Covid-19 Reportingသတင်း

ရွှေလီတွင် covid-19 ပိုးတွေ့နှုန်း များလာသဖြင့် မြို့တွင်း နေရာ ၃၅ ခုတွင် အသွားအလာ ကန့်သတ်

မူဆယ်မြို့ တစ်ဖက်ခြမ်း တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပိုးတွေ့နှုန်းများလာသဖြင့် စက်တင်ဘာလ ၁၆ ရက် ည ၁၂ နာရီမှစကာ မြို့တွင်း ၃၅ နေရာ နှင့် ဝမ်တိန်တံတား၊ အဝေးပြေးလမ်းမ စသည့် နေရာများကို အသွားအလာ ကန့်သတ်သတ်မှတ်လိုက်ကြောင်း နယ်စပ် ဒေသခံများထံမှ သိရသည်။

ရွှေလီမြို့ကို လော့ဒေါင်း ၅ ရက်သတ်မှတ်ထားပါတယ်။ ကုန်သွယ်မှုက ပုံမှန်ဝင် ထွက်မှုရှိပါတယ်ဟု မြန်မာဘက်ခြမ်းမှ ပို့ကုန် လုပ်ငန်း ရှင် တစ်ဦးက ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပိုးတွေ့ ထပ်တိုး အတည်ပြုလူနာ ပြည်ပ မှ ၅ ဦးနှင့် ရွှေလီ ကွာရန်တင်းစင်တာမှ ၁ ဦး အပြင် လက္ခဏာမပြ‌သော လူနာ ပြည်ပမှ ၃ ဦး၊ ရွှေလီ ကွာရန်တင်းစင်တာမှ ၁ ဦး၊ နယ်စပ်ခြံစည်းရိုးနားရွာမှ ၁ ဦး၊ Hekou မှ ၁ ဦး စုစုပေါင်း ၁၂ ဦး တွေ့ရှိကြောင်း တရုတ် ကျန်းမာရေးဌာန ၁ ခုမှ ထုတ်ပြန်ကြေငြာချက်အရ သိရပါသည်။

ရွှေလီ အရှေ့ဘက်အမြန်လမ်းမကြီးလမ်းဆုံ Mangliang, အရှေ့ဘက် Yunmeng ရွာ၊ panbeng ရွာ၊ ရွှေလီမြစ်ကမ်းတစ်လျှောက် Jiegao Guomen, Longlin Avenue လမ်းမကြီး၊ Heha ရွာ၊ မြောက်ဘက်အဝေးပြေးလမ်းမကြီး စသည့် နေရာအပြင် ရွေလီမြို့တွင်း ၃၅ နေရာတွင် အဝင်အထွက်ကန့်သတ်လိုက်ခြင်း ဖြစ်သည်။

ကုန်သွယ်မှုကတော့ ဒီရက်ပိုင်းဘာမှမကြားရဘူး။ ရွှေလီ တမြို့လုံး နီးပါးလော့ဒေါင်း ချလိုက်ပြီ။ ဟုတ်တယ်။ ၅ ရက်သတ်မှတ်ထားတယ်။ ဟု ရွှေလီမှာ နေထိုင်သူ တစ်ဦးကလည်း ပြောသည်။

အသွားအလာ ကန့်သတ်ထားသည့် နေရာများကို စက်တင်ဘာ ၁၆ မှ စက်တင်ဘာ ၂၁ ရက်နေ့အထိ ၅ ရက်ကြာ သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်တွင်လည်း ပါရှိသည်။

နေ့စဉ်မပျက် လူတန်းစေ့ အာခေါင်ထိုး ပိုးစစ်ရမယ်။ ပိုးတွေ့ရှိမှု အနည်းအများပေါ်မူတည်ပြီး Lockdown ကာလ ပြန်လည်သတ်မှတ်သွားလိမ့်မှာပါ။” ဟု တရုတ်ဘက်ခြမ်းရှိ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ယခုကဲ့သို့ အသွားအလာ ကန့်သတ်လိုက်သဖြင့် ရွှေလီမြို့နှင့် တခြား တရုတ်ပြည်ကြီး မြို့များသို့ အွန်လိုင်း အမြန်ချောပို့ စနစ်ဖြင့် အလုပ်လုပ်နေသူ မြန်မာ လုပ်ငန်းရှင်များ အခက်အခဲ ဖြစ်လာပြီး အချိန်ကြန့်ကြာ လာမှာဖြစ်ကြောင်း မြန်မာ ကုန်ဂိတ် လုပ်ငန်း ရှင် တဦးက ပြောသည်။

မြန်မာနိုင်ငံမှ တင်ပို့လိုက်သည့် ကုန်ပစ္စည်းများကို  မြန်မာဘက် ကျင်းစန်းကျော့ မှ တရုတ်ဘက် ဝမ်တိန်မြို့သို့၊ ဝမ်တိန်မြို့မှ တဆင့်ရွှေလီမြို့သို့၊ ရွှေလီမြို့မှ တရုတ်နိုင်ငံ အနှံ့အပြားသို့ ပြန်လည် ဖြန့်ဝေ ကုန်သွယ်ရာ မြို့ ဖြစ်သလို မြန်မာဘက်လည်း ပြန်လည်တင်သွင်းရန် အဓိက ကုန်သွယ်မှုပြုရသည့် မြို့လည်း ဖြစ်သည်။  

ရွှေလီမြို့နှင့် အဓိက ဆက်နွှယ် ကုန်သွယ်နေရသည့် နှစ်နိုင်ငံ အဓိက ကုန်သွယ်ရာ ကျင်းစန်းကျော့ဝမ်တိန် ဂိတ်သည်လည်း ပြီးခဲ့သည့် ကိုဗစ်ကပ်ရောဂါကာလတွင် လပေါင်းများစွာ ပိတ်ခဲ့ရခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button