လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မူဆယ်တွင် အသက် ၉ နှစ်အရွယ် ကလေး ၁ ဦး ပြန်ပေးဆွဲခံရပြီး ယွမ် ၅ သိန်းဖြင့် ပြန်ရွေးခဲ့ရ

ရှမ်းပြည်နယ် မူဆယ်မြို့ ခရစ်ယာန် ရပ်ကွက်တွင် အောက်တိုဘာ ၁၄ ရက်နေ့ မနက်ပိုင်းက အသက် ၉ နှစ်အရွယ် ကလေး ၁ ဦး ပြန်ပေးဆွဲခံရပြီး ယွမ် ၅ သိန်းဖြင့် ပြန်ရွေးခဲ့ရကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။

CCTV မှတ်တမ်းအရ ကလေး  ဦး လမ်းလျှောက်သွားစဉ် လမ်းကြားတွင် ရပ်ထားသည့် ကားအဖြူမှ လူထွက်လာပြီး ကလေး ၁ ဦးကို ကားထဲသို့ ဖမ်းထည့်ကာ ကားမောင်းထွက်သွားသည်ကိုတွေ့ရသသည်။

မနက်ပိုင်း တရုတ်ကျောင်း တက်တဲ့အချိန် ဖမ်းသွားတယ်ဟု ၎င်း မိသားစုနှင့် နီးစပ်သူ ၁ ဦးက ပြောသည်။

လမ်းလျောက်ထွက်လာသော ကလေး ၃ ဦးအနက် ၁ ဦးကို ရွေးဖမ်းရခြင်းမှာ ငွေကြေးတတ်နိုင်သည့် အခြေအနေကို သိရှိထားသောကြောင့် ဖြစ်နိုင်သည်ဟုလည်း ဒေသခံတစ်ဦးက သုံးသပ်သည်။

၎င်း နေရာတွင်ပင် အောက်တိုဘာလ ၁၆ ရက်နေ့ မနက်ပိုင်းတွင်လည်း အမျိုးသမီး၏ ဖုန်း လုယက်ခံရသည်ဟု မြို့ခံများပြောသည်။

ဟုတ်တယ်။ ကလေးကို ပြန်ပေးဆွဲ သဘောနဲ့ ခေါ်သွားတယ်။ ဒီနေ့လည်း အဲ နေရာမှာပဲ အဖွားတယောက်ရဲ့ ဖုန်းလုပြီးတော့ အရမ်းမြန် ထွက်ပြေးသွားတယ် ဟု အနီးနားက မြို့ခံ ၁ ဦးက  ရှင်းပြသည်။

စစ်ကောင်စီ အာဏာ သိမ်းပြီးနောက် မူဆယ်မြို့တွင် ခိုးမှု၊ ဓားပြ တိုက်မှု၊ လုယက်မှု၊ လူသတ်မှု၊ ပစ်ခတ်မှုတွေ ပိုများလာသည်။

မူဆယ်တွင် လိုင်စင်မဲ့ ကားများနှင့် ခိုးမှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှု ကျူးလွန်နေကြသောကြောင့် သက်ဆိုင်ရာမှ ထိန်းသိမ်းပေးရန် ဒေသခံအချို့လည်း တောင်းဆိုနေကြသည်။

ယခုနှစ်အတွင်း ရှမ်းမြောက် ကွတ်ခိုင်မြို့မှ မူလတန်း ကလေး ၁ ဦး၊ နမ့်ခမ်း မြို့မှ မူလတန်း ကလေးငယ် ၁ ဦး တို့လည်း ပြန်ပေးဆွဲ ခံခဲ့ရဖူးသည်။

Show More

Related Articles

Back to top button