မီးလောင်မှု
-
Feb- 2026 -3 Februaryသတင်း
လန်ဆယ်မှာ ကုမ္ပဏီလုပ်ငန်းဆိုက် တစ်ခုမီးလောင်၊ တရုတ်အမျိုးသား ၃ ဦးထိခိုက်
ကချင်ပြည်နယ်၊ ချီဖွေခရိုင် ဆော့လော်မြို့နယ် လန်ဆယ်ရှိ ရွှေတူးဖော်တဲ့ကုမ္ပဏီလုပ်ငန်းဆိုက် တစ်ခုမီးလောင်မှုဖြစ်ခဲ့ပြီး တရုတ်အမျိုးသား ၃ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ လန်ဆယ်ဒေသ KIA အရာရှိတွေထံမှ သိရပါတယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနေ့ကညနေပိုင်း ၅ နာရီခန့်မှာ လန်ဆယ်ရှိ ဆွတ်ကဘာ (Sutkaba )ကုမ္ပဏီရဲ့ လုပ်ငန်းဆိုက်တွင်း လျှပ်စစ်အပူပေးစက် မီးချောင်းကနေ ရှော့ခ်ဖြစ်ပြီး မီးစလောင်တာဖြစ်တယ်လို့ ဆိုပါတယ်။ “လူက ၃ ယောက်ထိတယ် ၂ ယောက်က ဒဏ်ရာပြင်းထန်တယ်။ တစ်ယောက်တော့ သိပ်မဆိုးဘူး။ ဒဏ်ရာပြင်းထန်တဲ့ ၂ ယောက်ကိုတော့ တရုတ်နိုင်ငံကို ပို့လိုက်ပြီ။ မီးလောင်လာတာက လျှပ်စစ်အပူပေး မီးစက်ကနေရှော့ခ်ဖြစ်လို့လို့ ကြားတယ်” လို့ လန်ဆယ် KIA အရာရှိတစ်ဦးက ပြောပါတယ်။ လုပ်ငန်းဆိုက်အတွင်း တရုတ်အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ခြားထိခိုက်မှုတော့မရှိဘူးလို့ ပြောပါတယ်။ တစ်ကိုယ်လုံး မီးလောင်ကျွမ်းလို့ ဒဏ်ရာပြင်းထန်တဲ့ တရုတ်အမျိုးသား ၂ ဦးကတော့ တရုတ်နိုင်ငံမှာ ဆေးကုသနေတယ်လို့ သိရပါတယ်။ အခုမီးလောင်သွားတဲ့ ဆွတ်ကဘာကုမ္ပဏီဟာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA နဲ့ တရုတ်လုပ်ငန်းရှင်များပူးပေါင်းပြီး လုပ်ငန်းလည်ပတ်နေတဲ့ကုမ္ပဏီဖြစ်ပြီး လုပ်ငန်းဆိုက် A မီးလောင်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။ “လုပ်ငန်းဆိုဒ်အားလုံးတော့ မလောင်သွားဘူး၊ ယမ်းတွေသိုလှောင်ထားတဲ့ အိမ်တစ်အိမ်မီးလောင်သွားတယ်။ အခြားသူတွေ အလုပ်သမားတွေ ထိခိုက်တာတော့မရှိဘူး။ အဲဒီတရုတ်အမျိုးသား ၃ ဦးပါပဲ” ဟု KIA အရာရှိက ဆက်ပြောပါတယ်။ လန်ဆယ်ဒေသမှာ ၀ကုမ္ပဏီတွေအပါအဝင် တရုတ်လုပ်ငန်းရှင်တွေအမြောက်အများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ လုပ်ငန်းဆိုက်တွေပေးထားကာ ရွှေတူးဖော်နေတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Sep- 2025 -6 Septemberသတင်း
မြစ်ကြီးနားမြို့မှာ ၃ရက်အတွင်း မီးလောင်မှု ၂ ကြိမ်ဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၃ ရက်အတွင်း မီးလောင်မှု ၂ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်တွေကတော့ စက်တင်ဘာလ ၄ ရက် နေ့လည် တစ်နာရီ ၁၅ မိနစ်ဝန်းကျင် နန်းကွေ့ကျေးရွာ နယ်မြေ (၅)အစပ်ရှိ ဧဝရတ်…
Read More » -
Aug- 2025 -26 Augustသတင်း
မြစ်ကြီးနားမြို့မှာ မီးလောင်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ ဒီမနက် ၂ နာရီ ၄၀ မိနစ် ဝန်းကျင်အချိန် အေးမြသာယာ လမ်းသွယ် ၇ စျေးအနောက်ဖက်မှာရှိတဲ့ နေအိမ် မီးလောင်ကျွမ်းခဲ့ပြီး…
Read More » -
Jul- 2024 -11 Julyသတင်း
ချီဖွေစစ်ရှောင်စခန်း တစ်ဆောင် ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ပျက်စီး
ချီဖွေမြို့ပေါ်မှာရှိတဲ့ ကချင်နှစ်ခြင်းခရစ်ယာန် KBC စစ်ရှောင်စခန်းထဲက အဆောင်တစ်ဆောင် ဝါယာရှော့ခ်ကြောင့် မီးလောင်သွားတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့ ဒီမနက် ၃ နာရီဝန်းကျင် ဝါယာရှော့ခ်ကနေတစ်ဆင့် အဆောင်တစ်ခုလုံး မီးကူးစက်လောင်ကျွမ်းသွားတာဖြစ်တယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “ဒီမနက် ၃ နာရီမှာ ဝါယာရှော့ခ်ကြောင့်စလောင်တာ ဘာမှမရလိုက်ဘူး”လို့ပြောပါတယ်။ ဝါယာရှော့ခ်ကြောင့် မီးလောင်သွားတဲ့အဆောင်ဟာ အိမ်ထောင်စု ၉ စု လူဦးရေ ၄၅ ဦးဝန်းကျင်နေထိုင်တဲ့ အဆောင်တန်းလျားဖြစ်ပြီး ဝါယာရှော့ခ်ဖြစ်ချိန်မှာ မနက်ပိုင်း အိပ်မောကျချိန်ဖြစ်တာကြောင့် ပစ္စည်းယူနိုင်တာမရှိဘူးလို့သိရပြီး လူထိခိုက်တာလည်းမရှိဘူးလို့ သိရပါတယ်။ ချီဖွေမြို့မှာ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့တစ်ကြိမ်၊ ဇွန်လ ၂၉ ရက်နေ့တစ်ကြိမ် မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် စစ်ရှောင်တွေ နှစ်ကြိမ်တိတိရေဘေးသင့်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မနေ့ညမှာလည်း အဆောင်ထပ်ပြီး မီးလောင်သွားတာရှိတဲ့အတွက် အရေးပေါ်ကူညီထောက်ပံံ့မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ “ချီဖွေမှာ ရေ ၂ခါကြီးပြီ စစ်ရှောင်တွေက စစ်ဘေး၊ရေဘေး၊ခုမီးဘေးကျတဲ့သူတွေလည်းရှိတော့ အကူညီတွေတော့လိုအပ်နေပါတယ်”လို့ နောက်ထပ်စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။ ချီဖွေမြို့ဟာ မြစ်ကြီးနားကနေ အရှေ့မြောက်ဘက် ၈၈ မိုင်ခန့်အကွာမှာရှိပြီး မေခမြစ်ကမ်းပေါ်မှာရှိတဲ့အပြင် စစ်ရှောင်စခန်းဟာလည်း မြစ်ကမ်းနံဘေးမှာဆောက်လုပ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ချီဖွေမြို့ဟာ ပန်ဝါမြို့နဲ့ မိုင် ၄၀ အကွာမှာရှိပြီး မြစ်ကြီးနား– ပန်ဝါသွားတဲ့လမ်းမကြီးပေါ်မှာရှိတဲ့မြို့ဖြစ်ကာ မြောက်ဖက်မှာ လောခေါင်၊ထော့်ဂေါ့၊ဆော့လော်မြို့ရှိပါတယ်။ ချီဖွေမြို့ပေါ်မှာဘဲ လော်ဝေါ်နှစ်ခြင်းအသင်းတော်ဝင်း LBC မှာ စစ်ရှောင်စခန်းတစ်ခုရှိသလို KBC စစ်ရှောင်စခန်းမှာလည်း စစ်ရှောင်စခန်းတစ်ခုရှိပြီး ခုမီးလောင်တဲ့အဆောင်ဟာ KBC စခန်းမှာရှိတဲ့အဆောင်ဖြစ်ပါတယ်။ ချီဖွေမြို့ KBC စစ်ရှောင်စခန်းမှာ စစ်ရှောင် အိမ်ထောင်စု ၁၀၀ စုနဲ့ လူဦးရေ ၈၇၀ ကျော်ရှိပြီး၂၀၁၂ခုနှစ် တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သူတွေ ဖြစ်ကြပါတယ်။ By – CJ
Read More » -
Feb- 2024 -12 Februaryသတင်း
မြစ်ကြီးနားမြို့မှာ အိမ်လေးလုံးမီးလောင်မှုဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စံပြရပ်ကွက်မှာ အိမ်လေးလုံးမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့) အသင်းကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၄နာရီဝန်းကျင် အာဆီဘုရားကျောင်းရှေ့ တပ်ကုန်းစံပြလမ်းဘေးနားရှိ သံတိုသံစရောင်းဝယ်တဲ့အိမ်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအသင်း(ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့)…
Read More » -
Jan- 2024 -24 Januaryသတင်း
မော်လူးမြို့မစျေး မီးလောင်မှု ဆိုင်ခန်းပေါင်း ၈၀ ကျော်ပျက်စီးဆုံးရှုံးမှုရှိခဲ့
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့က မြို့မစျေးတန်းမီးလောင်မှုမှာ ဆိုင်ခန်းပေါင်း ၈၀ ကျော်အထိမီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထိန်း ချုပ်ထားတဲ့ မော်လူးမြို့ထဲက မြို့မစျေးတန်းဟာ မနေ့က ဇန်နဝါရီ ၂၃ရက်နေ့ မွန်းလွဲ ၄ နာရီ ၁၅ မိနစ်အချိန်မှာ…
Read More » -
Jun- 2023 -22 Juneသတင်း
ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့၏ လက်နက်ထုတ်လုပ်ရေးစခန်း တစ်ခု မီးလောင်မှုဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Chindwin Attack Force အဖွဲ့၏ လက်နက် ထုတ်လုပ်ရေးစခန်းတစ်ခု မီးလောင်ပြီးပျက်စီးသွားသည့်အတွက် ဆုံးရှုံးမူတန်ဖိုး ကျပ်ငွေသိန်း ၃၀၀ ကျော်ရှိခဲ့သည်ဟု Chindwin Attack Force အဖွဲ့က ဒီကနေ့ ဇွန်လ၂၁…
Read More » -
May- 2023 -12 Mayသတင်း
ဆိုင်းတောင် ရဲကင်း မီးလောင်ပြာကျ
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီရဲကင်းစခန်း မီးလောင်ပြာကျသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဆိုင်းတောင်ကျေးရွာရပ်ကွက် ၄ ရှိ စစ်ကောင်စီတပ်၏ ရဲကင်းစခန်းသည် ယနေ့ နံနက် ၉ နာရီ ဝန်းကျင်တွင် မိုင်းကွဲသံများထွက်ပေါ်လာပြီးနောက် ရဲကင်းစခန်း မီးလောင်ပြာကျသွားကြောင်း ဆိုင်းတောင်ကျေးရွာမှ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ “မနက်…
Read More » -
Apr- 2023 -7 Aprilသတင်း
မြစ်ကြီးမြို့တွင် ၃ လအတွင်း နေအိမ် ၁၈ လုံး မီးလောင်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် ၃ လ အတွင်း မီးလောင်မှု ၁၀ ကြိမ်အထိရှိခဲ့ပြီး နေအိမ် ၁၈ လုံး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။ မီးလောင်ခဲ့ရသည့် အကြောင်းအရင်းများမှာ လျှပ်စစ်ဝိုင်ယာရှော့မီး ၅ ကြိမ်၊ မီးဖိုမီး…
Read More »








