မူဆယ်မြို့

  • Dec- 2024 -
    6 December
    သတင်း

    မန်ပိန်းရွာ စာသင်ကျောင်းမှာတပ်မစွဲဖို့ ကန့်ကွက်တယ်လို့ဆိုကာ ရွာအုပ်ချုပ်ရေးမှူးကို TNLA ဖမ်းဆီးထား

    ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး မန်ပိန်းကျေးရွာစာသင်ကျောင်းမှာ တပ်မစွဲဖို့ကန့်ကွက်တယ်လို့ဆိုကာ ရွာအုပ်ချုပ်ရေးမှူးကို TNLA တပ်က ဖမ်းဆီးထားပြီး စာသင်ကျောင်းကိုလည်း ပိတ်ပေးလိုက်တယ်လို့ ဒေသခံတွေ ပြောပါတယ်။ မူဆယ်မြို့နဲ့ နမ့်ဖတ်ကာမြို့ကြား ခိုမုန်းကျေးရွာအနီး မန်ပိန်းကျေးရွာ စာသင်ကျောင်းကို တအာင်းလွတ်မြောက် ရေးတပ်မတော် TNLA တပ်က နိုဝင်ဘာလ ၂၅ ရက်နေ့ အတင်းအဓ္ဓမတပ်စွဲလိုက်တာကြောင့် နိုဝင်ဘာ ၃၀ ရက်နေ့ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ ၊ ကျောင်းသားမိဘ၊ ကျောင်းကော်မတီတွေနဲ့ ကျောင်းဆရာဆရာမအားလုံး TNLA ကို ကျောင်းနေရာကနေ ဖယ်ပေးဖို့ သွားတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် TNLA တပ်ဘက်က ဒေသခံကျောင်းသားမိဘ၊ ရွာသားတွေကို သေနတ်ခြိမ်းခြောက်တာအပြင် ကလေးတွေ စာသင်နေတဲ့ကျောင်းကိုလည်း သစ်သားနဲ့ပိတ်ပေးလိုက်ပြီး ကျောင်းရှေ့ကချင်အမျိုးသားအလံကို ဆွဲဖြုတ်လိုက် တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနောက် ဒီဇင်ဘာ ၂ ရက်နေ့နဲ့ ဒီဇင်ဘာ ၃ ရက်နေ့ ကျောင်းသားမိဘတွေ TNLA ကာထားတဲ့ သစ်သားတွေကို ပြန်ဖယ်လိုက်ပြီး ကျောင်းဆက်တက်ကြပေမယ့် ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၃ နာရီခွဲမှာ TNLA တပ်က အသက် ၃၀ အရွယ်ရှိ ကျေးရွာအုပ်ချူပ်ရေးမှူး ဦးကျော်လွန်ကို နေအိမ်ကနေ သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ ဖမ်းဆီးသွားတာဖြစ်တယ်လို့ ပြောပါတယ်။ “ရွာက အုပ်ချူပ်ရေးတာဝန်ယူထားသူကိုဖမ်းသွားတယ်။ သူတို့လာဖမ်းတဲ့အချိန် သေနတ်တွေပစ်ဖောက်ခြိမ်းခြောက်ပြီးဖမ်းဆီးသွားတယ်။ အဲဒါအပြင် အခု ကျောင်းကိုသူတို့က ပိတ်ပေးလိုက်တယ်။ အဲဒါကြောင့် ဒီတစ်ပတ်လုံး ကလေးတွေ စာမသင်ရပဲ နေနေတယ်။ ဘယ်လိုလုပ်ရမလဲတောင်မသိတော့ပါဘူး။”လို့ မန်ပိန်းကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ TNLA တပ်ဖွဲ့ဟာ စာသင်ကျောင်းမှာ တပ်ချခွင့်မရလို့ဆိုပြီး ကျောင်းကို ပိတ်ထားပေးတဲ့အတွက် တစ်ပတ်လုံး ကလေးတွေကျောင်းမတက်ရပဲ ရပ်နားထားရတယ်လို့…

    Read More »
  • 3 December
    သတင်း

    မန်ပိန်းရွာ စာသင်ကျောင်းမှာတပ်မစွဲဖို့ပြောတဲ့ ကျောင်းသားမိဘတွေကို TNLA က သေနတ်နဲ့ခြိမ်းခြောက်ပြီး အတင်းအဓ္ဓမတပ်စွဲနေ

    ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး မန်ပိန်းကျေးရွာ စာသင်ကျောင်းမှာ ဒေသခံတွေကန့်ကွက်နေတဲ့ကြား တအာင်း TNLA က တပ်ချနေရာယူလိုက်တာကြောင့် ကျောင်းသားမိဘတွေ အပြင်းအထန်ကန့်ကွက်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ မူဆယ်မြို့နဲ့ နမ့်ဖတ်ကာကြား ခိုမုန်းကျေးရွာအနီးက မန်ပိန်းကျေးရွာ စာသင်ကျောင်းကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က နိုဝင်ဘာလ ၂၅ ရက်နေ့ အတင်းအဓ္ဓမတပ်စွဲလိုက်တာကြောင့် နိုဝင်ဘာလ ၂၉ ရက်နေ့ကစပြီး ဒီနေ့ထိ ဒေသခံတွေနဲ့ TNLA လက်နက်ကိုင်တပ်ဖွဲ့ကြား ပြဿနာဖြစ်နေပြီး TNLA က ဒေသခံတွေကို သေနတ်နဲ့ခြိမ်းခြောက်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။ “ကလေးတွေ ကျောင်းတက်နေတဲ့ဘေးမှာ အရင်ကျောင်းဆောင်ဟောင်းကို TNLA ကရှင်းလင်းပြီး နေရာလုယူလိုက်တာ။ ရွာက စာသင်ကျောင်းဝင်း မြေနေရာမှာ အဲလိုတပ်ချလိုက်တော့…

    Read More »
  • Nov- 2024 -
    19 November
    သတင်း

    မူဆယ်မြို့ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်ကနေ ကုန်ပစ္စည်းသယ်ခွင့်ပိတ်ထားလို့ မူဆယ်မှာ အခြေခံစားသောက်ကုန်ပြတ်လပ်

    ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ တရုတ်–မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ခွင့်ပိတ်ပင်ထားတာကြောင့် မူဆယ်မြို့ထဲမှာ အခြေခံစားသောက်ကုန်တွေပြတ်လပ်နေပြီး အခက်ကြုံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နယ်စပ်ဂိတ်တွေကနေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ခွင့်ကို နှစ်ဖက်အာဏာပိုင်တွေဘက်က ပိတ်ပင်ထားတာ တစ်ပတ်ခန့်ရှိလာပြီဖြစ်ပြီး မူဆယ်မြို့ထဲမှာ ကုန်စျေးနှုန်းတွေမြင့်တက်ကာ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေပြီလို့ ဒေသခံအမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။ “တရုတ်ဘက်က ကုန်ပစ္စည်းတွေကို မန့်ဝိန်းဂိတ်ကနေပဲ သယ်ယူခွင့်ပေးတော့မယ်။ ဆိုတော့ ကုန်သည်တွေအားလုံးကလည်း အဲဘက်ကနေဝင်ဖို့ ဦးတည် သွားစောင့်နေတာပေါ့။ ဒါပေမဲ့ မန့်ဝိန်းဂိတ်ကို မြန်မာဘက်က မဖွင့်ပေးသေးတာ။ အဝင်အထွက်လက်မခံသေးတာပေါ့။ အခု အခြေခံစားသောက်ကုန်တွေ အဝင်မရှိဖြတ်သန်းခွင့် မရနေတာကြောင့် မူဆယ်ထဲ စားသောက်ကုန်တွေပြတ်လာတယ်။ နာရေး၊ သာရေး အစီအစဉ်ကြီးတွေလုပ်ဖို့ ပြင်ဆင်ထားသူတွေလည်း တရုတ်ဘက်က ကုန်ပစ္စည်းတွေပဲအဓိက သုံးကြတာဆိုတော့ ငါးရှာတာတောင် မတွေ့တော့ဘူး။ အာလူးလိုက်ရှာနေသူတွေ၊ ဥနီလိုက်ရှာဝယ်တာတွေ ရှာဝယ်လို့ မရတော့တာကြောင့် ခက်နေကြတာတော်တော်များပဲ။ ဒီလိုပဲ ကြာကြာပိတ်နေရင်တော့ ဒီဘက်မှာ စားသောက်ကုန်တွေ ပိုခက်လာဖို့ပဲရှိတယ်”လို့ မူဆယ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။   မူဆယ်မြို့က အဓိက တရုတ်–မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ် ၃ ခုဖြစ်တဲ့ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်နဲ့ မန့်ဝိန်းဂိတ်တွေ ပုံမှန်လည်ပတ်နေတဲ့အထဲ မန့်ဝိန်းဂိတ်ကိုပိတ်လိုက်ပြီး ဆင်ဖြူဂိတ်နဲ့ နန်းတော်ဂိတ်ကိုသာ ပုံမှန်ဖွင့်ထားတာဖြစ်ပါတယ်။   နန်းတော်–ဂျေဂေါင်ဂိတ်ကနေ လူပဲဖြတ်သန်းခွင့်ပြုထားပြီး ဆင်ဖြူဂိတ်ကနေတော့ အခြေခံစားသောက်ကုန်တွေလောက်သာ သယ်ယူပို့ဆောင်ခွင့်ပြုထားတာဖြစ်ပါတယ်။  လက်ရှိမှာ တရုတ်အာဏာပိုင်တွေဘက်က အခြေခံစားသောက်ကုန်ပစ္စည်းတွေသာ သယ်ယူခွင့်ရနေတဲ့ ဆင်ဖြူဂိတ်ကို ပိတ်လိုက်ကာ နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး မန့်ဝိန်းဂိတ်ကနေပဲ စားသောက်ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ဖို့ ခွင့်ပြုလိုက်တာဖြစ်ပါတယ်။  ခုလို တရုတ်ဘက်ကနေ ဖွင့်ပေးပေမဲ့ မြန်မာဘက်က မန့်ဝိန်းဂိတ်ကို ဆက်လက်ပိတ်ထားတဲ့အတွက် တရုတ်ဘက်ကနေဝင်လာမယ့် ကုန်တင်ကားတွေကို အဝင်မခံသေးတာကြောင့် ကုန်သည်တွေအတွက် အခက်ကြုံနေတာလည်းဖြစ်ပါတယ်။  လက်ရှိမှာတော့ နယ်စပ်ဂိတ် ၃ ခုစလုံးကနေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်လို့မရတာကြောင့် ကုန်သည်တွေအခက်ကြုံနေသလို မူဆယ်မြို့တွင်းမှာလည်း အခြေခံစားသောက်ကုန်တွေ ပြတ်လပ်လာနေပြီလို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။  “ဂျေဂေါင်ဂိတ်ကနေတော့ လူအဝင်အထွက်တွေလုပ်လို့ ရနေတယ်။ ကုန်ပစ္စည်းတွေပဲ သယ်ယူပို့ဆောင်ခွင့်မရတော့တာ။ တရုတ်ဘက်ကနေ အခြေခံစားသောက်ကုန်တွေ ဝင်လို့မရတော့တာ။ အဝတ်အစားတွေလည်း အသစ်ထုတ်တွေ တစ်ခုမှ ဝင်လို့မရဘူး။ မူဆယ်မှာ အခု စားသုံးဆီတော်တော်ခက်နေတယ်။ တစ်ပိဿာကို ၇၀,၀၀၀ ရောက်နေပြီ။ အစက ၃၀,၀၀၀ လောက်ပဲရှိတာကို အခုက ၇၀,၀၀၀ ရောက်နေပြီ”လို့ မူဆယ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ မူဆယ်မြို့က ကုန်ပစ္စည်းသယ်ယူခွင့်ပြုထားတဲ့ ဆင်ဖြူဂိတ်နဲ့မန့်ဝိန်းဂိတ်ကို ပိတ်ထားတာကြောင့် ကုန်ပစ္စည်းတွေသယ်ယူပို့ဆောင်ခွင့်မရဘဲ နယ်စပ်ဂိတ်နားမှာ စောင့်ဆိုင်းနေတဲ့ ကုန်စိမ်းတင်ကားတွေမှာ ကုန်စိမ်းအားလုံးပျက်စီးပြီး အလကားဖြန့်ဝေလိုက်ရတာတွေလည်းရှိတယ်လို့ သိရပါတယ်။  ဒေသခံတချို့ပြောပြချက်အရ အခုလို နယ်စပ်ဂိတ်တွေပိတ်ထားတာ တစ်ပတ်လောက်ကြာနိုင်မယ်လို့ ပြောဆိုနေတာတွေရှိသလို နယ်စပ်ဂိတ်တွေကို အချိန်ကြာကြာပိတ်ထားရင် ဒေသခံတွေနဲ့ ကုန်သည်တွေအတွက် ပိုမိုကျပ်တည်းလာမှာကိုလည်း စိုးရိမ်နေကြတယ်လို့လည်း ပြောပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Nov- 2023 -
    30 November
    သတင်း

    မူဆယ် ၁၀၅ မိုင်အနီးတစ်ဝိုက် လေကြောင်းနဲ့ဆက်တိုက်ပစ်ခတ်နေဆဲဖြစ်ပြီး အရပ်သား ၁၀ ဦးထက်မနည်းသေဆုံး

    ရှမ်းမြောက် မူဆယ်မြို့ ၁၀၅ မိုင်အနီးတစ်ဝိုက်ကို စစ်တပ် ၃ ရက်ဆက်တိုက် လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်းထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ မူဆယ်ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းမှာပဲ နမ့်တောင်းမရောက်ခင် လုံခန်ရွာဘယ်ဘက်တောင်ကုန်းမြင့်မှာအထိုင်ချတဲ့ စစ်တပ်ဗျူဟာကုန်းကို ကိုးကန့် MNDAA ကတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့နေ့ကစပြီး စစ်ကောင်စီတပ်တွေက ၁၀၅ မိုင်အနီးတဝိုက် လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်နေတာပါ။ လုံခမ်းတပ်စခန်းသိမ်းပိုက်မှုအပြီး…

    Read More »
  • Oct- 2022 -
    17 October
    လူ့အခွင့်အရေးချိုးဖောက်မှု

    မူဆယ်တွင် အသက် ၉ နှစ်အရွယ် ကလေး ၁ ဦး ပြန်ပေးဆွဲခံရပြီး ယွမ် ၅ သိန်းဖြင့် ပြန်ရွေးခဲ့ရ

    ရှမ်းပြည်နယ် မူဆယ်မြို့ ခရစ်ယာန် ရပ်ကွက်တွင် အောက်တိုဘာ ၁၄ ရက်နေ့ မနက်ပိုင်းက အသက် ၉ နှစ်အရွယ် ကလေး ၁ ဦး ပြန်ပေးဆွဲခံရပြီး ယွမ် ၅ သိန်းဖြင့် ပြန်ရွေးခဲ့ရကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။ CCTV မှတ်တမ်းအရ ကလေး ၃ ဦး လမ်းလျှောက်သွားစဉ်…

    Read More »
  • Sep- 2022 -
    17 September
    Covid-19 Reporting

    ရွှေလီတွင် covid-19 ပိုးတွေ့နှုန်း များလာသဖြင့် မြို့တွင်း နေရာ ၃၅ ခုတွင် အသွားအလာ ကန့်သတ်

    မူဆယ်မြို့ တစ်ဖက်ခြမ်း တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပိုးတွေ့နှုန်းများလာသဖြင့် စက်တင်ဘာလ ၁၆ ရက် ည ၁၂ နာရီမှစကာ မြို့တွင်း ၃၅ နေရာ နှင့် ဝမ်တိန်တံတား၊ အဝေးပြေးလမ်းမ စသည့် နေရာများကို အသွားအလာ ကန့်သတ်သတ်မှတ်လိုက်ကြောင်း နယ်စပ်…

    Read More »
  • Jun- 2022 -
    29 June
    သတင်း

    မူဆယ်မြို့တွင် ၁ ရက်အတွင်း ပိုင်ရှင်မဲ့အလောင်း ၂ လောင်းတွေ့ရှိ

    ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် ဟိုနားရပ်တွင် ဇွန်လ ၂၈ ရက်နေ့ ၁ ရက်တည်း ပိုင်ရှင်မဲ့အလောင်း ၂ လောင်းတွေ့ရှိကြောင်း လူမှုကူညီရေးအသင်း မှ သိရှိရသည်။ “မူဆယ်မြို့ ဟိုနားရပ်၊ ခရိုင်ဆေးရုံ ကြီးအနောက်ဖက်…

    Read More »
  • May- 2022 -
    30 May
    သတင်း

    မူဆယ်မြို့တွင် အလာင်းကစားအဆောင်တန်းလျားတစ်ခု မီးလောင်မှုဖြစ်ပွား

    မူဆယ်မြို့၊ ကောင်းမှုတုံ ရပ်ကွက်၊ Top One အနီးရှိ လောင်းကစားဝန်ထမ်းများနေထိုင်သော ၄ ခန်းတွဲ အ‌ဆောင်တန်းလျား မေလ ၂၉ ရက်ည ၈ နာရီဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ “ကျွန်မသူငယ်ချင်းတောင် ဘာမှမရလိုက်ဘူး။ နေ့ဆိုင်းဆင်းတဲ့ သူတွေအခန်းထဲ ခြင်ဆေးခွေ ထွန်းခဲ့တာလား၊ ရေနွေးတည်ခဲ့တာလား။ မီးလောင်လာမှ သူတို့…

    Read More »
Back to top button