန်းမဆောင်နဲ့ ဘေးကအိမ်ကို ကူးသွားတာ" လို့ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ နေအိမ်အနီးမှ အမျိုးသားတစ်ဦးက ပြောသည်။ ဒေသခံများ၏ ပြောဆိုချက်အရ မီးသတ်ကားသုံးစီးလာရောက်ငြိမ်းသတ်ခဲ့သော်လည်း နေအိမ် ၂လုံးငြိမ်းသတ်နိုင်ခြင်းမရှိဘဲ မီးထဲပါသွားခဲ့ကြောင်း