သတင်း

မြစ်ကြီးနားမြို့မှာ အိမ်လေးလုံးမီးလောင်မှုဖြစ်ပွား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စံပြရပ်ကွက်မှာ အိမ်လေးလုံးမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့) အသင်းကနေ သိရပါတယ်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၄နာရီဝန်းကျင် အာဆီဘုရားကျောင်းရှေ့ တပ်ကုန်းစံပြလမ်းဘေးနားရှိ သံတိုသံစရောင်းဝယ်တဲ့အိမ်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအသင်း(ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့) မှ အဖွဲ့ ဝင်တစ်ဦးက ခုလို ပြောပါတယ်။

တပ်ကုန်းအဝင်လမ်းက သံတိုသံစရောင်းဝယ်တဲ့ အိမ်ကနေစလောင်တယ်လို့ ပြောတယ်။ အဲကနေဘေးနားက အိမ်တွေကို ကူးသွားတာ အားလုံးက ပျဥ်ထောင်အိမ်နှစ်ထပ် ပုံစံမျိုးတွေဘဲလို့ ဆိုပါတယ်။

သံတိုသံစရောင်းဝယ်တဲ့ နေအိမ်ကနေ တစ်ဆင့် နောက်ထပ်ပျဉ်ထောင်အိမ်သုံးလုံး တစ်ဆက်တည်းကူးစက်လောင်ကျွမ်းခဲ့တာကြောင့် စုစုပေါင်းနေအိမ် လေးလုံး လောင်ကျွမ်းသွားတာလို့ ဆိုပါတယ်။

နေအိမ်မီးလောင်မှုမှာ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေတော့မရှိပေမယ့် အိမ်တွင်းထဲကပစ္စည်းသယ်ယူမရှိခဲ့ဘူးလို့လည်း ဒေသခံက ပြောပါတယ်။

မီးသတ်ကားတွေရောက်လာပြီး တစ်နာရီအကြာ ညနေ ၅ နာရီဝန်းကျင်လောက်မှသာ မီးတွေကိုငြိမ်းသက်နိုင်ခဲ့သိရပြီး မီးစတင်လောင်ရတဲ့အကြောင်းရင်းကိုတော့သေချာမသိဘူးလို့ သူက ဆက်ပြောပါတယ်။

“ကျွန်တော်တို့ ကူညီဖို့သွားတဲ့အချိန်က မီးလောင်နေပြီ မီးသပ်ကားရော ရောက်နေပြီ အဲမှာရှိတဲ့လူတွေကိုမေးတော့ သံတိုသံစရောင်းတဲ့အိမ်က စလောင်ပြီး ကူးသွားတယ်လို့ပြောတယ်။ လျှပ်စစ်ကြောင့်လောင်တာလား ဘာကြောင့်လဲဆိုတာကိုတော့ သေချာအသေးစိတ်တော့မသိဘူး”လို့  လူမှုကယ်ဆယ်ရေးအသင်း(ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့) မှ အဖွဲ့ ဝင်တစ်ဦးက ဆက်ပြောပါတယ်။

လွန်ခဲ့တဲ့ ဇန်နဝါရီ လ ၁၅ရက်နေ့ မနက် ၅နာရီဝန်းကျင်လောက်မှာလည်း စီတာပူ ရပ်ကွက်နယ်မြေ()မှာရှိတဲ့ နေအိမ်တစ်လုံးကလည်း ဝါယာရှော့ကနေ မီးလောင်ပြီးတစ်အိမ်လုံးပြာကျသွားခဲ့တာ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button